Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Marika Green
5.2
[18+] Emmanuelle (1974)
[18+] Emmanuelle (1974)==================Erotic Literature တွေကိုအခြေပြုအောင်မြင်ခဲ့တဲ့ ရုပ်ရှင် တွေနဲ့ပတ်သက်ရင်အများကြီးပြေးမြင်စရာရှိသလိုချန်ထားလို့မရခဲ့တဲ့အထဲမှာ Lady Chatterley's Lover (1981), Lolita (1997) တို့ဟာအထင်ကရဖြစ်ပါတယ်။ အခုမိတ်ဆက်ပေးချင်တာကတော့ Lady Chatterley's Lover (1981) လို အဲ့ဒီခေတ်ကာလနာမည်ကျော်ဝတ္ထုကိုအခြေခံခဲ့တဲ့အောင်မြင်ခဲ့တဲ့ ပြင်သစ်ရဲ့ Emmanuelle Franchise ကြီးနဲ့ပါပဲ။၁၉၆၇ မှာထွက်ရှိခဲ့တဲ့ Emmanuelle Arsanရဲ့ Erotic novel တစ်အုပ်ဖြစ်တဲ့(Emmanuelle: The Joys of a Woman) ကိုအခြေခံရိုက်ကူးခဲ့တဲ့ Emmanuelle ပထမရုပ်ရှင်ဟာမင်းသမီး Sylvia Kristel ကိုဇာတ်ကောင်နဲ့တစ်သားတည်းကျသွားစေတဲ့အထိ သြဇာကြီးခဲ့ပြီး အခုချိန်ထိပြင်သစ်ရဲ့အအောင်မြင်ဆုံးရုပ်ရှင်တွေစာရင်းမှာလည်းပါဝင်နေတုန်းပဲဖြစ်ပါတယ်။နောက်ပိုင်း နောက်ဆက်တွဲရုပ်ရှင်တွေရိုက်ခဲ့သလို အီတလီ၊ဂျပန်၊အမေရိကန်၊ဟောင်ကောင်တို့ကပါ ဒီဇာတ်ကောင်ကိုယူပြီး ဇာတ်လမ်းတွေအမျိုးမျိုးရိုက်ခဲ့တဲ့အထိပေါက်ရောက်ခဲ့ပါတယ်။အဲ့ဒါတွေထဲက အီတာလျံမူဖြစ်တဲ့ "Black Emanuelle" ဇာတ်ကားတွဲတွေဟာ ထင်ရှားပါသေးတယ်။ ဒီကားတွေထဲကမှဇာတ်လမ်းကောင်း ရုပ်ရှင်ကွာလတီကောင်းကောင်းရှိတဲ့ကားတွေပဲရွေးချယ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခု ပထမဆုံးဒီ franchise ကြီးရဲ့မြစ်ဖျားခံရာ ပထမဆုံးကားမှာတော့ အီမန်နျူရယ်ကိုပြင်သစ်သံအမတ်တစ်ယောက်ရဲ့ပျင်းရိနေတဲ့အိမ်ရှင်မတစ်ယောက်အဖြစ်တွေ့မြင်ရမှာပါ။ သူ့ခင်ပွန်းသည်တာဝန်ကျရာထိုင်းနိုင်ငံကိုလိုက်သွားခဲ့တဲ့ ...
movie
[18+] Emmanuelle (1974)
5.3
By the Sea (2015)
By the Sea ( 2015 ) =============== ချစ်ခင်စုံမက်၊နှစ်သက်ဖွယ်မှန်သမျှနဲ့ တစ်ချိန်မှာ ကွေကွင်းရမှာဘဲလို့ ငါဘုရား အကြိမ်ကြိမ် ပြောခဲ့ပြီးပြီ အာနန္ဒာ၊ မြဲတယ်ဆိုတာ ဘာတစ်ခုမှ မရှိဘူး။ >> ပရိနိဗ္ဗူနသုတ် <<တစ်ချိန်ကသိပ်ချစ်ခဲ့ပြီး ကလေးပေါင်းများစွာအတူမွေးစားခဲ့ကြတဲ့ ဘရက်ပစ်နဲ့ အိန်ဂျလီနာဂျိုလီတို့ လင်မယားလည်း မြဲတယ်ဆိုတာမရှိတဲ့ တရားအတိုင်းပဲ လိုက်သွားပါပြီ။ ဒီရုပ်ရှင်ကတော့ အိမ်ထောင်ရေးပြိုကွဲ လုနီးနီးလင်မယားနေရာက သူတို့ကိုယ်တိုင် သရုပ်ဆောင်ခဲ့ဖူးတဲ့ရုပ်ရှင်ပါ။ အိန်ဂျလီနာဂျိုလီကိုယ်တိုင် ဇာတ်ညွှန်းရေးပြီး ရိုက်ကူးထားတာပါ။ဇာတ်လမ်းကတော့ မြုံနေလို့ ဆက်ဆံရေးမပြေမလည်ဖြစ်နေတဲ့ လင်မယား နှစ်ယောက် ဆက်ဆံရေးပြေလည်အောင် သူ့နာမည်အတိုင်း ပင်လယ်ကြီးရဲ့ ဘေးက ဟိုတယ်တစ်ခုမှာ၊ ပြန်လည်အားထုတ်ကြတဲ့အကြောင်းပါ။ဂျိုလီဟာ နာမည်ကျော်သရုပ်ဆောင်ဖြစ်ရုံတင်မကဘဲ ဒါရိုက်တာလုပ်ရာမှာလည်း ကားနည်းနည်းပဲရှိသေးပေမဲ့ အကုန်နီးပါးကောင်းသလို သူ့ဒီကားကလည်း ကားကောင်းတစ်ကားပါပဲ။ မထီတထီနဲ့ ခန့်တဲ့ဘရက်ပစ်နဲ့ ဆက်စီကျလှတဲ့ ဂျိုလီကို တွဲမြင်ရမှာနဲ့တင် တန်နေပါပြီ။ ဂျိုလီရဲ့မပေါ့်တပေါ်အခန်းတစ်ချို့ ပါတာမို့ မိသားစုနဲ့ကြည့်လို့တော့ အဆင်မပြေပါဘူး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ W ဖြစ်ပါတယ်) File Size..........(1.74 GB) / (564 MB) / (384 MB) Quality............WebDL 1080p / 720p / 480p Duration.........2Hrs ...
movie
By the Sea (2015)
2015