Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Mark Acheson
6.3
1922 (2017)
1922 (2017) IMDb Rating (6.2) / Rotten Tomatoes (91%)Stephen King ရဲ့ ဝတ္ထုကို အသက်သွင်းထားတဲ့ Horror/Drama အမျိုးအစားရုပ်ရှင် ဖြစ်ပါတယ်။ 2017 အောက်တိုဘာ ၂၀ ရက်မှာ Netflix ကနေ ထုတ်လွှင့်ခဲ့ပါတယ်။ The Punisher နဲ့ The Mist ရုပ်ရှင်တွေရဲ့ မင်းသားကြီး Thomas Jane က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ Wilfred James ဆိုတဲ့ လယ်သမားတစ်ဦးဟာ ဇနီးဖြစ်သူ Arlette နဲ့ သားဖြစ်သူ Henry တို့နဲ့အတူ နီဘရားစကားပြည်နယ်မှာ နေထိုင်ပါတယ်။ ဇနီးဖြစ်သူ Arlette က အမွေရထားတဲ့ လယ်ဧကတစ်ရာကို ရောင်းပြီး မြို့ပြောင်းချင်ပေမဲ့ James နဲ့ Henry တို့သားအဖကတော့ မပြောင်းချင်တဲ့အတွက် စကားများရန်ဖြစ်ကြကာ သားအဖနှစ်ဦးပေါင်းပြီး Arlette ကို အပျောက်ရှင်းပါတော့တယ်။ ဒီကိစ္စ ဒီမှာတင်ပြီးပြီလို့ ...
movie
1922 (2017)
2017
4K HEVC
Hot Rod (2007)
ရော့ဒ်ဆိုတဲ့ လူငယ်လေးက ပထွေးဖြစ်သူအသက်ကယ်ဖို့ ဆိုင်ကယ်စတန့်ကွက်ပြရင်း ရန်ပုံငွေရှာတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ ရော့ဒ်က မြို့ငယ်လေးမှာ မိခင်ရယ် ပထွေးရယ် သူ့ဘက်ကပါတဲ့သားရယ်နဲ့အတူနေပါတယ်။ဒီကားမှာ အဓိကဇာတ်ကောင်ရော့ဒ်ကို အံ့ဩစရာကောင်းအောင်တော်တဲ့ စတန့်သမားအဖြစ်ပုံမဖော်ထားပါဘူး။ သူစတန့်ပြတိုင်း အမြဲမအောင်မြင်တာမို့ပါ။ ဒါမဲ့ ရော့ဒ်က သူ့အဖေရင်းက စတန့်သမားဖြစ်ခဲ့တာကြောင့် သူလည်းတစ်နေ့ အောင်မြင်ရမယ်ဆိုပြီး တထစ်ချဇွဲမလျှော့ဘဲ ကြိုးပမ်းခဲ့ပါတယ်။ ပထွေးဖြစ်သူက ရော့ဒ်ကို အမြဲရန်စ နှိမ်နေပြီး အထင်မကြီးလို့လည်းပါတာပေါ့။ သူ့ပထွေးနဲ့ ယှဉ်ပြီးချတိုင်းလည်း ရော့ဒ်က ရှုံးနေတာကိုး။ ရော့ဒ်ကတော့ တစ်နေ့မှာ ပထွေးကို အလဲထိုးပြီး လေးစားမှုရလာမယ်လို့ သိန္နိဌာန်ချထားပါတယ်။ဒါပေမဲ့ ပထွေးဖြစ်သူ နှလုံးအစားထိုးခွဲစိတ်ဖို့လိုလာတဲ့အခါ လိုအပ်တဲ့ ရန်ပုံငွေရှာဖို့ ရော့ဒ်က သူ့အပေါင်းအသင်းတွေနဲ့အတူ ဘက်စ်ကား15စီးကို ဆိုင်ကယ်နဲ့ ခုန်ကျော်ပြတဲ့ စတန့်ကွက်ပြမယ်ဆိုပြီး စီစဉ်ပါတော့တယ်။ သူ့ပထွေးကို ကယ်ပြီး ချတဲ့အခါ အနိုင်ရနိုင်ဖို့လည်း ပါပါတယ်။ အမြဲတမ်း မအောင်မြင်တဲ့ ရော့ဒ်တစ်ယောက် သူယုံကြည်ရာအတိုင်း အောင်မြင်ပါ့မလားဆိုတာ ...
movie
Hot Rod (2007)
7.1
Elf (2003)
ခရစ္စမတ်နီးလာပြီဆိုတော့ ခရစ္စမတ်ဇာတ်ကားကောင်းကောင်းလေးတွေရှာရတာ ပင်ပန်းနေရောပေါ့။အဲ့ဒါဆိုရင် ၂၀၀၃ ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ ခရစ္စမတ်နဲ့ပတ်သတ်ရင်နာမည်ကြီးခဲ့တဲ့ လူတော်တော်များများလည်းကြည့်ဖူးလောက်ပြီဖြစ်တဲ့Elf ဆိုတဲ့ဇာတ်ကားလေးကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ခရစ္စမတ်မှာ ကြည့်ဖို့ဇာတ်ကားတွေထဲမှာ ဒီကားလေးကိုပါထပ်ထည့်လိုက်လို့ရပါပြီ။ဘာလို့လဲဆိုတော့ IMDb Rating 7.1 အထိတောင်ရရှိထားပြီး ကြည့်ရတာလည်းပျော်စရာကောင်းတဲ့ ဇာတ်ကားလေးဖြစ်နေလို့ပါ။ဒီတော့ ရှည်ရှည်ဝေးဝေးပြောမနေပဲနဲ့ဇာတ်ကားအကျဉ်းချုပ်လေးကို ပြောလိုက်ရအောင်။ဘက်ဒီဆိုတဲ့ မိဘမဲ့ကလေးပေါက်စလေးတစ်ယောက်က မိဘမဲ့ဂေဟာမှာရှိနေတုန်းဆန်တာကလော့စ်က လက်ဆောင်ပစ္စည်းတွေလာပို့တဲ့ အချိန်မှာ ဆန်တာ့ရဲ့အိတ်ကြီးထဲကိုဝင်နေခဲ့ပါတော့တယ်။ဒီလိုနဲ့ မြောက်ဝင်ရိုးစွန်းကို ရောက်သွားခဲ့ပြီး နတ်သူငယ်တစ်ယောက်ရဲ့မွေးစားခြင်းကို ခံခဲ့ရပါတော့တယ်။ဘက်ဒီလေးက တခြားနတ်သူငယ်တွေနဲ့အတူတူကြီးပြင်းလာပေမဲ့ လူသားဖြစ်နေတဲ့အတွက် အရွယ်အစားကနှစ်ဆလောက်ပိုကြီးနေပါတော့တယ်။ငယ်ငယ်တုန်းက ဘာမှမဖြစ်ပေမဲ့ကြီးလာတဲ့အခါမှာတော့ လူသားတစ်ယောက်နဲ့နတ်သူငယ်တွေနေတဲ့ နေရာကအံဝင်ခွင်ကျမဖြစ်တော့ပါဘူး။ဒါ့ကြောင့်ပဲ ဆန်တာကသူ့ကိုသူ့အဖေအရင်းရှိရာ နယူးယောက်မြို့ကိုပြန်ပို့လိုက်ပါတော့တယ်အခုမှ လူ့လောကကြီးထဲကိုခြေပြန်ဆန့်တဲ့ ဘက်ဒီတစ်ယောက်သူ့အဖေနဲ့ပြန်တွေ့ပြီးနောက်ပိုင်းဘာတွေဆက်ဖြစ်ကြမယ်ဆိုတာကို စိတ်ဝင်စားစရာကောင်းအောင် ခရစ္စမတ် Vibe အပြည့်အ၀ရအောင်ရိုက်ကူးထားတဲ့ Old But Gold ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ File size…1.74GB / 835MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 31m Genre ….. Adventure , Comedy , Family Subtitle….Myanmar ...
movie
Elf (2003)
7.6
Watchmen (2009)
ဒါရိုက်တာ ဇက်စနိုင်ဒါရဲ့ စူပါဟီးရိုးလက်ရာတွေထဲက တစ်ခုဖြစ်တဲ့ Watchmen ကို ဘာသာပြန်၊ ကွာလတီ အကုန်စိတ်ကြိုက်ပြင်ပြီး ပြန်တင်ပေးထားပါပြီ။ Watchmen ဟာ Version ၃ မျိုးရှိပြီး ခုတင်ဆက်လိုက်တဲ့ Ultimate Cut ကတော့ အရှည်ဆုံး Cut ဖြစ်တဲ့ ၃ နာရီ ၃၅ မိနစ်ကျော်ကြာမြင့်တဲ့ Version ဖြစ်တာမလို့ အပြည့်စုံဆုံး Version ပါပဲ။Watchmen ရုပ်ရှင်ဟာ နောက်ပိုင်း မာဗယ်နဲ့ဒီစီနှစ်ခုလုံးမှာထွက်နေတဲ့ပေါ့ပေါ့ပါးပါးနဲ့ ဘဝအမောပြေစေတဲ့ကားမျိုးမဟုတ်လို့ စူပါဟီးရိုးရုပ်ရှင် မှောင်မှောင်လေးကြိုက်သူတွေကြည့်သင့်ပါတယ်။ Watchmen ဆိုတဲ့နာမည်ဟာ ရောမစာရေးဆရာ ဂျဗီနယ် ၁ ရာစုလောက်မှာ ရေးသားခဲ့တဲ့ နာမည်ကြီး လက်တင်ကဗျာထဲကနေ ဆင်းသက်လာတာပါ။noui consilia et ueteres quaecumque monetis amici, "pone seram, cohibe". sed quis custodiet ipsos custodesငါ့မိတ်ဆွေတွေ အမြဲပြောနေတဲ့ စည်းကမ်းထိန်းသိမ်းရေး၊ မိန်းမတွေကို စည်းကမ်းတင်းကြပ်ထားဆိုတာ၊ ဒီကင်းသမားတွေကို ဘယ်သူကင်းပြန်စောင့်မလဲ ဆိုတဲ့ ကဗျာပါ။ ရောမခေတ်ရဲ့ အမျိုးသမီးဖိနှိပ်မှုတွေကိုထောက်ပြထားတာဖြစ်ပြီး အာဏာပိုင်တွေကို ဘယ်သူက ထိန်းကျောင်းမလဲဆိုပြီး ...
movie
Watchmen (2009)
2009
4K HEVC
Peter Pan & Wendy (2023)
PeterPeter Pan & Wendy (2023)ပီတာပန်က J.M.Barrie ဖန်တီးထားတဲ့ဇာတ်ကောင်လေးဖြစ်ပြီး ပြဇာတ်ကနေစပြီး ရုပ်ရှင်ပေါင်းများစွာရိုက်ကူးထားတာမို့ ရုပ်ရှင်ချစ်ပရိသတ်တွေနဲ့ တစ်ခုမဟုတ်တစ်ခုမှာရင်းနှီးပြီးသားနေမှာပါ။ အခြေခံအားဖြင့်ဇာတ်ကားတွေမှာ ပီတာပန်က မကြီးပြင်းချင် အရွယ်မရောက်ချင်တဲ့ကောင်လေး၊ နဲဗားလန်းမှာသူ့လိုကလေးတစ်သိုက်နဲ့အတူနေတယ်။ သူ့ရန်သူကတော့ ပြောစရာမလိုပါဘူး ကပ္ပတိန်ဟုခ်ပေါ့။ သူကတစ်နေ့မှာဝင်ဒီ့ကို ကလေးငယ်တွေရဲ့မိခင်ဖြစ်ပေးဖို့လာခေါ်တယ်။ အဲ့လိုပေါ့။J.M.Barrie ရဲ့ မူရင်းပြဇာတ်နဲ့ဝတ္ထုမှာတော့ ပီတာပန်က ဗီလိန်ပါ။ တကယ်ဆိုနဲဗားလန်းကလုံးဝမကြီးပြင်းတာမျိုးမဟုတ်ပဲ ကြီးပြင်းမှုနှေးတာပါ။ အဲ့တော့ ပီတာပန်က ကြီးပြင်းတဲ့ကလေးတွေကို ပြဿနာရှာတယ်။ တစ်ခါတလေ သူ ပျင်းရင် အချင်းချင်းပြန်သတ်ကြတယ်။ ပီတာပန်က ဂျစ်တစ်တစ်ငဆိုးလေးပေါ့။ နောက်ပိုင်းမှာမှကလေးတွေကြားမှာ ပင်လယ်ဓားပြတွေရေပန်းစားလာတာကြောင့် စာရေးဆရာက ကပ္ပတိန်ဟုခ်ကိုဗီလိန်အနေနဲ့ထည့်ခဲ့တာပါ။ဒီ Peter Pan & Wendy ဇာတ်လမ်းမှာတော့ အပေါ်ကပြောခဲ့တဲ့ဇာတ်လမ်းသွားနှစ်ခုကြားမှာ မယုတ်မလွန်စည်းချထားတယ်ပြောရမယ်။ ပီတာပန့်ကို လူဆိုးဇာတ်မသွင်းသလို ဟီးရိုးအဖြစ်လဲပုံမဖော်ထားပါဘူး။ ပြီးတော့ ဝင်ဒီ။ တကယ်ဆိုပီတာပန်ဇာတ်လမ်းက အဓိကဝင်ဒီ့ရဲ့ဇာတ်လို့ပြောလို့ရတယ်။ လောကကြီးထဲကိုဝင်ရတော့မယ့် ကလေးတစ်ယောက်ရဲ့အကြောက်တရား မကြီးပြင်းချင်စိတ်တွေကနေ နဲဗားလန်းဆိုတဲ့အယူအဆကဖြစ်တည်လာတာပါပဲ။ ဒီဇာတ်လမ်းမှာ ဝင်ဒီ့ကိုလဲ တော်တော်အသားပေးထားသလို အရင်ကားတွေမှာမပါခဲ့တဲ့ ကွက်လပ်တွေကိုလဲဖြည့်ပေးထားပါသေးတယ်။ ရှေးရှေးကလက်ရာကောင်းများစွာလဲရှိတော့ အခုထွက်ရှိတဲ့ Peter Pan & Wendy ပေါ်ဝေဖန်သံ ...
movie
Peter Pan & Wendy (2023)
2023
6.3
She’s the Man (2006)
ဒီဇာတ်ကားကိုမကြည့်ရသေးရင် ကြည့်ဖို့တိုက်တွန်းပါတယ်...ကျွန်တော်ကြည့်ဖူးသမျှ Teen Comedy ဇာတ်ကားတွေထဲမှာတော့ အတော်လေးအကြိုက်ပိုမိတဲ့ဇာတ်ကားပါ..ဆယ်ကျော်သက်တွေရဲ့ ခံယူချက် ယုံကြည်ချက်တွေကို ဇာတ်လမ်းဇာတ်ကွက်ကောင်းကောင်းနဲ့ပုံဖော်ထားနိုင်ပြီး ဟာသလေးတွေဖန်တီးထားတာလဲ ထိမိပါတယ်...လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး သရုပ်ဆောင်ထားကြလို့ ကိုယ်တိုင်အူမြူးစွာ ကြည့်ရှုခံစားရမှာပါ..။ File size…(2.3 GB) and (1.2 GB) Quality….HDTV Rip 1080p and 720p Format…mp4 Duration….01:45:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Thet Naing(MAI)
movie
She’s the Man (2006)
1080p Untouched