Channel Myanmar

Marcus Rosner

From Italy with Amore (2022) 5.8
From Italy with Amore (2022)  Romanceကားကြည့်ချင်သူတွေအတွက်လာပါပြီ။ IMDb 5.8/10ရထားပြီး ပေါ့ပေါ့ပါးပါးကြည့်ရမယ့် romance, comedyဇာတ်ကားလေးပါ။ဇာတ်လမ်းအညွှန်းကတော့ အေရီရယ်ဟာ သူမရဲ့ဘဝကို သူစိတ်ကူးထားသလိုပြည့်စုံတဲ့သူ‌တစ်ယောက်နဲ့ အတူတူကုန်ဆုံးချင်နေတာပါ။ တစ်ရက်မှာတော့ စားသောက်ဆိုင်တစ်ဆိုင်မှာ နေ့လည်စာစားနေတုန်း သူမစိတ်ကူးထားတဲ့အတိုင်းအားလုံးတူပြီး ပြည့်စုံနေတဲ့သူတစ်ယောက်ကို မတော်တဆတွေ့လိုက်ရပါတယ်။အဲဒီမှာ သူမလဲတစ်ခါတည်းကြွေသွားပြီး ဇာတ်လမ်းစဖို့ကြိုးစားတာပေါ့။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ စကားပြောနေတုန်းဟိုဖက်ကအလုပ်ကိစ္စကြောင့်ပြန်သွားပါတယ်။ အဲဒီနေ့ကစပြီး ဒီဆိုင်မှာပဲပြန်တွေ့မလားဆိုပြီး အေရီရယ်ကနေ့တိုင်းကိုသွားစောင့်နေပါတော့တယ်။ အဲဒီလိုနဲ့ နေ့တိုင်းသွားစောင့်ရာကနေ စားသောက်ဆိုင်ပိုင်ရှင်ဒန်နီရယ်နဲ့ တဖြည်းဖြည်းသံယောဇဉ်တွယ်သွားကာ ဘာတွေဖြစ်သွားမလဲ? သူမစောင့်နေတဲ့သူနဲ့ရောဘယ်တော့မှပြန်တွေ့မလဲဆိုတာ ကြည့်ရှုလိုက်ကြပါဦး။ File size…(1.8 GB)/(930 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:24:00 Genre... Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Maestro
movie

From Italy with Amore (2022)

Falling Like Snowflakes (2024) 6.2
Falling Like Snowflakes (2024)  ဒီတစ်ခေါက် Channel Myanmar ကနေတင်ဆက်ပေးမဲ့ဇာတ်ကားလေးကတော့ နှင်းပွင့်တွေကြားထဲက ချိုမြမြအချစ်ဇာတ်‌လမ်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။တီဂန်ဟာ နှင်းပွင့်လေးတွေကို အနီးကပ်ဓာတ်ပုံရိုက်လေ့ရှိတဲ့ဓာတ်ပုံဆရာမတစ်ယောက်ဖြစ်ပြီး သူ့ဓာတ်ပုံတွေကို ပြခန်းတစ်ခုမှာပြသထားပါတယ်။ နှင်းပွင့်‌အမျိုးအစားပေါင်း 35 မျိုးရှိပေမဲ့ တီဂန်ရဲ့ နှင်းပွင့်ဓာတ်ပုံကော်လက်ရှင်ထဲမှာတော့ 34 မျိုးပဲရှိနေပါသေးတယ်။ နောက်ဆုံး ကျန်နေတဲ့ နှင်းပွင့်အမျိုးအစားဟာအနား ၁၂ ဖက်ပါတဲ့ စတယ်လာဒန်ဒရိုက် နှင်းပွင့်ဖြစ်ပြီး လုံးဝကိုတိကျတဲ့ ရာသီဥတုမျိုးမှာပဲတွေ့ရနိုင်တာကြောင့် အရမ်းကိုရှားပါးတဲ့ နှင်းပွင့်မျိုးပါတဲ့။တစ်နေ့မှာ အနုပညာလက်ရာတွေကို ဝယ်ယူစုဆောင်းလေ့ရှိတဲ့သူဌေးကြီးတစ်ယောက်က ကျန်နေတဲ့ နှင်းပွင့်ဓာတ်ပုံကိုပါရရင်တီဂန်ရဲ့ ဓာတ်ပုံကော်လက်ရှင်တစ်ခုလုံးကိုလေလံဆွဲ ဝယ်ယူမယ်ဆိုပြီးပြောလာပါတယ်။ အဲဒါနဲ့တီဂန်လည်း မိုးလေဝသပိုင်းကျွမ်းကျင်တဲ့ သူ့ရဲ့ငယ်ချစ်ဦး နိုအာနဲ့အတူ နှင်းမုန်တိုင်းကြားထဲနှင်းပွင့်ရှာဖို့ ခရီးစတင်ပါတော့တယ်။သူတို့တွေ နှင်းပွင့်လေးကိုရှာတွေ့သွားကြမှာလား တီဂန်နဲ့ နိုအာတို့ငယ်ချစ်ဦးနှစ်ယောက်ရော ပေါင်းဖက်နိုင်သွားကြမှာလားဆိုတာကတော့ ဇာတ်ကားထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ဇာတ်လမ်းအသွားအလာ ပေါ့ပေါ့ပါးပါးနဲ့ နှင်းပွင့်လေးတွေအကြောင်းပါသိရဦးမှာဆိုတော့ Christmas ကာလရောက်ရင်လည်းတစ်ခါလောက်ကြည့်သင့်တဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…2.44GB / 1.01GB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 24m Genre ….. Romance Subtitle….Myanmar ...
movie

Falling Like Snowflakes (2024)

Love on the Right Course (2024) 6.2
Love on the Right Course (2024) Love on the Right Course (2024)~ IMDb - 6.2/10, Rotten Tomatoes - 60% ~Pro Golfer တစ်ယောက်ရဲ့ ဖိအားတွေ အခက်အခဲတွေကို ကျော်ဖြတ်ပြီး ကိုယ်လိုချင်တဲ့အရာကို နောက်ဆုံးမှာ ရှာတွေ့သွားတဲ့ Romance ကား ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းပြောရမယ်ဆိုရင် ဝှစ်တနီက သူ့‌အမေလိုပဲ Pro Golfer ဖြစ်ပြီး မိခင်ဖြစ်သူ အဲလစ်စ်က နည်းပြအဖြစ်နဲ့ ပွဲစဉ်တွေတစ်လျှောက် အနိုင်ယူခဲ့ပါတယ်။ သို့ပေမဲ့ အဲလစ်စ်ဆုံးသွားပြီးတည်းက ဝှစ်တနီက အလုပ်မှာ မပျော်တော့ဘဲ လက်ရည်ကျလာပါတယ်။ နောက်တော့ သူ့အဖေရှိတဲ့ ဘူတာပက်စ်မြို့နားမှာ လုပ်မယ့် ချန်ပီယံပွဲမှာ ပြိုင်ဖို့ ကပ်သီလေးပါသွားပါတယ်။ဖိအားတွေများပြီး Golfer အဖြစ် ဆက်လုပ်ချင်သေးလားဆိုတာ အဖြေရှာဖို့ ဝှစ်တနီက လေ့ကျင့်တဲ့ကာလကို ဖခင်ရှိတဲ့အိမ်ကို ပြန်လာခဲ့ပါတယ်။ ဝှစ်တနီရဲ့ဖခင်က ဂေါက်ကွင်းဖွင့်ထားတာဖြစ်ပြီး ဇနီးဖြစ်သူကို သတိရစိတ်နဲ့ ...
movie

Love on the Right Course (2024)

2024
An Ice Palace Romance (2023) 5.9
An Ice Palace Romance (2023) An Ice Palace Romance (2023) =======================စိတ်ကူးအိပ်မက်ဆိုတာမျိုးက လိုက်နေရင်းပျောက်ဆုံးသွားတတ်ပြီး၊ ဖြစ်ချိန်တန်တော့မှ ဖျတ်ကနဲ ပြန်ပေါ်လာတာမျိုး ဖြစ်တတ်ပါတယ်။ ဒီဇာတ်လမ်းထဲက လော်ရီဆိုတဲ့ မိန်းကလေးအတွက်လည်း ဒီလိုအဖြစ် မျိုးပါပဲ။ဇာတ်လမ်းအကျဉ်း - လော်ရီမာရှယ်ဟာ သတင်းဌာနတစ်ခုမှာ ဌာနခွဲအသစ်ရဲ့ခေါင်းဆောင် ဖြစ်အောင် ကြိုးပမ်းနေတဲ့ သတင်းသမားတစ်ယောက်ပေါ့။ လုပ်ငန်း လိုအပ်ချက်အရ သူ့ဇာတိမြိုလေးဆီက ရေခဲနန်းတော်ဆိုတဲ့ သမိုင်း၀င် စကိတ်ကွင်းဆီ သွားရဖို့ ဖြစ်လာပါတယ်။ လော်ရီအတွက် ပြန်မသွား ချင်ဆုံးနေရာ၊ ပြန်မတွေးချင်ဆုံးအတိတ်ပေမဲ့ မြို‌လေးဆီပြန်ပြီး အတိတ် ကို ပြန်တူးဖော်ရမဲ့အကြောင်းတွေ ပေါ်လာပါတယ်။ အဲဒီမှာ မာ့ခ်နဲ့ဇိုဝီတို့ သားအဖနဲ့ ကြုံဆုံမိပါတော့တယ်။ရေခဲနန်းတော်နဲ့ပတ်သက်လို မာ့ခ်နဲ့လော်ရီတို ထိပ်တိုက်ရင်ဆိုင်ရမဲ့ ပြဿနာ က သမိုင်း၀င်အဆောက်အအုံစကိတ်ကွင်းကို ဖျက်ပြီး ခေတ်မီကွန်ဒိုတွေ ဆောက်မဲ့ ကိစ္စပါပဲ။ ရေခဲနန်းတော်ကိုကာကွယ်မဲ့ မာ့ခ်နဲ့ အထက်ကခိုင်းတဲ့ အတိုင်း လုပ်ရမဲ့လော်ရီတို ဘယ်လိုထိပ်တိုက်တိုးမလဲ၊ ဇာတိမြိုလေးမှာ လော်ရီရဲ့ပျောက်ဆုံးသွားတဲ့ အိပ်မက်ကို ဘယ်လိုပြန်ရှာဖွေမလဲ၊ ဇာတိကို ပြန်ပြီး နဖူးစာရွာလည်တဲ့ လော်ရီတစ်ယောက် အချစ်နဲ့အလုပ်ကြား ဘာကို ရွေးချယ်မလဲ... ဆိုတာကို ပေါ့ပေါ့ပါးပါးလေး ကြည့်ရှုရမှာပါ။ ခရစ္စမတ်ကို ခပ်ပါးပါးနောက်ခံထားတဲ့ အချစ်ဇာတ်လမ်းကောင်းလေး ဖြစ်တာမို Romance ရုပ်ရှင်ပရိသတ်ကြီး ...
movie

An Ice Palace Romance (2023)

2023
Flipping for Christmas (2023) 6.0
Flipping for Christmas (2023)  ခရစ်စမတ်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်တဲ့ ဒီဇာတ်ကားလေးကတော့ Enemies to Lover အမျိုးအစားလေးလို့ ဆိုလို့ရပါတယ်။အက်ဘီဂဲလ်ဆိုတာက အိမ်တွေကို ပြုပြင်မွမ်းမံပြီး ပြန်ရောင်းသူ တစ်ဦးဖြစ်ပြီး ခရစ်စမတ်မတိုင်မှာ သူ အလုပ်နှစ်ခု ရခဲ့တယ်။ တစ်ခုက သူ့ခဲအိုရဲ့ အဘိုးဆီက အမွေရထားတဲ့အိမ်ကို မွမ်းမံပြီးပြန်ရောင်းဖို့နဲ့ နောက်တစ်ခုက DevaCore ဆိုတဲ့ ကုမ္ပဏီကြီးတစ်ခုဆီက အခန်း ၁၀၀ ပါတဲ့ ကွန်ဒိုတစ်ခုတစ်ခုအတွက် အရောင်းအေးဂျင့်အဖြစ် ငှားရမ်းခဲ့မှု။အက်ဘီက ခရစ်စမတ်နေ့အကြိုနေ့မှာ Brenbury ဆိုတဲ့ မြို့သေးသေးလေးက သူ့မိသားစုအိမ်ကို ပြန်လာခဲ့တယ်။ အဲကာလအတွင်းလေးမှာပဲ သူက သူ့ခဲအိုရဲ့ အမွေရထားတဲ့အိမ်ကို မွမ်းမံရောင်းချပေးဖို့ပေါ့။ ဒါပေမဲ့ အဲအိမ်က သူ့ခဲအိုတစ်ဦးတည်းပိုင် မဟုတ်နေခဲ့ဘဲ ဘို ဆိုတဲ့ လက်သမားတစ်ယောက်ကိုပါ ခွဲပေးခဲ့တာဖြစ်နေခဲ့တယ်။ ဘိုကတော့ အိမ်ကို မရောင်းဘဲ “Bed & Breakfast” နေရာတစ်ခုအဖြစ်ပဲ ပြောင်းလဲချင်တယ်။အဲလို အတွေးမတူကြတဲ့ နှစ်ယောက်ကြား အဲအိမ်က ...
movie

Flipping for Christmas (2023)

My Fake Boyfriend (2022) 4.6
My Fake Boyfriend (2022) My Fake Boyfriend (2022)Pride Month ဖြစ်တဲ့အတွက် LGBT ကားလေး ထပ်ပြီးတင်ဆက်ပေးလိုက်ပါပြီဇာတ်ကားနာမည်အတိုင်းပဲ အန်ဒရူးတစ်ယောက် ကောင်လေးအတု တစ်နည်းပြောရရင် အယောင်ဆောင်ကောင်လေးထားတဲ့ ဇာတ်လမ်းလေးပါဇာတ်လမ်းက ဘယ်ကစလဲဆို အန်ဒရူးတစ်ယောက် သူ့ရဲ့ပထမဆုံးလိင်တူချစ်သူဖြစ်တဲ့ နီကိုသစ္စာဖောက်တာခံလိုက်ရာကနေ စတာပါသစ္စာဖောက်ခံရ၊ အလိမ်ခံရတာ တစ်ကြိမ်လည်းမဟုတ်၊ နှစ်ကြိမ်လည်းမဟုတ် အကြိမ်ပေါင်းများစွာခံရပေမဲ့ အန်ဒရူးတစ်ယောက် အမှတ်မရှိဘဲ နီကို့အပေါ်မပြတ်နိုင်တဲ့အခါ သူ့အခင်ဆုံးသူငယ်ချင်းကြီး ဂျိတ်တစ်ယောက် ခရစ္စတီယာနိုဆိုတဲ့ အွန်လိုင်းကောင်လေးတစ်ယောက်ဖန်တီးပြီး နီကိုနဲ့ပြတ်အောင် ဉာဏ်ဆင်ပါတော့တယ်ဒီလိုနဲ့ တကယ်မရှိတဲ့ ခရစ္စတီယာနိုဆိုတဲ့ အွန်လိုင်းလူသားတစ်ယောက်က ဆိုရှယ်မီဒီယာတွေကတစ်ဆင့် ကမ္ဘာကျော်သွားပြီး အန်ဒရူးနဲ့ခရစ္စတီယာနိုအတွဲက ဟိုးလေးတကျော်ကျော်ဖြစ်လာတဲ့အခါ....တကယ်မရှိတဲ့ ဟန်ပြနာမည်တစ်ခုကို ကောင်လေးအဖြစ် လူသိရှင်ကြားတွဲနေရတဲ့ အန်ဒရူးတစ်ယောက် တကယ့်အချစ်စစ်နဲ့တွေ့တဲ့အခါ ဘယ်လိုဖြစ်မလဲလူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူဆိုပြီး အားလုံးကလေးစားချစ်ခင်နေကြပေမဲ့ အပြင်မှာတကယ်ရှိမနေတဲ့ ခရစ္စတီယာနိုရဲ့ နောက်ဆက်တွဲတွေကိုပါ ကြည့်ရှုလိုက်ကြပါဦးအညွှန်း နဲ့ ဘာသာပြန်ကတော့ MTA ပဲ ဖြစ်ပါတယ်။Genre..... Comedy, Romance Quality…. 1080p | 720p | 480p File size…  1.4GB | 710MB | 282MB Format… mp4 Duration…. ...
movie

My Fake Boyfriend (2022)

2022