Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Marianne Ebert
6.5
War of the Worlds (2005)
War of the Worlds (2005)IMDb Rating (6.5) / Rotten Tomatoes (76%)ဒီဇာတ်ကားက ဒါရိုက်တာကြီး Steven Spielberg ရဲ့လက်ရာဖြစ်ပြီး မင်းသား Tom Cruise , မင်းသမီး Dakota Fanning က ကလေးသရုပ်ဆောင်တို့အဖြစ် အဓိကပါဝင်ထားပါတယ်။ နာမည်ကြီး ဂန္တဝင်စာရေးဆရာ H.G Wells ရဲ့ Science fiction ဝတ္ထုဖြစ်တဲ့ " War of the Worlds ” ကိုရိုက်ကူးပုံဖော်ထားတဲ့ရုပ်ရှင်ကားဖြစ်ပါတယ်။ဇာတ်လမ်းကတော့...ရေးဖာရာက သင်္ဘောကျင်းမှာ ကုန်တင်ကုန်ချလုပ်တဲ့ ကရိန်းအော်ပရေတာတစ်ယောက်။ သမီးတစ်ယောက် သားတစ်ယောက်ရှိပေမဲ့ ဇနီးဖြစ်သူနဲ့အိမ်ထောင်ကွဲနေတာကြောင့် သူနဲ့အတူမနေကြပါဘူး။ တစ်ရက် ဇနီးဖြစ်သူက သူ့ရဲ့နောက်ယောကျ်ားနဲ့အတူ ဘော်စတွန်မှာရှိတဲ့မိခင်ဖြစ်သူဆီသွားမှာမို့ ရေးဆီကို ရက်ပိုင်းလောက်နေဖို့ သားနဲ့သမီးကို လာပို့သွားပါတယ်။ သားဖြစ်သူက ဆယ်ကျော်သက်ဆိုတော့ ရေးနဲ့မတည့်ပေမဲ့ ဉာဏ်ကောင်းတဲ့သမီးငယ်လေးကတော့ အဖေကိုချစ်ရှာပါတယ်။အဲ့လိုနေနေကြတုန်းမှာပဲ ရေးတို့သားအဖတွေနေတဲ့နေရာမှာ လျှပ်စီးမုန်တိုင်းတွေတိုက် မိုးကြိုးတွေတရပ်စပ်ပစ်ပါတော့တယ်။ အကုန်ငြိမ်သွားတဲ့အချိန် မြေကြီးမှာ အက်ကြောင်းရာကြီးဖြစ်ပြီး ဘာမှန်းမသိတဲ့အရာကြီးတွေပေါ်လာပါတယ်.... ကမ္ဘာကြီးက ...
movie
War of the Worlds (2005)
4K HEVC
City Island (2009)
City Island (2009) ============= IMDb Rating - 7.4/10ဇာတ်လမ်းလေးကတော့ ပျော်ရွှင်စရာမိသားစုကမ္ဘာလေးပေါ့။ မျက်နှာချင်း တိုင်းခဏတဖြုတ်ပဲ လေပေးဖြောင့်တဲ့ ရစ်ဇိုတို့လင်မယားမှာ သားသမီးနှစ် ယောက်ရှိတယ်။ ယောက်ျားဖြစ်သူ ဗင့်စ်ဟာ အကျဉ်းဦးစီးအရာရှိတစ်ဦး ဖြစ်ပြီး မိန်းမဖြစ်သူ ဂျွိုင်ဆီကို ကြောက်နေရတယ်။ မိန်းမမသိအောင် ဆေး လိပ်တောင်ခိုးသောက်ရတဲ့ဘဝ။ ဂျွိုင်ဆီကလည်း ကြမ်းကြမ်းတမ်းတမ်း။သူတို့သမီးလေး ဗီဗီယန်ကို ကောလိပ်ကျောင်းတက်နေတယ်လို့သိထားပေ မယ့် တကယ်တမ်းက အဖော်အချွတ်မယ်လုပ်ပြီးမိဘတွေမသိအောင်ပိုက်ဆံ ရှာနေသူပါ။သားဖြစ်သူ လူပျိုပေါက်အရွယ် ဗင်နီဟာ ကိုယ့်ကိုယ်ကို ကျောင်း ထက်ပိုတော်တယ်လို့ထင်ပြီး အမြဲကျောင်းပြေးနေသူ။ ဒီလိုနဲ့ ဗင့်စ်နဲ့ အမျိုး သမီးတစ်ယောက်နဲ့ တစ်ချိန်တစ်ခါက လက်သွန်ကြက်သွန်ဖြစ်ပြီးမွေးလာတဲ့ သားတစ်ယောက်က ဒီလိုအကြောင်းပြချက်ကိုယ်စီရှိတဲ့ မိသားစုထဲကို ရောက် လာတဲ့အခါမှာတော့..........(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Tin Myo Lwin ဖြစ်ပါတယ်)File Size..........(2 GB) / (851 MB) Quality............WEB-DL 1080p / 720p Duration........1Hr 44Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Drama Translator......Tin Myo Lwin Encoder..........SWM
movie
City Island (2009)
2009