Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
María Pedraza
The Courier (2024)
ဒီရုပ်ရှင်ကားဟာ စပိန်နိုင်ငံရဲ့ စီးပွားပျက်ကပ် နဲ့ ငွေကြေးခဝါချမှုတွေ ငွေကြေး လိမ်လည်မှုတွေကို နောက်ခံပြီး ဇာတ်လမ်းတည်ထားတာ ဖြစ်ပါတယ်။ အဓိက ဇာတ်ဆောင်ကတော့ Ivan ဆိုတဲ့ ဂေါဖ့်ကွင်းက အလုပ်သမားလေး ဖြစ်ပြီး တစ်နေ့မှာ မူးနေတဲ့ ကောင်စီဝင် တစ်ယောက်ကို ကားနဲ့ ပြန်ပို့ ရင်းနဲ့ သူ့ဘဝတိုးတက်လမ်းကို ရှာတွေ့သွားတာ ဖြစ်ပါတယ်။Anne ဆိုတဲ့ အမျိုးသမီးနဲ့ တွေ့ပြီး သူဟာ ငွေကြေးတွေကို လက်ဆွဲသေတ္တာထဲ ထည့်ပြီး တစ်နေရာကနေ တစ်နေရာကို ကူးပြီး ပို့ပေးရတဲ့ အလုပ်ကို စလုပ်ပါတော့တယ်။ သူ့ရဲ့ ပထမဆုံး အလုပ် လုပ်ရင်း Escamez ဆိုတဲ့ လူနဲ့ သိကျွမ်းခဲ့ပါတယ်။ ဒီလူကလည်း ငွေကြေးတွေကို သယ်ပို့ပေးသူ ဖြစ်ပြီး ကော်မရှင်ခအနေနဲ့ ငွေကြေးရဲ့ 3% ကို ယူတာ ဖြစ်ပါတယ်။Ivan က Yannick ...
movie
The Courier (2024)
Awareness (2023)
လူတိုင်းသိကြတဲ့ Money Heist ထဲမှာ Berlin အနေနဲ့နာမည်ကြီးခဲ့ပြီး၊ Berlin ဇာတ်ကောင်နဲ့ပဲ spin-off series ထပ််ထွက်ဦးမယ့် စပိန်မင်းသားကြီး Pedro Alonso ပါဝင်သရုပ်ဆောင်ထားတဲ့ဇာတ်ကားသစ်လေးတစ်ကားကိုတင်ဆက်ပေးပါရစေ။Ian ဆိုတဲ့ကောင်လေးဟာ လူတွေကိုမရှိတဲ့အရာတွေကို မြင်အောင်လုပ်နိုင်တဲ့ ထူးဆန်းတဲ့စိတ်စွမ်းအားကိုပိုင်ဆိုင်ထားတဲ့လူငယ်လေးတစ်ယောက်ဖြစ်ပါတယ်။ ဒီလိုကြီးမားတဲ့စွမ်းအားရှိပါလျက်နဲ့ Ianဟာ သူ့အဖေအုပ်ထိန်းမှုအောက်မှာ သားအဖ ၂ယောက်အတူ မြို့အစွန်အဖျားလေးမှာပုန်းလျှိုးကွယ်လျှိုးနေထိုင်ရင်း အသေးစားဓားပြမှုလေးတွေကျူးလွန်ပြီးအသက်မွေးနေရရှာတယ်။သူ့ကို သူ့အဖေတစ်ယောက် ဘာကြောင့်များ လူ့အဖွဲ့အစည်းရဲ့အဝေးမှာ ဒီလိုစုတ်ချာပြီးအထီးကျန်တဲ့ဘဝမျိုးနဲ့နေခိုင်းသလဲဆိုတာကိုတော့ သူနားမလည်ခဲ့ဘူး။သူ့အဖေကတော့ သူ့ကိုလာဖမ်းပြီး ဓာတ်ခွဲခန်းထဲမှာ စမ်းသပ်မှုတွေလုပ်ချင်နေတဲ့သူတွေရှိတယ်ဆိုတာကိုပဲ အမြဲသတိပေးနေခဲ့တယ်။ မထင်မှတ်တဲ့အမှားတစ်ခုကြောင့် တစ်နေ့မှာ သူ့ အဖေစိုးရိမ်ခဲ့တဲ့အရာတွေတကယ်ဖြစ်လာခဲ့တဲ့အခါမှာတော့ Ian တစ်ယောက် အခက်အခဲများစွာရင်ဆိုင်လာရပါတော့တယ်။Ianတစ်ယောက် သူကိုယ်တိုင်တောင်နားမလည်တဲ့အရှုပ်တွေရဲ့ အလယ်ဗဟိုချက်ဖြစ်လာရပါတော့တယ်။ ထိုအရှုပ်တွေကြားမှာရော သူလိုက်ရှာနေတဲ့အဖြေတွေကိုရှာတွေ့နိုင်မှာလား။ သူ့ကိုယ်သူနဲ့ပတ်သက်ပြီးရော ဘယ်လိုအမှန်တရားတွေကိုတွေ့ရှိလာရမလဲ။ သူ့ရဲ့စွမ်းအားတွေကရော ဘယ်လိုဖြစ်တည်လာခဲ့သလဲဆိုတဲ့အဖြေများကိုဘယ်လိုရှာဖွေမလဲဆိုတာကို ဒီဇာတ်ကားလေးထဲမှာ စိတ်လှုပ်ရှားဖွယ်ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ File size…(1.6 GB)/(800 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:52:00 Genre...Mystery, Sci-fi. Thriller Subtitle….Myanmar ...
movie
Awareness (2023)
5.3
Who Would You Take to a Deserted Island?
Who would you take to a deserted island (2019) ပူလောင်လွန်းတဲ့ နွေရာသီရက်တစ်ရက်မှာ ကိုယ့်အိပ်မက်ဆီကို အရောက်သွားကြရတော့မယ့် လူငယ်လေးယောက်ရဲ့နှုတ်ဆက်ပွဲကနေ အစပြုခဲ့တဲ့ ဒီဇာတ်လမ်း။ ရှစ်နှစ်ကြာ ခင်မင်လာခဲ့ကြတဲ့ သူငယ်ချင်းလေးယောက်၊ စုံတွဲနှစ်တွဲရဲ့ နောက်ဆုံးနှုတ်ဆက်ပွဲ။ မတော်တဆ ကစားမိကြတဲ့ "မင်း ဘယ်သူ့ကို ကန္တာရကျွန်းကို ခေါ်သွားမှာလဲ" ဆိုတဲ့ ကစားနည်းကြောင့် သူတို့ကြားက လျှို့ဝှက်ချက်တွေ ပွင့်အံလျှံကျလာခဲ့ကြတယ်။ အဲ့လျှို့ဝှက်ချက်က ဘာတွေလဲ? အဲ့လျှိ့ဝှက်ချက်ကြောင့် သူတို့ကြားမှာ ဘာတွေဖြစ်ကြဦးမလဲ? စပိန်ကားတွေရဲ့ ထုံးစံအတိုင်း Twist တွေက တကယ့်ကို အကြီးကြီးတွေပါပဲ။ ကြည့်ရင်းကြည့်ရင်းနဲ့ ဟာခနဲ ဟင်ခနဲ ဖြစ်ရမှာတွေလည်း ပါပါတယ်။ ဇာတ်လမ်းကို ဒီလောက်ပဲ ပြောပြချင်ပါတယ်။ ဒီ့ထက်ပြောပြလိုက်ရင် Plot Twist တွေ ပေါ်ကုန်မှာစိုးလို့ မပြောပြတော့ပါဘူး။ Plot Twist တွေက ကြည့်နေရင်းနဲ့ အရသာရှိလာပါလိမ့်မယ်။ ရုပ်ရှင်ကားကောင်းကောင်းကြိုက်ရင်တော့ လက်မလွှတ်သင့်တဲ့ ကားတစ်ကားပါ။ Money Heist နဲ့ Elite မှာ ပါဝင်ခဲ့တဲ့ မင်းသား၊ မင်းသမီးတွေလည်း ပါတယ်ဆိုတော့ Money Heist နဲ့ Elite ကို ကြည့်ဖူးတဲ့ ပရိသတ်တွေအတွက်တော့ အရမ်းညွှန်းမနေတော့ပါဘူး။ စိတ်ချလက်ချသာ ကြည့်လိုက်ပါ။ IMDb Rating ကတော့ ...
movie
2019
5.3
Loving
Amar 2017 သို့မဟုတ် LOVIING 2017လို့ခေါ်တဲ့ ဒီကားလေးဟာဆိုရင် April 21 2017မှာထွက်ရှိခဲ့တဲ့ကားကောင်းလေးတကားဖြစ်ပါတယ်။ ဒီကားလေးကိုတော့ စပိန်နာမည်ကြီးဒါရိုက်တစ်ဦးဖြစ်တဲ့ Esteban Crespoကရိုက်ကူးပေးခဲ့တာဖြစ်ပြီးတော့ ဇာတ်ညွှန်းရးရာမှာလည်းသူကိုယ်တိုင်အပါအဝင် အခြားဇာတ်ညွှန်းရေးဆရာတွေနဲ့ပူပေါင်းရေးသားခဲ့တာဖြစ်ပါတယ်။ထူးခြားတာခုကတော့ ဒီကားမှာနားမည်ကြီးစပိန်စီးရီးတခုဖြစ်တဲ့ Money Heistထဲကမင်းသမီးတလက်ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီးတော့ သူမရဲ့ကောက်ကြောင်းအလှအပတွေကိုတဝကြီး ခံစားကြည့်ရှုကြရမှာဖြစ်ပါတယ်။ ဇာတ်လမ်းအမျိုးအစားလေးကတာ့ လူငယ်သဘာဝဆန်ဆန်Drama / Romance ကားလေးဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်းလူငယ်စုံတွဲနှစ်ဦးဖြစ်တဲ့ ကားလို့စ်နဲ့လော်ရာတို့ဟာပထမဆုံးသောအချစ်မှာတင်ပဲပြင်းပြင်းပြပြနဲ့နေ့ရက်တိုင်းကိုနောက်ဆုံးရက်လိုသဘောထားပြီးချစ်ကြပါတယ်။ဒါပေမဲ့အချစ်တို့မည်သည်ဖြောင့်ဖြူးရိုးထုံးစံမရှိဆိုသလိုပါပဲ သူတို့ရဲ့အချစ်ရေးမှာလည်း ခြံခုန်တာတွေ စနှိက်ကျော်တာတွေရှိလာပါတယ်။ဒါပေမဲ့လည်း သူတို့နှစ်ဦးဟာနောက်ဆုံးအချစ်ကြောင့် ဘယ်လိုတွေခံနိုင်ရည်ရှိပြီးကျော်ဖြတ်ကြမလဲဆိုတာကို ရင်သပ်ရှု့မောဖွယ်အလှအပများနဲ့ ခံစားကြည့်ရှုရမှာဖြစ်လို့ သင်သာအချစ်ဇာတ်လမ်းကောင်းတွေကြိုက်တယ်ဆိုရင် ကြည့်ရှုသင့်တဲ့ကားလေးတကားပြဲဖစ်ပါတယ်........ ထပ်ပြီး သတိပေးချင်တာက 18+ Movie ဖြစ်တဲ့အတွက် အသက်မပြည့်သေးသူများ ကြည့်ရှုရန် မသင့်တော်ပါ ဒီရုပ်ရှင်ကို Jake က ဘာသာပြန်ပေးထားပါတယ်
movie
Loving
2017