Channel Myanmar

Maria Tedeschi

The Name of the Rose (1986) 7.7
The Name of the Rose (1986)  ဒီကားကတော့ James Bond မင်းသားကြီး Sean Connery ရဲ့ 1986 မှာ ထွက်ခဲ့တဲ့ Mystery/thriller ကားကောင်းတစ်ခုပဲဖြစ်ပါတယ်။ဒီဇာတ်ကားကို အလယ်ခေတ်က ခရစ်ယာန် ကျောင်းတိုက်တစ်ခုမှာနေရာယူထားပါတယ်။ ဒီကျောင်းတိုက်က ကိုယ်တော်တွေ ထူးထူးဆန်းဆန်း ‌သေဆုံးလာကြတဲ့အချိန်မှာ အကုန်လုံးက နတ်ဆိုးကြောင့်လို့ထင်ခဲ့ပါတယ်။အဲဒါနဲ့ပဲ ကျောင်းတိုက်ဟာ ကိုယ်တော် ဝီလီယမ်ကို ဒီလူသေမှုတွေကို စုံစမ်းဖို့အကူအညီ တောင်းလိုက်ပါတယ်။ ကိုယ်တော် ဝီလီယမ်ဟာ တခြားသူတွေလို သဘာဝလွန် စွမ်းအားတွေကြောင့်ဖြစ်နေတာလို့မယူဆပဲ လူသေမှုတွေကို အချက်အလက်ကျကျ လိုက်ပြီးစုံစမ်းပါတော့တယ်။ဒီကားထဲမှာ ခရစ်ယာန် ဘုန်းတော်ကြီးတွေရဲ့ ဘာသာရေး အစွန်းရောက်ယုံကြည်မှုတွေနဲ့ ကိုယ်တော် ဝီလီယမ်ရဲ့ ယုတ္တိကျကျ တွေးခေါ် တတ်ပုံတွေနဲ့ အားပြိုင်တာကို တွေ့ရှိရမှာပါ။ File size…(2.9 GB)/(1.4 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….02:10:00 Genre...Drama, Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Alvaro
movie

The Name of the Rose (1986)

The Case of the Bloody Iris (1972) 6.4
The Case of the Bloody Iris (1972) The Case of the Bloody Iris (1972) ======================== IMDb Rating – 6.4/10၁၉၇၂ ထုတ် ပြင်သစ်ရုပ်ရှင်လေး ဖြစ်ပါတယ်။ ခေတ်ဟောင်း ပြင်သစ်ကား ဖြစ်တဲ့အတွက်လည်း အပေါ်ပိုင်းဗလာကျင်းတွေ ပါနေတာတွေကို သတိထား စေလိုပါတယ်။ ဇာတ်လမ်းလေးကတော့ တိုက်ခန်းရောင်းတဲ့ အန်ဒရူးတစ် ယောက် သူရောင်းတဲ့တိုက်က လူမည်းမလေး မီဇာကို သဘောကျနေတာပေါ့။ မီဇာဆိုတာလည်း ဆောင်ကြာမြိုင်လိုမျိုးမှာ အလုပ်လုပ်နေတဲ့လူတစ်ယောက်ပါ။ပထမတော့ ဒီတိုက်မှာ ကောင်မလေးတစ်ယောက် သေတယ်။ နောက်ကျ မီဇာ လည်း ထူးဆန်းစွာနဲ့ ထပ်ပြီး အသတ်ခံရတယ်။ ဒီအချိန်မှာ အန်ဒရူးတစ်ယောက် နောက်ထပ် ကောင်မချောလေး နှစ်ယောက်နဲ့ ဆက်လက်ပြီး ခင်မင်ခဲ့တယ် ဂျနီဖာနဲ့ မယ်ရလင်တဲ့။ သူတို့ကို ဖြစ်ချင်တော့ မီဇာ သေဆုံးသွားတဲ့ တိုက်ခန်းကိုပဲ ရောင်းပြီး နေထိုင်စေခဲ့တဲ့အခါ အတိတ်ဟောင်းရှိသူ ဂျနီဖာကို အရိပ်တစ်ခုက ခြောက်လှန့်နေ ပါတော့တယ်။ ဒီလူသတ်မှုတွေဟာ ဆက်လက် ဖြစ်ပွားမလား ဖမ်းမိတော့မလားဆို တာလည်း တံဆိပ်ခေါင်းစု ဝါသနာပါတဲ့ စုံထောက်ကြီးက ထောက်လှမ်းနေမှာပါ။ နောက်ဆုံးချိန်ထိ ...
movie

The Case of the Bloody Iris (1972)

1972