Channel Myanmar

Mario Opinato

The First Omen (2024) 6.8
The First Omen (2024)  ဒီရုပ်ရှင်ကတော့ ၁၉၇၆ တုန်းက ကမ္ဘာကျော်ခဲ့တဲ့အင်မတန်တမူထူးတဲ့ဇာတ်လမ်း The Omen 1976 ရဲ့အစပထမကို ရိုက်ကူးထားတာပါ။ဒါကြောင့် ရုပ်ရှင်ခေတ်ကို ၁၉၇၁ ကနေ စပြထားပါတယ်။သမိုင်းအရလည်း ၁၉၆၉ ကနေ ၁၉၈၀ အတွင်းရောမနဲ့ ဥရောပနိုင်ငံအမြောက်အမြားမှာလူမှုတော်လှန်ရေးခေတ် ဖြစ်နေပြီး ဆန္ဒပြတာတွေဆူပူတာတွေနဲ့ ဗြောင်းဆန်နေတဲ့ကာလပါပဲ။ ဒီရုပ်ရှင်ဒါရိုက်တာကတော့ Legion စီးရီးရဲ့ ဖန်တီးရှင်Arkasha Stevenson ဖြစ်ပြီး Imdb 6.8 ထိုက်ထိုက်တန်တန် ရထားတယ် ပြောရမှာပါပဲ။မူရင်း The Omen 1976 ကိုလည်း ဒီရုပ်ရှင်အပြီးမှာဆက်ကြည့်သင့်ပါတယ်။ CM web နဲ့ App မှာတင်ပေးထားပါတယ်။ နောက်ထပ် နောက်ဆက်တွဲOmen ရုပ်ရှင်တွေလည်း တင်ပေးသွားပါ့မယ်။ ဇာတ်လမ်းအကျဉ်း****************ခေတ်ပြောင်းတော်လှန်ရေးမှာလူတွေကဘုရားကျောင်းကို ယုံကြည်ကိုးကွယ်တာနည်းလာကြတယ်။ ဒီတော့ အစွန်းရောက်ပြီးဘာသာရေးအာဏာကို ဆက်လိုချင်တဲ့ဘုန်းတော်ကြီးတစ်စုက မကြံကောင်းမစည်ရာကြီးတစ်ခုကို ကြံစည်လိုက်တယ်။ အဲဒါကတော့အန္တိခရစ်တော်ကို မွေးဖွားဖို့ပါပဲ။ ယေရှုခရစ်တော်ဟာဘုရားသခင်ရဲ့ လူသဏ္ဍာန်လို့ ယုံကြရင်အန္တိခရစ်တော်ဟာ စေတန်ရဲ့ လူသဏ္ဍာန်ပါပဲ။ခရစ်တော်ကဘုရားရဲ့ သားတော်ဆိုရင် ...
movie

The First Omen (2024)

Paul, Apostle of Christ (2018) 6.6
Paul, Apostle of Christ (2018)  ၂၀၁၈ ကထွက်ရှိခဲ့တဲ့ Paul, the Apostle of Christ ဟာအမေရိကန်သမ္မာကျမ်းလာရုပ်ရှင်ဇာတ်ကားတစ်ခုဖြစ်ပြီးAndrew Hyatt က ရိုက်ကူးပေးထားပါတယ်။တမန်တော်ပေါလ်အဖြစ် James Faulkner နဲ့ သူတော်စင်လု့ခ်အဖြစ် Jim Caviezel တို့က ပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ Jim Caviezel ဟာ ၂၀၀၄ ခုနှစ်ကရုပ်ရှင် ThePassion of the Christ မှာလည်း ယေရှုအဖြစ်ပါဝင်သရုပ်ဆောင်ခဲ့ဖူးသူဖြစ်ပါတယ်။Paul, the Apostle of Christ ကတော့ ပေါလ်ရဲ့ဇာတ်ကြောင်းကိုရိုက်ကူးထားတာဖြစ်ပါတယ်။ခရစ်ယာန်တွေကို ရက်ရက်စက်စက်နှိပ်ကွပ်တတ်သူဖြစ်တဲ့ပေါလ်ဟာ ခရစ်ယာဘာသာဝင်အဖြစ်ကူးပြောင်းပြီးတဲ့နောက် ခရစ်ယာန်ဘာသာအတွက်အကြီးမားဆုံးအကျိုးပြုသူတစ်ဦးဖြစ်လာခဲ့ပါတယ်။ရောမမှာ ဧကရာဇ်နီရိုရဲ့ကွပ်မျက်မှုမခံရခင် အစောပိုင်းကာလချာ့ချ်ကျောင်းတွေပေါ်ပေါက်လာရေးအတွက်အရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်ခဲ့ပုံကို အဓိကရိုက်ကူးပြထားပါတယ်။ ပေါလ်ဟာ ခွင့်လွှတ်မှုကိုလက်ကိုင်ထားသူဖြစ်ပြီး ဒီအယူအဆက ဒီနေ့ခေတ်မှာမဖြစ်နိုင်တော့တဲ့အရာတစ်ခုဖြစ်လာလုနီးပါးဖြစ်လာပေမယ့်အမှန်တကယ်လိုအပ်တဲ့အရာတစ်ခုလည်းဖြစ်တယ်ဆိုတာကိုပုံဖော်ပြထားပါတယ်။ ပေါလ်ရဲ့နောက်ဆုံးနေ့ရက်တွေမှာလု့ခ်က ဆရာဖြစ်သူကိုတွေ့ရဖို့ အကြိမ်ကြိမ်အသက်စွန့်ပြီးပေါလ်ရဲ့ဘဝအတွေ့အကြုံနဲ့အဆုံးအမတွေကို မှတ်တမ်းတင်ရေးသားခဲ့ပုံတွေကိုလည်း မြင်တွေ့ရပါတယ်။ Paul, theApostle of Christ ရုပ်ရှင်ဟာ Grace Award for Movies ...
movie

Paul, Apostle of Christ (2018)

House of Gucci (2021) 6.9

House of Gucci (2021)

4K HEVC Web-DL
Double Team (1997) 4.8
Double Team (1997) Double Team (1997)_____IMDb - 4.8/10     ဒီနေ့အတွက် ကျွန်တော်(စိုးထွေး)ရဲ့(၁၆)ကားမြောက်ဇာတ်ကားလေးကိုပရိတ်သတ်တွေဆီမိတ်ဆက်ပေးလိုက်ပါပြီ။ ဒီဇာတ်ကားအညွန်းကိုမပြောခင် ကျွန်တော် ပရိတ်သတ်တွေအကြောင်းကိုအရင်ပြောချင်ပါတယ် ။ ကျွန်တော်တို့တင်တဲ့ဇာတ်ကားတွေရဲ့အောက်မှာရေးတဲ့ ပရိတ်သတ်တွေရဲ့Commentတွေကို ကျွန်တော်တို့အမြဲတန်း လေးလေးစားစားဖတ်ပါတယ်။ ပရိတ်သတ်တွေတောင်းဆိုသမျှဇာတ်ကားတွေကိုလည်း အတတ်နိင်ဆုံးလုပ်ပေးနိင်အောင် ကျွန်တော်တို့ညီအစ်ကိုမောင်နမတွေအမြဲတစေကြိုးစားနေကြပါတယ်။ အခုတော့မင်းသားကြီးဗန်ဒိန်းဇာတ်ကားကို တောင်းဆိုသူတွေလည်းအများကြီးတွေ့ခဲ့လို့ ကျွန်တော်ဘာသာပြန်ဖြစ်ခဲ့တာပါ။    ဒီဇာတ်ကားလေးကတော့ကြာပါပြီတော်တော်လေးကိုကြာနေပါပြီ။ ဇာတ်လမ်းအစမှာဦးနှောက် အရမ်းကောင်းမွန်တဲ့ထိပ်သီးလူဆိုးခေါင်းဆောင်စတားဘရို့ကို ဖမ်းဆီးဖို့တာဝန်ယူရသည့် အေဂျင့်ဂျက်ကွင်း . . . သူ့ရဲ့မတော်တဆမှုတခုကြောင့်စတားဘရို့ရဲ့ရင်သွေးငယ်သေဆုံးသွားပြီးနောက် ဂျက်ကွင်း ကိုအညို းထားပုံ၊ ဂျက်ကွင်းရဲ့ကိုယ်ဝန်သည်ဇနီးကို ပြန်ပေးဆွဲထားပြီးဂျက်ကွင်းကိုလက်စားချေဖို့ကြို းပန်းပုံ၊ စတားဘရို့ရဲ့လက်ထဲကသားနဲ့ဇနီးကိုဂျက်ကွင်း ဘယ်လိုကယ်တင်မလဲစသဖြင့်မင်းသားကြီးဗန်ဒိန်းရဲ့ အက်ရှင်အလန်းများနဲ့စတားဘရို့ရဲ့သရုပ်ဆောင် ကောင်းမှုတွေကြောင့် ဇာတ်ကားကောင်းတစ်ကားအဖြစ်ညွန်းဆိုလိုက်ပါတယ်။    (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ဘာသာပြန်ရေးသားသူကတော့ CM Team မှ Ko Soe Htwe ဖြစ်ပါတယ်။)  File Size                          : 850 MB Quality   ...
movie

Double Team (1997)

1997