Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Marion Lorne
7.9
Strangers on a Train (1951)
IMDb: 7.9 Rotten Tomatoes: 98%Strangers on a Train ဟာ ၁၉၅၁ ခုနှစ်ထွက် Alfred Hitchcock ရဲ့လက်ရာရုပ်ရှင်ဖြစ်ပါတယ်။ Hitchcock ရုပ်ရှင်တွေရဲ့ထုံးစံအတိုင်း အပြီးထိရင်တမမနဲ့ကြည့်ရမယ့် Thriller ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ အတော်လေးကိုဆွဲဆောင်မှုရှိတဲ့ ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ဇာတ်ညွှန်း:ဂိုင်းဟိန်းစ် ဟာတင်းနစ်အကျော်အမော်တစ်ယောက်ဖြစ်ပါတယ်။ သူဟာ အထက်လွှတ်တော်အမတ် အန်းမော်တွန် နဲ့ချစ်ကျွမ်းဝင်နေပါတယ်။ ခက်တာက သူ့မှာမိန်းမရှိတယ်။ ကိုယ်ဝန်ပါရှိသေးတယ်။ အဲလိုပြောလိုက်တော့ ဂိုင်း ကိုမကောင်းတဲ့လူလို့ထင်သွားပါဦးမယ်။ ဂိုင်းရဲ့မိန်းမဟာ ချူစားတတ်တဲ့ မိန်းမတစ်ယောက်ဖြစ်ပြီး ကိုယ်ဝန်ကလည်း ဂိုင်းနဲ့ရတာမဟုတ်ပါဘူး။ဂိုင်းဟာတင်းနစ်ပွဲတစ်ခုကိုသွားဖို့ရထားစီးရင်း ရထားပေါ်မှာ လူထူးဆန်း ဘရူနိုအန်တိုနီ ဆိုတဲ့လူနဲ့တွေ့ခဲ့ပါတယ်။ ဘရူနိုက အတော်လေးဉာဏ်ကောင်းတဲ့လူဖြစ်ပြီး လေ့လာမှုအားလည်းကောင်းပါတယ်။ အဲဒါကြောင့် ဂိုင်းတစ်ယောက် အန်း ကိုယူချင်ရင်တောင်မှ မိန်းမက မကွာရှင်းပေးတော့ ယူလို့မရဖြစ်နေတာကိုသိနေပါတယ်။ ဘရူနို ကလည်းအဖေ့ကိုမုန်းနေတဲ့လူတစ်ယောက်ဖြစ်ပါတယ်။ဘရူနိုမှာ အယူအဆတစ်ခုရှိတယ်။ ပြီးပြည့်စုံတဲ့လူသတ်မှုကိုကျူးလွန်ဖို့။အကယ်လို့ ဂိုင်းနဲ့ဘရူနို သာလူလဲသတ်လိုက်မယ်ဆိုရင် ရဲတွေလည်းမျက်စိလည်မယ်။ ဘယ်လိုမှဆက်စပ်လို့မရဘူးဆိုပြီး ဂိုင်းကို ဘရူနိုကပြောလာပါတယ်။ ဘရူနိုကပြောပေမယ့် ဂိုင်းကလက်မခံခဲ့ပါဘူး။ဘာတွေဆက်ဖြစ်ကြမှာလဲ... File ...
movie
Strangers on a Train (1951)
8.0
The Graduate (1967)
"မစ္စရော်ဘင်ဆင် ခင်ဗျားကျွန်တော့်ကိုဖြားယောင်းဖို့ကြိုးစားနေတာပဲ"အသက် ၂၀အရွယ် လူငယ်ကလေးတစ်ယောက်ရဲ့နှုတ်က ထွက်လာသောစကားသံများ။လိုက်ဖက်ညီစွာ ကင်မရာAngleက ထိုအမျိုးသမီးကြီးရဲ့ပေါင်တံအောက်မှာ။"ငါ့ယောကျ်ားပြန်လာဖို့က နာရီနဲ့ချီကြာဦးမှာ။ ပြန်မလာခင်ထိငါ့ကိုဝိုင်းစောင့်ပေးပါဦး ""ကျွန်တော် ပိုက်ဆံအိတ်ကိုအဝနားမှာပဲချခဲ့မယ်နော်""ဘန်ဂျမင် ကြောင်တောင်တောင်တွေလုပ်မနေတော့ဘဲ အခန်းထဲကိုလာပေးလိုက်တော့""လာမပေးတာကောင်းလိမ့်မယ်ဗျာ"အီလိန်းအခန်းထဲတင်ပဲ လာခဲ့" ခြိမ်းခနဲ တံခါးပိတ်သံနဲ့အတူ မြင်ကွင်းရှေ့ပေါ်ထွက်လာတဲ့အမျိုးသမီးရဲ့ မိမွေးတိုင်း ဖမွေးတိုင်း အဝတ်ဗလာကိုယ်ခန္ဓာ။မနေ့တစ်နေ့မှကောလိပ်ကပြန်ရောက်လာတဲ့ ငတိတစ်ယောက်ထိုအမျိုးသမီးကြီးရဲ့ကျားကွက် စားကွက်အောက်အလွတ်မရုန်းနိုင်ခဲ့ပြန်။ကာမတဏှာရဲ့နှိုးဆော်မှုနဲ့အတူ လူငယ်လေးကိုပါ မိုက်ပြစ်ကျူးလွန်စေမဲ့အပြစ်သားအဖြစ်အတူဆွဲခေါ်ခဲ့တယ်။သူမ ကဘယ်သူလဲ... သူ(မ) တိုက်ကြီး ကားကြီး ဇိမ်ခံအသုံးအဆောင်တွေနဲ့လိုချင်တာရနိုင်တဲ့ ငွေကြေးပြည့်စုံတဲ့ ဘဝ။သူ(မ)ဘယ်တော့မှ မတင်းတိမ်နိုင်ဘူး။သူ(မ) ငတ်မွတ်နေတယ်။ဆာလောင်နေတယ် ။တကယ်တည်းက သူ(မ) အထီးကျန်နေတယ်။မထင်မှတ်ဘဲ ရရှိခဲ့တဲ့ကိုယ်ဝန်ကြောင့် အိမ်ထောင်ကျခဲ့တယ်။အိမ်ထောင်ရေးက ပြဿနာလည်းမရှိ။ဒုက္ခလည်းမရှိခဲ့။တစ်ဖန်သုခလည်း မရှိပြန်။သမီးကျောင်းတက် ယောကျ်ားအလုပ်သွား။မစ္စရော်ဘင်ဆင် အိမ်မှာတစ်ယောက်ပဲကျန်ခဲ့တယ်။ဒီလမ်းကိုရွေးဖို့မစတင်ခဲ့ပေမဲ့ မစ္စရော်ဘင်ဆင်ရဲ့ဇာတ်လမ်းက ဒီမှာစတင်ခဲ့တယ်။Dee Dee Dee...Mrs.Robinson အပြစ်ကျူးလွန်နေတဲ့ မစ္စရော်ဘင်ဆင်ငရဲမှာမခံစားချင်ရင်တော့ ဘုရားမှာဆုတောင်းပါတော့။ကိုယ့်ကိုကိုယ်ကူကယ်နိုင်မဲ့နိုင်ဖို့ ကူညီပေးချင်တယ်။ဒီမှာထပ်မံထည့်သွင်းရေးသွားချင်တာက ရုပ်ရှင်တစ်လျှောက်ထည့်သွင်းထားတဲ့Simon & Garfunkel ရဲ့သီချင်းများနဲ့တေးဂီတgenre အမျိုးအစားရဲ့ အကြောင်းပါ။အိမ်ကိုပြန်လာပေမဲ့ နွေးထွေးမှုမရှိဘူး။အိမ်ဟုတ်မနေဘူး။နွေးထွေးမှုရဖို့ သူ(မ) အခြားနည်းနဲ့ရှာတယ်။ဒါပေမဲ့ တစ်ခါပြီးဆုံးသွားတိုင်း အဲ့အရာကိုလုံလောက်အောင်မခံစားရပြန်ဘူး။ဒီလိုနဲ့ ...
movie
The Graduate (1967)
1967