Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Mark Gatiss
7.9
Shaun of the Dead (2004)
ကဲ Three Flavours Cornetto Trilogy ထဲက ပထမဆုံးကားလာပါပြီ.... Cornetto Trilogy ဆိုတာကတော့ ဒါရိုက်တာ Edgar Wright ရိုက်ကူးပြီး မင်းသား Simon Pegg နဲ့ Nick Frost တို့အတွဲပါဝင်တဲ့ Shaun of The Dead (2004), Hot Fuzz (2007) နဲ့ The World’s End (2013) ဇာတ်ကားတွေပဲဖြစ်ပါတယ်။Trilogy ဆိုပေမယ့်တစ်ကားနဲ့တစ်ကားဆက်စပ်မှုတော့မရှိဘဲ အတည်ပေါက်ကြီးသရော်ထားတဲ့ရုပ်ရှင်အမျိုးအစားအဖြစ်သာ တူညီမှုရှိပါတယ်။Shaun of The Dead (2004) ရုပ်ရှင်ကတော့ Cornetto Trilogy ရဲ့ ပထမဆုံးဇာတ်ကားဖြစ်တာနဲ့အညီ IMdb Rating (7.9) Rotten Tomatoes (92%) ထိ ရရှိခဲ့ပြီး အနုပညာအရည်အသွေးမြင့် Comedy Horror ရုပ်ရှင်ကားဖြစ်ခဲ့ပါတယ်...ရိုက်ကူးကုန်ကျစရိတ် Budget ...
movie
Shaun of the Dead (2004)
2004
4K HEVC
6.2
Our Kind of Traitor (2016)
အက်ရှင်ကားကိုမှ စိတ်ခံစားချက်တွေ အပြည့်နဲ့ခံစားစီးမြောပြီး ကြည့်ချင်တဲ့လူတွေအတွက် ၂၀၁၆ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ Our Kind Of Traitor ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။IMDb Rating 6.2 ရရှိထားပြီး တကယ်ကြည့်လို့ကောင်းတဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။တခြားကားတွေနဲ့ မတူတာက ဒီကားကဗီလိန်ဖြစ်တဲ့ရှရှားမာဖီးယားကြီးကို သနားပြီး ကြည့်နေရမဲ့ဇာတ်ကားဖြစ်နေလို့ပါပဲ။ပယ်ရီနဲ့ဂေးလ်ဆိုတဲ့ လင်မယားနှစ်ယောက်က သူတို့ရဲ့အိမ်ထောင်ရေး သာယာစေဖို့အတွက် အပျော်ခရီးထွက်လာခဲ့ပြီး စားသောက်ဆိုင်တစ်ခုမှာ ညစာစားနေကြပါတယ်။ဒါပေမယ့် ရှေ့နေဖြစ်တဲ့ မိန်းမဖြစ်သူဂေးလ်က ဖုန်းတစ်လုံးနဲ့အလုပ်များနေတဲ့အတွက် ပယ်ရီလည်းတစ်ယောက်တည်းထိုင်စောင့်နေရပါတော့တယ်။အဲ့ဒီအချိန်မှာ တခြားဝိုင်းမှာထိုင်နေတဲ့ ဒီမာဆိုတဲ့လူတစ်ယောက်ကသူ့ကိုလာခေါ်ပြီးမိန်းမဖြစ်သူမအားလို့ စိတ်ညစ်မနေဖို့ နှစ်သိမ့်ပေးလိုက်တာမိုးလင်းပေါက်ပါတီရောက်ပြီး မနက်ပိုင်းတင်းနစ်ပါရိုက်လိုက်ပါသေးတယ်။ဒီလိုနဲ့ သူတို့နှစ်ယောက်သား ခင်မင်သွားကြပြီး ပယ်ရီပြန်ခါနီးညမှာ ဒီမာက သူ့လက်ထဲမန်မိုရီစတစ်တစ်ချောင်းထည့်ပေးပြီး အကူအညီတောင်းခဲ့ပါတော့တယ်။တကယ်တော့ ဒီမာဆိုတာဒုစရိုက်မှုတွေအတွက်အကြီးစားငွေကြေးခဝါချပေးနေတဲ့ သူတစ်ယောက်ဖြစ်ပြီးသူ့မိသားစု အသတ်ခံရမှာစိုးလို့ပယ်ရီတို့ နေထိုင်တဲ့ယူကေမှာခိုလှုံခွင့်ရဖို့ အချက်အလက်တွေကို စတစ်ထဲမှာထည့်ပြီးရဲတွေလက်ထဲ ပို့ခိုင်းတာပဲဖြစ်ပါတယ်။ဒါပေမယ့် အစီအစဉ်တွေက ဒီမာထင်ထားသလိုလွယ်ကူမနေတဲ့အခါ ပယ်ရီလည်းအကူအညီတစ်ခုကနေ ဆက်တိုက်ကူညီနေရပြီးနောက်ဆုံးမှာဒီမာ့ အထက်က ငွေကြေးခဝါချမှုအကြီးစားတွေကို ဖော်ထုတ်နိုင်ပြီး ခိုလှုံခွင့်ရသွားကြမလားဆိုတာကိုကြည့်ရှုရမဲ့ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ File size…1.6GB / 795MB Quality…Blu-Ray 1080p 5.1CH / ...
movie
Our Kind of Traitor (2016)
8
Mission: Impossible – Dead Reckoning Part One (2023)
Mission: Impossible - Dead Reckoning Part One (2023)~ IMDb - 8/10, Rotten Tomatoes - 96% ~Mission: Impossible – Fallout (2018) ရဲ့ အဆက်ဖြစ်တဲ့ Dead Reckoning Part 1 လာပါပြီ။ ဒါဟာ သတ္တမမြောက် M:I ရုပ်ရှင်ပဲဖြစ်ပါတယ်။ Fallout, Top Gun တို့ရဲ့ ဇာတ်ညွှန်းဆရာ Christopher McQuarrie ကပဲ ဇာတ်ညွှန်းရေးသား ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ နှစ်ကားတွဲဖြစ်ပြီး Dead Reckoning Part II ကိုလည်း ဆက်ပြီးရိုက်ကူးသွားမှာပါ။ တွမ်ခရုရဲ့ သက်စွန့်ဆံဖျားစတန့်တွေနဲ့ နာမည်ကြီးခဲ့တဲ့ M:I ရုပ်ရှင်တွေဟာ ဒီကားမှာလည်း အရှိန်ကို ဆက်ထိန်းထားတုန်းပါပဲ။ ဝေဖန်ရေးဆရာတွေရဲ့ Rating တွေအရ ...
movie
Mission: Impossible – Dead Reckoning Part One (2023)
2023
4K HEVC
7.5
Grindhouse (2007)
ဒီ၂၀၀၇ ခုနှစ်ထွက်ဇာတ်ကားကတော့ ၃နာရီကျော်ကြာမြင့်ပြီး ရုပ်ရှင်ဖန်တီးသူနှစ်ဦးတို့ရဲ့ ရုပ်ရှင်တစ်ကားစီပေါင်းထားတဲ့ နှစ်ကားပါတစ်ကားရုပ်ရှင်လေးဖြစ်ပါတယ်၊ပထမကားမှာက ဖုတ်ကောင်ရှင်းခန်းဇာတ်လမ်းတစ်ခု ၊ ဒုတိယကားမှာက ကားနဲ့ လိုက်အသတ်ခံရတဲ့ မိန်းမပျိုလေးတို့ အုပ်စုနှစ်စုအကြောင်းပါ၊ ပုံမှန်ဒီလိုကားတွေဆို ကြားထဲမှာဘာမှမခံအမဲကြီးပေါ်လာပြီးနောက်တစ်ကားထပ်ရောက်တာပေါ့နော်။ ဒီကားကျ နာမည် Grindhouse ဆိုတဲ့အတိုင်း အမေရိကမှာဆို ဒီ Grindhouse က တန်ဖိုးနည်းရုပ်ရှင်ရုံ။အထူးသဖြင့် လူကြီးကားတွေ ၊ ပေါပေါပဲပဲဘတ်ဂျက်အနည်းငယ်ပဲသုံးရိုက်ထားတဲ့ သည်းထိတ်ရင်ဖိုကားတွေ ၊ မသတီစရာရုပ်ရှင်တွေ ၊ အထူးသဖြင့်လူကြီးတွေအတွက်ရည်ရွယ်တဲ့ကားတွေ တစ်ကားပြီးတစ်ကား မနားတမ်းပြတယ်။ အဲ့ရုံမှာပြနေသလိုကြည့်ရတာပါ။ဆိုတော့ရုပ်ရှင်စလာတည်းက တခြားပြနေတဲ့ကားကြော်ငြာတွေလာမယ် ။ တစ်ကားနဲ့တစ်ကားကြားမှာ ကြော်ငြာလေးတွေနဲ့ဆိုတော့ ပုံမှန်ကားမှာမရတတ်တဲ့theater vibe ခံစားရမှာပါ ၊ Rating အနေနဲ့ IMDb 7.5 , Rotten tomatoes 84% အသီးသီးရရှိထားပြီး တမူထူးတဲ့တင်ဆင်ပုံတွေနဲ့ ကြည့်ပျော်တဲ့အနေအထားရှိပါတယ် ။ ပါသမျှ ဣတ္ထိယတို့ကလည်း အနှစ်တွေပါ၊ (ရုပ်ရှင်ကတော့ Rated ...
movie
Grindhouse (2007)
Operation Mincemeat (2022)
ကင်းစ်မန်းရဲ့ မင်းသားကြီး ကိုလင်ဖာ့သ် နဲ့ Price and Prejudice တို့ Three Musketeers တို့လိုရုပ်ရှင်ကြီးတွေရဲ့ မင်းသား မက်သရူး မစ်ဖက်ဒီရန်တို့ ပါတဲ့ ဒုတိယကမ္ဘာစစ် ဖြစ်ရပ်မှန်ရုပ်ရှင်အသစ်ပါ။စစ်ပွဲကြီးတွေမှာ လူတွေလက်နက်တွေနဲ့ ရှေ့တန်းမှာ အပြိုင်တိုက်ကြသလို နောက်တန်းမှာလည်း သူလျိုတွေ ထောက်လှမ်းရေးတွေ ဉာဏ်ချင်းပြိုင်ပြီး အပြိုင်ကျဲကြတာလည်း စစ်ပွဲအဆုံးအဖြတ်ဖြစ်လာစေတာကို သိကြမှာပါ။ဒီရုပ်ရှင်ထဲက အဖြစ်ကတော့ ကမ္ဘာစစ်အတွင်း အကြီးဆုံးအောင်မြင်ခဲ့တဲ့ လှည့်ကွက်ကြီးတစ်ခုဖြစ်ပြီး အင်အားသိန်းချီတဲ့ စစ်ဆင်ရေးကြီးတစ်ခုရဲ့ အသက်လည်း ဖြစ်ခဲ့ပါတယ်။ အဲဒီစစ်ဆင်ရေးနာမည်က အော်ပရေးရှင်း မင့်စ်မိထ် တဲ့။ မင့်စ်မိထ် ဆိုတာ အသားစင်းကောတွေ အကြာကြီးခံအောင် ထိန်းသိမ်းထားတဲ့အသားတွေကို ပြောတာပါ။မဟာမိတ်တပ်တွေဟာ ဥရောပစစ်မြေပြင်မှာ နာဇီတွေနဲ့တိုက်ပွဲအတွက် အဆုံးအဖြတ်ဖြစ်စေမယ့် နေရာတစ်ခုဖြစ်တဲ့ စစ္စလီကို ဧရာမထိုးစစ်ကြီး ဆင်နွှဲဖို့ ရည်ရွယ်ထားပါတယ်။ ဒါပေမဲ့ စစ္စလီဟာ ဗြူဟာအရ အရေးပါတာကို ဟစ်တလာလည်း သိထားပြီးဖြစ်လို့ ခံစစ်ကို အကြီးအကျယ်ပြင်ဆင်နေပါပြီ။ ...
movie
Operation Mincemeat (2022)
7.6
Match Point (2005)
Match point(2005) ============== IMDb Rating - 7.6/10 Directed by Woody Allenဝူဒီအယ်လန်ကားဆို စောင်တလွဲလူ့ဘောင်ကြီးကို တစ်နည်းမဟုတ် တစ်နည်းနဲ့သရော်တတ်တဲ့ ရုပ်ရှင်တွေလို့ ပြေးမြင်မိကြမှာပဲ။ သူ့ကားတွေဟာ ရိုမန့် ဒရာမာ ဟာသ စာရင်းဝင်ကားတွေများတယ်။ Match Point ကတော့ ကွဲလွဲတယ်ပြောရမှာမယ်။တခြားအယ်လန်ကားတွေက နာမည်ကြီးအနုပညာသမားတစ်ချို့ကို သိမှ သူသရော်တာကို နားလည်မှာတို့ ဘာတို့ ပါတတ်ပေမဲ့ ဒီရုပ်ရှင်ကတော့ ဒါမျိုးကင်းတယ်။ မသိရင် စုံထောက်ကားလိုလိုပါပဲ။ Genresအရ Romance/Dramaပေမဲ့ ကြည့်ပြီးတဲ့သူတွေက Psychological Thriller ကားလို့ ဆိုကြတယ်။သို့ပေမဲ့ သရော်တာလည်း မကင်းပါဘူး၊ ဟာသတစ်စက်မှ မနှောဘဲ သရော်သွားတာကလွဲလို့ပေါ့။ ဒီရုပ်ရှင်မှာတော့ သူ့ THEMEကတော့ ကံပါပဲ။ ကံကိုTHEME အဖြစ်သုံးပြီး စောင်တလွဲလောကကြီးရဲ့မတရားလှတဲ့ ကံကိုသရော်သွားခဲ့တယ်။ဇာတ်လမ်းအစမှာ သူက ဒီလိုပြောထားတယ် " ကျုပ်မတော်ချင်ဘူး ကံပဲကောင်းချင်တယ်လို့ ပြောတဲ့သူက ဘဝကို ကောင်းကောင်းနားလည်တဲ့သူပဲ။ ဘဝရဲ့တစ်စိတ်တစ်ပိုင်းက ကံပေါ်အများကြီး မူတည်နေတယ်ဆိုတာကို လူတွေက ...
movie
Match Point (2005)
8.3
The Father(2020)
The Father(2020)အညွှန်း*************************IMDb Rating - 8.3/10Rotten Tomatoes - 98%လောကမှာ "အို/နာ/သေ" ဘေး တွေဆိုတာ လူတိုင်းလူတိုင်း ရှောင်လွှဲလို့မရတဲ့ နိယာမတရားတွေပဲ ဖြစ်ပါတယ်။ အဲ့ဒီအထဲမှာမှ မသေခင်စပ်ကြား အိုမင်းမစွမ်းကာလကိုတော့ အဆိုးရွားဆုံးအချိန် လို့တောင် သတ်မှတ်လို့ရမယ်ထင်ပါတယ်။ ဒီဇာတ်ကားမှာလည်း အန်တိုနီယို ဟာ အသက်အရွယ် အိုမင်းလာတဲ့အခါ ကြုံတွေ့ရတဲ့ အလားတူ လောကဒဏ်တွေကိုအလူးအလဲခံနေရတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။မှတ်ဉာဏ်တွေ လျော့နည်းလာတဲ့ ဖခင်ဖြစ်သူကို တစ်ယောက်ထဲထားဖို့ စိတ်မချတဲ့အခါ သမီးဖြစ်သူ "အန်" ဟာဖခင်အတွက် ကိုယ်စားစောင့်ရှောက်ပေးမဲ့ သူတွေကို ငှားရမ်းဖို့ကြိုးပမ်းပါတော့တယ်။ဒီဇာတ်လမ်းဟာ "ငါမအိုသေး" ဆိုတဲ့ ဆောင်ပုဒ်ကို လက်ကိုင်ထားတဲ့ ဖခင်ဖြစ်သူ နဲ့ အစိုးရိမ်လွန်တတ်တဲ့ သမီးဖြစ်သူတို့ကြားက အားပြိုင်မှုတွေကို… လူ့သဘာဝ စရိုက်တွေ မပျောက်စေဘဲ ဂရုတစိုက် ဖန်တီးထားတဲ့ လက်ရာတစ်ခုဖြစ်တဲ့အပြင် ... ကြည့်ရှုသူ ပရိတ်သတ်ကို အတွေးပေါင်းများစွာပေးနိုင်မဲ့ နာမည်ကျော်ဒါရိုက်တာ Florian ...
movie
The Father(2020)
HEVC 1080p 5.1
5.0
Locked Down (2021)
Locked Down (2021)================IMDb Rating - 5.0/10 ဒီ Locked Down ဆိုတဲ့ကားလေးက ကြည့်ရှူသူတွေကို ဇာတ်လမ်းခပ်အေးအေး Cast အလန်းစားတွေနဲ့ ဖြည်းဖြည်းချင်းရင်ထဲထည့်သွားစေမဲ့ကားလေး ဒီကားလေးကိုကြည့်ပြီးရင် Covid ကြောင့် ဖြစ်ရတဲ့အခြေအနေတချို့ကို ကွက်ကွက်ကွင်းကွင်းမြင်လာနိုင်မယ်။ဇာတ်လမ်းအကျဉ်းအရတော့ တဖြည်းဖြည်းယိုယွင်းပျက်စီးလာတဲ့ အိမ်ထောင်ရေးကြောင့် ခွာပြဲရတော့မဲ့ Linda နဲ့ Paxton ဟာCovid Lockdown ကြောင့် တစ်အိမ်တည်းမှာ ပိတ်မိနေကြတယ်။ ဘ၀ကိုအရိုင်းဆန်ဆန်ဖြတ်သန်းခဲ့တဲ့ Paxton နဲ့ တော်ပြီးထက်မြက်တဲ့ Linda တို့ အချိုးအကွေ့တစ်ခုမှာ ဆုံခဲ့ကြပေမဲ့ Paxton တစ်ယောက်ကတော့ တစ်ညမှာ သူလုပ်လိုက်တဲ့အမှားတစ်ခုကြောင့်ဒီလိုတွေ သူဘ၀ဆက်တိုက် ကံဆိုးနေရတာလို့ ထင်နေတယ်။ Linda ဆိုတဲ့အမျိုးသမီးလေးကလည်း အပြင်ပန်းကကြည့်ရင် အလုပ်အကိုင်ကောင်း ၀င်ငွေကောင်းပေမဲ့ စိတ်ဖိစီးစရာ စိတ်ရှုပ်စရာတွေအပြည့်ရှိနေတာကို အတူနေတဲ့ သူ့ရည်းစား Paxton မပြောနဲ့ တစ်ဦးတစ်လေတောင်မသိ၊ ဒီလိုနဲ့ ကံကြမ္မာကြောင့်ပဲလိုဆိုရမလား သူတို့ရဲ့ ...
movie
Locked Down (2021)
2021
7.0
Brexit: The Uncivil War(2019)
Brexit: The Uncivil War(2019)IMDb...7.0,,,,,,Rotten...79%(unicode)2019 ဒီဇင်ဘာထဲမှာ ပူပူနွေးနွေးထွက်ရှိထားတဲ့ Brexit: The Uncivil War ဆိုတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးချင်ပါတယ် နိုင်ငံရေးဇာတ်ကားတစ်ခုဖြစ်ပြီးတော့ Benedict Cumberbatch ကိုဒီဇာတ်ကားထဲမှာ နိုင်ငံရေးပါတီတွေကို လူထုစည်းရုံးရေးဗျူဟာတွေ ချမှတ်ပေးတဲ့ ထိပ်ပြောင်ပြောင် နိုင်ငံရေးသမားအသွင်မြင်ရမှာဖြစ်ပါတယ် ဗြိတိန်နိုင်ငံရေးဖြစ်ရပ်မှန်ကို အခြေပြုရိုက်ကူးထားတဲ့ဒီရုပ်ရှင်ဟာ လွန်ခဲ့တဲ့ လများက Channel Myanmar မှာတင်ခဲ့တဲ့ the Great Hack ဇာတ်ကားမှာပါဝင်တဲ့ အချက်အလက်များနဲ့ဆက်စပ်မှုတွေရှိပါတယ် … ၂၀၁၆ ခုနှစ်မှာ ပွဲဆူစေခဲ့တဲ့ ဒေါ်နယ်ထရမ့် ရွေးကောက်ပွဲမှာ ငှားရမ်းခဲ့တဲ့ နည်းပညာကုမ္ပဏီ Cambridge Analytica နဲ့ ဆက်စပ်ပတ်သက်မှုတွေ Brexit ဖြစ်လာအောင် အွန်လိုင်းပေါ်ကနေ လှုံ့ဆော်ပေးမှုတွေ ကနေ ပါလီမန်လွှတ်တော်ကိုယ်စားလှယ်တွေ အသတ်ခံရတဲ့အထိဖြစ်လာတဲ့အကြောင်းတွေကို ဖော်ပြရိုက်ကူးထားပါတယ် … ဒီဇာတ်ကားကို နိုင်ငံရေးစိတ်ဝင်စားသူတွေ နည်းပညာစိတ်ဝင်စားသူတွေ နဲ့ လူမှုကွန်ယက် အသုံးပြုသူတွေ ကြည့်သင့်ပါတယ်…မိမိတို့နိုင်ငံလည်း မကြာခင် ရွေးကောက်ပွဲနီးလာပြီဖြစ်တဲ့အတွက် ...
movie
Brexit: The Uncivil War(2019)
7.8
The Favourite (2018)
Director- Yorgos Lanthimos ရိုက်ကူးပုံဖော်ထားပြီးမင်းသမီး Olivia Colman, Emma Stone, Rachel Weisz တို့အပြိုင်သရုပ်ဆောင်ထားတဲ့ ၁၈ ရာစုခေတ်အင်္ဂလန်ရာဇဝင်ကို ပုံဖော်ထားတဲ့ ဇာတ်ကားလေးပါ။IMDb ration 7.7, Rotten Tomatoes 93% rating ရထားပြီး ၉၁ ကြိမ်မြောက် အော်စကာ ဆုပေးပွဲမှာ မင်းသမီး ၃ ယောက်လုံးAcademy Nomiation ဝင်ခဲ့ပြီး ဇာတ်လမ်း၊ဇာတ်ညွှန်းဒါရိုက်တာ ဓါတ်ပုံ အဝတ်အစားဒီဇိုင်း စတာတွေအတွက်Nomination ဆု (၁၀) ခုထိ ဝင်ထားပြီး Best Actress ဆုကိုမင်းသမီးကြီး Olivia Colman က ဆွတ်ခူးနိုင်ခဲ့ပါတယ်။ဇာတ်လမ်းအကျဉ်းကလေးကတော့ ၁၈ ရာစုခေတ်မှာအင်္ဂလန်နဲ့ ပြင်သစ်က စစ်ပွဲတွေ ဆင်နွဲနေတဲ့အချိန်ပါ။မုဆိုးမတစ်ဦးဖြစ်ပြီး သားသမီးမရှိတဲ့ ဘုရင်မကြီး အန်းနီကတော့အင်္ဂလန်ထီးနန်းကို ဆက်ခံနေပြီး သူ့ငယ်သူငယ်ချင်း ဆာရာကအကြံပေးတဲ့အတိုင်း တိုင်းပြည်ကိုအုပ်ချုပ်နေပါတယ်။ဘုရင်မကြီး အန်းနီက အာဏာရှိပေမယ့် ရိုးအပြီးပညာမဲ့ထုံထိုင်းတဲ့သူမို့ ...
movie
The Favourite (2018)
2018
6.0
Victor Frankenstein (2015)
ဆပ်ကပ်မှာကပ်နေရတဲ့ခါးကုန်းလူရွှင်တော်တစ်ယောက်ရှိပါတယ် ဆပ်ကပ်ပိုင်ရှင်ကအစ ရထားတွဲစောင့်အဆုံး အကုန်လုံးက၀ိုင်းနှိမ်ပြီးအနိုင်ကျင့်ဆက်ဆံကြတဲ့အပြင် နာမည်တောင်မရှိရှာပါဘူး သူရဲ့အားနေတဲ့အချိန်လေးတွေကိုတော့ အသေးစိပ်ကျလက်တွေ့ဆန်ပြီးလှပလွန်းတဲ့လူခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုပုံဆွဲနေလေ့ရှိပြီး အလုပ်ချိန်ဆိုရင်တော့သူကြိတ်ချစ်နေရတဲ့ကျွမ်းဘားမယ်လေးလော်ရယ်လိုင်းကို ခိုးကြည့်နေတတ်တဲ့တောက်တိုမယ်ရလူရွှင်တော်တစ်ယောက်ပါ သူရဲ့ဘ၀ကဆပ်ကပ်နဲ့လော်ရယ်လိုင်းရယ် ကာယဗေဒကိုပုံဆွဲနေရတဲ့အချိန်တွေရယ် အဲ့လိုဟာတွေနဲ့ပဲကုန်ဆုံးနေရတော့မယ်ဆိုပြီး အရာရာကိုလက်လျှော့ပြီးအရှုံးပေးထားပါတော့တယ် ဒါပေမယ့်ဖျော်ဖြေပွဲတစ်ခုမှာလော်ရယ်လိုင်းဟာမမျှော်လင့်ပဲမတော်တဆမှုတစ်ခုဖြစ်ရင်း ဒေါက်တာဖရန်ကင်စတိုင်းနဲလူရွှင်တော်တို့တွေ့ကြဖို့အကြောင်းဖန်လာပါတော့တယ် အဲ့ဖြစ်ရပ်ကသူ့ရဲ့ဘ၀တစ်ခုလုံးကို ကျွမ်းထိုးမှောက်ခံပြောင်းလဲသွားစေပါတော့တယ် ဒီကားကညီအစ်ကို၊ဆရာတပည့်ဆက်ဆံရေးကိုဖော်ကျူးထားပုံက တော်တော်ကြည့်လို့ကောင်းပါတယ် လော်ရယ်လိုင်းနဲ့လူရွှင်တော်ရဲ့ကြည်နူးစရာအခိုက်အတန့်တွေနဲ့ အင်မတန်ကျေနပ်စရာကောင်းမယ့်သမိုင်းလှန်ကားကောင်းတစ်ကောင်းပဲဖြစ်ပါတယ် အခုပဲဒေါင်းလုပ်ဆွဲပြီးကြည့်လို့ရပါပြီ Translated by Tariq L WalkerEncoded by sithu
movie
2015
7.7
Christopher Robin (2018)
Trailerတွေထွက်ကတည်းက အားလုံးစိတ်ဝင်စားစွာ စောင့်မျှော်ခဲ့ရတဲ့ဇာတ်ကားသစ်လေးတစ်ကားကိုChannel Myanmarပရိသတ်ကြီးအတွက်တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းလေးကတော့ အားလုံးရဲ့ အချစ်တော် Winnie the Pooh နဲ့သူ့ရဲ့ သူငယ်ချင်းလေး Christopher Robin တို့အကြောင်းရိုက်ကူးထားတဲ့Christopher Robin (2018) ပါ။ကာတွန်းဇာတ်ကောင်ကိုရိုက်ထားတာကဘာများအထွေအထူးကောင်းစရာရှိမလဲလို့ မေးချင်မေးပါလိမ့်မယ်။ဒါပေမယ့် ဒီကားလေးက ဇာတ်လမ်းအရရော ဇာတ်ဆောင်အရရောသူပေးချင်တဲ့ Theme အရရော တော်တော်လေးအဓိပ္ပါယ်ရှိပြီးမပျင်းမရိကြည့်လို့ရတဲ့ကားလေးတစ်ကားပါ။Imdb Rating 7.7/10 Rotten Tomatoes 71%တောင်ရရှိထားတာမို့ဒီလိုညွှန်းထားတာပိုရာမကျပါဘူး။ဇာတ်လမ်းအကျဉ်းလေးကိုလဲ အနည်းငယ်လောက်တင်ဆက်ပေးလိုပါသေးတယ်။အားလုံးပဲသိကြတဲ့အတိုင်း Winnie the Poohနဲ့ ခရစ္စတိုဖာရော်ဘင်တို့ဟာအတူသွားအတူကစားရင်းအရမ်းချစ်ကြတဲ့ သူငယ်ချင်းတွေပါ။ဒါပေမယ့် လောကရဲ့ ထုံးစံအတိုင်း ဆော့ကစားနေရုံနဲ့ပြီးမသွားတဲ့ အတွက်ခရစ္စတိုဖာရော်ဘင်တစ်ယောက် တောထဲကသူ့သူငယ်ချင်းတွေနဲ့ခွဲကာလန်ဒန်မှာကျောင်းသွားတက်ရပါတော့တယ်။အဲဒီလိုနဲ့ အလုပ်တွေအရမ်းကြိုးစားကာမက်ဒီလင်းန်ဆိုတဲ့သမီးလေးတောင်ရရှိနေတဲ့ အရွယ်ရောက်လာပါပြီ။ကလေးဘဝကသူအရမ်းချစ်ရတဲ့သူငယ်ချင်းတွေကိုလဲ မေ့ပစ်လိုက်ပါပြီ။တစ်နေ့မှာတော့ Poohတစ်ယောက်သူ့သူငယ်ချင်းတွေအကုန်လုံးတောထဲမှာပျောက်သွားလို့လိုက်ရှာရင်းခရစ္စတိုဖာရော်ဘင်ဆီကိုဆန်းကြယ်စွာရောက်ရှိလာပါတော့တယ်။Poohကတော့သူအရမ်းချစ်ရတဲ့ ခရစ္စတိုဖာရော်ဘင် ...
movie
Christopher Robin (2018)
2018