Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Mark Heap
7.0
The World’s End (2013)
ကဲ Three Flavours Cornetto Trilogy ထဲက နောက်တစ်ကားလာပါပြီ.... Cornetto Trilogy ဆိုတာကတော့ ဒါရိုက်တာ Edgar Wright ရိုက်ကူးပြီး မင်းသား Simon Pegg နဲ့ Nick Frost တို့အတွဲပါဝင်တဲ့ Shaun of The Dead (2004), Hot Fuzz (2007) နဲ့ The World’s End (2013) ဇာတ်ကားတွေပဲဖြစ်ပါတယ်။Trilogy ဆိုပေမယ့်တစ်ကားနဲ့တစ်ကားဆက်စပ်မှုတော့မရှိဘဲ အတည်ပေါက်ကြီးသရော်ထားတဲ့ရုပ်ရှင်အမျိုးအစားအဖြစ်သာ တူညီမှုရှိပါတယ်။The World’s End (2013) ရုပ်ရှင်မှာတော့ Simon Pegg နဲ့ Nick Frost တို့အပြင် Martin Freeman , Rosamund Pike တို့လိုနာမည်ကျော်သရုပ်ဆောင်တွေပါအားဖြည့်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့...သူငယ်ချင်း ၅ ယောက်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ က ...
movie
The World’s End (2013)
2013
4K HEVC
6.4
Your Christmas Or Mine? (2022)
Your Christmas Or Mine? (2022) ======================= IMDb Rating - 6.4/10ခရစ္စမတ်နားနီးလာပြီဆိုတော့ Christmas Vibe လေးရအောင် တင်ဆက်ပေးလိုက်ပါပြီနော်။ ခရစ္စမတ်နဲ့ပတ်သက်ပြီး ရုပ်ရှင် ဇာတ်ကြောင်းတွေအများကြီးထဲကမှ ဒီကားလေးကတော့ မိသားစု နှစ်ခုအကြောင်းကို side by side ယှဉ်ပြထားတာမို့ တစ်မူထူးခြားတဲ့ ကားလေးပဲဖြစ်ပါတယ်။ အဲ့ဒါအပြင် မင်းသားနဲ့မင်းသမီးတို့ရဲ့အလွဲ တွေလည်းပါတာမို့ ကြည့်ရင်းပြုံးစိစိဖြစ်ရမယ့်ကားလေးပါ။ခရစ္စမတ်အားလပ်ရက်ဆိုတော့ ဂျိမ်းစ်နဲ့ဟေလီတို့ အသီးသီးအိမ် ပြန်ရဖို့ ဘူတာရုံမှာလမ်းခွဲကြပါတယ်။ ချစ်စခင်စကြင်နာစဆိုတော့ မခွဲနိုင်မခွာရက်ဖြစ်ပြီး ခရစ္စမတ်ကိုအတူတူဖြတ်သန်းကြဖို့ စိတ်ကူး မိကြပါတော့တယ်။ အဲ့ဒါနဲ့ ဂျိမ်းစ်စီးမယ့်ရထားပေါ်ကို ဟေလီတက် သွားပြီး ဟေလီ့ရထားပေါ်ကိုလည်း ဂျိမ်းစ်တက်သွားပါတော့တယ်။ အလွဲလွဲအချော်ချော်နဲ့ ဂျိမ်းစ်အိမ်ဆီကိုဟေလီရောက်သွားပြီး ဟေလီ အိမ်မှာ ဂျိမ်းစ်ကဧည့်သည်လုပ်ရတဲ့အခါ... ဘယ်လိုမျိုးပြသာနာတွေ တက်မလဲ? သူတို့ချစ်သူကိုယ်စား မိသားစုနဲ့အတူ ခရစ္စမတ်မှာဘယ်လို မျိုး ဖြတ်သန်းမလဲဆိုတာ ပေါ့ပေါ့ပါးပါးလေး ကြည့်လိုက်ရအောင်နော်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်)File Size..........(1.4 GB) / (572MB) / (344 MB) Quality............WEB-DL 1080p / 720p / ...
movie
Your Christmas Or Mine? (2022)
2022
7.1
About a Boy (2002)
About a Boy (2002)~ IMDb - 7.1/10, Rotten Tomatoes - 93% ~ဒီကားလေးက 2002 ခုနှစ်ထုတ် Comedy, Romance, Drama ကားကောင်းလေးဖြစ်ပါတယ်။ အော်စကာဆုအတွက် ဆန်ခါတင်၀င်ခဲ့တဲ့ကားလေးဖြစ်ပြီး တခြားဆု(၁၁)ဆုနဲ့ ဆန်ခါတင်ပေါင်း(၃၀)ကျော်၀င်ထားခဲ့တဲ့ကားကောင်းလေးပါ။ Cast အနေနဲ့ဆိုရင်လည်း မယ်လိုဒရာမာမင်းသားကြီးဖြစ်တဲ့ Hugh Grant က အဓိကပါ၀င်ထားပြီး X-Men နဲ့ The Great မင်းသားဖြစ်တဲ့ Nicholas Hoult ရဲ့ ပွဲဦးထွက်ဇာတ်ကားလည်းဖြစ်ပါတယ်။ဝေလ်က ပေါ့ပျက်ပျက်နေတတ်ပြီး အလုပ်မရှိ အတည်တကျမရှိတဲ့သူတစ်ယောက်ပါ။ တစ်ရက်တော့ ဆင်ဂယ်လ်မားတွေကိုကပ်ဖို့အကြံနဲ့ တစ်ကိုယ်တည်းမိဘတွေ့ဆုံပွဲကို၀င်ပါတယ်။ အဲဒီကနေ ဆူဇီဆိုတဲ့အမျိုးသမီးနဲ့ချိတ်မိပြီး ဆင်ဂယ်ပဲရန့်စ်ပျော်ပွဲစားထွက်ရာကနေ မားကတ်စ်ဆိုတဲ့ကောင်လေးနဲ့တွေ့ပြီး ပေါ့ပျက်ပျက်ဖြစ်နေတဲ့ ဝေလ်ရဲ့ဘ၀တစ်ဆစ်ချိုးပြောင်းလဲဖို့စတင်လာပါတော့တယ်။ဒီဇာတ်ကားလေးက ၁နာရီ၄၀မိနစ်ကျော်အချိန်တွင်းမှာ တစ်ခန်းမှပစ်ရက်စရာမရှိ ငြီးငွေ့စရာမရှိတဲ့ဇာတ်ကားလေးပါပဲ။ ရယ်မောစရာဇာတ်၀င်ခန်းတွေအပြင် ခံစားချက်တွေနွေးထွေးစေနိုင်တဲ့အခန်းတွေ မျက်ရည်လည်နိုင်စေတဲ့အခန်းတွေနဲ့ ကြည်နူးစရာဇာတ်ကားကောင်းတစ်ကားဖြစ်တာကြောင့် ကြည့်ရှုခံစားလိုက်ကြပါဦး။(ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri ...
movie
About a Boy (2002)
2002
6.6
Scoop (2006)
Scoop (2006)မင်းသားကြီး Hugh Jackman နဲ့ မင်းသမီး Scarlett Johansson တို့ တွဲဖက်သရုပ်ဆောင်ထားတဲ့ Crime Fantasy ကားလေးပါပဲ။ Hugh Jackmanရဲ့ ငယ်ရွယ်ခံညားမှုနဲ့အတူ Scarlett Johanssonရဲ့ မျက်မှန်လေးနဲ့ ကျောင်းသူပုံစံယဥ်ယဥ်လေးကို မြင်တွေ့ရမှာပါ။သူတို့နှစ်ယောက်ကြားဆက်သွယ်ချက်က ဘယ်လိုလဲဆိုတော့ မင်းသားက တော်ဝင်မျိုးနွယ်၊ ကျိကျိတက် ချမ်းသာတဲ့၊ ဂုဏ်သတင်းမွှေးတဲ့ နိုင်ငံရေးသမား ... မင်းသမီးကတော့ သတင်းစာပိုင်းအထူးပြုကျောင်းသူလေး ...ကံစပ်ချင်တော့ သေဆုံးပြီးသား ဝိညာဥ်တစ်ယောက်က မင်းသမီးကို ကွင်းဆက်လူသတ်သမားတစ်ယောက်အကြောင်း သတင်းလာပေးပါတယ်။ ဝိညာဥ်ကလာပြောတာဆိုတော့ ယုံရခက်ခက်ပေါ့။ သတင်းကလည်း လူရည်မွန်လေးဖြစ်တဲ့ မင်းသားကိုမှ လူသတ်သမားတဲ့။မင်းသမီးကလည်း သတင်းထောက်ဖြစ်ချင်သူပီပီ ဒီအကြောင်းကို အသွင်ယူစုံးစမ်းဖို့ မင်းသားနား ချဥ်းကပ်ရင်းက...တရားခံနဲ့မှ ချစ်မိသွားတဲ့ Scarlett Johanssonလေးရဲ့ သရုပ်ဆောင်ပုံကို တဝကြီးမြင်တွေ့ရမှာပါ။ ငယ်ရွယ်သူအချစ်က တကယ်မျက်ကန်းနိုင်ပါတယ်။ သို့ပေမဲ့ ချမ်းသာပြီး တော်ဝင်မျိုးနွယ် ဂုဏ်သရေရှိတဲ့ လူချောလေး Hugh Jackman ...
movie
Scoop (2006)
5.8
The School for Good and Evil (2022)
The School for Good and Evil (2022)(1080p ရပါပြီ)နက်ဖလစ်ရဲ့ သရုပ်ဆောင်အစုံနဲ့ နှစ်နာရီခွဲကြာတဲ့ မှော်စိတ်ကူးယဉ်ရုပ်ရှင်အသစ်လာပါပြီ။ဟိုးရှေးရှေးတုန်းက ပုံပြင်ကမ္ဘာထဲမှာ အရမ်းအစွမ်းထက်တဲ့ ညီအစ်ကိုနှစ်ယောက်ဟာ သူတော်ကောင်းနဲ့မိစ္ဆာကြားမှာ ဟန်ချက်ညီစေဖို့ မှော်ကျောင်းတစ်ကျောင်းကို တည်ထောင်ခဲ့ပါတယ်။ ဒါပေမဲ့ နှစ်ပေါင်းများစွာကြာလာတဲ့အခါ မိစ္ဆာညီဟာ စိတ်ပြောင်းပြီး စွမ်းအားအကုန်လုံးကို သိမ်းပိုက်ဖို့ သူ့အစ်ကိုကို သတ်ဖို့ ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ဘဲ သေဆုံးသွားခဲ့ပါတယ်။အဲဒီကတည်းက သူတော်ကောင်းနဲ့မိစ္ဆာအတွက်ကျောင်းမှာ သူတော်ကောင်းတွေဘက်ကပဲ အရေးသာခဲ့တာ နှစ် ၂၀၀ လောက်ကြာခဲ့ပါပြီ။ အဲဒီကျောင်းမှာ မိစ္ဆာဆိုရင်လည်း ပုံပြင်တွေထဲက နာမည်ကြီး လူဆိုးကြီးတွေရဲ့ သားသမီးတွေတက်ရောက်နေတာဖြစ်ပြီ သူတော်ကောင်းတွေဘက်မှာလဲ ဘုရင်အာသာရဲ့သားတို့၊ စနှိုးဝိုက်ရဲ့သမီးတို့ စသည်ဖြင့် ပုံပြင်ဇာတ်လိုက်တွေရဲ့ မျိုးဆက်တွေ တက်နေကြတာဖြစ်ပါတယ်။ဒါပေမဲ့ သူတို့ဆီမှာ စာဖတ်သူဆိုတဲ့ ပုံပြင်မျိုးရိုးမဟုတ်တဲ့ အပြင်လောကက သူတွေလည်း တက်ခွင့်ရတတ်ပါတယ်သေးတယ်။ တစ်နေ့မှာတောာ့ အဲဒီကျောင်းကို ဆိုဖီဆိုတဲ့ စိတ်ထားကောင်းတဲ့ကောင်မလေးနဲ့ အက်ဂ်သာဆိုတဲ့ ဂျစ်ကန်ကန်ကောင်မလေးတစ်ယောက် ...
movie
The School for Good and Evil (2022)
2022
7.0
The House (2022)
The house(2022)================ဒီတစ်ခေါက်ကာတွန်းလေးကအရင်ထွက်ခဲ့တာတွေနဲ့သိပ်မတူဘဲတစ်ကားတည်းမှာပဲ ဖြစ်ရပ်၃ခုကို စုပြီးရိုက်ထားတာမျိုးပါဇာတ်လမ်းသဘောအရ တူညီတဲ့အိမ်တစ်လုံးထဲမှာပဲမတူညီတဲ့အချိန်ကာလမှာမတူညီတဲ့ဇာတ်ကောင်တွေကမတူညီတဲ့ဖြစ်ရပ်တွေဖြစ်ပျက်ခဲ့တာပါ ဘာတန်ကြေးမှပေးစရာမလိုတဲ့အိမ်ကြီးအိမ်ကောင်းတစ်လုံးကို လက်ခံယူလိုက်မိပြီးနောက်အိမ်ကြီးရဲ့အညှို့ကိုခံလိုက်ရပြီး ကိုယ်က ကိုယ်သဘောအကျဆုံးအရာတွေအဖြစ်ပြောင်းလဲသွားခဲ့မယ်ဆိုရင်ရော လက်ခံမိကြဦးမှာလားအိမ်အကြောင်းကိုမသိဘဲပြောင်းလာခဲ့မိပြီး နောက်ပိုင်းဘာတွေဆက်ဖြစ်သွားမလဲဘယ်သူတွေကသေဆုံးပြီး ဘယ်သူတွေကအသက်ရှင်ကျန်ရစ်နိုင်မှာလဲNetflix ကထုတ်လွှင့်တဲ့ Animation ဖြစ်တာကြောင့် မကောင်းမှာတော့မပူရပါဘူးနော်"The House"ဆိုတဲ့အတိုင်းပဲ အိမ်ကြီးနဲ့ပတ်သက်ပြီး စိတ်ဝင်စားစရာတွေများတဲ့ကာတွန်းကားတစ်ကားဖြစ်တာမို့ လက်မလွှတ်တမ်းကြည့်ရှုကြဖို့တိုက်တွန်းလိုက်ပါတယ်ရှင်အညွှန်းရေးသားသူက Yunni ဖြစ်ပြီး ဘာသာပြန်တွေကတော့ Yunni& Allena & HM ပဲဖြစ်ပါတယ် File size…1.1Gb / 591Mb Quality…1080p AAC 5.1Ch / 720p Format…mp4 Duration….1h 37min Subtitle….Myanmar Subtitle (hard sub) Encoder….Yk Translated by Yunni & Allena & HM
movie
The House (2022)
2022
6.7
Charlie and the Chocolate Factory(2005)
Charlie and the Chocolate Factory(2005)IMDb....6.7,,,,Rotten...82%ဝီလီဝန်ကာဟာ အကောင်းဆုံး ချောကလက်လုပ်တဲ့လူပါ...သူရဲ့ သူမတူတဲ့ချောကလက်လုပ်နည်းတွေကြောင့် လူတိုင်းသူ့ချောကလက်တွေကိုနှစ်သက်ခဲ့ကြတယ်။ ဆိုင်ကလေးကနေ စက်ရုံကြီး တည်ထောင်နိုင်တဲ့အထိအကြီးအကျယ်အောင်မြင်ခဲ့တဲ့ ချောကလက်လုပ်တဲ့သူ ဖြစ်ခဲ့တယ်။အောင်မြင်မှုတိုင်းမှာ တန်ဖိုးဆိုတာ ရှိပါတယ်....ဒီလိုနဲ့ သူရဲ့ အကျနေ့တွေရောက်လာခဲ့တယ်။ တခြား ချောကလက်လုပ်သူတွေဟာ ဝီလီရဲ့ နည်းတွေကိုသူလျှိုထည်ပြီး ခိုးခဲ့ကြပါတယ်...ဝန်ကာဟာ သိပ်မကြာခင်မှာပဲချောကလက်စက်ရုံကို ထာဝရ ပိတ်သိမ်းလိုက်ပါပြီလို့ကြေညာခဲ့ပါတယ်..။ထာဝရဆိုတာ...အချိန်အကြာကြီးဆိုတာကို ပြောတဲ့ နာမ်စားတစ်ခုပါပဲ...လူတွေကတော့ ထာဝရ ပိတ်သွားပြီပဲထင်ခဲ့ကြပါတယ်...စက်ရုံထဲကချောကလက်တွေ ထွက်မလာခင်အထိပေါ့.....။ပြန်မွေးဖွားလာတဲ့ဝန်ကာရဲ့ စက်ရုံနဲ့ အတူ ပဟေဠိတွေ ပေါ်ပေါက်ခဲ့ပါတယ်...စက်ရုံထဲမှာ ဘယ်သူတွေ အလုပ်လုပ်နေကြာတာလဲ.... မစ္စတာဝန်ကာရော ဘာဖြစ်သွားခဲ့တာလဲ....။စက်ရုံတံခါးကြီးကတော့ ပိတ်ဆဲ..လူတွေလည်း အံ့သြမြဲ..တစ်နေ့မှာ တော့...နှစ်ပေါင်းများစွာ လူအဝင်မခံခဲ့တဲ့ သူရဲ့ ချောကလက်စက်ရုံကြီးထဲကိုဝင်ဖို့ဖိတ်ခေါ်ခဲ့ပါတယ်။ ဖိတ်စာကတော့ ရွှေရောင် လက်မှတ် ၅စောင် ဖြစ်ပြီးဒီ လက်မှတ်တွေကို ချောကလက်တွေရဲ့ အခွံံအောက်မှာ ထည့်သွင်းထားပါတယ်။၅ယောက်ထဲက တစ်ယောက်ကိုလည်း အထူးဆု တစ်ခုပေးဦးမယ်လို့ ပြောခဲ့တယ်။တစ်ကမ္ဘာလုံးက ကလေးတွေ... ဒီ လက်မှတ် ...
movie
Charlie and the Chocolate Factory(2005)
2005
7.6
Stardust (2007)
"အချစ်ရယ် မင်းအချစ်ကိုသာရမယ်ဆို မိုးပေါ်ကကြယ်ကို ဆွတ်ခူးရ ဆွတ်ခူးရပါ" တဲ့ ဒါပေမဲ့ မိုးပေါ်ကကြယ်လေးက ကောင်မလေးချောချောလေးဖြစ်နေခဲ့ရင်ရော?? ဟုတ်ပါတယ်။ ထရစ်စတန်သရုန်းတစ်ယောက် သူ့အချစ်ကိုသက်သေပြဖို့ ကြယ်ကိုလိုက်ရှာရာကနေ ကြယ်ကကောင်မလေးဖြစ်နေတဲ့အခါ… သူ့ချစ်သူဆီခေါ်ဆောင်သွားရာကနေ လမ်းခရီးမှာ ကြယ်လေးက သူထင်သလောက်ရိုးရှင်းမနေဘဲ အနှောင့်အယှက်မျိုးစုံနဲ့ ရင်ဆိုင်ရပါတော့တယ်။ ထရစ်စတန်သရုန်းကောင်လေးရဲ့နောက်ကြောင်းကလည်း သူထင်ထားသလို သာမာန်ဘဝလေးမဟုတ်ပါဘူး။ ဒီကားလေးက romance, mystery အကုန်ရောစပ်ထားဖြစ်တဲ့အတွက် စိတ်ကူးယဉ်ဆန်ဆန် ရိုတဲ့ကားကောင်းလေးတွေကြိုက်တတ်ရင်… အချစ်ကအရာရာကျော်ဖြတ်ရဲလောက်အောင် အစွမ်းရှိကြောင်း ပြောပြထားတဲ့ကားကောင်းလေးမို့ မလွတ်တမ်းကြည့်ကြပါလို့ တိုက်တွန်းလိုက်ပါရစေ။File size…(1.79 GB) and (923.5 MB) Quality…1080p Blu-Ray H264 FGT Format…mp4 Duration…2h 7min Subtitle….Myanmar Subtitle (Hardsub) Encoder…sithu Translator...Ngeu Mon
movie
Stardust (2007)
2007
5.6
Chain Reaction (1996)
အရင်ဆုံး ဇတ်ကားထဲပါတဲ့ Ref: လေးတွေကို Run through ပါမယ်။ အခုကမ္ဘာပေါ်ကလူတွေဟာ ရုပ်ကျွင်းလောင်စာတွေကိုအဓိကထား အသုံးပြု၊ စွမ်းအင်ထုတ်လုပ်ပြီး အသုံးပြုလည်ပတ်နေကြတာပါ။ တစ်ကမ္ဘာလုံးမှာ ကျောက်မီးသွေး၊ ရေနံ၊ သဘာ၀ဓာတ်ငွေ့တို့ကို အဓိကအသုံးပြုကြပါတယ်။ လက်ရှိခန့်မှန်းထားသလောက် ၂၀၈၁ မှာ ကမ္ဘာ့လက်ကျန် ရုပ်ကျွင်းလောင်စာတွေအားလုံး ကုန်ခမ်းလိမ့်မယ်လို့ တွက်ချက်ထားကြပါတယ်။ နေစွမ်းအင် ဆိုလာတို့ ရေအားလျှပ်စစ်တို့လိုပဲ ဟိုက်ဒရိုဂျင်ကိုလဲလောင်ကျွမ်းစေပြီး ပေါများတဲ့စွမ်းအင် ထုတ်နိုင်ပါတယ်။ ရေထဲက ဟိုက်ဒရိုဂျင်ကို လျှပ်ကူးစေပြီး အောက်စီဂျင်နဲ့ ဟိုက်ဒရိုဂျင်ကိုခွဲထုတ်ကာ ဟိုက်ဒရိုဂျင်သက်သက်ကိုလောင်စာအဖြစ်အသုံပြုတဲ့နည်းပါ။ ၁၉ လောက်မှာ ခေတ်စားခဲ့ပါတယ်။ ဟိုက်ထရိုဂျင် လောင်စာကိုထုတ်လုပ်ဖို့ ကြိုးစားကြတဲ့တကယ့်စာတမ်းတွေလဲရှိပါတယ်။ ဟိုက်ဒရိုဂျင်လောင်စာကို ၁၈၃၉ မှာ ဆာဝီလယမ် ကစပြီး ပထမဆုံးစိတ်ကူးရခဲ့တာပါ ရေထဲကို လျှပ်စစ်ဖြတ်၊ ဟိုက်ဒရိုဂျင်ကို ခွဲထုတ်ပြီး စွမ်းအင်အဖြစ်လောင်ကျွမ်းစေပါတယ် ၁၉၅၉ မှာလက်တွေ့အလုပ်လုပ်နိုင်တဲ့ မြင်းကောင်ရေ ၂၀ နဲ့ အင်ဂျင်ကို စထုတ်နိုင်ခဲ့ပါတယ်။ အခုတော့ အင်ဂျင်တော်တော်များများ ထုတ်ပြီးစမ်းနေကြပါပြီ။ ဟိုက်ဒရိုဂျင်လောင်စာရဲ့ လောင်ကျွမ်းအပူချိန်က သဘာ၀ဓာတ်ငွေ့ ကရတဲ့စွမ်းအင်နဲ့ ထပ်တူနီးပါးရှိပြီး လောင်းကျွမ်းအသုံးပြုလို့ ဘေးထွက်ဆိုးကျိုး၊ ပတ်၀န်းကျင်ညစ်ညမ်းမူ စတာတွေ မရှိတဲ့ သန့်စင်တဲ့ လောင်စာတစ်ခုဖြစ်တဲ့အတွက် လူတိုင်းကစိတ်ဝင်စားကြ လိုချင်ကြပါတယ် နောက်ရုပ်ကျွင်းလောင်စာမဟုတ်လို့ လွယ်လွယ်မကုန်ခမ်းနိုင်ပါဘူး။ တွေးကြည့်ပါဗျာ ...
movie
Chain Reaction (1996)
19962007