Channel Myanmar

Marisa Abela

Back to Black (2024)
Back to Black (2024) Amy Winehouse ကိုတော့ လူတော်တော်များများသိကြမယ်ထင်ပါတယ် မသိရင်တောင် သူ့သီချင်းတွေတော့ တစ်နေရာရာမှာကြားဖူးနေပါလိမ့်မယ် 2008 မှာ Grammy 5 ဆုဆွတ်ခူးနိုင်ခဲ့ပြီး 2006-2008 ဝန်းကျင်မှာ US ထိထိုးဖောက်နိုင်ခဲ့သူလည်းဖြစ်ပါတယ် စိတ်မကောင်းစွာနဲ့ဘဲ 2011 Amy အသက် 27 မှာတော့ alcohol အဆိပ်သင့်ပြီး နေအိမ်မှာပဲသေဆုံးခဲ့ပါတယ် ဇာတ်ကား နာမည် Back To Black ဆိုတာကတော့ သူ့ချစ်သူနဲ့ လမ်းခွဲထားချိန် ထွက်ရှိခဲ့တဲ့သီချင်း အမည်ဖြစ်ပြီး သူ့ဘဝရဲ့ အမှောင်မိုက်ဆုံးအချိန်တွေဆီ ရောက်ရှိခဲ့တဲ့အကြောင်းပါ၊ဒီဇာတ်ကားက 2024 မှာထွက်ရှိထားပြီး သူ့ရဲ့ biography ကို Musical/Biography အနေနဲ့ ပြန်ရိုက်ထားတာပါ ဒီဇာတ်ကားမှာ Amy ရဲ့ စတင်အောင်မြင်လာတဲ့အချိန် ဖြတ်ကျော်ရတဲ့အခက်အခဲတွေ မူးယစ်ဆေးနဲ့ alcohol စွဲသွားတာတွေ Relationship ပြဿနာတွေအကြောင်း သေချာမီးမောင်းထိုးပြထားပါတယ် Marisa Abela က ...
movie

Back to Black (2024)

Barbie(2023) 7.3
Barbie(2023) Barbie(2023)*********** Lady Bird ရဲ့ ဒါရိုက်တာနဲ့ဇာတ်ညွှန်းဆရာဖြစ်တဲ့ Greta Gerwig ရဲ့ လက်ရာပဲဖြစ်ပါတယ်။မာဂေါ့ရော့ဘီနဲ့ ရိုင်ယန်ဂို့စလင်းတို့ ပါဝင်ထားပါတယ်။ ဒေါ်လာ ၁.၃ ဘီလီယံအထိ ရရှိနေပြီးIMDb 7.3 နဲ့ လူကြိုက်များနေပါတယ်။ ဒီရုပ်ရှင်ဟာ အဓိကအားဖြင့် လူ့အသိုင်းအဝိုင်းနဲ့ ကျားဝါဒီမဝါဒီတွေကို အခြေပြုတဲ့ ဟာသကားအနေနဲ့ ရိုက်ထားတာပါ။ ဖိုကြီးစိုးရေးဝါဒကိုအံတုနေရတဲ့မိန်းမသားတွေ၊ မဝါဒီအားကောင်းလာချိန်မှာ ရုန်းကန်လာရတဲ့ ယောကျ်ားတွေ စသဖြင့်ပေါ့။ဇာတ်လမ်းအကျဉ်းဘာဘီတွေနဲ့ ကန်တွေဟာ သီးသန့်ကမ္ဘာတစ်ခုမှာနေထိုင်ကြပါတယ်။အဲဒီကမ္ဘာမှာ ဘာဘီတွေ ကြီးစိုးနေပြီ သမ္မတ၊ သိပ္ပံပညာရှင်၊ တရားသူကြီး၊နိုဘယ်ဆုရှင်အားလုံးက ဘာဘီချည်းပါပဲ။ ကန်ဆိုတဲ့ ယောကျာ်းတွေကတော့ဘာဘီတွေကို မှီခိုနေရတဲ့ ဖျော်ဖြေနေရတဲ့သူတွေပေါ့။ ဘာဘီတွေဟာ လူသားကမ္ဘာကြီးကိုလည်းသူတို့တွေရဲ့ ဘာဘီအရုပ်တွေက ပိုကောင်းအောင်ပြောင်းလဲပြီး မိန်းမတွေကြီးစိုးနေပြီလို့ပဲ ထင်ထားခဲ့တာပါ။ဘာဘီအမျိုးမျိုးရှိတဲ့အထဲမှာမှ မာဂေါ့ရဲ့ ဘာဘီကတော့ သမားရိုးကျဘာဘီ တစ်ယောက်ပဲဖြစ်ပါတယ်။ဘယ်နေရာမှာ ထူးချွန်နေတာမဟုတ်တဲ့ ဘာဘီသက်သက်ပါပဲ။ တစ်နေ့မှာတော့ဘာဘီဟာ သေခြင်းတရားအကြောင်းကိုတွေးမိရာကနေ ဘာဘီလောကနဲ့ အံမဝင်တော့ဘူးဘာဘီအစွမ်းတွေပျောက်လာပြီး ဖြစ်တည်မှုသံသယတွေပွားလာပါတော့တယ်။အဲဒါကို ကုသဖို့ နည်းကတော့ ...
movie

Barbie(2023)

2023
4K HEVC
She Is Love (2023) 4.7
She Is Love (2023) She Is Love (2023) =============="အကြောင်းတိုက်ဆိုင်မှုဆိုတာသာ မရှိခဲ့ရင် ဘဝဟာ ပုံမှန်အတိုင်းပဲ ဖြစ်နေမှာပါ"။ နိုးထမယ်. ရှင်သန်မယ်. အိပ်စက်မယ် . . . ကျွန်တော် တို့ဘဝတွေမှာ နာမည်လေးတစ်ခု ကြားလိုက်ရရုံနဲ့တင် မျက်စိရှေ့မှာ အကြောင်းအရာတိုက်ဆိုင်မှုလေးတစ်ခု ဖြစ်ပျက်ခဲ့ရုံနဲ့တင် နင့်နင့်နဲနဲ ခံစားလိုက်ရတဲ့ အဖြစ်အပျက်တစ်ခု. လူတစ်ယောက်မှာ တစ်ခါတော့ ရှိခဲ့ဖူးမှာပါ။ သစ်ရွက်ဖျားမှာ ခိုသီးနေတဲ့ရေစက်ကလေးကို သစ်ရွက် ကလေးက လက်လွှတ်လိုက်ရချိန်မှာတော့ တုန်ခါလှုပ်ခတ်သွားတဲ့ အ ဖြစ်အပျက်လေးလိုပါပဲ ရေစက်မရှိတော့တဲ့အချိန်မှာတော့ ပြန်လည် တည်ငြိမ်ရစမြဲပါပဲ။တည်ငြိမ်အခြေကျနေပြီဖြစ်တဲ့ အစ်ဒရစ်စ်ရဲ့ ဘဝထဲကို အချစ်ဟောင်း ဖြစ်သူ ပက်ထရစ်ရှာတစ်ယောက် မမျှော်လင့်တဲ့အဖြစ်အပျက်တစ်ခု ကြောင့် ပြန်လည်ဝင်ရောက်လာခဲ့ချိန်၊ တွေ့ဆုံချိန်ခဏလေးအတွင်းမှာ ပဲ နှစ်ဦးသားရဲ့ ရူးသွပ်မှု၊ ပေါက်ကွဲမှု၊ ဟန်ချက်ညီမှု၊ ဘက်ပြိုင်မှု၊ အချစ်၊ အမုန်း၊ အာယာတ၊ ခွင့်လွှတ်မှုတွေကို ရောပြွန်းတင်ဆက်ထားနိုင်ခဲ့တဲ့ ဒီဇာတ်ကားလေးကို CM ကနေ ပရိသတ်များ ရှုစားနိုင်ဖို့တင်ဆက်ပေး လိုက်ရပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Sai Sumali ဖြစ်ပါတယ်)File Size..........(1.33 GB) / (517 MB) Quality............WEB-DL 1080p / ...
movie

She Is Love (2023)

2023
Rogue Agent (2022)
Rogue Agent (2022) Rogue Agent (2022) ===============IMDb Rating - 6.4/10IMDB rating 6.4 အထိ ရရှိထားတဲ့ Mystery ဇာတ်ကား ကောင်းလေး တစ်ကားတင်ဆက်ပေးလိုက်ပါတယ်။ ရောဘတ်ဖရီးဂါ့တ် ဟာ MI5 ကနေ အသွင်ယူစုံစမ်းနေတဲ့ အေးဂျင့်တစ်ယောက်ပါ။ ကားရောင်းသမားအဖြစ် အသွင် ယူစုံစမ်းရင်း အဲလစ်အာချာဆိုတဲ့ ရှေ့နေအမျိုးသမီးကို ချစ်ကြိုက်မိသွားပါတယ်။အဲလစ်ကတော့ ရောဘတ်ကို အယုံအကြည်မရှိတာမို့ အလွတ် စုံထောက်ငှားပြီးစုံစမ်းခိုင်းခဲ့ပါတယ်။ သို့သော် သူကိုယ်တိုင်လည်း ရောဘတ်ကို ချစ်မိသွားပါတယ်။  တစ်နေ့မှာတော့ အဆိုပါ စုံထောက်ဆီကနေ ရောဘတ်ရဲ့ အတိတ်အကြောင်း တစ်စွန်း တစ်စသိလာခဲ့ရပါတယ်။ရောဘတ်နဲ့ ပတ်သက်ဖူးတဲ့ ကောင်မလေးနှစ်ယောက် ပျောက် ဆုံးနေခဲ့တာပါ။ ရောဘတ်ကရော တကယ်ပဲ အသွင်ယူအေးဂျင့်လား မိန်းကလေးတွေပျောက်ဆုံးနေတာ သူနဲ့ဘယ်လိုပတ်သက်နေလဲ ဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှု့နိုင်မှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို Leonard Lin မှရေးသားပေးပြီး၊ ဘာသာပြန်ပေး သူများကတော့ Leonard Lin, Zaw Myo Thu တို့ဖြစ်ပါတယ်) File Size..........(1.3 GB) / (620 MB) / (516 MB) Quality............WebRip 1080p / ...
movie

Rogue Agent (2022)

2022