Channel Myanmar

Maren Kroymann

Free Fall/ Freier Fall(2023) 7.5
Free Fall/ Freier Fall(2023) Free Fall/ Freier Fall(2023)===================မာ့ခ်ဟာ အတူနေချစ်သူနဲ့မကြာခင် ကလေးရတော့မှာဖြစ်တဲ့ လူငယ်ရဲအရာရှိတစ်ယောက်ပါ။အဓိကရုဏ်းနှိမ်နင်းရေး သင်တန်းမှာတက်ရောက်နေပြီး ဆောင့်ကြွားကြွားနိုင်တဲ့ သူ့အခန်းဖော်ကိုင်း နဲ့ လည်း ကတောက်ကဆအနည်းငယ်ရှိပါတယ်။တစ်နေ့တော့ လေ့ကျင့်ရေးကွင်းထဲမှာ ကိုင်းနဲ့သူ ထိပ်တိုက်ရုန်းရင်းဆန်ခတ်ဖြစ်ကြတဲ့အတွက် ရုံးခန်းအခေါ်ခံခဲ့ရပါတယ်။ဒါပေမယ့် မကြာခင်မှာ ကိုင်းက  သူ့ရဲ့ရိုင်းပျမှုအတွက် တောင်းပန်ခဲ့ပြီးတဲ့နောက် တောအုပ်ထဲကို အတူတူအပြေးကျင့်ကြရင်း ရင်းနှီးမှုပိုလာရင်း ကိုင်းရဲ့တဇွတ်ထိုးအပြုအမူတွေ၊ သူငယ်ချင်းထက်ပိုချင်တဲ့ အရိပ်အယောင်တွေမှာ သာယာပြီး ရုန်းမရအောင်ဖြစ်လာတဲ့အခါ သူ့ရဲ့ဘ၀ဟာ နက်ရှိုင်းတဲ့ချောက်နက်ကြီးတစ်ခုထဲကို တရိပ်ရိပ်ထိုးဆင်းနေမိပြီဆိုတော့ မာ့ခ် အလန့်တကြားသိလိုက်ရပါတော့တယ်။  Free Fall ဟာမထင်မှတ်ပဲ ဒေသတွင်းမှာရော အပြည်ပြည်ဆိုင်ရာ ပရိသတ်ကြားမှာပါအောင်မြင်သွားခဲ့တဲ့ ဂျာမန် romance/drama ကားတစ်ကားပါ။မင်းသားနှစ်ယောက်ကြားက ဓာတုဗေဒ၊ လှပသွက်လက်တဲ့ တင်ဆက်ပုံ၊နောက်ခံတေးဂီတ အစစအရာရာပြည့်စုံတဲ့ ဇာတ်ကားကောင်းတစ်ကားလည်းဖြစ်ပါတယ်။ ဒီကားရဲ့အောင်မြင်မှုကြောင့် Free Fall 2 ကိုလျာထားခဲ့ပေမယ့် အကြောင်းကြောင်းကြောင့်အခုချိန်ထိ ထွက်မလာနိုင်သေးပါဘူး။ Berlin Film Festival မှာ ပွဲဦးထွက်ပြသခဲ့ပြီး အခုချိန်ထိ ...
movie

Free Fall/ Freier Fall(2023)

The Wave (2008) 7.6
The Wave (2008)  2008ခုနှစ်က ထွက်ရှိခဲ့တဲ့ ဒီဂျာမန်ဇာတ်ကားက IMDb 7.6/10 နဲ့ Rotten Tomatoes 100% ရထားတာပါ။ Drama/Thriller genreဖြစ်ပြီးတော့ 1981ခုနှစ်က ထွက်ရှိခဲ့တဲ့ Todd Strasserရဲ့ The Wave စာအုပ်ကို မှီငြမ်း ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ဇာတ်လမ်းအကြောင်းကိုပြောရရင် ဂိုင်နာဗန်ဂါဆိုတဲ့ ဆရာတစ်ယောက်က ကျောင်းသားတွေကို သက်ဦးဆံပိုင် အာဏာရှင်စနစ်ဖြစ်တဲ့ အော်တိုကရေစီစနစ်ကို တစ်ပတ်သင်ပေးဖို့အတွက် တာဝန်ကျပါတယ်။ ကျောင်းသားတွေရဲ့ favourite ဆရာ ဂိုင်နာက ကလေးတွေကို ကိုယ်ပိုင်အော်တိုကရေစီစနစ်တစ်ခုတည်ဆောက်ဖို့တာဝန်ပေးလိုက်တဲ့အခါ ဘယ်လိုတွေဆက်ဖြစ်မလဲ ကြည့်ကြရမှာပါ။ ဒီရုပ်ရှင်က ဂျာမနီမှာ အာဏာရှင်စနစ်ထပ်ပြီးပေါ်ပေါက်လာနိုင်ခြေ ရှိ မရှိစမ်းသပ်တဲ့ experiment တစ်ခုလိုလည်းပြောလို့ရပါတယ်။ ဒီအဖြစ်အပျက်ကလည်း 1969 Palo Alto,California မှာ တကယ်ဖြစ်ပျက်ခဲ့လို့ပါပဲ။ ဒီရုပ်ရှင်ကားရဲ့ messageကတော့ လူတစ်ယောက် သို့မဟုတ် အယူဝါဒတစ်ခုကို မလိုက်နာခင်မှာ သေသေချာချာဆင်ခြင်သုံးသပ်ကြဖို့ ပြောချင်တာပါပဲ။ပြီးတော့ အရှိန်အဝါကြီးတဲ့ ...
movie

The Wave (2008)