Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Mark Cheng Ho-Nam
6
YUM Investigation ( 2023 )
CM ကနေ ဒီတစ်ခါတင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ ခေတ်သစ်အပနှင်တဲ့ကားလေးပဲဖြစ်ပါတယ် ဇာတ်လမ်းလေးကို ပြောပြရမယ်ဆိုရင် ရှောင်ထိုက်လန်ဆိုတဲ့ အသက်၃၀ အရွယ် လူငယ်တစ်ယောက်က မျှော်လင့်ချက်မဲ့ပြီး ဦးတည်ချက်ပျောက်ကာ အလုပ်တော့ပုံမှန်သွားနေခဲ့သူတစ်ဦးပါတစ်နေ့ ထောင်းပေါင်ကနေ ဓါးတစ်လက်ကို မှာလိုက်မိရာကနေ ဇာတ်လမ်းစလာခဲ့ပါတယ် သူမှာလိုက်တဲ့ဓါးထဲမှာ ဝိညာဉ်ရှိနေပြီး ဓါးက သူ့ကို စကားပြောပြီး စေခိုင်းပါတော့တယ် အဲ့လိုနဲ့ သူ့ရဲ့နေ့စဉ်ဘဝကိုပါ ဝင်ပါလာတော့ အလုပ်ကနေ ထုတ်ခံလိုက်ရတော့တာပေါ့အဲ့ကနေမှ အားလျန် ရှီကျီ ပက်ထရစ် စတဲ့ သဘာဝလွန် အရည်ချင်းတွေပိုင်ဆိုင်ထားတဲ့ လူငယ်၃ဦးနဲ့ ဖွဲ့စည်းထားတဲ့ ယင်မျက်လုံးစပိုင်အဖွဲ့ထဲကို ဝင်ရောက်မိသွားပါတော့တယ်တစ်နေ့ ဖျင်အန်းအဆောက်ဦးကိုဖျက်သိမ်းဖို့ အိမ်ခြံမြေကုမ္ပဏီတစ်ခုက ပယောဂဆရာ တစ်ဦးကို ငှားပြီး ဆန့်ကျင်သူခေါင်းဆောင်ကို အဆုံးစီရင်သွားအောင် လုပ်ခဲ့ပါတယ် အဲ့အဆောက်ဦးမှာ နေထိုင်ကြတဲ့ ကောင်မလေး ၂ယောက်က သူတို့အဖွဲ့ကို ငှားခဲ့ပြီး သူတို့ရဲ့ သရဲနှင်တဲ့လုပ်ငန်းကို စတင်ပါတော့တယ်ဒီအမှုက သူတို့ထင်ထားသလောက် မရိုးရှင်းဘဲ စုန့်ခေတ်ထဲက သရဲပျိုးထောင်တဲ့ပညာတွေပါ ဆက်နွယ်လာပါတော့တယ် သူတို့သိလိုက်ရတဲ့ သဲလွန်စ တစ်ခုကတော့ ဆန့်ကျင်သူအဖွဲ့ထဲမှာ သူလျှိုရှိနေတာပါပဲ ကဲ အဲ့တော့ သူတို့၄ယောက် ဘယ်လိုမျိုး အတွင်းသူလျှိုကို ဖော်ထုတ်မှာလဲ အဲ့သူကရော သူတို့ထင်သလောက်ရိုးရှင်းနေမှာလားဆိုတာကို ခုဘာသာပြန်တင်ဆက်ပေးလိုက်တဲ့ ကားလေးမှာ ကြည့်ရှုလို့ရပါတယ်နော် Filesize : 1.16 GB ...
movie
YUM Investigation ( 2023 )
A Man Called Hero (1999)
ကျွန်တော်တို့ အခုခေတ်လူလတ်ပိုင်းတွေ ငယ်ဘ၀က မစိမ်းခဲ့တဲ့ နာမည်ကြီး တရုတ်မင်းသားမင်းသမီးတွေကို ပြန်လည်မြင်တွေ့ခံစားရဖို့ အဟောင်းထဲက အကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဟိုးရှေးရှေး တရုတ်ပြည်ကြီးမှာ ဟွာမျိုးရိုး ရင်းဟုန်တစ်ယောက် ကြီးမြတ်တဲ့သိုင်းဆရာကြီးထံမှာ တပည့်အဖြစ်ခံယူဖို့ ဖြတ်ကျော်အောင်မြင်လာပြီး ပြန်လာတဲ့အချိန်မှာ မိဘတွေကို မျက်နှာဖြူလူမျိုးတွေ သတ်ဖြတ်တာခံလိုက်ရပါတယ်။သွေးကြွေးဆပ်ဖို့အတွက် မျက်နှာဖြူလူမျိုးတွေနဲ့ သစ္စာဖောက်လောက်ကောင်တရုတ်တွေ အောင်ပွဲခံပါတီပေးနေတဲ့ဆီကိုရောက်လာပြီး မိဘတွေကိုသတ်ဖြတ်သွားတဲ့ မျက်နှာဖြူလူမျိုးကို သတ်ဖြတ်ခဲ့ပါတယ်။ အပြစ်ပေးခံရမှာစိုးတဲ့အတွက် ချစ်သူကိုပစ်ပြီး အမေရိကကို သင်္ဘောတစ်စီးနဲ့ ခရီးကြမ်းနှင်လာခဲ့တယ်။နှစ်တွေကြာမြင့်လို့ ချစ်ရသူဆီကနေ ပေါက်ဖွားလာတဲ့ သားဖြစ်သူ အရွယ်ရောက်ချိန်မှာ ပျောက်ဆုံးသွားခဲ့တဲ့ အဖေဖြစ်သူကိုရှာဖို့ အမေရိကကို ဦးလေးဖြစ်သူနဲ့ ရှာပုံတော်ခရီးစပါတော့တယ်။ သားအဖတွေ ပြန်လည်တွေ့ဆုံနိုင်မှာလားဆိုတာကိုတော့ ဒီခေတ်ဟောင်းရုပ်ရှင်လေးထဲမှာ ရှုစားကြပါဦး။(အညွှန်းနဲ့ ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(3.0 GB)/(1.4 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:58:00 Genre...Drama, Action, Adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyae ...
movie
A Man Called Hero (1999)
5.9
Imprisoned Ⅱ : There is No Escape from Fate ( 2023 )
ဒီကားလေးကတော့ ၂၀၂၃မှာထွက်တဲ့ Imprisoned ဒုတိယကားဖြစ်ပြီးတော့ ဒီကားမှာ ဝူကျိုင်နဲ့ စီးထူးတို့ပြန်ပါလာပေမယ့် အရင်ကားရဲ့ဇာတ်လမ်းနဲ့တော့ဆက်စပ်မှုမရှိပါဘူး။ဒီကားမှာတော့ ဝူကျိုင်တို့အကျဉ်းထောင်လူထူးလူဆန်းတစ်ယောက်လာခဲ့တယ်။ ဒီလူဟာသူ့ရဲ့အတွင်းရေးမှူးကိုသတ်တယ်ဆိုပြီး ထောင်တစ်သက်တစ်ကျွန်း ကျထားတဲ့သူတစ်ယောက်ဖြစ်တယ်။ သူကဘယ်လိုထူးဆန်းတာလဲဆိုတော့ နိုင်ငံခြားမှာအမှုဖြစ်ပြီး ထောင်ကျတာဖြစ်လို့ သူ့အမှုကိုသူပြန်ပြီး အယူခံဝင်နိုင်ဖို့ ဘာသာစကားကစပြီး ဥပဒေပညာအထိထောင်ထဲမှာလေ့လာခဲ့တယ်။သူအယူခံဝင်နိုင်ဖို့လျှောက်ထားချက်ကို တရားရုံးကလက်ခံခဲ့ပါတယ်။ ဒါပေမယ့် သက်သေအသစ်ထုတ်ပြနိုင်တာမျိုးမရှိတဲ့အတွက် တရားရုံးကပြန်ပယ်ချလိုက်တဲ့အခါမှာတော့ ဝူကျိုင်၊ စီးထူတို့နဲ့အတူထောင်ဖောက်ပြီးထွက်ပြေးဖို့ဆုံးဖြတ်လိုက်ပါတယ်။ ဉာဏ်ကြီးရှင်တစ်ယောက်ထောင်ဘယ်လိုဖောက်မလဲဆိုတာ လုံးဝမထင်မှတ်ထားတဲ့အကွက်တွေနဲ့ လုပ်ပြသွားတာမလို့ တကယ်ကိုစိတ်ဝင်စားစရာကောင်းပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Crime , Drama Runtime : 1h 17 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie
Imprisoned Ⅱ : There is No Escape from Fate ( 2023 )
5.9
Lamb Game ( 2023 )
ဒီဇာတ်လမ်းလေးက မြို့လေးတစ်မြို့က စားသောက်ဆိုင်မှာ စတင်ဖြစ်ပွားခဲ့တဲ့ အက်ရှင်ဇာတ်လမ်းလေးပါ.......တစ်နေ့မှာ ရွှယ်လိ့ ဆိုတဲ့ကောင်မလေးနဲ့ သူမရည်းစားတို့ဟာ စားသောက်ဆိုင်တစ်ခုမှာ မင်္ဂလာပွဲကျင်းပနေကြပါတယ် အဲ့ဒီစားသောက်ဆိုင်မှာပဲ ကျန်းနီဆိုတဲ့ စုံထောက်မလေးကလဲ သူမ အဖေနဲ့ ညနေစာ စားနေခဲ့ကြတယ် တာ့တိ့ ဆိုတဲ့ ဓားပြ ခေါင်းဆောင်ဟာ သူ့အပေါင်းအပါတွေနဲ့ ဓားပြတိုက်ပြီး ရလာတဲ့ရွှေတွေ ရောင်းဖို့အတွက် ရွှယ်လိ့တို့ မင်္ဂလာပွဲကျင်းပနေတဲ့ စားသောက်ဆိုင်က VIP အခန်းထဲကို ရောက်လာခဲ့ပါတယ်ပစ္စည်းအရောင်းအဝယ် ကိစ္စငြင်းခုံရင်း တာ့တိ့ဟာ လူသတ်မှု စကျူးလွန်ပါတော့တယ် ထိုအချိန်မှာ သတင်းပေးသူတစ်ဦးကြောင့် ရဲတွေဟာ ရွှေတွေလုသွားတဲ့ လူတွေဟာ စားသောက်ဆိုင်တစ်ခုမှာရှိကြောင်းသိပြီးနောက် စစ်ဆေးဖို့ရောက်လာပါတော့တယ် စစ်ဆေးဖို့ဦးဆောင်တဲ့လူ ကျန်းနီဆိုတဲ့ စုံထောက်မလေးပေါ့ ရဲတွေရောက်လာတာသိတဲ့ တာ့တိ့ဟာ ရွှယ်လိ့ တို့ မင်္ဂလာဆောင်မှာ ဧည့်သည်အဖြစ်အယောင်ဆောင်ပြီးဝင်လိုက်ပါတော့တယ်အဲ့နောက်မှာတော့ ဘယ်လိုအရှုပ်အထွေးတွေဆက်ဖြစ်လာမလဲဆိုတာကို စိတ်ဝင်တစားနဲ့ဆက်လက်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ် Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Crime Runtime : 1h 28 min Subtitle : Myanmar Subtitle ( Hardsub ) Translated ...
movie
Lamb Game ( 2023 )
5.6
Voodoo (2007) Gong Tau
Voodoo (or) Gong Tau (2007)ဒီတစ်ခေါက်မိတ်ဆက်ပေးမှာကတော့ 2007 မှာထွက်ရှိထားတဲ့ ဟောင်ကောင် Horror သည်းထိတ်ရင်ဖိုဇာတ်လမ်းလေး Gong Tau ပဲဖြစ်ပါတယ်ဇာတ်လမ်းအညွှန်းကျန်းထော(Gong Tau )ဆိုတာ (ဗူဒူးလိုပညာရပ်တစ်ခု) အရှေ့တောင်အာရှဘက်မှာ နာမည်ကျော်တဲ့ အောက်လမ်းပညာတစ်ရပ်အချစ်ရေးတွေ ငွေကိစ္စတွေနဲ့ ပတ်သက်ရင် လက်စားချေလိုတဲ့စိတ်နဲ့ အသုံးပြုတဲ့ ပညာရပ်တစ်ခုဖြစ်ပါတယ်။ဒီဇာတ်လမ်းထဲက ဇာတ်ကောင် ရဲမှူးလော့မင်ကွမ်က အလုပ်ကိစ္စတစ်ခုနဲ့ ထိုင်းနိုင်ငံကိုသွားတုန်း ကောင်မလေးတစ်ယောက်နဲ့ ဖောက်ပြန်မိရာကနေအချစ်ရေးကြောင့် သူ့ရဲ့ တစ်မိသားစုလုံးကို ကျန်းထောနဲ့ပြုစားခံလိုက်ရပြီး သားဖြစ်သူကို ဆုံးရှူံးလိုက်ရတယ်မိန်းမဖြစ်သူကို ထပ်မဆုံးရှုံးရအောင် ကျန်းထောကျိန်စာကိုဘယ်လိုပြယ်အောင် ကြိုးစားမလဲတကယ်ရောဖြေဆေးက အသုံးဝင်ခဲ့လားဆိုတာကို သည်းထိတ်ရင်ဖိုကြည့်ရမယ့် ကားလေးတစ်ကားပဲဖြစ်ပါတယ်။(18+ အခန်း အနည်းငယ်ပါတာကြောင့် မိသားစုနဲ့ကြည့်ဖို့တော့ အဆင်မပြေပါ။) File size…(1.7 GB)/(850 MB) Quality….WEB-DL 1080p /720p Format…mp4 Duration….01:36:45 Subtitle….Myanmar Subtitle (Hardsub) Encoder….RGB Translated by DB
movie
Voodoo (2007) Gong Tau
(18+) A Chinese Torture Chamber Story II (1998)
ပထမကားထဲမှာ မင်းသမီးက ဂေါ်ဖီထုပ်လေး ဖြစ်နေပေမဲ့ ဒီကားလေးထဲမှာတော့ မင်းသမီးလေးက ကြာပန်းလေး ဖြစ်နေတာပါ လေပေါ်ပျံသိုင်းကွက်အပြီး မှာတော့ အငြိမ့်သိုင်းကွက်လေးတွေ ဆက်ကျင့်ကြတာပေါ့ အဲဒါအပြင် ပရိသတ်တွေရဲ့ အသည်းစွဲ Chinese Ghost Story ထဲက မင်းသမီးကြီး ဖန်ယန်း လည်းပါဝင်နေတော့ ကြည့်ကောင်းမယ်ဆိုတာ ပြောစရာတောင် မလိုလောက်တော့ပါဘူး ဒီကားထဲမှာတော့ ရိုးရိုးသားသားလယ်သမားလေးနှစ်ယောက်က အခွန်တွေအရမ်းတိုးတာကို မပေးနိုင်ဘဲ လယ်တွေအသိမ်းခံလိုက်ရလို့ ဓားပြတွေဖြစ်သွားတာကနေ သူတို့ ဓားပြတိုက်မိတဲ့ သူက နေပြည်တော်သွားပြီး စစ်သူကြီးစာမေးပွဲဖြေမဲ့သူ ဖြစ်နေတော့တာပါပဲ ကံကောင်းတာနဲ့ ကံဆိုးတာကဒွန်တွဲနေပါတယ်လို့ လူတွေပြောကြသလိုပဲ နေပြည်တော်သွားမဲ့သူကြီးက သူတို့နဲ့ ခင်မင်ရင်းနှီးသွားတာပါ အဲဒီလိုနဲ့ အိမ်ခေါ်လည်ပြီးစားကြ သောက်ကြတာပေါ့ နောက်တနေ့ စာမေးပွဲဖြေဖို့ ထွက်သွားရင်းမှာပဲ ဓားပြနှစ်ယောက်ထဲက တစ်ယောက်ရဲ့ သတို့သမီးလောင်း ကြာပန်းလေးဆီ သူက ခိုးပြန်လာပြီး ချစ်ကြောင်းကြိုက်ကြောင်းနဲ့ သူ့ကိုစောင့်နေပါလို့ ပြောသွားပါသေးတယ် နှစ်ဝက်လောက်လည်းကြာရော သူလည်း ...
movie
(18+) A Chinese Torture Chamber Story II (1998)
7.2
The Longest Nite (1998)
The Longest Nite (1998) ================= IMDb Rating - 7.2/10Johnnie To ရိုက်တဲ့ Electionလို ဟောင်ကောင်ဂန်းကားတွေကို ကြိုက်တဲ့လူတွေအတွက် ဒီကားက ရွှေပဲ။ ဇာတ်အိမ်ကလည်း ထူး တယ်။ မကာအိုမှာ ဂိုဏ်း၂ဂိုဏ်းအပြိုင်ကြဲနေတယ်။ သူတို့အထက် က လူတစ်ယောက်က သူတို့ဂိုဏ်း၂ဂိုဏ်းကို ကစားဖို့လုပ်တယ်။ တိုနီလျောင်ရဲ့ကာရိုက်တာရဲမှူးက မကောင်းတဲ့ရဲဆိုတော့ တစ်ဂိုဏ်း ဘက်ကပါပြီး မကောင်းတာလုပ်သမျှကို ဖြေရှင်းပေးနေကျကောင်။ ဒီတော့ သူနဲ့ကြည်နေတဲ့ ဂိုဏ်းဘက်က ဝင်ပါရင်း ဒီဂိုဏ်း၂ဂိုဏ်းကို ကစားနေတဲ့လူရဲ့ ကစားကွက်ထဲသူပါပါသွားတယ်။ဒီလိုနဲ့ သူ့ဘဝရဲ့အဆိုးဆုံးညဖြစ်လာရော။ အဲဒီညတစ်ညကို ရိုက်ပြ ထားတာ။ တစ်ညကိုပဲ ရိုက်ပြထားတယ်ဆိုပေမဲ့ သူ့နာမည်အတိုင်း အရှည်ဆုံးညပဲ။ ပြောရရင် ဂန်းကားပဲကြိုက်ကြိုက်၊ မှုခင်းကားပဲ ကြိုက်ကြိုက်၊ ဟောင်ကောင်ကားတွေပဲကြိုက်ကြိုက် ကြည့်ကို ကြည့်သင့်တဲ့ တကယ့်ကားကောင်းပဲ။ ကားကောင်းဆိုတာကို မပြော လည်းပိုသေချာနေတဲ့အချက်က ဒီကားဒါရိုက်တာနာမည်ခံက Patrick Yauပေမဲ့ တကယ်တမ်း ဒီကားတစ်ကားလုံး နီးပါးကို Johnnie To ရိုက်ခဲ့တာပါလို့ နောက်ပိုင်းမှာ ဒီကားရဲ့ဇာတ်ညွှန်းကို အဓိကပြန်ပြင်ခဲ့ တဲ့လူနဲ့ Johnnie Toနဲ့ ဒီကားကိုပူးတွဲထုတ်လုပ်ခဲ့တဲ့လူ Wai Ka-faiက ပြောခဲ့တယ်။သူလည်းခေတော့မခေဘူး။ Johnnie ...
movie
The Longest Nite (1998)
1998