Channel Myanmar

Marion Darlington

Cinderella (1950) 7.3
Cinderella (1950)  ဒီနေ့မှာတော့ CM က Disney ဖန်တွေအတွက်Old but Gold ဆိုတဲ့အတိုင်း ဟောင်းပေမဲ့လည်း ဘယ်အချိန်ကြည့်ကြည့်မရိုးပဲ ကောင်းနေဆဲဆိုတဲ့ ကာတွန်းကားလေးတစ်ကားကိုတင်ဆက်ပေးချင်ပါတယ်။အဲ့တာကတော့ IMDb မှာ 7.3/10 နဲ့ Rotten Tomatoes မှာ97% ရထားတဲ့ ကိုယ်တွေငယ်ဘဝရဲ့ အသည်းစွဲCinderella (I) 1950 လေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ မသိတဲ့သူမရှိသလောက်ပါပဲ။မိထွေးနဲ့ မိထွေးရဲ့သမီး၂ယောက်ဆီမှာ အစေခံတစ်ယောက်လိုအလုပ်လုပ်ပေးရပြီး အနိုင်ကျင့်ခံရတဲ့ စင်ဒရဲလားလေးရဲ့ သနားစရာဘဝဇာတ်ကြောင်းလေးပါပဲ။ ဟိုးအဝေးဆီက နန်းတော်ကြီးဆီလှမ်းမျှော်ကြည့်ပြီး စင်ဒရဲလားလေးဟာ တော်ဝင်ကပွဲကိုတက်ခွင့်ရဖို့စိတ်ကူးယဥ်နေပါသတဲ့။ အဲ့လို စင်ဒရဲလား လေးရဲ့ စိတ်ကူးတွေကိုအကောင်အထည်ပေါ်အောင် သူရဲ့သူငယ်ချင်း ကြွက်ကလေးတွေကဘယ်လိုကူညီကြမလဲ၊ စိတ်ထားမကောင်းတဲ့မိထွေးဆိုးကြီးကဘယ်လိုယုတ်မာပြမလဲ၊ သူတော်ကောင်းနတ်ကောင်းမ ဆိုတဲ့စကားအတိုင်း အစောင့်အရှောက်နတ်သမီးဖွားဖွားက ဘယ်လိုတွေကူညီပေးမလဲ ဆိုတာကို ငယ်ဘဝကခံစားချက်တွေ နဲ့ ရသစုံလင်စွာပျော်ပျော်ရွှင်ရွှင်ခံစားကြည့်ရှုနိုင်ဖို့ CM က ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။သီချင်းလေးတွေကအစ သေချာလေးခံစားဘာသာပြန်ပေးထားတာမို့CM လက်ရာ ကောင်းကောင်းလေးနဲ့ တစ်ဖန်ပြန်လည်ခံစားကြည့်ရှူချင်ကြတဲ့ ပရိတ်သတ်ကြီးတို့အတွက် down ရကျိုးနပ်စေမယ့်ကားကောင်းလေးတစ်ကားဖြစ်စေရဖို့ ...
movie

Cinderella (1950)

Bambi (1942) 7.3
Bambi (1942) Bambi (1942)IMDb - 7.3/10_____Rotten - 90%    Rating 7.3 ရရှိထားတဲ့ 1942 ခုနှစ်ကထွက်ရှိထားတဲ့ Animation ကားကောင်းလေးတစ်ကားဖြစ်ပါတယ်... ဇာတ်လမ်းအကျဉ်းကိုပြောပြရမယ်ဆိုရင်ဖြင့် သစ်တောကိုစောင့်ရှောက်ပေးမယ်ဆိုတဲ့ နိမိတ်နဲ့ နောက်ထပ်သမင်လေးတစ်ကောင်မွေးဖွားလာပြီဆိုပြီး ဘမ်ဘီဆိုတဲ့ သမင်လေးတစ်ကောင်မွေးဖွားလာခဲ့ပါတယ်... သူ့အတွက်သူငယ်ချင်းအသစ်တွေလည်းရလာခဲ့ပါတယ်... တစ်နေ့မှာ ဘမ်ဘီရဲ့ အမေသမင်မကြီးဟာ လူမုဆိုးတွေရဲ့လက်ချက်နဲ့ သေဆုံးသွားခဲ့ပါတယ်... ဒါကြောင့် လူသားမျိုးနွယ်တွေရဲ့ ဖျက်ဆီးနေတဲ့ ဒီတောကြီးကို ဘမ်ဘီလေးအရွယ်ရောက်လာတဲ့အချိန်မှာ ကာကွယ်ပေးနိုင်မလား.... အဲ့ဒီမုဆိုးတွေကကောတောထဲကို ပြန်ပြီးလာဦးမလားဆိုတာ စိတ်ဝင်စားဖွယ်ရာကြည့်ရမှာပဲဖြစ်ပါတယ်... Animation အပိုင်းမှာကျော်ကြားလှတဲ့ Disney ဟာ ဒီ Animation ကားလေးထဲမှာလည်း ချစ်စရာကောင်းလှတဲ့ အကောင်လေးတွေနဲ့ လှပတဲ့ရှု့ခင်းများကိုလည်း ထပ်ပြီးအားဖြည့်ထားခဲ့ပါတယ်... ကျွန်တော်တို့ ကလေးဘဝတုန်းက အင်္ဂလိပ်စာတန်းထိုးနဲ့ ကြည့်ခဲ့ရပေမယ့် အခုခေတ် သားသားမီးမီးများ မြန်မာစာတန်းထိုးနဲ့ကြည့်ရှု့ခွင့်ရအောင် တင်ဆက်ပေးလိုက်ပါတယ်....  Duration…..01:10:00 Format…Mp4 File Size…(500 MB) Encoder…..Moe Myint Lwin Translator…..Myat Ko Ko (Jack Li) 
movie

Bambi (1942)

1942