Channel Myanmar

Marijana Jankovic

The House That Jack Built (2018) 6.8
The House That Jack Built (2018) The House that Jack Built(2018) IMDb: 6.8/10 Rotten Tomatoes: 60% Genre: Psychological Horror/ Psychological Thriller "ဂျက်ခ်တည်ဆောက်ခဲ့တဲ့အိမ်လေး" တဲ့ရုပ်ရှင်ခေါင်းစဉ်က။မသိရင်ပဲ သာယာလှပတဲ့ ရုပ်ရှင်လိုလိုနဲ့။ တကယ်တမ်းဒီရုပ်ရှင်ကအတော်လေးစိတ်ညစ်ဖို့ကောင်းပါတယ်။ တကယ်လည်းကောင်းတဲ့ ရုပ်ရှင်ပဲဖြစ်ပါတယ်။American Psycho ကြိုက်ရင် ဒီရုပ်ရှင်ကိုသဘောကျမှသေချာပါတယ်။ ကျွန်တော်ကအကျင့်တစ်ခုရှိတယ်။ အဲဒါက ရုပ်ရှင်တစ်ခုကို ဘာသာမပြန်ချင် အဲဒီရုပ်ရှင်နဲ့ပတ်သက်သမျှကို လိုက်ရှာကြည့်တာ။ ရှာကြည့်တော့ တကယ်ပဲ ဒီရုပ်ရှင်က လူကြိုက်များလှပါတယ်။ တချို့ဆိုရင် ရုပ်ရှင်ဝေဖန်ရေးသမားတွေပြောတာကိုနားမယောင်နဲ့။ ဒီရုပ်ရှင်ကိုကြည့်ဖြစ်အောင်ကြည့်လို့ဆိုပါတယ်။ တကယ်ပဲကောင်းတယ်လို့ပြောပါရစေ။ဇာတ်ညွှန်း ဂျက်ခ် ဟာ OCD ရောဂါခံစားနေရတဲ့ စိတ်ရောဂါရှင် ကွင်းဆက်လူသတ်သမားတစ်ယောက်ဖြစ်ပါတယ်။ သူဟာလူကိုကြုံရင်ကြုံသလိုသတ်နေတဲ့လူတစ်ယောက်လည်းဖြစ်ပါတယ်။ သူဟာလူသတ်ရတာကိုအနုပညာမြောက်တယ်လို့ထင်နေပြီး လူသတ်တာကိုပဲပျော်မွေ့နေတဲ့လူဖြစ်ပါတယ်။ သူ့ရဲ့အယူအဆတွေက တကယ့်လက်တွေ့လောကနဲ့လုံးဝကိုဆန့်ကျင်နေပြီး အတော်လေးလည်းကြောက်ဖို့ကောင်းလှပါတယ်။ သူဘယ်နှစ်ယောက်ထိထပ်ပြီးတော့သတ်နိုင်မှာလဲ။ ဘယ်လိုဆက်ဖြစ်မှာလဲဆိုတာကိုကြည့်လိုက်ပါ။ ကြည့်နေရင်းနဲ့ သူ့ရဲ့အယူအဆတွေကိုတောင်လက်ခံမိမလိုလို ဘာသာပြန်ရင်းဖြစ်သွားပါသေးတယ်။ဂျက်ခ်အဖြစ်သရုပ်ဆောင်ထားတဲ့ မင်းသား Matt Dillion ဟာလည်းအတော်လေးကိုသရုပ်ဆောင်ကောင်းလှပါတယ်။ ဒီဇာတ်လမ်းလေးကိုတော့ ၁၂ နှစ်တာကာလအတွင်းမှာ သူသတ်ခဲ့တဲ့လူတွေအကြောင်းကိုပြန်ပြောပြတဲ့ပုံစံနဲ့ ဖော်ဆောင်သွားမှာဖြစ်ပါတယ်။ File size…    4.5 GB / 1.5 GB Quality… ...
movie

The House That Jack Built (2018)

2018
Department Q: The Keeper of Lost Causes(2013) 7.2
Department Q: The Keeper of Lost Causes(2013)  ဟောလိဝုဒ်ကားတွေ အကြည့်များလို့ ရိုးနေရင် အပြောင်းအလဲလေးဖြစ်အောင် စတိုင်ပြောင်းကြည့်လို့ကောင်းတဲ့ ဒိန်းမတ်စုံထောက်ကားလေးဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးရဲ့ ဇာတ်လိုက်ကျော် ကားလ်ဆိုတဲ့စုံထောက်က ခေါင်းမာတယ် လူ့ဂွစာ အပေါင်းအသင်းမရှိဆိုပေမယ့်အရည်အချင်းလေး ရှိပြီး တစ်ဇွတ်ထိုးလုပ်တတ်သူ ဖြစ်ပါတယ်။တစ်ရက် သူ့ရဲ့ခေါင်းမာမှုကြောင့် တွဲဖက်တွေက သေတာတို့ ဒုက္ခိတဖြစ်တာတို့ ရှိပြီး သူ့ကိုလည်း Q ဌာနလို့ခေါ်တဲ့ ဌာနအသစ်တစ်ခုကိုရာထူးချလိုက်ပါတော့တယ်။ ဒီ Q ဌာနဆိုတာက ဝန်ကြီးဌာနကအသစ်ဖွဲ့စည်းထားတာဖြစ်ပြီး လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်ကပိတ်သိမ်းထားတဲ့အမှုတွေကို ပြန်စစ်ပြီး စာရင်းသွင်းရတဲ့ ပျင်းစရာဌာနတစ်ခုပေါ့။ ဝန်ထမ်းဆိုလို့ အရာရာကို အကောင်းမြင်စိတ်ရှိတဲ့အာဆတ်ဆိုတဲ့တစ်ယောက်ပဲ ရှိတယ်။ဒီလိုနဲ့ လူပျော်အာဆတ်နဲ့ဦးစိတ်တို ကားလ်တို့ ပျင်းစရာအမှုတွေ စစ်ဖို့ လုပ်ရင်း လွန်ခဲ့တဲ့၅ နှစ်က ထူးခြားတဲ့အမှုတစ်ခုကို ပြန်တွေ့သွားပါတယ်။ ဘာအမှုလည်းဆိုတော့ ဦးနှောက်မကောင်းတဲ့ မောင်ဖြစ်သူကို ပြုစုပေးနေတဲ့ကျန်းမာရေးနယ်ပယ်က အမျိုးသမီးတစ်ယောက် ဖယ်ရီသင်္ဘောပေါ်ကနေခုန်ချ သတ်သေတယ်ဆိုတဲ့အမှုပါ ကိုယ့်ကိုကိုယ်သတ်သေတယ်ဆိုပြီးအမှုပိတ်ထားတာပါ။ ဒီလိုနဲ့ နှစ်ယောက်သား မသင်္ကာလို့ အမှုပြန်ဖွင့်ပြီး လိုက်ကြတဲ့အခါနောက်ကွယ်က ...
movie

Department Q: The Keeper of Lost Causes(2013)