Channel Myanmar

Mark Anthony Fernandez

[18+] Package Deal (2024) 5.0
[18+] Package Deal (2024) ရွန်နဲ့မာနက်တို့ဟာ ကြင်စဦးဇနီးမောင်နှံဖြစ်ပြီး ရွန်ကတော့ မာနက်ရဲ့ဒုတိယအိမ်ထောင်ဖြစ်ပါတယ်။ ပထမအိမ်ထောင်ဖက်ဆုံးပါးပြီးမကြာခင်မှာ ရွန်နဲ့ခပ်မြန်မြန်လက်ထပ်လိုက်တာဖြစ်တဲ့အတွက် ပတ်ဝန်းကျင်က မာနက်ကို အယုံလွယ်သူ၊ ရွန်ကိုတော့ သိုက်တူးသမားအဖြစ်စကားတင်းဆိုကြပါတယ်။မာနက်ရဲ့ငယ်သူငယ်ချင်းဖြစ်သူ ဂျေစီကလည်း ရွန်ကိုအမြင်မကြည်ပါဘူး။တစ်နေ့တော့ သူတို့အိမ်ကို အယ်လီဆာဆိုတဲ့ကိုယ်ဝန်ဆောင်မိန်းကလေးတစ်ယောက်ရောက်လာပြီး သူဟာ ရွန်ရဲ့သမီးဖြစ်တယ်လို့ပြောလာပါတယ်။အယုံလွယ်တတ်တဲ့ မာနက်ကအလွယ်တကူပဲ ကောင်မလေးကိုလက်ခံပြီး အိမ်ပေါ်တင်ထားပြီးတဲ့နောက်မှာတော့ မထင်မှတ်တဲ့ဇာတ်ရှုပ်တွေတစ်ဖြည်းဖြည်းပေါ်လာပါတော့တယ်။ Angelica Hart နဲ့ မင်းသမီးသစ်လေး Mariane Saint ကိုတွဲဖက်မိတ်ဆက်ပေးထားတဲ့ ဇာတ်ကားသစ်ပါ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ )File size_(1GB)/(500MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:06:00 Genre_Adult Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias
movie

[18+] Package Deal (2024)

Biyaheng Langit (2000) 6.1
Biyaheng Langit (2000) ခေတ်ပေါ်ဇာတ်ကားတွေနဲ့ငြီးငွေ့နေကြပြီဆိုရင် အဟောင်းထဲကအကောင်း ဂန္ဓဝင်စာရင်းဝင်ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဘဲရ်ဆိုတဲ့ မိန်းမလှလေးဟာလူလတ်တန်းလွှာအသိုင်းအဝိုင်းကလာပြီးလက်ရှိအချိန်မှာတော့ သူ့မိခင်ဖြစ်သူရှိရာ အမေရိကားကိုလိုက်သွားဖို့ငွေလိုနေပါတယ်။အဲ့ဒီအတွက် အဘွားဖြစ်သူကျက်စားတတ်တဲ့ ကတ်စီနိုတွေဆီလိုက်သွားရာကနေ အတုမြင်အတတ်သင်ပြီးလောင်းကစားနဲ့ငွေရှာဖို့အကြံရလာခဲ့ပါတယ်။အဲ့ဒီမှာပဲ ဒန်နီဆိုတဲ့လူရှုပ်လေးတစ်ယောက်နဲ့ဆုံခဲ့မိတာပါ။ဒန်နီဟာရထားလမ်းဘေးကပျံကျရပ်ကွက်မှာနေပြီးသူ့ဇစ်မြစ်ကိုလည်း ဘယ်သူမှမသိကြပါဘူး။လတ်တလောမှာလည်းသူတို့မြို့ရဲ့လောင်းကစားဝိုင်းတွေကိုအပိုင်ကိုင်ထားတဲ့ ဂန်းစတားတစ်ယောက်ဆီမှာဆက်ကြေးကောက်တဲ့အလုပ်လုပ်နေတာပါ။ ဘဲရ်နဲ့ဒန်နီနှစ်ယောက်ပေါင်းပြီးကံကိုစမ်းဖို့ကြံခဲ့ပေမယ့် ကံတရားက သူတို့ဘက်မပါပဲအကြွေးမတင်သင့်တဲ့လူတွေဆီမှာ အကြွေးတင်သွားခဲ့တဲ့နောက်တော့ နောက်ဆက်တွဲတွေကိုရင်ဆိုင်ရဖို့ဖြစ်လာပါတော့တယ်။ကြမ်းတမ်းတဲ့အချစ်နယ်လွန်ခန်းတစ်ချို့ပါဝင်တဲ့အတွက် မိသားစုနဲ့ကြည့်ဖို့မသင့်ပါ။ BIYAHENG LANGIT ဟာသူ့ခေတ်သူ့အခါကလျှမ်းလျှမ်းတောက်အောင်မြင်ခဲ့ပြီး အဲ့ဒီခုနှစ်ဖိလစ်ပိုင်ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ ဆုကြီးခြောက်ဆုရရှိထားပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ )File size_(3.7GB)/(2.1B) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:43:00 Genre_Drama, Romance Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias
movie

Biyaheng Langit (2000)

Itutumba Ka Ng Tatay Ko (2024) 5.7
Itutumba Ka Ng Tatay Ko (2024) Itutumba Ka Ng Tatay Ko [2024] (IMDb - 5.7/10)တီတန်နဲ့ တင်တင်တို့က အဖေတစ်ခု သမီးတစ်ခု... သူတို့နှစ်ယောက်သာ ရှိတဲ့ ဘဝလေးမှာ တီတန်ဟာ ဖခင်ကောင်းတစ်ယောက် တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ပေမယ့် သူ့သမီးလေးကို အနိုင်ကျင့်ဗိုလ်ကျနေသူတွေဆီကနေတော့ အပြည့်အဝ မကာကွယ်ပေးနိုင်ရှာဘူး.. အကြောင်းကတော့ တီတန်ဟာ လူကြောက် ဖြစ်နေလို့ပါ... ဒါကိုလည်း သမီးဖြစ်သူက မုန်းတီးလို့ နေခဲ့ပါတယ်... တီတန်ဟာ ဆုံးပါးသွားတဲ့ အမေကိုသာ သူ့အဖေ လူဆိုးလူမိုက်လို မဖြစ်စေရပါဘူးလို့ ကတိမပေးခဲ့ရင် သူဟာ အခုလို လူကြောက်ကြီးဖြစ်နေမှာ မဟုတ်ပါဘူး...ဒီလိုနဲ့ ဒါရိုက်တာတစ်ယောက်ဆီမှာ လက်တိုလက်တောင်း လုပ်ရင်း အသက်ဆက်နေရတဲ့ တီတန်တစ်ယောက်... ကံဆိုးမသွားရာ မိုးလိုက်လို့ ရွာဆိုသလိုပဲ ဦးနှောက်မှာ အကျိတ်ရှိနေပြီး ခုနှစ်ရက်သာ အသက်ရှင်ရတော့မယ်လို့ ကြားသိလိုက်ရပါတော့တယ်... သိပ်မကျန်တော့တဲ့ သူ့ရဲ့ လူ့သက်တမ်းမှာ သူ့သမီးလေးအတွက် တီတန်တစ်ယောက် ဘာတွေဘယ်လိုမျိုးများ လုပ်ပေးသွားလိမ့်ဦးမလဲဆိုတာ ရှုစားရမှာပဲ ဖြစ်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Tun Aung Kyaw ...
movie

Itutumba Ka Ng Tatay Ko (2024)

2024
Para Kang Papa Mo (2023) 6
Para Kang Papa Mo (2023) Para Kang Papa Mo (2023) ဖေဖေ့မေတ္တာမေတ္တာဆိုတာအစုန်ပဲရှိတယ် အဆန်မရှိဘူးလို့ ပြောစကားရှိတာ သိကြမှာပါ ဒီကားထဲမှာလည်း သားသမီးအပေါ်ဖြည့်ဆည်းချင်တဲ့ ဖခင်တစ်ယောက်ရဲ့မေတ္တာကိုမြင်ရမှာဖြစ်ပါတယ်။အန်တွန်၊ရစ်နဲ့ ဂျို့စ်တို့ဟာ လူငယ်အကသမားတွေပါ။ တစ်နေ့ပြိုင်ပွဲမပြိုင်ခင် သူတို့ရဲ့ရည်းစားသုံးယောက်လုံးက ကိုယ်ဝန်ရှိနေတယ်လို့ တစ်ပြိုင်နက်ပြောလာခဲ့တယ်။ ဒီလိုနဲ့ ပြိုင်ပွဲတွေပြိုင်နေရင်း ရုတ်တရက်ကြီးရဲတွေလိုက်ဖမ်းတဲ့အခါ အန်တွန်တစ်ယောက်အဖမ်းခံလိုက်ရတော့တယ်။အန်တွန်အဖမ်းခံရတာကသာမန်အမှုမဟုတ်ဘဲ ဆေးမှုဖြစ်နေတဲ့အခါ ထောင်ဒဏ်ကိုနှစ်ရှည်လများ ကျခံရဖို့ဖြစ်လာပါတော့တယ်။ ဒါ့အပြင် သူတို့သူငယ်ချင်းသုံးယောက်လုံးရဲ့ ရည်းစားတွေက ရလာတဲ့ကလေးကို သူတို့ရဲ့ခေါင်းကိုင်အမေဆီ ပစ်ထားခဲ့တဲ့အခါ ကလေးသုံးယောက်လုံးစရိတ်ကို ထောင်ထဲကအန်တွန်က ကျခံရတော့တယ်။ ထောင်ထဲမှာရိုးသားကြိုးစားနေခဲ့တဲ့ အန်တွန်ဟာ ထောင်နှစ်ရှည်ကျပြီး လွတ်လို့ကလေးတွေနဲ့ တွေ့တဲ့အခါ သူထင်ထားသလို ဖြစ်မနေခဲ့ပါဘူး။အခက်အခဲတွေကြားမှာ သားသမီးတွေရှေ့ကနေဘယ်လိုရပ်တည်မလဲ ဆိုတဲ့အဖေတစ်ယောက်ရဲ့ဘဝကို ဟာသလေးတွေရောပြီး ကြည့်ရှုရမှာဖြစ်ပါတယ်(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Team ဖြစ်ပါတယ်) File size…1.24GB/ 624MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Team 
movie

Para Kang Papa Mo (2023)

2023
[18+] Ganti-Ganti (2023) 6.1
[18+] Ganti-Ganti (2023) Ganti-Ganti (2023)ပရိသတ်အချစ်တော်လေး Angeli Khang နဲ့ Summer, Lovely Ladies Dormitory တို့နဲ့နာမည်ကျော်လာတဲ့တက်သစ်စလေး Yen Renee Durano တို့ မတွဲစဖူးအတွဲထူးထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ဗစ်ကီက နှိပ်စက်တတ်တဲ့ လိင်စိတ်တအားထန်ပြီး သွေဖည်ဖောက်ပြန်တတ်တဲ့ ခင်ပွန်းကြောင့် စိတ်ညစ်နေရပြီး အဲဒီလူသေမှပဲ သူ့လက်ကလွတ်မြောက်မှာဖြစ်တဲ့အတွက် ထွက်ပေါက်ကိုရှာနေတဲ့သူပါ။ တစ်နေ့တော့ သူ့ဘဝထဲကိုဝင်ရောက်လာတဲ့ တက်ဒီဆိုတဲ့ အချဉ်ကောင်လေးတစ်ယောက်ကို ဖမ်းစားပြီး သူ့ခင်ပွန်းကိုလုပ်ကြံခိုင်းပါတယ်။ဒါပေမဲ့ သူမသိခဲ့တာက တက်ဒီအပါအဝင် သူကြိတ်ပေါင်းထားတဲ့လူမှန်သမျှဟာလည်း ကလဲ့စားချေဖို့အကြံအစည်နဲ့ သူတို့ဘဝထဲကိုဝင်ရောက်နေတာဖြစ်ပြီး သူတို့တွေကြားမှာရော ဘယ်လိုဇာတ်လမ်းဟောင်းတွေရှိမလဲ... သူ့ကလဲ့စားအောင်မြင်နိုင်ပါ့မလား... အစရှိတာတွေကို ဆက်လက်ရှုစားကြပါ။(ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်)Size - 2.05GB, 830MB Quality - 1080p, 720p IMDb Rating - 6.1/10 Format - mp4 Duration - 1H 33Min Genre - Drama Subtitle ...
movie

[18+] Ganti-Ganti (2023)

2023
[18+] Bisyo! (2023)
[18+] Bisyo! (2023) Bisyo! (2023)ဒီတစ်ခေါက် ကားသစ်လေးကိုတော့ မျက်နှာသစ်သရုပ်ဆောင်လေးတွေ ပွဲထုတ်ပေးထားပြီး တစ်ကားလုံးကို မြူးမြူးသွက်သွက်နဲ့ပေါ့ပေါ့ပါးပါး တင်ဆက်ထားပါတယ်။ဂျိမ်းစ်က ဒုမြို့တော်ဝန်အောက်မှာအလုပ်လုပ်နေတဲ့သူပေမဲ့ သူ့ဝါသနာက Sneaker ဖိနပ်တွေစုဆောင်းခြင်းဖြစ်ပြီး ရည်မှန်းချက်က Sneaker စတိုးတစ်ခုဖွင့်ဖို့ပါ။ ဒုမြို့တော်ဝန် ဗိုက်စ်ရော့ဒ်ကတော့ ရွေးကောက်ပွဲဝင်ဖို့ပြင်ဆင်နေပြီး မဲဆွယ်ပွဲတွေမှာ ညွန့်နေအောင် ပြည်သူကိုရိုကျိုးပြတတ်ပေမဲ့ တကယ်တမ်းနောက်ကွယ်မှာ မကောင်းမှုပေါင်းစုံနဲ့ ချမ်းသာနေတဲ့သူပါ။ သူ့သားငယ်ဇက်ခ်နဲ့ ဂျိမ်းစ်တို့ဟာ သူငယ်ချင်းဖြစ်သလို သူတို့ချစ်သူတွေဖြစ်တဲ့ လီဆာနဲ့ ခရစ်စတင်းတို့ကလည်း ဘော်ဒါရင်းတွေပါပဲ။ဗိုက်စ်ရော့ဒ်နဲ့ အနီးကပ်လေလေ သူ့လုပ်ရပ်တွေကိုမြင်ရလေဖြစ်တဲ့ ဂျိမ်းစ်တစ်ယောက်ဒီဘဝကို စက်ဆုပ်လာပြီး ဗိုက်စ်ရော့ဒ်လက်အောက်က ရုန်းထွက်ဖို့ကြံစည်ပါတော့တယ်။ သူ့အစီအစဉ်တွေအောင်မြင်နိုင်ပါ့မလား... ဇက်ခ်တစ်ယောက်ကရော ဒီကိစ္စမှာ ငြိမ်ခံနေပါ့မလား... သူတို့ကောင်မလေးတွေကရော ဒီဇာတ်လမ်းမှာ ဘယ်လိုနေရာက ပါဝင်ပတ်သက်လာမလဲ... ဆက်လက်ရှုစားကြပါ။(ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.75GB, 705MB Quality - 1080p, 720p Format - mp4 Duration - 1H ...
movie

[18+] Bisyo! (2023)

2023
[18+] Hugot (2023) 6.6
[18+] Hugot (2023) Hugot (2023)ကွိုင်းက ဘတ်စ်ကတ်ဘောဝါသနာပါပြီး ကိုယ်တိုင်လည်းကြိုးစားသလို အရည်အချင်းလည်းရှိတဲ့ လူငယ်တစ်ယောက်ပါ။ ဒါပေမဲ့ သူ့ဖခင်ကတော့ သူ့ဝါသနာကို ခါးခါးသီးသီးဖြစ်နေပြီး သင်္ဘောတက်ဖို့ပဲ တိုက်တွန်းနေပါတယ်။ကွိုင်းမှာ သူ့ကိုတစ်ဖက်သက် ကြိုက်နေသလို ဆာတိုင်းကျွေးဖော်ရတဲ့ ဂျာပွတ်ဆိုတဲ့ သူငယ်ချင်းမလေးလည်းရှိပေမဲ့ သူတကယ်တမ်းစိတ်ဝင်စားပြီး မှန်းနေရတဲ့သူကတော့ သူ့ကစားဖော်ပြိုင်ဘက်ရဲ့ ရည်းစားဖြစ်တဲ့ တီနာ (Azi Acosta) ဖြစ်ပါတယ်။တစ်နေ့တော့ ငွေရှာခိုင်းချင်တဲ့ သူ့ဖခင်ပါးစပ်ပိတ်သွားအောင်၊ သူ့ဝါသနာကို လွတ်လွတ်လပ်လပ်လိုက်စားနိုင်အောင် အလွယ်တကူငွေရတဲ့ မူးယစ်ဆေးပို့တဲ့ အလုပ်ကိုတွဲလုပ်မိရင်း ဇာတ်လမ်းတွေရှုပ်ဖို့ဖြစ်လာပါတော့တယ်။ဇာတ်လမ်းထက်ပိုပြီး စိတ်ဝင်စားဖို့ကောင်းတာက Pamasahe တစ်ကားတည်းနဲ့ ရှေ့ဆုံးတန်းကိုရောက်လာခဲ့တဲ့ Azi Acosta လေးပါပဲ။ မလိုအပ်ဘဲ ထည့်ထားတဲ့ ဂျိန်းခန်းတွေအများကြီးပါဝင်တဲ့အတွက် စိတ်ကျေနပ်ကြမှာလည်း အသေအချာပဲဖြစ်ပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်)Size - 2GB, 855MB Quality - 1080p, 720p IMDb Rating - 6.6/10 Format - mp4 Duration ...
movie

[18+] Hugot (2023)

2023
[18+]Bela Luna(2023) 6.7
[18+]Bela Luna(2023) [18+]Bela Luna(2023)*******************Angeli Khang လေးလာပြန်ပါပြီဗျား.. အာနိုနဲ့ ဘယ်လာတို့က ချစ်သူရည်းစားတွေဖြစ်ပြီး ရည်မှန်းချက်ကိုယ်စီနဲ့ပေါ့။အာနိုက ဒါရိုက်တာဖြစ်ချင်ပြီး ဘယ်လာကတော့ စာရေးဆရာတစ်ယောက်ဖြစ်ချင်တာပါ။ဒါပေမယ့် အာနိုဟာပိုက်ဆံရမယ့်အလွယ်လမ်းကိုလိုက်ချင်တယ်။တစ်နေ့မှာ အာနိုဟာ ထုတ်လုပ်သူဒီဇွန်နဲ့ ဘယ်လာကိုတွေ့ပေးတယ်။ဒီဇွန်က ဘယ်လာကို sex ခန်းတွေ၊ BDSM အခန်းတွေပိုပါမယ့်ဇာတ်လမ်းကိုရေးခိုင်းတယ်။ ဘယ်လာရဲ့ဇာတ်လမ်းထဲမှာ sex အခန်းတွေကို သဘောမကျဘဲ ထပ်ခါထပ်ခါပြန်ပြင်ခိုင်းတယ်။အဲ့ဒီနောက်မှာတော့................... File Size :(2.02 GB) and (760 MB) Quality : WEB-DL 1080, 720p Format…mp4 Duration…01:45:00 Genre : Adult , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by SD Encoded by DS
movie

[18+]Bela Luna(2023)

[18+] Nightbird (2023) 7.8
[18+] Nightbird (2023) Nightbird (2023)ရေချယ်ဟာ ဘာဂီယိုမှာမွေးဖွားကြီးပြင်းခဲ့တဲ့ ရှေးဟောင်းသုသေသနပညာရှင်ဖြစ်သလို ကရာတေးမှာလည်း ခါးပတ်နက်ရထားပြီး မတရားတာတွေ့ရင်လက်ပိုက်ကြည့်မနေတတ်တဲ့ ဆတ်ဆတ်ကြဲကောင်မလေးတစ်ယောက်ပါ။ မကြာခင်မှာ နိုင်ငံခြားကို ကျောင်းသွားတက်ဖို့ရှိပေမဲ့ မသွားခင်တစ်ညမှာ သူ့သူငယ်ချင်းတွေ အဆွယ်ကောင်းမှုကြောင့် ကလပ်ရောက်သွားခဲ့ပြီး မနီလာအလည်လာတယ်ဆိုသူ သူစိမ်းယောက်ျားသုံးယောက်နဲ့ ဆုံဖြစ်ခဲ့ပါတယ်။ ထုံးစံအတိုင်း ကလပ်မှာတင်မပြီးပဲ အဲ့ဒီလူတွေရဲ့ဖိတ်ခေါ်မှုကိုလက်ခံပြီးတော့ သူတို့မိတ်ဆွေ ဒေသခံဆိုတဲ့သူရဲ့လူသူမဝေးတဲ့အရပ်က အိမ်အကြီးကြီးတစ်လုံးကိုပါ ရောက်သွားခဲ့ပြီးတဲ့နောက်မှာတော့ ထင်မှတ်မထားတဲ့ ဖြစ်ရပ်ဆိုးတွေကိုကြုံဆုံဖို့ဖြစ်လာပါတော့တယ်။ကရာတေးခါးပတ်နက် ရေချယ်တစ်ယောက် ဒီယောက်ျားတွေကို အနိုင်ကြဲနိုင်မှာလား... ဒီလူတွေရဲ့အကြံအစည်ကဘာတွေရှိနေမလဲ... သူ့အချစ်ဆုံး သူငယ်ချင်းတွေကိုရော အချိန်မှီကယ်တင်နိုင်ပါ့မလား...ပုရိသတို့နဲ့ မစိမ်းလောက်မယ့် Christine Bermas လေးကို ဒီကားမှာတော့ စရိုက်တစ်မျိုးနဲ့ကြမ်းချင်တိုင်းကြမ်းပြမယ့် ဖိလစ်ပိုင်ဂျက်မအဖြစ်ထူးထူးခြားခြားတွေ့မြင်ရမှာမို့ ကြည့်သင့်တဲ့ကားတစ်ကားပါပဲ။(ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.3GB, 570MB Quality - 1080p, 720p IMDb Rating - 7.8/10 Format - mp4 Duration - 1H 37Min Genre - Thriller Subtitle ...
movie

[18+] Nightbird (2023)

2023
(18+) Pamasahe (2022)
(18+) Pamasahe (2022)  'အလွန်နွမ်းပါးပုံရတဲ့မိန်းမငယ်လေးတစ်ယောက်ဟာ ရင်ခွင်ပိုက်ကလေးငယ်လေးကိုတင်းတင်းပွေ့ချီရင်း မကြာခင်ထွက်ခွာတော့မယ့် ခရီးသည်တင်သင်္ဘောကြီးဆီကို တစ်စတစ်စချဉ်းကပ်လာပြီး လူတွေလစ်ပြီအထင်မှာ သင်္ဘောကြီးပေါ်ခိုးတက်ဝင်ရောက်သွားခဲ့ပေမယ့်လဲ လက်မှတ်စစ်တဲ့အချိန်မှာ သဘောၤလုံခြုံရေးသုံးဦးရဲ့ဖမ်းဆီးမှုကိုခံလိုက်ရပါတယ်။အကျင့်ပျက်သင်္ဘောအမှုထမ်းသုံးဦးဟာ သူ့ကိုလက်မှတ်စစ်တယ်၊ မေးခွန်းတွေမေးတယ် ခြိမ်းခြောက်တယ်။ သူတို့လက်ခုပ်ထဲကရေဆိုတာ သိသွားတဲ့နောက်မှာတော့ တစ်ယောက်တစ်လှည့်စီဝိုင်းပြီး အခွင့်အရေးယူရုံတင်မကပဲ သင်္ဘောကပ္ပတိန်ဆီကိုပါ ဆက်သလိုက်ပါသေးတယ်။ ဒါပေမယ့် သဘောၤကြီးပေါ်က ငရဲခန်းဟာ ဒီမိန်းကလေးအတွက်အခုမှ အစမဟုတ်သလို သင်္ဘောကြီးဆီက ဆင်းလာပေမယ့်လဲ သူ့ခရီးကမဆုံးသေးပါဘူး။ခရီးစဉ်ရှေ့ဆက်ဖို့အတွက် ဘတ်စ်ကားတစ်စီးရဲ့နောက်ဆုံးခုံပေါ်မှာကလေးနို့တိုက်နေတဲ့သူ့ကို နောက်ထပ်လူရှုပ်လူပွေနှစ်ယောက်က လာနှောင့်ယှက်ပြန်ပါတယ်။အဲ့ဒီမှာတော့ သူ့အတွက် ကယ်တင်ရှင်တစ်ယောက်ပေါ်လာခဲ့ပြီး ကယ်တင်ရှင်ဟာ သူ့ကိုခရီးစဉ်တစ်လျှောက် ကူညီစောင့်ရှောက်ခဲ့သလို သူကလဲ သူ့ဘဝဇာတ်ကြောင်းကိုအထုပ်ဖြေပြောပြပါတော့တယ်။ ကြေကွဲစရာ၊ကြောက်စရာလန့်စရာ၊ အော်ဂလီဆန်ချင်စရာတွေအပြည့်နဲ့ဘဝဆိုးကို သူဘယ်လိုရင်ဆိုင်ဖြတ်ကျော်ခဲ့ရသလဲ? ဒီခရီးအဆုံးမှာလဲ သူ့အတွက် ဘာတွေစောင့်ကြိုနေဦးမလဲ?သရုပ်ဆောင်တွေထပ်လွန်းလို့ ပြောနေကြတဲ့ ပရိသတ်တွေအတွက် Vivamas ကအသစ်စက်စက်လေးနှစ်ယောက်ကိုမိတ်ဆက်ပြီး ပွဲဦးထွက်စင်တင်ပေးလိုက်တဲ့ဇာတ်ကားသစ်ဖြစ်ပါတယ်။ သူတို့လေးတွေကလဲ အရင်စီနီယာတွေထက်မလျော့တဲ့ ဆွဲဆောင်မှုတွေ ညှို့အားတွေနဲ့ ပရိသတ်ကိုဘယ်လိုဆွဲဆောင်ဖမ်းစားသွားမလဲဆိုတာ တစ်ချက်လောက်မြည်းစမ်းကြည့်စေချင်ပါတယ်။ File size…1GB / 550MB Quality…1080p VMAX WEB DL / 720p Format…mp4 Duration….1h 44m Subtitle….Myanmar Subtitle (Hard Sub) Encoder….XCross Translated by Alias
movie

(18+) Pamasahe (2022)

2022
Adarna Gang (2022) 5.1
Adarna Gang (2022) Adarna Gang (2022)ဒီကားလေးကတော့ March11ကထွက်ရှိထားတဲ့ ဖိလစ်ပိုင်ကားသစ်လေးပါ။မူးယစ်ဆေးဝါးအရောင်းအဝယ်လုပ်နေတဲ့ အင်အားကြီးဂိုဏ်းတစ်ခုမှာ ဂိုဏ်းကိုစတင်တည်ထောင်ခဲ့ချိန်ကတည်းက ညီအစ်ကိုလိုရင်းနှီးခဲ့ကြတဲ့ သူငယ်ချင်းနှစ်ယောက်ရှိပါတယ်။မူးယစ်ဆေးအရောင်းအဝယ်လုပ်နေစဉ်အထင်လွဲမှုတစ်ခုကြောင့် ဇာတ်လိုက်မင်းသမီးဖြစ်သူAndrianaရဲ့ ဖခင်သေဆုံးခဲ့ရပြီးနောက် ငြိမ်းချမ်းမှုကိုနှစ်သက်ပြီး ဓမ္မတေးတွေသီဆိုလေ့ရှိတဲ့ Andrianaဟာ အဖေဖြစ်သူကို သတ်ခဲ့တဲ့လူကို လက်တုံ့ပြန်ဖို့ဖြစ်လာခဲ့ပြီး ဖခင်ရဲ့သူငယ်ချင်းဖြစ်သူ Patriarch နဲ့သား၃ယောက်က သူ့ရဲ့ပစ်မှတ်ဖြစ်လာခဲ့ပါတော့တယ်။အမုန်းရန်ငြှိုးတွေကြောင့် Andrianaနဲ့ Patriarchရဲ့ သားဖြစ်သူ Juanတို့ကြားထဲက အခြေ‌အနေတွေက ပြောင်းလဲသွားဦးမလား Andrianaရဲ့ အစီအစဉ်တွေကရောအောင်မြင်သွားမလားဆိုတာကိုအမုန်းတွေ အတ္တတွေအပြည့်နဲ့ ပုံဖော်ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်။လက်တုံ့ပြန်တာတို့ Female lead Strong ဖြစ်တဲ့ ကားမျိုးတွေကို နှစ်သက်တယ်ဆိုရင်တော့ ဒီကားလေးကို ကြည့်သင့်ပါတယ်လို့ ညွှန်းပေးလိုက်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Milkeux ပဲ ဖြစ်ပါတယ်။ Genre.....Action Quality….WEB-DL 1080p and 720p File size…1.5GB and 741MB Format…mp4 Duration….1h 43min Subtitle….Myanmar Subtitle (Hardsub) Translator ..... Milkeux Encoder ..... LK
movie

Adarna Gang (2022)

2022
(18+) House Tour (2021) 6.5
(18+) House Tour (2021)       House Tour (2021) ဒီနေ့ခေတ်မှာ social mediaတွေ တွင်ကျယ်လာတာနဲ့အမျှ လူတွေလည်းတစ်နေ့တစ်နေ့ဒီ social media တွေနဲ့ပဲအချိန်ကုန်နေကြတော့တယ်။ အဲဒါထက်ဆိုးတာကတော့ ကိုယ့်ရဲ့နေ့စဉ်ဘဝ၊ လူမှုရေးကိစ္စစတာတွေကို လူသန်းပေါင်းများစွာအသုံးပြုနေတဲ့ social media တွေမှာ တင်တာပါပဲ။ ဘယ်ကော်ဖီဆိုင်မှာဘယ်သူနဲ့တော့ဖြင့် ဒိတ်ပြီးဘာတွေစားနေတယ် .. ဘယ်ကိုဖြင့်ခရီးသွားနေတယ် .. စတာတွေဟာ လိုသူတွေအတွက်တော့ အားကျစရာ ပျော်ရွှင်စရာဖြစ်ပေမယ့် ကိုယ့်ကိုအန္တရာယ်ပြုဖို့ .. မကောင်းကြံဖို့ .. စောင့်ကြည့်နေတဲ့ မျက်လုံးတွေရှိနေတဲ့အခါ .. “House Tour” .. အထူးသဖြင့်နာမည်ကြီး celebrity တွေ FB တို့ IG တို့လိုမျိုး လူမှုကွန်ရက်တွေမှာ သူတို့ရဲ့ တန်ဖိုးကြီးအိမ်တွေကို Live လွှင့်ပြတာမျိုး မြင်ဖူးကြတယ် ဟုတ်? အဲဒီလိုပဲ ဒီကားလေးမှာလည်း အောင်မြင်ကျော်ကြားတဲ့ ရွှေတံဆိပ်ဆုရှင် အိုလံပစ်ကစားသမားဟောင်းနဲ့ ရုပ်ရှင်မင်းသမီးတို့ ဇနီးမောင်နှံကသူတို့ရဲ့ နေ့စဉ်ဘဝကိုလည်း social media ပေါ်အမြဲတင်လေ့ရှိသလို ဒေါ်လာသန်းချီတန်တဲ့ သူတို့အိမ်ကြီးကိုလည်း နေရာအနှံ့ House Tour လုပ်ပြနေကျမို့ သူတို့အကြောင်း၊ သူတို့အိမ်အကြောင်းမသိတဲ့သူမရှိသလောက်ပါပဲ။ လူတွေ ဆင်းရဲခြင်းနဲ့ကြုံလာတဲ့အခါ ဘာမဆိုလုပ်ဖို့ဝန်မလေးတော့ဘူးတဲ့။ ...
movie

(18+) House Tour (2021)

2021