Channel Myanmar

Mark Moraghan

Look to the Light (2024) 7.3
Look to the Light (2024)  ဒရမ်မာကား ကြိုက်သူလား အဲဒါဆိုရင်တော့အခု ဒီ Look To the Light ဇာတ်ကားကသင့်အတွက်ပါပဲ။ ဒရမ်မာမှ ဒရမ်ကား စစ်စစ်ပါ။UK ဒရမ်မာကားတစ်ကားဖြစ်ပြီး မျက်နှာသစ်မင်သားနဲ့ မင်းသမီးကို သုံးထားတော့ သူတို့ရဲ့နုပျိုလန်းဆန်းမှုတွေကို သူတို့ရဲ့ သရုပ်ဆောင်မှုတွေမှာတွေ့ရလို့ ကြည့်ရတဲ့သူအဖို့ ခံစားချက်တွေ ဖြစ်ပေါ်စေမှာ သေချာပါတယ်။ဇာတ်လမ်းပြောရရင်တော့ မင်းသားက influcenerဖြစ်ဖို့ ကြိုးစားနေတဲ့ လူငယ်တစ်ယောက် မင်းသမီးကရိုးရိုးအေးအေးလေး တစ်နေ့မှာ မင်းသားအတွက်ခိုင်မာတဲ့တက်လမ်းတစ်ခုက သူတို့ ၂ ယောက်ရဲ့အချစ်ရေးကို ချနင်းပြီး တက်ဖို့ ဖြစ်လာပါတယ်။မင်းသားအနေနဲ့ အချစ်ထက် ဘဝကို ဦးစားပေးလိုက်တဲ့အခါ သူ့ရဲ့ရွေးချယ်မှုတွေက ဘယ်လိုဖြစ်သွားမှာလဲ။မင်းသမီးကိုရော ဘာတွေ ထိခိုက်မှု ရှိသွားမလဲ။အဆုံးသတ်မှာရော ဘယ်လို မထင်ထားတာတွေဖြစ်မှာလဲ စတာတွေကို တစ်ကားလုံး အက်တင်ကောင်းကောင်းအောက်မှာ စီးမျှောသွားရမဲ့ ဒရမ်မာကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။IMDB မှာ 7.3 ရတဲ့ ဒရမ်မာကားဆိုတော့ ညံ့တဲ့ထဲမပါတာတော့ အသေအချာပါပဲ............. File size…1.50GB / ...
movie

Look to the Light (2024)

Judge Dredd (1995)
Judge Dredd (1995) မင်းသားကြီးစတားလုံးပါဝင်ထားပြီး 1995 ခုနှစ်ထွက် Judge Dredd ဆိုတဲ့သိပ္ပံစိတ်ကူးယဉ်ကားကောင်းတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ 2012 မှာလည်း Dredd ဆိုတဲ့နာမည်နဲ့ ထပ်မံထွက်ရှိခဲ့ပြီး ပရိသတ်အားပေးမှုကိုရရှိခဲ့ပါသေးတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ခုနှစ် 2100 ကျော်မှာ ကမ္ဘာကြီးဟာ လူတွေနေထိုင်လို့မရတော့တဲ့ ကျိန်စာသင့်ကမ္ဘာကြီး အဖြစ်ပြောင်းလဲသွားခဲ့ပြီး ကမ္ဘာပေါ်မှာရှိသမျှလူတိုင်းကလည်း အသက်ဆက်လက်ရှင်သန်နိုင်ဖို့အတွက် မီဂါမြို့တော်ဆိုတဲ့ မြို့တွေကိုတည်ထောင်ခဲ့ကြပြီး နေရာကျဉ်းကျဉ်းလေးမှာ လူဦးရေအများကြီးနဲ့ဆက်လက်နေထိုင်ခဲ့ကြပါတယ်။ လူဦးရေများလာတာနဲ့အမျှရာဇဝတ်မှုဖြစ်ပွားနှုန်းကလည်းမြင့်မားပြီး သာမာန်တရားရေးစနစ်နဲ့တင် နှိမ်နင်းဖို့မဖြစ်နိုင်တာကြောင့် တရားရေးစနစ်အသစ်တစ်မျိုးကိုအသုံးပြုခဲ့ကြပါတယ်။ ဒီစနစ်မှာကတော့ စီရင်သူ ဆိုတဲ့လူတွေက ရဲတွေအဖြစ်၊ ဂျူရီလူကြီးတွေအဖြစ်၊ ကွပ်မျက်သူတွေအဖြစ် တာဝန်ယူရင်း ငြိမ်းချမ်းမှုကိုထိန်းသိမ်းရင်း ငြိမ်ဝတ်ပိပြားလာအောင် လုပ်ဆောင်ခဲ့ကြတာပါ။ မီဂါမြို့တော်တစ်လို့ခေါ်တဲ့ မြို့ကြီးမှာတော့ ဥပဒေကို ကိုးကွယ်တဲ့ စီရင်သူ ဒရက်ဒ် (စတားလုံး) ကဦးဆောင်ပြီး ရာဇဝတ်မှုတွေကိုဖြေရှင်းပေးနေခဲ့ပါတယ်။ တစ်နေ့မှာတော့ သတင်းထောက်လင်မယားမိသားစုကို သ-တ်တဲ့အမှုနဲ့ ဒရက်ဒ်ကိုဖမ်းပြီး စွဲချက်အတင်ခံလိုက်ရပြီး အပြစ်ရှိကြောင်းသက်သေ တွေ့ရှိရတဲ့အတွက် အက်စပန်ထောင်မှာ‌ ထောင်ဒဏ်တစ်သက်ကျခံဖို့အမိန့်ချမှတ်ခံလိုက်ရပပါတော့တယ်။ ဒရက်ဒ်မရှိတော့တဲ့ မီဂါမြို့တော်ကြီးထဲမှာလည်း ...
movie

Judge Dredd (1995)