Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Marie-Charlotte Leclaire
Tall Tales from the Magical Garden of Antoon Krings (2017)
Tall Tales from the Magical Garden of Antoon Krings (2017)အသွင်သစ်နဲ့ အမြင်ဆန်းမယ့် ပိုးကောင်ကမ္ဘာကို တစ်ခါလောက်အလည်သွားကြရအောင်...ပိုးကောင်လေးတွေမှာလည်း နေ့ထွက်ပိုးကောင်ရှိသလို ညဘက်မှာမှထွက်ကြတဲ့ပိုးကောင်လေးတွေလည်း ရှိကြတယ်မလား? အဲ့ဒီလို နေ့နဲ့ညကွဲနေလို့လည်း ပိုးကောင်လေးတွေကခွဲခြားဆက်ဆံခံရတာတွေရှိပါသတဲ့။ဇာတ်လိုက်ကျော်ကတော့ ပန်းဉယျာဉ်လေးကို အသက်ဝင်အောင် ကာကွယ်ပေးနေတဲ့ ပျားအုံဘုရင်မ မက်ဂွါရီလေးပါ။ ပျားဘုရင်မတို့တာဝန်အတိုင်း လုပ်သားပျားတွေကို စောင့်ရှောက်ရတယ်။ ပျားရည်ထုတ်လုပ်တဲ့နေရာမှာ စီစဉ်ရတယ်။ ပျားအကောင်ပေါက်လေးတွေကိုလည်း ပြုစုရတယ်။ တာဝန်တွေအရမ်းများလွန်းပြီး လွတ်လပ်မှုတွေဆုံးရှုံးရတာကြောင့် သာမာန်ပိုးကောင်လေးပဲ ဖြစ်ချင်ပါတယ်ဆိုပြီး အမြဲတမ်းဆုတောင်းနေခဲ့သူပါ။တစ်နေ့မှာ နယ်လှည့်အနုပညာရှင် နှံကောင်လေးတစ်ကောင် မက်ဂွါရီတို့ ဥယျာဉ်ထဲကို ရောက်လာပါတယ်။ သူစိမ်းပိုးကောင်ရောက်လာလို့ အားလုံးက သတိနဲ့နေကြပေမယ့် ဝင်ဒီလို့ခေါ်တဲ့ နကျယ်ကောင်ကတော့ နှံကောင်လေးနဲ့ အပေးအယူလုပ်ဖို့ ချည်းကပ်ခဲ့ပါတယ်။ပျားပိတုန်းတွေနေထိုင်တဲ့ ဥယျာဉ်ထဲမှာ နကျယ်ကောင်နဲ့နှံကောင်တို့ ဘယ်လိုအပေးအယူလုပ်ခဲ့ကြလဲ ? ပိုးကောင်တို့ကမ္ဘာကရော ကိုယ်တွေထင်သလို ရိုးရှင်းကြရဲ့လားဆိုတာကို ဘဝအမောတွေဖြေရင်း အားလပ်ရက်မှာ အေးအေးဆေးဆေးလေး ကြည့်လိုက်ကြရအောင်နော်... File size… 1 GB / 491 MB Quality… WEB-DL 1080p ...
movie
Tall Tales from the Magical Garden of Antoon Krings (2017)
Dealing with Christmas (2023)
ခရစ်စမတ်အတွက် လောလောလတ်လတ်ထွက်ရှိထားတဲ့ ဟာသရုပ်ရှင်ဖြစ်ပါတယ်။ခရစ်စမတ်အကြိုနေ့မှာ ဂရက်လို့ခေါ်တဲ့ ရဲအရာရှိတဦးဟာ သမီးငယ်ဖြစ်သူအတွက် အချိန်မပေးနိုင်ဘဲ မစ်ရှင်ထမ်းဆောင်ဖို့ရာကိုပဲ စိတ်ဆုံးဖြတ်ခဲ့ပါတယ်။ ဂရက် သမီးလေးရဲ့ခရစ်စမတ်ဆုတောင်းကတော့ သူ့အဖေကို သူ(မ)အရမ်းကြိုက်တဲ့ ခရစ်စမတ်ရုပ်ရှင်ထဲက လေးစားအားကျရတဲ့ ရစ်ချက်ဆီလီစတုန်းလို အဖေတယောက်ဖြစ်လာစေဖို့ပါ။သမီးငယ်လေးရဲ့ဆုတောင်းကို သိလိုက်ရတဲ့ဆန်တာကလော့စ်ဟာ ဂရက်နဲ့ရစ်ချက်တို့ကို ကမ္ဘာချင်းလဲလိုက်ပါတယ်။ ရစ်ချက်ဟာ တကယ့်ကမ္ဘာက ရဲအရာရှိဖြစ်သူ ဂရက်ရဲ့ကိုယ်ထဲကိုရောက်ရှိသွားပြီး ဂရက်ကတော့ ရုပ်ရှင်ကမ္ဘာထဲက ရစ်ချက်နေရာကိုရောက်ရှိသွားပါတယ်။ ဒီလိုနဲ့ ဂရက်က ရုပ်ရှင်ထဲကရစ်ချက်ရဲ့ မိသားစုပြဿနာတွေကိုဖြေရှင်းပေးနေတဲ့အချိန် ရစ်ချက်ကတော့ လက်တွေ့ကမ္ဘာက ရဲအရာရှိ ဂရက်ရဲ့မစ်ရှင်ကို ပြီးပြတ်အောင်လုပ်ပေးပြီး ခရစ်စမတ်နေ့မှာ သမီးလေးအတွက်အချိန်ပေးနိုင်အောင် ကြိုးစားကြပါတော့တယ်။ဂရက်နဲ့ ရစ်ချက်တို့ရဲ့ ဟာဟတွေ တလွဲတွေကို ပေါ့ပေါ့ပါးပါးကြည့်ရှုလို့ရအောင် ရိုက်ကူးထားတာမလို့ ဘ၀အမောတွေပြေပျောက်စေမယ့် ဟာသရုပ်ရှင်လေးဖြစ်ကြောင်း ညွှန်းဆိုပေးလိုက်ပါတယ်။ File size…(1.7 GB)/(983 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:34:00 Genre...Comedy, Adventure, Action Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by ...
movie
Dealing with Christmas (2023)