Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Marie Brandt
6.0
Deception (2008)
နာမည်ကြီးမင်းသားတွေဖြစ်တဲ့ X-Men မင်းသားHugh Jackman နဲ့ Ewan McGregor တို့အပြိုင်ပါဝင်သရုပ်ဆောင်ထားတဲ့ Deception ကတော့ MysteryThriller နဲ့ Drama အမျိုးအစားဖြစ်ပါတယ်။နယူးယောက်ရဲ့ကော်ပိုရေးရှင်းလုပ်ငန်းကြီးတွေမှာစာရင်းစစ်အနေနဲ့လှည့်လည်လုပ်ကိုင်နေတဲ့ဂျိုနသန်ဟာတစ်ရက်မှာ ရှေ့နေဝှိုက်ဆိုသူနဲ့သိကျွမ်းပြီး သူငယ်ချင်းတွေဖြစ်သွားခဲ့ပါတယ်။ဝှိုက်ကတစ်ဆင့် တရားမဝင်လိင်အပန်းဖြေကလပ်တစ်ခုထဲရောက်သွားပြီး အက်စ်လို့သာသိရတဲ့ကောင်မလေးတစ်ယောက်ကိုတကယ်ချစ်မိသွားခဲ့ပါတယ်။တစ်ရက်မှာတော့ ဂျိုနသန်နဲ့အက်စ်တို့ရဲ့ဟိုတယ်ဒိတ်တစ်ခုမှာအက်စ်ကိုပြန်ပေးဆွဲသွားတဲ့အခါမှ ဝှိုက်ဆိုသူဟာ လူလိမ်၊လူသတ်သမားတစ်ဦးဖြစ်နေမှန်းသိလိုက်ရပါတယ်။ကုမ္ပဏီကြီးတစ်ခုရဲ့တရားမဝင်ရန်ပုံငွေသန်း ၂၀ ကိုလွှဲပြောင်းမပေးဘူးဆိုရင် အက်စ်ကိုသတ်မယ်လို့ခြိမ်းခြောက်လာတဲ့အခါမှာတော့ သူချစ်တဲ့အက်စ်ကိုပြန်ရဖို့ ကိန်းဂဏန်းတွေကိုကျွမ်းကျင်ပိုင်နိုင်တဲ့စာရင်းစစ်ဂျိုနသန်တစ်ယောက် လည်လွန်းတဲ့လူလိမ်ဝှိုက်နဲ့ ဥာဏ်ရည်ပြိုင်ဆိုင်ရပါတော့တယ်။ File size…1.67GB / 756MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 47m Genre ….. Crime , Drama , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie
Deception (2008)
The Box (2009)
sci-fi, thriller ဇာတ်ကားဖြစ်ပြီး လူတွေရဲ့လောဘကြောင့် ဖြစ်လာနိုင်တဲ့နောက်ဆက်တွဲဆိုးကျိုးတွေအကြောင်းကို လျှို့ဝှက်ဆန်းကျယ်တဲ့ ဇာတ်လမ်းလှည့်ကွက်တွေနဲ့ရိုက်ပြထားတာပါဇာတ်လမ်းအကျဉ်း..... အာသာနဲ့နော်မာတို့ဟာ သားတစ်ယောက်နဲ့အတူပျော်ရွှင်တဲ့အိမ်ထောင်ရေးကိုပိုင်ဆိုင်ထားကြပြီး သူတို့ကိုယ်ပိုင်ကမ္ဘာလေးထဲမှာနေပျော်နေတဲ့သူတွေဖြစ်ပါတယ် တစ်နေ့မှာတော့ ထူးဆန်းတဲ့သေတ္တာတစ်လုံးရောက်လာပြီး သေတ္တာထဲကခလုတ်ကိုနှိပ်ရင် ဒေါ်လာ တစ်သန်းရမယ်ဆိုတဲ့ကမ်းလှမ်းချက်ကြီးကိုလက်ခံလိုက်ရတဲ့အချိန်မှာ.... လင်မယားနှစ်ယောက် လောဘကိုရှေ့တန်းတင်ပြီးရွေးမလား အကျိုးအကြောင့်ချင့်ချိန်ပြီးရွေးမလားဆိုတာကိုကြည့်ရှုရမှာပါ......လွယ်လွယ်မရတဲ့လောကကြီးမှာလောဘနောက်လိုက်မိသွားရင် ခံရမဲ့အကျိုးဆက်တွေကလည်း မနည်းပါဘူး ဒီဇာတ်လမ်းလေးကတော့ ငွေမြင်တဲ့အခါလူတွေစုံလုံးကန်းသွားတတ်ကြပုံကို ထူးခြားတဲ့ရှုထောင့်ကနေရိုက်ပြထားတာဖြစ်တဲ့အတွက် ကြည့်ကိုကြည့်သင့်တဲ့ကားကောင်းလေးတစ်ကားဖြစ်ပါတယ် File size…(1.6 GB)/(876 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:55:00 Genre...Thriller, Science Fiction Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn
movie
The Box (2009)
6.9
The Devil Wears Prada (2006)
The Devil Wears Pradaဆိုတဲ့ ဇာတ်လမ်းနာမည်လေးအတိုင်းပါပဲ။ Pradaဒေါက်ဖိနပ်စီးပြီး ဖက်ရှင်မဂ္ဂဇင်းလောကရဲ့ ဒိတ်ဒိတ်ကြဲအမျိုးသမီးတစ်ဦးနဲ့ ကြုံဆုံခဲ့ရပုံကို ရိုက်ကူးထားတဲ့ကားလေးပါပဲ။ ပေါ့ပေါ့ပါးပါးဟာသလေးတွေနဲ့ကြည့်ကောင်းပြီး ဆုတွေအများကြီးရခဲ့တဲ့ကားပါ။ ဇာတ်လမ်းထဲက မဂ္ဂဇင်းအယ်ဒီတာချုပ် မီရန်ဒါ ပရိစ်စလီဟာဆိုရင် အလုပ်ကို အရမ်းကြိုးစားသူ၊ လက်အောက်ငယ်သားတွေက စက်စက်ယိုအောင်ကြောက်ရသူပေါ့၊ တစ်ခါတလေကျ သူ့လက်ထောက်ကို ဖြစ်နိုင်မဖြစ်နိုင်မသိ ခိုင်းချင်ရာခိုင်းပြီး ကြပ်တတ်ပါသေးတယ်။ ဘယ်လိုလဲဆိုရင်တော့ ဟယ်ရီပေါ်တာစာအုပ်ရဲ့ မထွက်သေးတဲ့ စာမူကိုရအောင်ယူခိုင်းတာမျိုးပါ။ ဒီဇာတ်ကောင်နဲ့ သူ့ရဲ့ ဟာသတချို့ဟာ အင်္ဂလန်ဘုရင်မ Queen Elizabeth IIကို ဇာတ်လမ်းထဲပုံဖော်ထားပါ။လက်ထောက်ဖြစ်သူက ကော်ဖီလာမပို့သေးလို့ "ကော်ဖီမရောက်သေးပါလား၊ သူသေသွားပြီလား"မေးလို့မေး ဟာရီကိန်းမုန်တိုင်းတိုက်နေတာကို "မိုးဖွဲလေးကျနေတာပါ"လို့ ပြောလို့ပြော တစ်ခုခုခိုင်းပြီးရင် "ဒါပဲ"ဆိုပြီး ပြောလွှတ်တတ်တဲ့ မူဟန်လေးတွေထည့်သွင်းရိုက်ကူးထားတာပါ။ ဇာတ်လမ်းအကျဉ်းအနေနဲ့ သတင်းထောက်ဖြစ်ချင်သူ အန်ဒီဟာ အလုပ်ရှာနေရင်းနဲ့မှာ နာမည်ကြီးဖက်ရှင်အယ်ဒီတာချုပ်ရဲ့လက်ထောက်အဖြစ်အလုပ်ရသွားပါတယ်။ သူလုပ်ချင်တာတော့ စာရေးချင်တာပါ။ ဒါပေမဲ့ ဒီအလုပ်မှာတော့ ကော်ဖီယူပေး ဖုန်းကိုင်ပေးနဲ့ စာမရေးရတဲ့အပြင် အယ်ဒီတာ့စိတ်ကြိုက်အတိုင်းနေပေးရပါတယ်။ ...
movie
The Devil Wears Prada (2006)