Channel Myanmar

Mark Camacho

Katak: The Brave Beluga (2023) 6.1
Katak: The Brave Beluga (2023)  ခတဒ်ဆိုတဲ့ဝေလငါးလေးဟာ အဘွားပြောပြတဲ့ဘယ်သူမှမယုံကြည်‌တဲ့အဘိုးရဲ့ပုံပြင်တွေကို ယုံကြည်သဘောကျတဲ့သူပေါ့။ အဘွားရဲ့နောက်ဆုံးအချိန်လေးမှာ သူ့အဘိုးနဲ့ပြန်ဆုံစည်း‌စေချင်တဲ့ဆန္ဒရှိလို့ မြစ်ထဲနေရာကနေ အဘိုးရှိရာသမုဒ္ဒရာဘက်ကိုခရီးဆက်ခဲ့တယ်။အခြားဝေလငါးတွေနဲ့မတူပဲ ဖွံဖြိုးဖို့နောက်ကျနေတဲ့ခတဒ် မြစ်ထဲမှာပဲ နေဖူးတဲ့ ခတဒ် သမုဒ္ဒရာထဲမှာဘယ်လိုခရီးဆက်မလဲ ဘယ်လိုအခက်အခဲတွေနဲ့တွေ့မလဲ အဘိုးကိုရောတွေ့ခွင့်ရ‌သွားလားဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှူနိုင်ပါတယ်။ဒီကားလေးကြည့်ပြီး စိတ်ခွန်အားတွေရရှိမယ်လို့မျှော်လင့်ပါတယ်။ File size…(1.2 GB)/(620 Mb) Quality….WEB-DL 1080p / 720p Format…mp4 Duration….01:22:00 Genre... Animation, Adventure, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Inzali
movie

Katak: The Brave Beluga (2023)

Wicker Park (2004)
Wicker Park (2004)  အချစ်ဆိုတာ အင်မတန် သိမ်မွေ့နက်နဲလွန်းတဲ့ အရာတစ်ခုပါ မြင်မြင်ချင်းချစ်မိတဲ့အချစ် အသံလေးကြားနေရုံနဲ့ချစ်မိတဲ့အချစ် အတူရှိနေတာကြာလာလို့ ချစ်မိတဲ့အချစ် အဓိပ္ပာယ်မဖွင့်ဆိုနိုင်လောက်အောင် သိပ်ကိုကြီးမားလွန်းတဲ့ခံစားချက်လေးတစ်ခုပါပဲ......ချစ်တာဟာ ချစ်ရုံသပ်သပ်တင်မဟုတ်ဘဲ မေတ္တာတွေ သစ္စာတွေ သံယောဇဉ်တွေနဲ့ပါ အထပ်ထပ်ရစ်နှောင်လာရာကနေ လိုတာထက်ပိုတဲ့ စွဲလန်းစိတ်ထိဖြစ်သွားရင်တော့ ကိုယ်တိုင်ရော ကိုယ်ချစ်နေတဲ့ အချစ်ခံရတဲ့သူအတွက်ပါ ကောင်းကျိုးထက် ဆိုးကျိုးတွေလည်းဖြစ်တတ်ပါသေးတယ်.....သိမ်ကိုသိမ်မွေ့လွန်းသလို သိပ်ကိုလည်း အန္တရာယ်များလှတဲ့အချစ်ကိုမှ ရူးမတတ်စွဲလန်းခံစားမိသွားကြတဲ့သူတွေကလည်း ဒုနဲ့ဒေးရှိခဲ့ကြ.....ရှိနေကြ.....ရှိလာကြဦးမှာပါပဲ......ဒီကားလေးထဲမှာတော့ အမှတ်မထင် ကော်ဖီဆိုင်လေးတစ်ဆိုင်မှာတွေ့လိုက်ရတဲ့ ကောင်မလေးတစ်ယောက်ကို သူ့ဘဝရဲ့ ရာသက်ပန်အချစ်အဖြစ် သတ်မှတ်မိရာကနေ ကောင်မလေးကို သူ့ဘဝထဲရောက်လာဖို့ တစိုက်မတ်မတ်ကြိုးစားအားထုတ်တဲ့ကားလေးတစ်ကားပါပဲ.....ဇွဲရှိရှိကြိုးစားအားထုတ်ရင်း ဘာတွေကြုံတွေ့ရမလဲ ခံစားချက်တွေဘယ်လိုရှိမလဲ အလယ်အလတ်ဆိုတာထက် လွန်ကဲတဲ့ဘက်ရောက်ရင်ဘာဖြစ်နိုင်မလဲ ဆိုတာတွေကို ကြည့်ရှုခံစားရမှာမို့ စီးမျောလိုက်ကြပါဦးလို့...... File size…(1.7 GB)/(865 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:44:00 Genre...Mystery, Romance, Thriller , Drama  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Htet Myat Paing
movie

Wicker Park (2004)

Good Sam (2019) 5.9
Good Sam (2019)  ဒီတစ်ခါတော့ပရိသတ်ကြီးကို ၂၀၁၉ ထွက်ရုပ်ရှင်ကားကောင်းတစ်ကားနဲ့မိတ်ဆက်ပေးပါရစေဇာတ်လမ်းကတော့ ၂၀၁၉ တုန်းက netflix ကနေထွက်ရှိထားခဲ့တဲ့ good sam ဆိုတဲ့ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်Good Sam ဆိုတာကတော့ samaritan ရဲ့အတိုကောက်ဖြစ်ပြီးပရဟိတ အများကောင်းကျိုးဆောင်ရွက်နေသူတစ်ယောက်ဆိုတာအဓိပ္ပာယ်ပဲဖြစ်ပါတယ်...ဇာတ်လမ်းအကျဉ်းလေးကတော့ နယူးယောက်မှာ မီးလောင်မှုကားတိုက်မှု ဒီလိုသတင်းတွေကို ရွပ်ရွပ်ချွံချွံလိုက်စုံစမ်းလေ့ရှိတဲ့ သတင်းထောက်မလေး ကိတ် ကိုအခြေတည်ထားတာပါသူဟာဒီလိုအန္တရာယ်များတဲ့သတင်းတွေကိုလိုက်နေရင်းကနေတစ်နေ့တော့ ထူးဆန်းတဲ့သတင်းတစ်ပုဒ်ကို မမျှော်လင့်ပဲရရှိခဲပါတော့တယ် အမျိုးသမီးတစ်ယောက်သူ့အိမ်ရှေ့ကနေအိတ်တစ်အိတ်ကောက်ရခဲ့တာပါ ငွေသားကိုဒေါ်လာတစ်သိန်းပါတဲ့အိတ်တစ်အိတ်ပါ ဒီပမာဏက လူတစ်ယောက်ရဲ့ဘဝကိုတစ်ဆစ်ချိုးတင်မကပြောင်းလဲနိုင်တဲ့ပမာဏမလို့ ရရှိတဲ့သူတွေကိုရော ပေးနိုင်တဲ့သူကိုပါ ကိတ်ကစိတ်ဝင်စားလာတဲ့အခါသူကြိုးကြိုးစားစားလိုက်လံစုံစမ်းပေမဲ့လည်း အလှုုရှင်ကအမည်မသိအနေနဲ့ပဲနောက်ထပ်အိတ်တွေလည်းချထားပေးလာပါတယ် ဒီလိုနဲ့ အမှုကိုစုံစမ်းရင်း စုံစမ်းရင်းနဲ့……..Spoiler ဖြစ်သွားမှာစိုးတဲ့အတွက်ဒီလောက်နဲ့တင်ရပ်ထားလိုက်ပါဦးမယ်အားလုံးအတွက်ကြည့်ဖို့အဆင်ပြေတဲ့ comedy romance dramaကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် File size…1.59GB / 707MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 19m Genre …..Comedy ,  Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aung Khant Paing
movie

Good Sam (2019)

I’m Not There (2007) 6.8
I’m Not There (2007)   တကယ့်ဟောလီးဝုဒ် ဒိတ်ဒိတ်ကြဲတွေဖြစ်တဲ့ Heath Ledger, Christian Bale, Cate Blanchett နှင့် အခြားသောနာမည်ကြီးသရုပ်ဆောင်များ မြိုင်မြိုင်ဆိုင်ဆိုင်ပါဝင်ထားပြီး အမေရိကန်သီချင်းရေးဆရာ အဆိုတော် Bob Dylan အကြောင်းကို ကျောရိုးယူရိုက်ကူးထားတဲ့ ဒါရိုက်တာ Todd Haynes ရဲ့ Experimental Biographical Film လေးဖြစ်ပြီး IMDb Rating 6.8/10 ရရှိထားပါတယ်။ ဒီဇာတ်ကားကို ကြည့်ရင်းနဲ့ အမေရိကန်ပြည်ထောင်စုရဲ့အလှကို ရင်သပ်ရှုမောဖွယ်ကြည့်ရတဲ့ Nomadland ဆိုတဲ့ဇာတ်ကားလေးကို သွားပြန်သတိရပြီး တော်တော်လေး melancholy ဖြစ်တဲ့ဇာတ်ကားလေးမို့ Filmphile တို့ကို မဖြစ်မနေ ကြည့်စေချင်ပါတယ်။ဇာတ်လမ်းအကျဉ်း —-------------------- အမေရိကန် ဖောခ့်တေးဂီတအဆိုတော် ဂျက်ရိုလန်ရဲ့ ဘဝအကြောင်း၊ အနုပညာလမ်းကြောင်းတစ်လျှောက် အနိမ့်အမြင့်ဘဝဇာတ်ခုံအကြောင်းကို ဂျက်ရိုလန်အကြောင်းကို ပြန်ရိုက်ထားတဲ့ရုပ်ရှင်မှာပါဝင်ထားတဲ့ ရော်ဘီကလာခ့်၊ နာမည်တစ်လုံးနဲ့ လက်ဦးဖော့ခ်ဂီတအဆိုတော် ဂျုဒ်ကွင်းန်၊ ရစ်ဒယ်ဆိုတဲ့မြို့ငယ်လေးမှာ လာရောက်ပုန်းခိုနေတဲ့ ဝရမ်းပြေး ဘီလီမက်ကာတီ၊ ဂီတာလေးတစ်လက်နဲ့ အမေရိကန်ပြည်ထောင်စုကို ...
movie

I’m Not There (2007)

To Catch a Killer (2023) 6.6
To Catch a Killer (2023) To Catch a Killer (2023)ဒီရုပ်ရှင်ကတော့ အခု ၇၆ ကြိမ်မြောက် Cannes ရုပ်ရှင်ပွဲတော်မှာ ဒိုင်တစ်ဦးအဖြစ်ပါဝင်သွားမယ့် Damián Szifron ရဲ့ ပထမဆုံးအင်္ဂလိပ်စကားပြော ရုပ်ရှင်ပါ။နှစ်သစ်ကူးည ဘော်လ်တီမောမြို့မှာ တစ်မြို့လုံးကလူတွေ ပျော်ပါးကခုန်နေကြတုန်း ဘယ်ကမှန်းမသိတဲ့ ကျည်ဆန်တွေကြောင့် လူတွေအစုအပြုံလိုက် အသက်ဆုံးရှုံးသွားတယ်။ ဒီလို အစုလိုက်အပြုံလိုက်လူသတ်မှုအတွက် စုံစမ်းစစ်ဆေးဖို့ စုံထောက်ကြီး လမာ့ခ်က တာဝန်ပေးခံရတယ်။အယ်လနောကတော့ သာမန်ရဲတပ်သား။မူးယစ်ဆေးသုံးစွဲမှုကြောင့် FBI ကပယ်ချခံထားရပေမယ့် လမာ့ခ်က သူ့ရဲ့ပါရမီကိုမြင်တာကြောင့် လူယုံတော်အဖြစ် သူ့ဘေးမှာထားပြီး ဒီအမှုကို အတူဖော်ထုတ်ကြတယ်။သေနတ်သမားကလည်း တကယ့်ဆရာကြီး။ တစ်ယောက်ကို တစ်ချက်တည်းအပြတ်ပစ်သွားတာ။ ဘာသဲလွန်စမှ မချန်ဘူး။ လူမျိုးဘာသာမရွေးသုံးဆောင်နိုင်တဲ့ အာလူးကြော်လိုပဲ တန်းတူညီမျှအကုန် ပစ်သတ်သွားတယ်။အဲဒီတော့ ဘာကြောင့်ဒီလိုလုပ်ရသလဲဆိုတဲ့အကြောင်းကိုလည်းမသိ။ ဘယ်သူမှန်းလဲမသိ။တစ်ယောက်တည်းလှုပ်ရှားသလား အဖွဲ့လိုက်လှုပ်ရှားသလားဆိုတာကိုလည်းမသိ။မသိတာတွေချည်းစုံနေတဲ့အချိန်မှ ပစ်ခတ်မှုတစ်ခု ကုန်တိုက်မှာထပ်ဖြစ်သွားတယ်။လက်သည်ကတော့ တစ်ယောက်တည်းပဲ။သေနတ်သမားကလည်း ခြေရာဖျောက်ကောင်းတဲ့လူ။ ကုန်တိုက်မှာလည်း လူတွေအများကြီးကိုသတ်ပြီး လွတ်သွားပြန်တယ်။ဒီလောက်တောင်လုပ်တာ မမိရကောင်းလားဆိုပြီး စုံထောက်လမာ့ခ်ကော အယ်လနောကော အဖြုတ်ခံလိုက်ရပါလေကော။ ...
movie

To Catch a Killer (2023)

2023
The Whole Nine Yards (2000) 6.7
The Whole Nine Yards (2000) The Whole Nine Yards (2000)~ IMDb rating - 6.7/10 ~Nicholas "Oz" Oseransky ဟာ လူချစ်လူခင်များပြီး စိတ်ထားကောင်းတဲ့ ကူညီတတ်တဲ့ သွားဆရာဝန်တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမဲ့လည်း အိမ်မှာတော့ သူ့ကိုတစ်ချိန်လုံးထိုင်နှိပ်စက်နေတဲ့ဇနီးဆိုးနဲ့ ယောက္ခမဆိုးတွေကြောင့် ဒီအိမ်ထောင်ရေးကနေထွက်ပေါက်ရှာချင်နေတဲ့သူပါ။တစ်နေ့မှာတော့ သူတို့ဘေးအိမ်ကိုပြောင်းလာတဲ့လူဟာ သူ့ဂိုဏ်းခေါင်းဆောင်ကိုလက်ထောက်ချပြီး လာရှောင်တိမ်းနေတဲ့ နာမည်ကျော် ကြေးစားလူသတ်သမားဖြစ်တဲ့ Jimmy The Tulip ဆိုတာကို သူသိလိုက်ရပြီး သူ့မိန်းမကိုပြောပြမိခဲ့ပါတယ်။ အဲဒီမှာပဲ မလည်ရှုပ်လုပ်ချင်တဲ့ သူ့မိန်းမဟာ ကြံကြီးစည်ရာလို့ပြောရမယ့် အကြံကြီးတစ်ခုကိုစိတ်ကူးပေါက်ပြီး သူ့ကိုအတင်းအကျပ်ခိုင်းပါတော့တယ်။ အဲဒီအကြံကတော့ Jimmy ရဲ့ ဂိုဏ်းကိုသွားဆက်သွယ် Jimmy ကို လက်ထောက်ချပြီး ဂိုဏ်းကပေးတဲ့ဆုကြေးကိုထုတ်ဖို့ပါပဲ။ ကြေးစားလူသတ်သမားဖြစ်တဲ့ Jimmy ကတော့ Oz ကိုခင်ခင်မင်မင်လာပေါင်းတဲ့အတွက် Oz ကသူ့ဇနီးခိုင်းတာကိုမလုပ်ချင်ပေမယ့် မလွန်ဆန်နိုင်တဲ့အတွက် ရှေ့ဆက်တိုးရတဲ့အခါမှာတော့...ကြေးစားလူသတ်သမားဖြစ်ချင်တဲ့ Oz ရဲ့ လက်ထောက်ကောင်မလေး Jill, ...
movie

The Whole Nine Yards (2000)

2000
Snake Eyes(1998) 7.0
Snake Eyes(1998) Snake Eyes(1998)*****************အံစာတုံး နှစ်တုံးကစားရတဲ့ဂိမ်းတွေမှာ ဂဏန်းအနည်းဆုံး ဖြစ်တဲ့ တစ် နှစ်ကြိမ်ကျရင်တော့မြွေမျက်လုံးနှစ်လုံးနဲ့ဆုံရသလိုပဲ ကံအဆိုးဆုံးဖြစ်လို့ Snake Eyes ဆိုပြီး တင်စားခေါ်ကြပါသတဲ့။ ဒီဇာတ်ကားမှာ တော့ မင်းသားကြီး Nicolas Cageက အကျင့်ပျက်ချစား၊ငွေညစ်၊ဖောက်ပြန်အကုန်လုပ်တဲ့ ကံဆိုးသူ ရဲသား ရစ်ချက် ဆန်တိုရိုအဖြစ်သရုပ်ဆောင်ထားပါတယ်။ ဖြစ်စဉ်က ရစ်ဟာသူလုပ်နေကျအတိုင်း လောင်းကစားလုပ်ဖို့၊ ရာထူးတောင်းဖို့သူငယ်ချင်းဖြစ်သူရဲ့အကြီးအကဲဆီမျက်နှာလို မျက်နှာရလုပ်မယ်ဆိုပြီးဟဲဗီးဝိတ်ချန်ပီယံပွဲကို သွားတာက စတာပါပဲ။ ဖြစ်ချင်တော့ သူ လောင်းတဲ့ဘက်ကလည်း အနိုင်သေချာပါရက်နဲ့ ရှုံး၊အပူအကပ်မယ့် အကြီးအကဲကလည်း ပွဲခင်းထဲမှာပဲလုပ်ကြံခံလိုက်ရပါတယ်။အဲ့ဒီနောက်မှာတော့ ...................       File Size : (2.3GB)(838 MB) and (284MB) Quality : Blu-Ray1080p5.1Ch, 720p Format…mp4 Duration…01:38:00 Genre : Crime, Mystery , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae
movie

Snake Eyes(1998)

Peace by Chocolate (2021) 6
Peace by Chocolate (2021) Peace By Chocolate (2021)~ IMDb - 6/10, Rotten Tomatoes - 86% ~၂၀၁၁ မတ်လမှာ စဖြစ်ခဲ့တဲ့ ဆီးရီးယားပြည်တွင်းစစ်ဟာ အခုရုပ်ရှင်ကို တင်ဆက်လိုက်တဲ့ အချိန်မှာဆို ၁၁နှစ် ၂လ ၄ပတ်နဲ့ နှစ်ရက်တိတိရှိပါပြီ။ တော်တော်ကြာတဲ့ ပြည်တွင်းစစ်ဖြစ်သလို ကမ္ဘာပေါ်မှာ စစ်ဘေးရှောင်ဒုက္ခသည်အများဆုံး ပေါ်ထွက်စေခဲ့တဲ့ ပြည်တွင်းစစ်လည်း ဟုတ်ပါတယ်။ အဲဒီက လူတွေ ဒုက္ခသည်လက်ခံပေးတဲ့ နိုင်ငံအသီးသီးမှာ ခိုလှုံကြတဲ့ အကြောင်းရုပ်ရှင်တွေလည်း မနည်းတော့ပါဘူး။ ဒီကားကတော့ အဲဒီဒုက္ခသည်တွေထဲကမှ ထူးထူးခြားခြား အောင်မြင်သွားတဲ့ မိသားစုတစ်စုအကြောင်းပါ။ ဖြစ်ရပ်မှန်ကို ရိုက်ထားတဲ့ ရုပ်ရှင်ပါ။ဆီးရီးယားမှာ ဗုံးကြဲခံရရာက မိသားစုချောကလက်လုပ်ငန်းလေး ပျက်စီးခဲ့ရသလို သူတက်နေတဲ့ ဆေးကျောင်းလည်းတစ်၀က်တစ်ပျက် ဖြစ်ခဲ့ရတဲ့ ဆေးကျောင်းသားလေးနဲ့ သူ့မိသားစုဟာ ကနေဒါကိုရောက်လာခဲ့ပါတယ်။ ဆာတီဖီကိတ်မရှ်ိလို့ ဆေးပညာနဲ့ အသက်မွေးချင်ပေမဲ့ မရ ဖြစ်‌နေတဲ့ ကျောင်းသားလေးနဲ့ သူ့မိသားစုကို ...
movie

Peace by Chocolate (2021)

2021
The Score(2001) 6.8
The Score(2001) The Score(2001)IMDb....6.8,,,,Rotten...73%ဒီကားထဲမှာပါတဲ့ အဓိကသရုပ်ဆောင် Robert De Niroနဲ့Edward Norton, တို့ကိုတော့ထွေထွေထူးထူးမိတ်မဆက်ပေးတော့ဘူး....ကျွန်တော်ကတော့Edward Norton ကို Primal Fear ကားထဲမှာပြောင်မြောက်တဲ့ သရုပ်ဆောင်ဟန်ကို လေးစားမိသွားတာ...Robert De Niro ကတော့ HEAT ဆိုတဲ့ကားထဲမှာ....နစ်ဆိုတဲ့လူတစ်ယောက်ဟာ တန်ဘိုးကြီးပစ္စည်းတွေကိုခိုးတဲ့နေရာမှာ သိပ်တော်တယ်...အစီအစဉ်ကောင်းတွေဆွဲတယ်...အဆက်အသွယ်ကောင်းတွေရှိတယ်...ခိုးခဲ့တဲ့ကိစ္စတိုင်းမှာလည်း အထိအခိုက် အသေအကျေမရှိအောင်ဂရုစိုက်တယ်....သူဟာ ဒီလုပ်ငန်းထဲမှာကျင်လည်နေတာ အတော်ကြာပြီ....တစ်နေ့မှာတော့ ဂျက်ဆိုတဲ့ကောင်လေးတစ်ယောက်က အချီကြီးချလို့ရမယ့် ပွပေါက်တစ်ခုလာပြောရင်းသူနဲ့ပူပေါင်းပါရစေလို့တောင်းဆိုတယ်...ဂျက်က လူငယ်ဆိုပေမယ့် အတော်ဉာဏ်များတယ်...သွေးလည်းဆူတယ်...သူတို့(၂)ယောက်ဘယ်လိုရှေ့ဆက်ကြမလဲ..ဘယ်လိုအခက်အခဲတွေ အနှောင့်အယှက်တွေပေါ်လာမလဲဆိုတာတော့......ကိုင်းပရိတ်သတ်ကြီးရေ ဒီကားက သူခိုးကားတွေထဲမှာ အတော်လေးကိုလန်းတယ်....၂၀၀၁ကဆိုပေမယ့် ကြည့်လို့ကောင်းနေဆဲပါ..မင်းသားကြီး (၂)လက်ကြောင့်လည်းပါမှာပေါ့လေ...ကိုင်းခံစားကြည့်လိုက်ပါဦးဗျို့...File Size : (850 MB) and (360 MB) Quality : Blu-Ray 720p Format…mp4 Duration…02:04:00 Genre : Crime, Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by SCRN Encoded by Phyo Pyae
movie

The Score(2001)

2001