Channel Myanmar

Mark Famiglietti

Consumed (2024) 5.0
Consumed (2024)  သည်းထိပ်ရင်ဖိုချစ်သူတွေအတွက် အပျင်းပြေကြည့်လို့ကောင်းမဲ့Horror ဇာတ်ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့ Consumed ဖြစ်ပြီးတော့တောကြီးမျက်မည်းထဲက မကောင်းဆိုးဝါးတွေနဲ့ဆက်နွယ်နေတဲ့ Horrorဇာတ်ကားပုံစံလေးပဲဖြစ်ပါတယ်။အရမ်းကြီးမကြမ်းပေမဲ့ သူ့ဟာနဲ့သူတော့ကြည့်လို့ကောင်းတဲ့အခြေအနေမှာရှိပါတယ်။ဘက်သ်က ကင်ဆာရောဂါဝေဒနာခံစားခဲ့ရတဲ့အမျိုးသမီးတစ်ယောက်ဖြစ်ပြီး အခုအချိန်မှာတော့အဲ့ဒီကင်ဆာကိုတွန်းလှန်နိုင်ခဲ့တာ ၁ နှစ်ပြည့်ခဲ့ပါပြီ။အဲ့ဒီအထိန်းအမှတ်နဲ့သူကင်ဆာရောဂါဝေဒနာဖြစ်နေတုန်းစိတ်ပင်ပန်းလူပင်ပန်းဖြစ်ခဲ့ကြတဲ့ ဘက်သ်ရော ယောက်ျားဖြစ်သူဂျေးတို့နှစ်ယောက်စလုံးစိတ်ပြေလက်ပျောက်ဖြစ်အောင်တောတွင်းစခန်းချခရီးထွက်ခဲ့ကြပါတော့တယ်။အဲ့ဒီတောထဲမှာသူတို့ကိုစောင့်ကြိုနေတဲ့ထိတ်လန့်စရာမကောင်းဆိုးဝါးသားရဲကြီးရှိနေခဲ့တာကိုတော့ဘက်သ်တို့စောစောစီးစီးကြိုမသိခဲ့ကြပါဘူး။တစ်ညမှာတော့ ညဖက်တဲထိုးပြီးအိပ်နေရင်းနဲ့မှအဲ့ဒီအရာကြီးနဲ့ကြုံတွေ့ခဲ့ရပြီး ဖိနပ်ကျွတ်မတတ်ထွက်ပြေးခဲ့ရပါတော့တယ်။ဒီလိုနဲ့သူတို့ဆက်သွားရမဲ့လမ်းကြောင်းလည်းပျောက် စခန်းချပစ္စည်းတွေလည်းမရှိတော့ပဲနဲ့ ကင်ဆာရောဂါကိုအနိုင်ယူနိုင်ခဲ့တဲ့ဘက်သ်တို့လင်မယားနှစ်ယောက် ဒီမကောင်းဆိုးဝါးကြီးကိုရောအတူအနိုင်ယူနိုင်ပါ့မလားဆိုတာကိုထိတ်လန့်စရာကြည့်ရှုရမဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ File size…1.64GB / 821MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 29m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Consumed (2024)

Nobel Son (2007) 6.1
Nobel Son (2007) ဒိဇာတ်လမ်းကတော့ Harry Potter ဇာတ်လမ်းမှာ Severerus Snape ဖြစ်တဲ့ မင်းသားကြီး Alan Rickman ပါဝင်တဲ့ အသေခွီနေရမဲ့ ဇာတ်ကားကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ဘဝင်လေဟပ်ပြီး ကျောင်းသူတွေနဲ့အိပ်၊ မိန်းမပွေ၊ ​အကျင့်စာရိတ္တမကောင်းတဲ့ Eli လို့ခေါ်တဲ့ သိပ္ပံပညာရှင်ကြီးက ရုတ်တရက် နိုဘယ်လ်ဆုကြီးရလာတော့ သူ့မြင့်ပြီးသားမာနက မိုးပေါ်ထောင်တက်သွားတော့တယ်။ နိုဘယ်လ်ဆုကို ဆွီဒင်နိုင်ငံမှာသွားယူဖို့ သူ့မိန်းမနဲ့သားကို ခေါ်သွားပေမဲ့ တစ်ဦးတည်းသော သားတော် Barkley က အပြာကဗျာရေးတဲ့ စော်လေးနဲ့အိပ်နေလို့ လေယာဥ်မမီဘဲ နောက်ကျသွားတယ်။ သူ့အမေနဲ့အဖေဆီ လေယာဥ်ကိုအမြန်လိုက်ဖို့ အိမ်ပြန်ရောက်တော့ ပြန်ပေးဆွဲပါခံလိုက်ရတယ်။ အနန္တဂိုဏ်းဝင်ဖခင်ကြီး Eli ကလည်း သူ့သားပြန်ပေးဆွဲရတဲ့အကြောင်း ပြန်ပေးဆွဲသမားကဖုန်းဆက်ခြိမ်းခြောက်တော့ လိလိ့လားလားတွေလာပြောနေတယ်ဆိုပြီး ​မယုံဘဲ သူ့သားကို ဆွီဒင်အမြန်လိုက်လာခဲ့ဖို့ပြောတယ်။ အဲဒီမှာ ပြန်ပေးဆွဲသမားလည်း Berkeley လက်မကို ဖြတ်ပြီး သူ့မိဘတွေဆီကို ပို့မယ်ကြံ​၊ သူ့သား Berkeley လည်း စိတ်ခြောက်ခြားပြီး ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာတော့ ...
movie

Nobel Son (2007)

Premonition (2007) 5.9
Premonition (2007) လင်ဒါဟန်ဆင်ဟာ သမီးနှစ်ယောက်မိခင် အိမ်ထောင်ရှင်မ တစ်ယောက်ဖြစ်ပြီး သူ့ခင်ပွန်းကတော့ အလုပ်ကိစ္စနဲ့ တစ်ညအိပ်ခရီးတိုတစ်ခုသွားနေခဲ့ပါတယ်။ ပုံမှန်မနက်ခင်းမှာ ပုံမှန်အတိုင်းပဲ နိုးထခဲ့ပြီး ကလေးတွေကိုကျောင်းပို့အိမ်ကိစ္စတွေလုပ်နေရင်းသူ့ဘဝကိုပြောင်းပြန်လှန်နိုင်တဲ့အပြောင်းအလဲတစ်ခုဟာ အိမ်ရှေ့ဘဲလ်ကို တီးပြီး ရောက်လာခဲ့တယ်။ တံခါးသွားဖွင့်ကြည့်လိုက်တော့ ရဲတစ်ယောက်ကို တွေ့ရပြီးအဲ့ဒီရဲကပဲ ဒီသတင်းဆိုးကို ပြောခဲ့တာပါ။ ' ခင်ဗျားယောက်ျား ကားမတော်တဆမှုဖြစ်ပြီး နေရာမှာတင် ဆုံးသွားပါတယ်" တဲ့။သူတို့နှစ်ယောက်ဟာ ချစ်ခြင်းတရားကို အခြေပြုတည်ဆောက်ထားတဲ့ အိမ်ထောင်ဖြစ်တဲ့အတွက် သတင်းကြားကြားချင်း လင်ဒါ စိတ်လွတ်သွားတယ်။ပတ်ဝန်းကျင်နဲ့ကင်းကွာသွားတဲ့အထိ။ အဲ့ဒီညမှာ သူတို့နှစ်ယောက်ရဲ့မင်္ဂလာဆောင် ဓာတ်ပုံလေးကို ဖက်ပြီး ဆိုဖာပေါ်မှာအိပ်ပျော်သွားခဲ့တယ်။ နောက်တစ်နေ့မနက်သူနိုးလာခဲ့တာကတော့သူတို့နှစ်ယောက်ရဲ့အိပ်ခန်းမှာတစ်ယောက်တည်းဖြစ်ပါတယ်။သမီးနှစ်ယောက်ကိုအော်ခေါ်တယ်။မီးဖိုချောင်ထဲကိုရောက်တော့တီဗွီကြည့်ပြီးမနက်စာစားနေတဲ့ယောက်ျားတစ်ယောက်ကိုမြင်တယ်။ မျက်နှာကိုပါတွေ့ရတော့မှ မနေ့က သေသွားပြီလို့သူသိထားတဲ့ သူ့ရဲ့ ချစ်လှစွာသော ခင်ပွန်းဖြစ်နေခဲ့တယ်။ ကြောင်တောင်တောင် မျက်နှာထားဖြစ်နေတဲ့ သူ့ကို သူ့ခင်ပွန်းက နူတ်ဆက်တယ်။ "ဘာတွေဖြစ်နေတာလဲအချစ်တဲ့"။သူတို့ သမီးလေးနှစ်ယောက်ဆင်းလာတယ်။ သူတို့အဖေကို နူတ်ဆက်တယ်။ အားလုံးကပုံမှန်အတိုင်းပဲ၊ သူတစ်ယောက်တည်းရူးကြောင်ကြောင်ဖြစ်နေသလိုမျိုး..။အဲ့ဒီနေ့လေးဟာဟိုးအရင်ကလိုပုံမှန်လည်ပတ်သွားတယ်။ ညအိပ်ယာဝင်တယ်။နောက်ထပ် တစ်နေ့ သူနိုးလာတယ်။ ဘယ်သူ့ကိုမှ ရှာမတွေ့တော့ အိမ်အောက်ထပ်ကိုဆင်းတယ်။အိမ်အောက်ထပ်မှာ ဝတ်စုံနက်နဲ့ ...
movie

Premonition (2007)

Twisted Sister (2023) 5.0
Twisted Sister (2023) Twisted Sister (2023) ===============ကျွန်တော်တို့ ဘဝမှာ ရှိနေမှန်းမသိခဲ့တဲ့ အစ်မတစ်ယောက် ရုတ်တရက်‌ ပေါ်လာခဲ့မယ်ဆိုရင် ဘယ်လိုလုပ်ကြမလဲ။ မိဘတွေ တည်ထောင်ခဲ့တဲ့ ကုမ္ပဏီကို အမွေဆက်ခံပြီး ချစ်စရာသမီးလေး ခင်ပွန်းနဲ့အတူ အမ်မလီရဲ့ ဘဝလေးက ပြီးပြည့်စုံနေပါတယ်။ တစ်ရက်မှာတော့ ကလေးထိန်း အလုပ် လျှောက်မယ့် အမျိုးသမီးတစ်ယောက် အမ်မလီတို့ အိမ်ကို ရောက်လာပါ တယ်။ အဲဒီအမျိုးသမီးက သူ့ကိုယ်သူ အမ်မလီရဲ့ မိဘတွေ စွန့်ပစ်လိုက် တဲ့ အစ်မရင်း လီလီပါလို့ ပြောလာပါတော့တယ်။ကုမ္ပဏီအလုပ်တွေနဲ့ ဖိအားများနေပြီး အားကိုးစရာ လိုအပ်နေတဲ့ အမ်မလီ တစ်ယောက် အစ်မကို စိတ်ချလက်ချ ယုံကြည်နိုင်ပါ့မလား၊ တစ်ချိန်တည်း မှာပဲ အမ်မလီတစ်ယောက် တိုက်ခိုက်မှုတွေ ဆက်တိုက်ကြုံလာရချိန် တ ရားခံက ဘယ်သူလဲ၊ အမ်မလီနဲ့ မိဘတွေက လီလီ့ကို ဘာလို့ စွန့်ပစ်လိုက် တာလဲ ဆိုတာတွေကို ရင်တမမ ခံစားရမှာမလို့ အားလုံးအတူ ခံစားကြည့် လိုက်ကြရအောင်ပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Phu Myat Thwe ဖြစ်ပါတယ်)File Size..........(1.4 GB) / ...
movie

Twisted Sister (2023)

2023
Last Survivors (2022)
Last Survivors (2022) တတိယကမ္ဘာစစ်ကြီးဖြစ်ပြီးလို့ ပျက်ကပ်ဆိုက်နေတဲ့ကမ္ဘာကြီးမှာ ထရွိုင်နဲ့ဂျိတ်တို့ သားအဖနှစ်ယောက်တည်း တောထဲကအိမ်ကလေးမှာနေကြပါတယ်။ဂျိတ်ငယ်ငယ်လေးတည်းက တောထဲမှာအမဲလိုက်ပြီးဖြစ်သလိုနေထိုင်ကြပြီး သူ့အဖေက သူစိမ်းမှန်သမျှကို ရန်သူလို့သတ်မှတ်ကာ ပစ်သတ်ပါတယ်။အပြင်‌လောကမှာ လူဆိုးတွေပဲကျန်တာဖြစ်လို့ ဘယ်သူ့ကိုမှမယုံဖို့ သူ့အဖေက ဂျိတ်ကိုသင်ကြားထားပါတယ်။တစ်ရက်မှာတော့ သူ့အဖေဒဏ်ရာရတာကြောင့် ဂျိတ်တစ်ယောက် ဆေးရှာထွက်ရင်း အမျိုးသမီးတစ်ယောက်ကို တွေ့လိုက်ပါတယ်။သူ့အဖေက အပြင်လူမှန်သမျှသတ်ဖို့ညွှန်ကြားပေမယ့် ဂျိတ်ကစူးစမ်းချင်စိတ်‌ကြောင့်ဒီအမျိုးသမီးနဲ့နီးစပ်လာပါတယ်။သူစိမ်းတစ်ယောက်ကိုဘယ်လောက်ယုံနိုင်မလဲ။ ကိုယ့်ကိုတစ်သက်လုံး ကာကွယ်နေတဲ့၊ကိုယ့်ကိုချစ်တဲ့သူကိုရော ဘယ်လောက်ယုံနိုင်မလဲ။ဒါရိုက်တာ Drew Mylrea ရိုက်ကူးထားတဲ့ Survival Thriller အမျိုးအစားဖြစ်ပြီး မင်းသမီးချော Alicia Silverstone နဲ့ အတူ Stephan Moyer,Drew Van Acker တို့ပါ၀င်ပေးထားပါတယ်။ File size…(1 GB)/(400 Mb)/(250 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:38:00 Genre...Scifi, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by SP
movie

Last Survivors (2022)

Soulmates (2021) 4.4
Soulmates (2021) Soulmates (2021)ကိုယ်နဲ့အမြဲတမ်းတတွဲတွဲရှိနေခဲ့တဲ့သူငယ်ချင်းက နောက်သူငယ်ချင်းအသစ်ရသွားတဲ့အခါတို့၊ရည်းစားရသွားတဲ့အခါတို့ အဲဒီလိုအသစ်ရသွားပြီး ကိုယ့်ကိုပလစ်ပစ်တဲ့အဖြစ်မျိုးကြုံဖူးကြလား ..?မကြုံဖူးတဲ့သူတွေတော့သိလောက်မှာမဟုတ်ပေမယ့်ကြုံဖူးတဲ့သူတွေအတွက်ကတော့ တကယ့်ကိုဝမ်းနည်းစရာ ဒေါသထွက်စရာအဖြစ်ပါ။Vermont ပြည်နယ်မှာ ဟိုးငယ်ငယ်လေးထဲက တစ်မြို့တည်းအတူနေ တစ်ကျောင်းတည်းတက်ပြီးအတူတူကြီးပြင်းခဲ့ကြတဲ့ Jess နဲ့ Sam ဆိုတဲ့ သိပ်ချစ်ကြတဲ့သူငယ်ချင်းနှစ်ယောက်ရှိကြတယ်။သူတို့ပြည်နယ်လေးရဲ့ အဓိကနာမည်ကြီးလုပ်ငန်းကတော့ Mapel Syrup ထုတ်တာပေါ့။ဒီလိုနဲ့တစ်ရက်မှာ ယာမြေလုပ်ငန်း မွေးမြူခြံလုပ်ငန်း အများဆုံးလုပ်ကိုင်ကြတဲ့ သူတို့ပြည်နယ်ကိုပီတာဆန်ဆိုတဲ့ Mapel Syrup စက်ရုံကြီးလာတည်ပါလေရော။ကိုယ့်မြေပေါ်ကျူးကျော်ပြီး ကိုယ့်လုပ်ငန်းကိုလာလုနေတဲ့ ပီတာဆန်ကလူတွေကိုJess နဲ့ Sam တို့နယ်ခံတစ်အုပ်က မကြည်ကြပါဘူး။မကြည်နေတဲ့ကြားထဲမှ Jess က ပီတာဆန်လုပ်ငန်းရဲ့တာဝန်ခံ London နဲ့ချစ်ကြိုက်သွားပါတော့တယ် (ခုမြင်ခုကြိုက်သွားတာနော် အံ့ပါ့:,))ထုံးစံအတိုင်း လူတွေကရည်းစားရသွားရင် နှစ်အကြာကြီးခင်လာတဲ့သူငယ်ချင်းဘာညာလည်းမမြင်တော့ဘူးအကုန်ပလစ်ပြီး ရည်းစားသည်သာနံပတ်မှာ “တစ်”ကြတာမဟုတ်လား။အဲဒီမှာတင် သူ့နေရာကိုလုသွားတယ်ဆိုပြီး London ကိုတင်းနေတဲ့ Sam ...
movie

Soulmates (2021)

2021
The Divorce Party (2019) 6.1
The Divorce Party (2019) The divorce partyဟာအိမ်ထောင်ရေးဇာတ်ကား၁ကားဖြစ်ပြီးaustralia မင်းသားချောthomas cocquerelပါဝင်သရုပ်ဆောင်ထားတာပါ။မိန်းမ၁ယောက်ရဲ့ထိန်းချုပ်မှုပုံစံအောက်မှာပဲနေထိုင်ခဲ့တဲ့ယောကျာင်္း၁ယောက်သူ့မိန်းမထိန်းချုပ်မှုမပါပဲပတ်ဝန်းကျင်မှာနေထိုင်ဆက်ဆံကြည့်တဲ့အခါ လွတ်လပ်မှုကိုခံစားနိုင်တဲ့အခါ... နိတ်နဲ့ဆူဇန်ဟာခဏတာတွေ့ဆုံချစ်ကြိုက်ခဲ့ပြီးလက်ထပ်ခဲ့ကြတဲ့စုံတွဲ၁တွဲဖြစ်ပါတယ်။ငါးနှစ်ကြာပြီးနောက်ဆူဇန်ဟာရုတ်တရက်ကွာရှင်းခွင့်တောင်းခံလာခဲ့ပါတယ်။ဆူဇန်ကိုချစ်တဲ့စိတ်နဲ့ပဲသူမရဲ့ထိန်းချုပ်မှုပုံစံအောက်မှာနေခဲ့တဲ့နိတ်၁ယောက်အိမ်ကထွက်လာပြီးနောက်မှာသူတို့ရဲ့အိမ်နီးချင်းဖြစ်ခဲ့သူကေသီနဲ့တွေ့ဖို့အကြောင်းဖန်လာပါတယ်။ ဆူဇန်ကွာရှင်းခွင့်တောင်းတဲ့အကြောင်းရင်းကိုသိရှိပြီးနောက်မှာနိတ်၁ယောက် ဘယ်လိုရှေ့ဆက်သွားမလဲ....ကေသီကရောဘယ်လိုတွေကူညီမလဲဆိုတာကိုဒီဇာတ်ကားလေးမှာကြည့်ရှုရမှာပါ။ File Size : (873 MB) & ( 326 MB)Quality : BluRay 720pRunning Time : 1 hr 33 minFormat : Mp4Genre : Comedy , Romance Subtitle : Myanmar Subtitle (Hard Sub)Translated by PhueEncoded by May Pyae Sone Oo 
movie

The Divorce Party (2019)

2019