Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Marek Oravec
6.2
Our Kind of Traitor (2016)
အက်ရှင်ကားကိုမှ စိတ်ခံစားချက်တွေ အပြည့်နဲ့ခံစားစီးမြောပြီး ကြည့်ချင်တဲ့လူတွေအတွက် ၂၀၁၆ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ Our Kind Of Traitor ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။IMDb Rating 6.2 ရရှိထားပြီး တကယ်ကြည့်လို့ကောင်းတဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။တခြားကားတွေနဲ့ မတူတာက ဒီကားကဗီလိန်ဖြစ်တဲ့ရှရှားမာဖီးယားကြီးကို သနားပြီး ကြည့်နေရမဲ့ဇာတ်ကားဖြစ်နေလို့ပါပဲ။ပယ်ရီနဲ့ဂေးလ်ဆိုတဲ့ လင်မယားနှစ်ယောက်က သူတို့ရဲ့အိမ်ထောင်ရေး သာယာစေဖို့အတွက် အပျော်ခရီးထွက်လာခဲ့ပြီး စားသောက်ဆိုင်တစ်ခုမှာ ညစာစားနေကြပါတယ်။ဒါပေမယ့် ရှေ့နေဖြစ်တဲ့ မိန်းမဖြစ်သူဂေးလ်က ဖုန်းတစ်လုံးနဲ့အလုပ်များနေတဲ့အတွက် ပယ်ရီလည်းတစ်ယောက်တည်းထိုင်စောင့်နေရပါတော့တယ်။အဲ့ဒီအချိန်မှာ တခြားဝိုင်းမှာထိုင်နေတဲ့ ဒီမာဆိုတဲ့လူတစ်ယောက်ကသူ့ကိုလာခေါ်ပြီးမိန်းမဖြစ်သူမအားလို့ စိတ်ညစ်မနေဖို့ နှစ်သိမ့်ပေးလိုက်တာမိုးလင်းပေါက်ပါတီရောက်ပြီး မနက်ပိုင်းတင်းနစ်ပါရိုက်လိုက်ပါသေးတယ်။ဒီလိုနဲ့ သူတို့နှစ်ယောက်သား ခင်မင်သွားကြပြီး ပယ်ရီပြန်ခါနီးညမှာ ဒီမာက သူ့လက်ထဲမန်မိုရီစတစ်တစ်ချောင်းထည့်ပေးပြီး အကူအညီတောင်းခဲ့ပါတော့တယ်။တကယ်တော့ ဒီမာဆိုတာဒုစရိုက်မှုတွေအတွက်အကြီးစားငွေကြေးခဝါချပေးနေတဲ့ သူတစ်ယောက်ဖြစ်ပြီးသူ့မိသားစု အသတ်ခံရမှာစိုးလို့ပယ်ရီတို့ နေထိုင်တဲ့ယူကေမှာခိုလှုံခွင့်ရဖို့ အချက်အလက်တွေကို စတစ်ထဲမှာထည့်ပြီးရဲတွေလက်ထဲ ပို့ခိုင်းတာပဲဖြစ်ပါတယ်။ဒါပေမယ့် အစီအစဉ်တွေက ဒီမာထင်ထားသလိုလွယ်ကူမနေတဲ့အခါ ပယ်ရီလည်းအကူအညီတစ်ခုကနေ ဆက်တိုက်ကူညီနေရပြီးနောက်ဆုံးမှာဒီမာ့ အထက်က ငွေကြေးခဝါချမှုအကြီးစားတွေကို ဖော်ထုတ်နိုင်ပြီး ခိုလှုံခွင့်ရသွားကြမလားဆိုတာကိုကြည့်ရှုရမဲ့ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ File size…1.6GB / 795MB Quality…Blu-Ray 1080p 5.1CH / ...
movie
Our Kind of Traitor (2016)
7.6
Fury(2014)
Fury(2014) Blu-Ray 1080p 5.1 CH,720P IMDB rating .....7.6 ၁၉၄၅ ခုနှစ်၊ ဧပြီလ။ ဒုတိယကမ္ဘာစစ် ဥရောပစစ်မြေပြင်။ အင်အားကြီးစစ်နိုင်ငံဖြစ်တဲ့နာဇီ ဂျာမနီနိုင်ငံအား အမေရိကန်မှ နောက်ဆုံးထိုးစစ်ဆင် တိုက်ခိုက်နေတဲ့အချိန်။ အမေရိကန်စစ်တပ် တပ်မဟာ ၆၆၊ တပ်ခွဲ ၂မှ တပ်ကြပ်ကြီး ကော်လီရာ ( Collier ) က ယင်းစစ်မြေပြင်မှာ ဖျူရီ (fury) လို့ခေါ်တဲ့တင့်ကား ကိုဦးဆောင်ကာ တိုက်ပွဲဝင်နေသူဖြစ်ပါတယ်။ ဖျူရီ ရဲ့ တခြားတပ်ဖွဲ့ဝင်တွေဖြစ်တဲ့ သေနတ်သမား ဘိုင်ဘယ် (Bible) ၊လက်နက်ကြီးကျည်ဖြည့်တာဝန် ကွန်းအက်စ် (Coon-Ass) ၊ တင့်ကားမောင်းသူ ဂေါ်ဒို (Gordo) တို့ဟာ စစ်စကတည်းက တွဲဖက်ညီညီ နဲ့တိုက်ပွဲဝင်ခဲ့ကြတဲ့ ဝါရင့်စစ်သားတွေပဲဖြစ်ပါတယ်။အလန်းစားတင့်တိုက်ပွဲတွေတွေ့ရမြင်ရမှာဖြစ်သလို၊ရဲဘော်ရဲဘက်စိတ်၊စစ်အတွင်း လူသားအချင်းချင်း တစ်ယောက်နဲ့တစ်ယောက်သဘောထားတွေကိုအကောင်းဆုံးရိုက်ပြနိုင်တဲ့ကားဖြစ်ပါတယ်... ခံစားကြည့်လိုက်ပါဦးFile Size : (2.7GB)၊(950MB) Quality : Blu-Ray 1080p 5.1 CH,Blu-Ray ...
movie
Fury(2014)
2014
6.9
Captain America: The First Avenger (2011) MCU
Marvel Cinematic Universe Intro=======================Marvel ထုတ်လုပ်ရေးမှ Marvel Cinematic Universe(MCU) ကို လွန်ခဲ့တဲ့ ၁၀ နှစ်က စပြီးတည်ဆောက်ခဲ့ပါတယ်။ ပထမဆုံး ဇာတ်လမ်းဖြစ်တဲ့ Iron Man-1 နဲ့ဖြစ်ပါတယ်။ နောက်ဆုံးအပိတ်ကတော့ Endgame (2019) ဖြစ်ပါတယ်။Marvel Universe မှာ Infinity Stone လို့ ခေါ်တဲ့ စွမ်းအား အကြီးဆုံး ကျောက်တုံး(၆) လုံးရှိပါတယ်။ အဲဒီကျောက်တုံးတွေဟာ စကြဝဠာအနှံ့မှာ ပြန့်ကျဲနေတယ် ဆိုပါတော့။ ကျောက်တုံးတစ်တုံးချင်းစီမှာ သီးခြားအစွမ်းတွေ ရှိပြီး သာမာန်လူတွေ ကိုင်တွယ်သုံးစွဲဖို့ မဖြစ်နိုင်သလောက်ပါပဲ။ Infinity War ရဲ့ အဓိက ဗီလိန်ဖြစ်တဲ့ Mad titan လို့ခေါ်ကြတဲ့ Thanos က ဒီကျောက်တုံးတွေကို စုစည်းပြီး စကြဝဠာကို သူ့သဘောအတိုင်းဖန်တီးဖို့ကြိုးစားပါလိမ့်မယ်။ ဒါကို Avengers( Captain America, Iron Man, Hulk, Thor, Black Widow, ...
movie
Captain America: The First Avenger (2011) MCU
2011
7.1
The Guernsey Literary and Potato Peel Pie Society (2018)
ဒီဇာတ်ကားလေးက English ရေလက်ကြားက Normandy ကမ်းရိုးတန်းနားမှာရှိတဲ့ ဒုတိယကမ္ဘာစစ်အတွင်းမှာ ဂျာမန်တွေ သိမ်းယူပြီး ခံတပ်တစ်ခုအဖြစ်ပြောင်းလဲခံထားရတဲ့ Gurnsey ဆိုတဲ့ကျွန်းလေးပေါ်က အဖြစ်အပျက်လေးတစ်ခုအဖြစ် ဖန်တီးရိုက်ကူးထားတာပါ။စစ်အတွင်းကအကြောင်းတွေရေးပြီး နာမည်ကြီးလာခဲ့တဲ့ စာရေးဆရာမလေး Juliette Ashton တစ်ယောက် သူရဲ့ဘဝကို မပျော်ပိုက်သလိုဖြစ်နေတဲ့အချိန်မှာGurnsey ကျွန်းပေါ်က Dorsey Adam ဆိုတဲ့ လယ်သမား စာအုပ်ချစ်သူတစ်ယောက်က စာအုပ်တစ်အုပ်ကိုရှာပေးဖို့အကူအညီတောင်းတဲ့ စာကိုလက်ခံရခဲ့ပါတယ်။သူတို့ရဲ့ စာဖတ်အသင်းနာမည်က ဂန်ဆီစာပေနှင့်အာလူးပိုင်မုန့်အသင်းတဲ့။အဲဒီရယ်စရာ ထူးဆန်းတဲ့ နာမည်နဲ့ စာဖတ်အသင်းကိုစိတ်ဝင်စားမိပြီး ကူရှာပေးဖို့ပြောတဲ့စာအုပ်ကို တစ်ခါတည်းပို့ပေးပြီးတော့ အဲ့ဒီအသင်းဖြစ်ပေါ်လာပုံတွေ ဘာလို့အဲဒီနာမည်ဖြစ်နေရတာလဲဆိုတာကိုမေးရင်းနဲ့ အဖြေတွေရလာတဲ့အခါမှာ သူကိုယ်တိုင် Gurnsey ကျွန်းကိုသွားချင်စိတ်တွေပေါ်လာပြီး Gurnsey ကျွန်းကိုရောက်တဲ့အခါမှာ သူနောက်ထပ်ဘယ်လိုဇာတ်လမ်းတွေကိုရှာတွေ့မယ်ဖန်တီးမယ်ဆိုတာကို ကြည်နူးစရာ၊ ဝမ်းနည်းစရာ တွေ့ရမှာပါ။ဒီဇာတ်ကားလေးရဲ့ IMDB Rating ကတော့ 7 ပါ။ကျွန်တော်တို့မှာ မတွေ့ဖူးခင်ကတည်းကရင်းနှီးနေတဲ့မျက်နှာတွေရှိနေပါသလား ရှိခဲ့မယ်ဆိုရင် အဲဒီသူနဲ့ ကျွန်တော်တို့ သက်ဆိုင်သလို အဲဒီလူကလည်းကျွန်တော်တို့နဲ့ သက်ဆိုင်နေမှာအသေအချာပါပဲ။(d3mon ဘာသာပြန်တင်ဆက်ပေးထားပါတယ်)File ...
movie
The Guernsey Literary and Potato Peel Pie Society (2018)
2018