Channel Myanmar

Mark Pettit

Cruel Encounters (2023)
Cruel Encounters (2023) ဒီဇာတ်ကားကတော့ မိသားစုအမွေအရှုပ်အရှင်းတွေနဲ့ တစ်ယောက်ကိုတစ်ယောက် ဒုက္ခပေးလိုက် ပြန်ခံရလိုက်နဲ့ လုံးချာလည်နေတဲ့မိသားစုကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းကတော့ ဒေါ်လာဘီလီယံနဲ့ချီပြီးတန်ကြေးရှိတဲ့ကုမ္ပဏီကြီးရဲ့ပိုင်ရှင်ဟာ ကိုယ်ပိုင်လေယာဉ်နဲ့ခရီးသွားတုန်း လေယာဉ်ပျက်ကျပြီး သေဆုံးသွားခဲ့ပါတယ်။ဒီတော့လဲ ကျန်ခဲ့တဲ့မိသားစုဝင်တွေက ကျန်ခဲ့တာတွေမှန်သမျှကိုမောင်ပိုင်စီးဖို့ကြိုးစားတော့တာပေါ့။ ဒီလိုနဲ့တစ်ယောက်ကိုတစ်ယောက်ချောက်ချလိုက် အရှက်ခွဲလိုက်နဲ့အလုပ်ရှုပ်နေတုန်းမှာ သူတို့မသိသေးတာက လေယာဉ်ပျက်ကျတာက သွေးရိုးသားရိုးမဟုတ်ဘဲ တစ်စုံတစ်ဦးရဲ့ပယောဂကြောင့်ဖြစ်နေတာပါ။ ဒီလိုနဲ့ ထိုသို့လေယာဉ်ပျက်ကျအောင် ဘယ်သူလုပ်ခဲ့တာလဲ, ဘယ်လိုလှည့်ကွက်တွေနဲ့ နောက်ဆုံးမှာ ကုမ္ပဏီကို ဘယ်သူကရသွားမှာလဲဆိုတာကိုတော့ ကိုယ်တိုင်ပဲကြည့်ရှုလိုက်ကြပါဦး။File size…(1.5 GB)/(690 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre... Thriller, Drama  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mastero
movie

Cruel Encounters (2023)

Reptile (2023) 6.8
Reptile (2023) Reptile (2023) =========== IMDb Rating - 6.8/10 Crime, Drama, MysteryMarvel နဲ့ Starwars ရုပ်ရှင်တွေထဲက မင်းသားကြီး Benicio Del Toro နဲ့ Justin Timberlake တို့ဦးဆောင်ပါဝင်ထားတဲ့ Crime, Mystery ကားကောင်း လေးဖြစ်ပါတယ်။တွန်နီကိုးလ်ဆိုတာ သေမှုသေခင်းနာမည်ကြီး စုံထောက်အရာရှိတစ်ယောက် ဖြစ်ပြီး ရဲဌာနတစ်ခုလုံးမှာ အတွေ့အကြုံအရမ်းများပါတယ်။ သူ့ရဲ့ တာဝန်ထမ်း ဆောင်မှု အနားယူတော့မယ့် အချိန်မှာ သူရဲကောင်းဘွဲ့ ချီးမြှင့်ခံရတော့မယ့်သူပါ။ ဒါပေမယ့် သူမနားခင်မှာ...အရမ်းထူးဆန်းတဲ့ လူသတ်မှုတစ်ခုကို ဖြေရှင်းဖို့ အကြောင်းဖန်လာပါတယ်။ ဒီလူသတ်မှုဟာ ပြင်ပကရာဇဝတ် ဒုစရိုက်သမား တွေတင်မဟုတ်ဘဲ သူ့ရဲဌာနက လုပ်ဖော်ကိုင်ဖက်တွေပါ တစ်မျိုးတစ်ဖုံပါဝင် ပတ်သက်နေကြောင်းသိလိုက်ရတဲ့အခါမှာ . . . နီကိုးလ်တစ်ယောက် ဘယ်သူ့ ကိုမှ မယုံကြည်နိုင်တော့ဘဲ ဒီလူသတ်မှုကိုစုံစမ်းရင်း တရားခံတွေကိုပါ ဖော် ထုတ်ရပါတော့တယ်။ Plot twist တွေအရမ်းကောင်းပြီး နာမည်ကြီးမင်းသား ၂ ယောက်ရဲ့ သရုပ်ဆောင်စွမ်းရည်ကို ကောင်းကောင်းပြန်ခံစားရမှာဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်)File Size..........(3.23 ...
movie

Reptile (2023)

2023
The Curse of La Patasola (2022)
The Curse of La Patasola (2022) The Curse of La Patasola (2022) La Patasola ဆိုတာ ကိုလံဘီယာ ဒဏ္ဍာရီ မကောင်းဆိုးဝါးတစ်ကောင်ပါ၊ Patasola ဆိုတာကတော့ ခြေတစ်ချောင်းလို့ အဓိပ္ပာယ်ရပြီးတော့ မိန်းမတစ်ဦးပါ။သူကတော့ သူ့ယောက်ျားကိုဖောက်ပြန်လို့ သူ့ယောက်ျားကခြေထောက်တွေရိုက်ချိုးပြီးသတ်ခဲ့ပါတယ်၊ ဒီလိုနဲ့ တောထဲမှာ သေဆုံးပြီး မကောင်းဆိုးဝါးဖြစ်လာတာပေါ့၊ သူကိုယ်တိုင်ကဖောက်ပြန်ပေမဲ့ ဖောက်ပြန်တာတော့ မုန်းတဲ့ မိန်းမဗျ။တောထဲမှာ ဆွဲဆောင်မှုရှိပြီးလှပတဲ့အသွင်နဲ့ ရုတ်တရက်ပေါ်လာပြီး ယောက်ျားတွေကိုဆွဲဆောင်၊ ဒီလိုနဲ့တောနက်ထဲရောက်လာလို့ အဖော်တွေနဲ့ဝေးသွားတဲ့ ပုရိသယောက်ျားခင်ဗျာ ပုံစံအစစ်အမှန်ကိုမြင်လိုက်ရတဲ့အချိန်မှာ နောက်ကျသွားပါပြီ။ တောထဲသွားတိုင်းလည်းကြောက်မနေပါနဲ့ ပုရိသအပေါင်းတို့... ဒီသတ္တဝါဆိုးက ကိုယ့်ရဲ့လက်တွဲဖော်ကို ဖောက်ပြန်တဲ့သူမှပဲမြင်ရတယ်လို့ ဒဏ္ဍာရီတွေကဆိုပါတယ်။ဒီဇာတ်လမ်းမှာတော့ ဒန်နီရယ် ဆာရာတို့တစ်တွဲ ဒန်နီရယ့်သူငယ်ချင်းတို့ကတစ်တွဲနဲ့ လူသူအရောက်အပေါက်နည်းတဲ့နေရာကို Camp ထွက်ကြပါတယ်။ ဒီနေရာကလည်း သတင်းဆိုးတွေ လူ‌သေမှုသတင်းတွေနဲ့ကျော်ကြားတဲ့နေရာဖြစ်ပေမဲ့ ဒန်နီရယ်ကတော့ မသွားရရင် မနေနိုင်အောင်ကိုဖြစ်နေပါပြီ၊ အစောင့်တွေသတိပေးတဲ့ကြားက ဒန်နီရယ်ကလည်းသွားချင်၊ ဆာရာခမျာလည်း ယောက်ျားကိုချစ်ရှာလေတော့ ဒီလိုနဲ့သွားဖြစ်လိုက်ကြပါရော။တောထဲမှာ မလုပ်သင့်တာတွေလုပ်ပြီး မဖြစ်သင့်တာတွေဖြစ်တာကို အသည်းတယားယား ...
movie

The Curse of La Patasola (2022)

2022