Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Margaret Colin
6.0
Deception (2008)
နာမည်ကြီးမင်းသားတွေဖြစ်တဲ့ X-Men မင်းသားHugh Jackman နဲ့ Ewan McGregor တို့အပြိုင်ပါဝင်သရုပ်ဆောင်ထားတဲ့ Deception ကတော့ MysteryThriller နဲ့ Drama အမျိုးအစားဖြစ်ပါတယ်။နယူးယောက်ရဲ့ကော်ပိုရေးရှင်းလုပ်ငန်းကြီးတွေမှာစာရင်းစစ်အနေနဲ့လှည့်လည်လုပ်ကိုင်နေတဲ့ဂျိုနသန်ဟာတစ်ရက်မှာ ရှေ့နေဝှိုက်ဆိုသူနဲ့သိကျွမ်းပြီး သူငယ်ချင်းတွေဖြစ်သွားခဲ့ပါတယ်။ဝှိုက်ကတစ်ဆင့် တရားမဝင်လိင်အပန်းဖြေကလပ်တစ်ခုထဲရောက်သွားပြီး အက်စ်လို့သာသိရတဲ့ကောင်မလေးတစ်ယောက်ကိုတကယ်ချစ်မိသွားခဲ့ပါတယ်။တစ်ရက်မှာတော့ ဂျိုနသန်နဲ့အက်စ်တို့ရဲ့ဟိုတယ်ဒိတ်တစ်ခုမှာအက်စ်ကိုပြန်ပေးဆွဲသွားတဲ့အခါမှ ဝှိုက်ဆိုသူဟာ လူလိမ်၊လူသတ်သမားတစ်ဦးဖြစ်နေမှန်းသိလိုက်ရပါတယ်။ကုမ္ပဏီကြီးတစ်ခုရဲ့တရားမဝင်ရန်ပုံငွေသန်း ၂၀ ကိုလွှဲပြောင်းမပေးဘူးဆိုရင် အက်စ်ကိုသတ်မယ်လို့ခြိမ်းခြောက်လာတဲ့အခါမှာတော့ သူချစ်တဲ့အက်စ်ကိုပြန်ရဖို့ ကိန်းဂဏန်းတွေကိုကျွမ်းကျင်ပိုင်နိုင်တဲ့စာရင်းစစ်ဂျိုနသန်တစ်ယောက် လည်လွန်းတဲ့လူလိမ်ဝှိုက်နဲ့ ဥာဏ်ရည်ပြိုင်ဆိုင်ရပါတော့တယ်။ File size…1.67GB / 756MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 47m Genre ….. Crime , Drama , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie
Deception (2008)
First Daughter (2004)
ဒီဇာတ်ကားလေးက ၂၀၀၄ ခုနှစ်ကထွက်ရှိထားပြီး IMDB 5.1 ရရှိထားတဲ့ ကောလိပ်ကျောင်းသူဇာတ်ကားလေးပါ။ ကောလိပ်ကျောင်းသူဘဝဆိုပေမယ့် ခေါင်းကြီးတို့မျှော်လင့်သလို ဘာညာတွေပါမှာမဟုတ်ဘဲ အချစ်ဆိုတာနဲ့ ဘဝဆိုတာကြီးကိုပထမဆုံးကြုံတွေ့ရတဲ့ သမ္မတသမီးလေးတစ်ယောက်အကြောင်းကိုတွေ့ရမှာပါ။ဇာတ်လမ်းအကျဥ်းကတော့ အရွယ်ရောက်လို့ကျောင်းသွားတက်တဲ့ သမ္မတသမီးလေး Samantha ဟာ ကောလိပ်တက်ရင်း သူလိုချင်တဲ့ သာမန်ဘဝနဲ့အပေါင်းအသင်းဆိုတာကတစ်ဖက်၊ ရင်ခုန်တက်စအရွယ်မှာပဲ သူကြိုက်မိတဲ့ကောင်လေးက သူ့အဖေရဲ့လျှို့ဝှက်အေးဂျင့်ဖြစ်နေလို့အသည်းကွဲတာကတစ်ဖက်၊ သူ့အဖေရဲ့သမ္မတဖြစ်ရေးကိုပံ့ပိုးပေးချင်တဲ့စိတ်ကတစ်ဖက်နဲ့ သူ့ဘဝရဲ့ကျောင်းသူဘဝကိုဘယ်လိုတွေကျော်ဖြတ်မလဲ ဆိုတာကတော့ ဆက်လက်ရှုစားရမှာဖြစ်ပါတယ်။ ပြောရရင်တော့ အချစ်ဆိုတာကို ဂုဏ်ပကာသနအောက်မှာချုပ်တည်းရင်း ရင့်ကျက်တဲ့ကောလိပ်ကျောင်းသူတစ်ယောက်ရဲ့ ဘဝဖြတ်သန်းပုံလေးကို ဆွတ်ပျံ့ဖွယ်ရှုစားရမှာဖြစ်ပဲပါတယ်။ဟုတ်ကဲ့ ကျွန်တော်ကတော့ Alex 666 ပါ။File size…(1.9 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:45:00 Genre... Family, Comedy, Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Alex
movie
First Daughter (2004)
6.2
The Devil’s Own (1997)
အင်ဒီယာနာဂျုန်းမင်းသားကြီး Harrison Ford နဲ့ Brad Pitt တို့ အပြိုင်ကြဲထားတဲ့ thriller/drama ရုပ်ရှင်ကားကြီးကို တင်ဆက်ပေးလိုက်ပါတယ်.. အရင်ရက်ကထွက်ထားတဲ့ The Banshees of Inisherinကို ကြည့်ထားရင် အချိတ်အဆက်ပိုမိပါတယ်.. အိုင်ယာလန်ပြည်တွင်းစစ်အပြီး နှစ်၅၀ကျော်အကြာ ၁၉၇၂မှာ ဇာတ်လမ်းစထားတာပါ.. ၁၉၆၀နှောင်းပိုင်းကနေ ၁၉၉၈အထိ နှစ်၃၀နီးပါးကြာခဲ့တဲ့ “မြောက်အိုင်ယာလန် ပဋိပက္ခကြီး” ဖြစ်ခဲ့ပါတယ်.. အိုင်ယာလန်သမ္မတစနစ်ထောက်ခံသူ (Republican)နဲ့ မြောက်အိုင်ယာလန်ကို ဗြိတိသျှနဲ့ပေါင်းပြီး ပြည်ထောင်စုဖွဲ့ချင်သူ (Loyalist)တွေကြား ဖြစ်ပွားခဲ့တာပါ.. မြောက်အိုင်ယာလန်လူ့အခွင့်အရေးဆန္ဒပြပွဲကို ဗြိတိသျှတပ်နဲ့ Loyalistတွေပေါင်းပြီး ဖြိုခွဲရာကစပါတယ်.. အဲဒီကနေဆန္ဒပြပွဲတွေ ထပ်ပွားလာပြီး နှစ်၃၀ကြာတဲ့ ဖွဲမီးလှိုက်လောင်ပါတော့တယ်.. လူပေါင်း ၄၈၀သေခဲ့တဲ့ ၁၉၇၂က ပဋိပက္ခရဲ့အဆိုးဆုံးနှစ်ပါပဲ.. ဒါတွေက ရုပ်ရှင်ထဲမှာမပါပါဘူးနော်.. ဇာတ်အိမ်တည်ထားတဲ့ ၁၉၇၂ နဲ့ ၁၉၉၃ကို အကြမ်းဖျင်းသိအောင် ပြောပြတာပါ..ဇာတ်လမ်းအကျဥ်း ၁၉၇၂မှာ ဖရန်ကီ(Brad Pitt)က ၈နှစ်သားပဲရှိပါသေးတယ်.. မြောက်အိုင်ယာလန်ရဲ့ ကမ်းရိုးတန်း အစွန်အဖျားမှာနေတဲ့ ...
movie
The Devil’s Own (1997)
7.6
Three Wise Men and a Baby (2022)
Three Wise Men and a Baby (2022) ========================== IMDb Rating - 7.6/10ခရစ္စမတ်ရောက်ပြီမို့ CM ပရိတ်သတ်ကြီးတို့ကို ရယ်ရလည်းရယ်ရ၊ ကြည်လည်းကြည်နူးရမဲ့ ခရစ္စမတ်အငွေ့အသက်အပြည့်နဲ့ IMDb rating 7.6/10 ရတဲ့ဇာတ်ကားလေးတစ်ကားတင်ဆက်ပေးပါမယ်။ လုခ်၊ စတက်ဖင်နဲ့ တေလာတို့ဟာ သူတို့အဖေထွက်သွားကတည်းက အနေစိမ်းသွားတဲ့ ညီအစ်ကိုသုံးယောက်ဖြစ်ပါတယ်။ လုခ်က စော် ကြည်ဘဲမီးသတ်သမား၊ စတက်ဖင်က လူ့ဂွစာအိမ်မွေးတိကုထုံး ဆရာဝန်၊ တေလာကတော့ လောလောလတ်လတ် အလုပ်ပြုတ်လာ တဲ့ ဗီဒီယိုဂိမ်းဒီဇိုင်းဆွဲသူ။သူတို့အမေကတော့ ဒီနှစ်ခရစ္စမတ်ကို ငယ်ငယ်ကလိုမျိုး ညီအစ်ကို တွေစုံစုံညီညီနဲ့ ဖြတ်သန်းချင်နေရှာတာပါ။ ညီအစ်ကိုသုံးယောက်က တော့ မတူညီတဲ့စရိုက်တစ်မျိုးစီနဲ့ ခပ်တန်းတန်းဖြစ်နေကြသူတွေ ပေါ့။ ခရစ္စမတ်နားနီးမှ လုခ်အလုပ်လုပ်တဲ့ မီးသတ်စခန်းမှာ ကလေး တစ်ယောက်ကို စာတိုလေးတစ်ခုနဲ့ ခဏလာအပ်သွားပါတယ်။ ကလေး အမေဘယ်သူမှန်းမသိပေမဲ့ စာထဲမှာ လုခ်နာမည်ပါနေတော့ အဲဒီက လေးကို လုခ်က ခဏထိန်းပေးဖို့ဖြစ်လာပါလေရော။တိုက်တိုက်ဆိုင်ဆိုင်ပဲ သူတို့ဒေါ်လေးကျန်းမာရေးကြောင့် သူတို့အမေ က ဒေါ်လေးဆီ ညအိပ်သွားစောင့်ပေးဖို့ ဖြစ်လာတော့ လူပျိုညီအစ်ကို သုံးယောက်ဆီကို ကလေးထိန်းတာဝန်ကြီးပုံကျလာပါတော့တယ်။ ပေါက်စနတစ်ယောက်နဲ့ ညီအစ်ကိုသုံးယောက် ခရစ္စမတ်ရာသီမှာ ဘယ်လိုစခန်းသွားကြမလဲဆိုတာ ကြည့်ရှုခံစားလိုက်ကြပါဦးဗျာ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ...
movie
Three Wise Men and a Baby (2022)
2023
6.5
Tramps (2016)
ဒီကားထဲမှာ ပါဝင်သူတွေကတော့ Fantastic Beastsကားတွေနဲ့ လူသိများတဲ့အင်္ဂလိပ်မင်းသားချော Callum Turnerနဲ့ Tell Me Liesထဲက မင်းသမီးချောလေးGrace Van Pattenပဲဖြစ်ပါတယ်။Dannyဟာ အေးအေးဆေးဆေးနေတတ်သူတစ်ယောက်ပေမဲ့ အစ်ကိုဖြစ်သူကအချုပ်တစ်ရက်ကျနေတာကြောင့် အစ်ကို့အစား တရားမဝင်အလုပ်တစ်ခုကိုလုပ်ပေးဖို့ဖြစ်လာပါတယ်။ လုပ်ပေးရမယ့်ကိစ္စကတော့ အထဲမှာဘာပါမှန်းမသိတဲ့လက်ဆွဲအိတ်ကို ပို့ဆောင်ပေးရမှာပါ။ ကြောက်တတ်တဲ့Dannyက မလုပ်ချင်ဘူးလို့ငြင်းပေမဲ့ အမေကပါ ဇွတ်လုပ်ခိုင်းတာကြောင့် မတက်နိုင်တော့ပါဘူး။ ဒီလိုမျိုးတွေတစ်ခါမှမလုပ်ဖူးတဲ့Dannyဟာ အိမ်ကစထွက်တည်းက တုန်တုန်ချိချိနဲ့ သူတက်စီးရမယ့်ကားက မိန်းကလေးမောင်းတာဖြစ်နေပါတယ်။ နှစ်ယောက်သားကြောက်ကြောက်လန့်လန့်နဲ့ လက်ဆွဲအိမ်ယူလာရင်း တစ်ဖန်လက်ဆင့်ကမ်းပေးရမယ့်အဆင့်မှာလူလွဲပြီးပေးလိုက်မိပါတယ်။ ဒီလိုကိစ္စတွေနဲ့ မပတ်သတ်ဖူးတဲ့ Dannyအဖို့ အိတ်ထဲကလည်း ဘာပါမှန်းမသိ ပေးလိုက်မိတဲ့လူကလည်းတလွဲဆိုတော့ ခေါင်းမီးတောက်ပါပြီ။ခုနကသူ့ကို ကားမောင်းပို့ပေးတဲ့မိန်းကလေးနဲ့ အိတ်ကိုပြန်ရှာဖို့ လုပ်ရပြန်ပါတယ်။ဘာတွေဆက်ဖြစ်မလဲဆိုတာ ကိုယ်တိုင်ပဲ ကြည့်လိုက်ပါတော့နော်။ File size…1.72GB / 921MB Quality…NF WEB-DL 1080p / 720p Format…mp4 Duration….1h 22m Genre ….. Adventure , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min ...
movie
Tramps (2016)
5.6
The Road to Galena (2022)
The Road to Galena(2022)ဝါရှင်တန် အထက်တန်းလွှာမှာ ဝင်ဆံ့တဲ့သူတစ်ယောက် ဖြစ်တဲ့ ကိုးလ်ဘဲရပ်တ်ဟာ အလားအလာရှိပြီး အောင်မြင်တဲ့ရှေ့နေတစ်ယောက် ဖြစ်ပြီး လှပပြီးထက်မြက်တဲ့ ဇနီးသည်၊ ကားအလန်းစား အိမ်အမိုက်စားနဲ့ ပြီးပြည့်စုံတဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်ထားသူပါဒါပေမဲ့ ဒီလို ပြီးပြည့်စုံတဲ့ ဘဝဟာ ကိုးလ် အမှန်တကယ် လိုလားတောင့်တခဲ့တဲ့ ဘဝ ဟုတ်ပါရဲ့လားတစ်ချိန်က ကိုးလ်ရဲ့ အိပ်မက်က ငယ်ချစ်ဦးနဲ့ အတူ ဂယ်လီနာက မြေမှာ အောင်မြင်တဲ့ စိုက်ပျိုးရေးသမားတစ်ယောက် ဖြစ်လာဖို့ပါဒါပေမဲ့လည်း ဖြစ်ချင်တာတွေထက် မဖြစ်ချင်တာတွေပဲ ပိုဖြစ်လေ့ရှိတဲ့ လောကသဘာဝအတိုင်း စိုက်ပျိုးရေးသမား ဖြစ်ချင်တဲ့ ကိုးလ်ဟာ ရှေ့နေတစ်ယောက်ဖြစ်လာပြီး ငယ်ချစ်ဦးနဲ့ လွဲခဲ့ရပါတယ်ဇနီးချောနဲ့ တိုက်နဲ့ ကားနဲ့ အထက်တန်းကျကျ နေနိုင်နေပြီဖြစ်တဲ့ ကိုးလ်ရဲ့ ဘဝထဲကို ဖုန်းတစ်ကောလ် ဝင်လာပြီးတဲ့နောက် ကိုးလ်ရဲ့ ငယ်ဘဝ အိပ်မက်တွေ ပြန်လည် လှုပ်ရှား အသက်ဝင်လာပါတော့တယ်အဲဲဒီနောက်မှာတော့ အောင်မြင်တဲ့ဘဝကိုပဲ ဆက်ပြီး လျှောက်လှမ်းမလား ငယ်ဘဝ အိပ်မက်ကို အကောင်အထည်ဖော်မလား ကိုးလ် ဘာကို ရွေးချယ်မလဲကိုးလ်နဲ့အတူ သူ့ရဲ့တစ်ချိန်က ငယ်ချစ်ဦးနဲ့ ငယ်ဘဝအိပ်မက်တွေကို ...
movie
The Road to Galena (2022)
2022
6.7
Unfaithful
ကားနာမည်ဖတ်ရုံနဲ့တင် ဇတ်အိမ်ကိုအကဲခတ်လို့ရလောက်ပါပြီ မိသားစုတစ်စု ယောက်ျားကအလုပ်များတဲ့လုပ်ငန်းရှင်တစ်ယောက် မိန်းမက မလုပ်လည်းအိမ်မှာထိုင်နေလို့ရတဲ့အလုပ်တစ်ခုရှိတယ် သားကကျောင်းနေအရွယ် မနက်မိုးလင်းရင် အမျိုးသားနဲ့သားက အလုပ်နဲ့ကျောင်းကိုသွား တစ်ရက်မမျှော်လင့်ပဲ အမျိုးသမီးက ပြစ်သစ်လူမျိုးခပ်ချောချောကောင်လေးနဲ့ဆုံခဲ့မိတယ် ဒီကားအကြောင်းကို ဆက်မပြောခင် ကျနော်တို့ဘဝမှာ အိမ်ထောင်ရေးဖောက်ပြန်တာတွေ မိန်းမ တိတ်တိတ်ပုန်းဖောက်ပြန်တာ ယောင်္ကျားက ဖောက်ပြန်တာ တွေဒုနဲ့ဒေး ကြားနေရတယ် ကလေးမျက်နှာကိုထောက်ထားပြီး အိမ်ထောင်ရေးမပြိုကွဲစေဖို့ ဟန်ချက်ညီအောင်ပြန်လည်ထိန်းသိမ်းကြတာမျိုးရှိသလို စိတ်အလိုလိုက်ပြီး ဖောက်ပြန်တယ်သူတွေကို အမှုတွေကျူးလွန်ခဲ့တာတွေလည်းရှိပါတယ် ဒါတွေအားလုံးဟာ ugly truthဆိုတဲ့အကျဉ်းတန်အမှန်တရား ပါ 18+ဇတ်ဝင်ခန်းဆိုတာလည်း အိမ်ထောင်ရေးဇတ်ကားအနေနဲ့ အတော်များများပါပေမဲ့ ဇတ်အိမ်လည်းခိုင် ပီပီပြင်ပြင်သရုပ်ဆောင်ချက်တွေကြောင့် Hollywood မှာတန်းဝင်အိမ်ထောင်ရေးကားဖြစ်ပေမဲ့ တစ်ချို့သူတွေအတွက်တော့ အတော်လေးအောင့်သီးအောင့်သက်နိုင်မဲ့ကားတစ်ကားပါ ဒါပေမဲ့ ugly truth ဆိုတဲ့အကျဉ်းတန်အမှန်တရားပါပဲ ဆွဲဆောင်မှုအရှိဆုံးမင်းသားလို့သတ်မှတ်ခံရဖူးတဲ့ RICHAD GERE မင်းသမီး DIANE LANEတို့ပါဝင် သရုပ်ဆောင်ထားပါတယ် သူမရဲ့သရုပ်ဆောင်ချက်တွေက ချီးကျူးရမှာဖြစ်ပါတယ် ဆွဲဆောင်မှုရှိပြီး မှားနေမှန်းသိရက်နဲ့ ရှေ့ဆက်ဇွတ်တိုးပြီး ကိုယ့်ကိုယ် ကိုယ်ပြန်မုန်းမိနေတဲ့ အိမ်ထောင်သည်တစ်ယောက်ရဲ့ခံစားချက်တွေကပီပြင်လွန်းပါတယ် ဗျာများနေတဲ့အိမ်ထောင်ရှင် RICHAD GEREရဲ့ သရုပ်ဆောင်ချက်တွေကိုလည်း ပီပီပြင်ပြင်တွေ့ရမှာဖြစ်ပါတယ် ဒီလောက်ဆိုရင်လုံလောက်ပြီလို့ ထင်ပါတယ်အကျဉ်းတန် အမှန်တရားလေးကိုခံစားပေးကြပါဦးလို့ (ဇာတ်ကားအညွန်းနဲ့ ဘာသာပြန်ကတော့ အမည်မဖော်လိုသူပဲ ဖြစ်ပါတယ်) @joker -------------------------------------------------------------------- ကားနာမည်ဖတ်ရုံနဲ့တင် ဇတ်အိမ်ကိုအကဲခတ်လို့ရလောက်ပါပြီ မိသားစုတစ်စု ယောက်ျားကအလုပ်များတဲ့လုပ်ငန်းရှင်တစ်ယောက် မိန်းမက မလုပ်လည်းအိမ်မှာထိုင်နေလို့ရတဲ့အလုပ်တစ်ခုရှိတယ် သားကကျောင်းနေအရွယ် မနက်မိုးလင်းရင် အမျိုးသားနဲ့သားက အလုပ်နဲ့ကျောင်းကိုသွား တစ်ရက်မမျှော်လင့်ပဲ အမျိုးသမီးက ပြစ်သစ်လူမျိုးခပ်ချောချောကောင်လေးနဲ့ဆုံခဲ့မိတယ် ဒီကားအကြောင်းကို ဆက်မပြောခင် ကျနော်တို့ဘ၀မှာ အိမ်ထောင်ရေးဖောက်ပြန်တာတွေ မိန်းမ တိတ်တိတ်ပုန်းဖောက်ပြန်တာ ယောင်္ကျားက ဖောက်ပြန်တာ တွေဒုနဲ့ဒေး ကြားနေရတယ် ကလေးမျက်နှာကိုထောက်ထားပြီး အိမ်ထောင်ရေးမပြိုကွဲစေဖို့ ဟန်ချက်ညီအောင်ပြန်လည်ထိန်းသိမ်းကြတာမျိုးရှိသလို စိတ်အလိုလိုက်ပြီး ဖောက်ပြန်တယ်သူတွေကို အမှုတွေကျူးလွန်ခဲ့တာတွေလည်းရှိပါတယ် ဒါတွေအားလုံးဟာ ...
movie
Unfaithful
2002
7.0
Independence Day (1996)
ဒီဇာတ်ကားက ထွက်ထားတာ တော်တော်ကြာနေပေမဲ့ ဘယ်အချိန်ကြည့်ကြည့်မရိုးနိူင်တဲ့ဇာတ်ကားကောင်းတစ်ကားပါ။ ၂၀၁၆မှာ ဒီဇာတ်ကား အနှစ် ၂၀ပြည့် အထိမ်းအမှတ်အနေနဲ့Independence Day 2လာဦးမှာမို့ ဒီဇာတ်ကားကို အရင် ကြည့်ထားသင့်ပါတယ်။ ဒီဇာတ်ကားက စိတ်ကူးယာဉ်သိပ္ဗံဇာတ်ကား တစ်ကားဖြစ်ပြီး ဂြိုလ်သားတွေက ကမ္ဘာမြေကို လာဖျက်ဆီးတဲ့ ဇာတ်ကားပါ။ နည်းပညာမြင့်တဲ့ဂြိုလ်သားတွေက လူသားတွေက ဘယ်လို စိတ်ဓာတ်၊ဘယ်လို အစီအမံတွေနဲ့ ရင်ဆိုင်မှာလဲဆိုတာ စိတ်ဝင်စားစရာပါ။သူ့ခေတ် သူ့အခါတုန်းအနေအထားနဲ့ကြည့်ရင် ကွန်ပျူတာ ပြုလုပ်ချက်တွေ အဲလောက်ထိ ကောင်းမွန်တာက အံ့သြစရာပါ။ဒီဇာတ်ကားမှာတော့ ပရိသတ်အချစ်တော် Will Smithက ခေါင်းဆောင်မင်းသားအနေနဲ့ရိုက်ကူးထားတာ ဖြစ်ပါတယ်။ မကြည့်ရသေးတဲ့လူများ ကြည့်လိုက်ကြပါဦး
movie
Independence Day (1996)
1996