Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Marcus Hester
Catch That Kid (2004)
ဒီဇာတ်ကားလေးကတော့ Twilight Saga ထဲက နာမည်ကြီးမင်းသမီး Kristen Stewart ငယ်ဘဝတုန်းက ရိုက်ကူးထားတဲ့ ဇာတ်ကားလေးဖြစ်လို့ သူလေးကို ကြည့်ရတာနဲ့တင် တန်နေပါပြီ။ဇာတ်လမ်းအကျဉ်းကတော့ မက်ဒီဟာ အဖေ့တူသမီးလို့ ပြောရလောက်အောင် တောင်တက်ရတာ အရမ်းဝါသနာပါပြီး သူ့မှာ အော်စတင်နဲ့ မက်စ်ဆိုတဲ့ အခင်ဆုံးသူငယ်ချင်းနှစ်ယောက်ရှိပါတယ်။ သူ့အဖေကတော့ တောင်တက်ဝါသနာရှင်ဖြစ်ပေမဲ့ ပေ ၂၀ အမြင့်ကနေ မတော်တဆပြုတ်ကျပြီးတဲ့နောက်မှာ ဝါသနာကို အပြီးတိုင်စွန့်လွှတ်လိုက်ပြီး သမီးဖြစ်သူ မက်ဒီကိုလည်း တောင်မတက်စေချင်ပါဘူး။ သူ့အမေကတော့ ဘဏ်တစ်ခုမှာ လုံခြုံရေးစနစ်ကို အလွတ်တန်း ဒီဇိုင်းဆွဲပေးတဲ့ပညာရှင်ပါ။တနေ့မှာတော့ သူ့အဖေက တောင်တက်တုန်းကရတဲ့ဒဏ်ရာကြောင့် အောက်ပိုင်းသေသွားခဲ့ပြီး ပြန်ကောင်းလာအောင် ခွဲစိတ်ဖို့ဆိုရင် ဒေါ်လာ ၂ သိန်းခွဲ ကုန်ကျမှာဖြစ်ကြောင်း သိလိုက်ရပါတယ်။ သာမန်မိသားစုထဲကဖြစ်တာကြောင့် ဒီလောက်ငွေပမာဏမရှိလို့ ခွဲစိတ်ဖို့ကို အမေဖြစ်သူ လက်လျှော့ဖို့ ဆုံးဖြတ်လိုက်တဲ့အခါ မက်ဒီအနေနဲ့ ကွန်ပျူတာကျွမ်းတဲ့ အော်စတင်၊ ပြိုင်ကားမောင်းကျွမ်းတဲ့ မက်စ်နဲ့ သူ့တောင်တက်အရည်အချင်းတို့ကို ...
movie
Catch That Kid (2004)
6.5
Homefront (2013)
ဒီတစ်ခါတော့ အက်ရှင်ပရိတ်သတ်အကြိုက် ဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ Transporter မင်းသား Jason Statham ရဲ့ကားဆိုတော့ ပရိတ်သတ်ကြီးသိတဲ့အတိုင်း အက်ရှင်ကြမ်းကြမ်းရမ်းရမ်းတွေ ကြည့်ရမှာပါ။မင်းသားက ဒီကားမှာ DEA Agent ဖြစ်ပြီး ဇာတ်လမ်းအစမှာတင် သူက Undercover ဝင်လုပ်နေရာကနေ သူဖမ်းရမယ့် လူဆိုးကိုလည်း မိသွားသလို လူဆိုးရဲ့သားလည်း သေသွားပါတယ်။ အဲ့ဒီမှာ မင်းသားက Undercover အလုပ်ကို စိတ်ကုန်ပြီး အလုပ်က နုတ်ထွက်သွားပြီး တောရွာလေးတစ်ရွာမှာသွားနေပါတယ်။ အဲ့ဒီရွာမှာ လူဆိုးဗိုလ်အဖြစ် James Franco က သရုပ်ဆောင်ထားပြီး သမရိုးကျ အက်ရှင်ကားတွေအတိုင်း မင်းသားနဲ့ ဒေသခံတစ်ချို့နဲ့ ပြသ၁နာဖြစ်ကြရာကနေ James Franco က မင်းသားကို DEA မှန်းသိသွားတဲ့ တဲ့အခါမှာ မင်းသားဖမ်းပေးခဲ့တဲ့ လူဆိုးရဲ့ တပည့်တွေကို သတင်းပေးပြီး မင်းသားကို အပြတ်ရှင်းခိုင်းပါတယ်။ အလဲအလှယ်အနေနဲ့ သူရဲ့ ဘိန်းတွေကို လူဆိုးတွေက ...
movie
Homefront (2013)
5.5
The World Made Straight (2015)
The World Made Straight (2015)=====================ဒီ "The World Made Straight" ဆိုတာကတော့ 2015 တုန်းက ထွက်ရှိထားတဲ့ ဒရာမာဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားဟာဆိုရင်တော့ ဒုတိယကမ္ဘာစစ်တုန်းက သွေးမြေကျခဲ့တဲ့ အပါလာချီယန်နယ်မြေရဲ့ သမိုင်းကိုနောက်ခံထားရိုက်ကူးထားတာဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်း ဇာတ်ဆောင်ဖြစ်တဲ့ ထရာဗစ်ဆိုတဲ့လူငယ်လေးဟာ ငယ်စဉ်ကတည်းကအရမ်းဆိုးခဲ့တဲ့ အထက်တန်းကျောင်းထွက်တစ်ယောက်ဖြစ်ပါတယ်။ နယ်ခံဖြစ်တဲ့ ထရာဗစ်ဟာတစ်နေ့ မြို့နားကချောင်းငယ်လေးကိုသွားရင်း ဆေးခြောက်ပင်တွေကိုတွေ့သွားပါတယ်။ အဲဒီအခါမှာ သူငယ်ချင်းဖြစ်သူကိုပြောတော့ သူငယ်ချင်းဖြစ်သူက သူတို့နားတစ်ဝိုက်က ဆေးရောင်းဝယ်လုပ်သူဆီရောင်းဖို့အကြံပေးလိုက်ပါတယ်။ ဒီလိုနဲ့ ဆေးရောင်းဝယ်လုပ်နေတဲ့ လီယွန်နက်ဆိုတဲ့သူနဲ့ သိသွားကြပါတယ်။ နောက်တစ်နေ့ ထရာဗစ်က အဖေနဲ့ပြဿနာတက်လို့ အိမ်ကထွက်လာပြီး ဆေးခြောက်ပင်တွေရှိတဲ့ ချောင်းငယ်နားကိုသွားတဲ့အခါ ဆေးခြောက်ပင်ပိုင်ရှင်ထောင်ထားတဲ့ ထောင်ချောက်မှာမိပြီး ဒဏ်ရာရသတိမေ့သွားခဲ့ပါတယ်။ ဆေးခြောက်ပင်ကို ပိုင်တဲ့လူမိုက်နှစ်ယောက်က ထရာဗစ်ကို ခြိမ်းခြောက်ပြီးပြန်လွှတ်ခဲ့ပါတယ်။ ဆေးရုံကအဆင်းမှာ ထရာဗစ်ရဲ့ အဖေက အိမ်ကိုမပြန်လာခိုင်းတာနဲ့ ထရာဗစ်က သူ့ရဲ့အသိဖြစ်တဲ့လီယွန်နက်ဆီကို ခြေဦးတည့်သွားဖို့ဖြစ်လာခဲ့ပါတယ်။ လီယွန်နက်အိမ်မှာနေခွင့်ရသွားတဲ့ ထရာဗစ်ဟာ တစ်နေ့ လီယွန်နက်ဖတ်နေတဲ့ စာအုပ်ကိုယူကြည့်လိုက်တဲ့အချိန် ...
movie
The World Made Straight (2015)
7.4
Looper (2012)
IMDb Rating (7.4) / Rotten Tomatoes (93%)မင်းသားကြီး Bruce Willis , Joseph Gordon-Levitt နဲ့ မင်းသမီး Emily Blunt တို့ ဦးဆောင်ပါဝင်တဲ့ ရုပ်ရှင်ကားကြီးပါ။Time Travel နဲ့ပတ်သက်တဲ့ကားတစ်ကားဖြစ်ပါတယ်။ 2044 မှာ အခြေတည်တယ်။ ဇာတ်လမ်းကတော့ အဲဒီအချိန်မှာ Time machine ဆိုတာ မပေါ်သေးပေမဲ့ နောက်နှစ် (၃၀) ကြာတဲ့အခါ ပေါ်ပြီတဲ့။Future (2070) တွေမှာ Time machine ပေါ်လာပေမဲ့ ချက်ချင်းပဲ တရားမဝင်ဆိုပြီး ပိတ်ပင်ကြတယ်။အဲဒီ့အတွက် လူဆိုးဂိုဏ်းအကြီးကြီးတွေက လျှို့ဝှက်သုံးတယ်။အဲဒီ့ခေတ်မှာ လူတစ်ယောက်ကို သတ်ပြီး အစဖျောက်ဖို့ မလွယ်တဲ့အတွက် သူတို့တွေ သတ်ချင်တဲ့လူတွေကို ဖမ်း၊ ကြိုးတုပ်ပြီးဒီနေ့ခေတ် (၂၀၄၄) က သတ်မှတ်နေရာတစ်ခု (ဥပမာ ပြောင်းခင်းဘေး) ကို ပို့လိုက်တယ်။အဲဒါကိုမှ Looper ဆိုတဲ့ကောင်တွေက ...
movie
Looper (2012)
2012
4K HEVC
Just My Luck (2006)
Just My Luck (2006) ================ကံဆိုတာ အမြဲတမ်းကောင်းမနေသလို အမြဲလည်း ဆိုးမနေတတ်ပါဘူး။ ဒါပေမဲ့ ဒီကားကတော့ အမြဲကံကောင်းတတ်တဲ့ ကောင်မလေးနဲ့ ဘာလုပ် လုပ် ကြံဖန်ကံဆိုးတတ်တဲ့ ကိုလူချောတို့အကြောင်းကို ဟာသလေးတွေ နှောပြီး တွေးစရာလေးတွေပါအောင် ရိုက်ကူးထားပါတယ်။Ashley ဆိုတဲ့ မိန်းမချောလေးဟာ အလုပ်ကောင်းကောင်းရှိပြီး အစစအရာ ရာအဆင်ပြေနေတဲ့ မိန်းကလေးပါ။ နာမည်ကျော်သူဌေးသားတစ်ယောက် နဲ့လည်း တွဲနေပါသေးတယ်။ သူ့လက်နဲ့ထိရင် ရွှေဖြစ်တယ်လို့ တင်စားရလောက် အောင် သူ့လုပ်သမျှတိုင်းက ကံအားလျော်စွာ အဆင်ပြေခဲ့တာချည်းပါပဲ။Jake ကတော့ Ashley နဲ့ ဆန့်ကျင်ဘက်ပါပဲ။ ကံဆိုးမသွားရာ မိုးလိုက်ရွာသလို ဘာလုပ်လုပ် အဆိုးတွေပဲ ဖြစ်နေသူပေါ့။ တစ်နေ့မှာ Ashley စီစဉ်တဲ့ ပါတီပွဲကြီး တစ်ခုကို Jake ၀င်ရောက်နိုင်ခဲ့တာကတော့ သူ့အတွက် ကံကောင်းခြင်းလို့ ပြော ရမလိုပါပဲ။ အကြောင်းကတော့ အဲဒီမျက်နှာဖုံးတပ်ပါတီပွဲမှာ Ashley နဲ့ Jake တို့ မထင်မှတ်ဘဲ တွဲကဖြစ်ပြီး နမ်းမိကြရာကစလို့ နှစ်ယောက်လုံးရဲ့ကံကြမ္မာဟာ ပြောင်းပြန်လှန်ပစ်သလို ပြောင်းလဲသွားတာကြောင့်ပါပဲ။အဲဒီနောက်ပိုင်းမှာ မယ်ကံကောင်းနဲ့ မောင်ကံဆိုးတို့ ဘာတွေဆက်ဖြစ်ကြမလဲ၊ ဘယ်သူကကံကောင်းပြီး ဘယ်သူက ...
movie
Just My Luck (2006)
7.1
Runaway Jury(2003)
Runaway Jury(2003) အညွှန်း*************************IMDb - 7.1 / Rotten 🍅 - 75%Money cannot buy everything လို့ ကျွန်တော်တို့ဘယ်လောက်ပဲအပြိုင်အဆိုင်ငြင်းခုန်နေကြပါစေ ပိုက်ဆံဟာ လူသားတွေကိုလိုရာခိုင်းစေနိုင်တဲ့ Mighty Godတစ်ပါး ဖြစ်နေဆဲပါပဲ။ရေများရေနိုင်သလို ငွေများငွေနိုင်တဲ့လောကကြီးမှာ ဓနရှင်တွေရဲ့လွှမ်းမိုးနိုင်မှုဟာလည်းပြောစရာမလိုတဲ့အရာတစ်ခုပါဘဲ။ အခုဒီရုပ်ရှင်လေးကတော့ သာမန်မုဆိုးမတစ်ယောက်နဲ့သေနတ်ကုမ္ပဏီသူဌေးကြီးတွေကြားက အားပြိုင်မှုကို ရိုက်ကူးထားတဲ့ ပုံမှန်နဲ့မတူ တမူထူးခြားတဲ့ ဇာတ်ကားပါ..မျက်စိမပါတဲ့သေနတ်တစ်လက် နှလုံးသားမရှိတဲ့လူတစ်ယောက်လက်ထဲ ကျရောက်သွားချိန်ဟာအဆုံးမဲ့ဝမ်းနည်းကြေကွဲမှုတွေရဲ့ကနဦးအစပါပဲ။ ဒါပေမဲ့ သေနတ်လုပ်ငန်းတွေကတော့ ဘယ်သူသေသေငတေမာရင်ပြီးရောဆိုတဲ့မူကို ဆက်လက်ကျင့်သုံးပြီး သေနတ်တွေကိုအလွယ်တကူထုတ်ရောင်းလို့ ဥပဒေနဲ့အညီရောင်းချပါသည်ဆိုတဲ့ငွေနဲ့ဖန်တီးထားတဲ့ဒိုင်းကာနဲ့ ကာထားကြပါတယ်။ ခေတ်အဆက်ဆက်တရားစီရင်မှုတွေမှာလည်း ဂျူရီအဖွဲ့ဝင်တွေဟာ ငွေရဲ့ကျေးကျွန်ဖြစ်နေတာကြောင့်သေနတ်လုပ်ငန်းတွေကို မတွန်းလှန်နိုင်ခဲ့တဲ့အပြင် ဖရန်ကင်ဖစ်ခ်ျလိုငွေမျက်နှာတစ်ခုပဲကြည့်တဲ့ ဂျူရီအတိုင်ပင်ခံ ဒါမှမဟုတ်ဂျူရီတွေရဲ့အားနည်းချက်ကိုကိုင်လှုပ်ပြီး ကြိုးဆွဲရာကခိုင်းမယ့်ဇာတ်ဆရာတွေကြောင့်သေနတ်လုပ်ငန်းဟာ အဘက်ဘက်က အသာစီးရပါတယ်။သေနတ်ပစ်ခတ်မှုမှာ ခင်ပွန်းဖြစ်သူကို ဆုံးရှုံးလိုက်ရတဲ့လူမမယ်ကလေးတစ်ယောက်နဲ့ ကျန်ရစ်ခဲ့တဲ့ ဆလက်စ်ဝုဒ်ဆိုတဲ့အမျိုးသမီးဟာရှေ့နေဖြစ်သူဝမ်ဒေါလ်ရိုဟာနဲ့ပေါင်းပြီးတိုက်ခိုက်ဖို့ကြိုးစားပါတော့တယ်..အဘက်ဘက်ကသာလွန်တဲ့ ဒီအင်အားကြီးတဲ့သူတွေကိုဘယ်လိုတိုက်ခိုက်ကြမလဲ..ဘယ်လိုအကွက်ဆင်ကြမလဲဆိုတာကိုတော့..John Grishamရဲ့ Runaway Juryဝတ္ထုကိုအခြေခံထားတဲ့အပြင်Gene Hackmanနဲ့ Dustin Hoffmanတို့လို Legend ...
movie
Runaway Jury(2003)
7.3
Lawless (2012)
Lawless (2012) IMDb - 7.3/10______Rotten - 67% Rotten Tomatoes... 67% ဒီအရေ ဒီအသား ဒီအသွေးနဲ့ပဲ တည်ဆောက်ထားကြတဲ့ အသက်တစ်ချောင်းစီရှိကြတဲ့ လူချင်းအတူတူ ဘယ်သူမဆို သတ်ရင်သေကြတာပါပဲ။ အကြောက်တရား ရှိကြတာပါပဲ။ဒါပေမဲ့ ဒီဇာတ်လမ်းထဲမှာ ကိုယ့်အကြောက်တရားကို ကိုယ်ထိန်းချုပ်နိုင်တဲ့လူ ၊ ဒဏ်ရာတွေကြား ရှင်သန်ဖို့ အားတင်းနိုင်တဲ့လူ ၊ မသေမျိုးအထင်ခံရတဲ့လူတစ်ယောက် ပါဝင်ထားပါတယ်။ အဲ့ဒီလူနေရာက သရုပ်ဆောင်ထားတာကလည်း Tom Hardy ပါ။ဒီဇာတ်လမ်းဟာ... 1920 ကနေ 30 အတွင်း အရက်ပုန်းတားမြစ် ဥပဒေကာလမှာ အမေရိကန်ပြည်ထောင်စု Franklin ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက အရက်မှောင်ခိုသမားတွေနဲ့ ဥပဒေကြားက ထိပ်တိုက်ယှဉ်ပြိုင်မှူတွေအကြောင်း.. ဖြစ်ရပ်မှန် အခြေခံ ဇာတ်လမ်း ဖြစ်ပါတယ်။ ဒီ ရုပ်ရှင်ရဲ့ ဝတ္တုကို Matt Bondurant ရေးသားပြီး သူ့အဘိုး Jack Bondurant ပြောပြခဲ့တဲ့ ဖြစ်ရပ်မှန်ပါတဲ့။ ဒီဇာတ်လမ်းရဲ့ တစ်ပါးသော ဆွဲဆောင်မှုကတော့ Memento ရဲ့Lead ...
movie
Lawless (2012)
2012
7.3
Mr. Brooks (2007)
Mr. Brooks (2007) IMDb - 7.3/10_____Rotten - 55% အခုတစ်ခါ တင်ဆက်ပေးမှာကတော့ 2007 ခုနှစ်က ထွက်ခဲ့တဲ့ Mr. Brooks ဆိုတဲ့ မှုခင်းဒရမ်မာ ဇာတ်ကားပါ... အားလ်ဘရွတ် အမည်ရတဲ့ လူတစ်ယောက်ဟာ လူတွေလေးစားခံရလောက်အောင်မြင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ပါ...ဒါပေမယ့် သူ့မှာ ဘယ်သူမှ ထင်မထားတဲ့ စွဲလမ်းမှု တစ်ခုရှိနေခဲ့တယ်....အဲ့ဒါကတော့ လူသတ်ရကို နှစ်ခြိုက်နေတာပါပဲ ...သူ့ရဲ့ မကောင်းတဲ့စိတ်ကို ၂ နှစ်ကျော်အောင် ထိန်းချုပ်ခဲ့ပေမယ့် တစ်နေ့မှာတော့ ကချေသည်စုံတွဲ ကို စိတ်မထိန်းနိုင်ဘဲ ပြန်သတ်မိရာကနေ ဇာတ်လမ်းစလာပါတော့တယ်... သိပ်မကြာခင်မှာပဲ သူ့ဆီကို ဓာတ်ပုံတစ်ချို့ရောက်လာတယ်... ဒီဓာတ်ပုံတွေမြင်ပြီးတဲ့ သူသွေးပျက်သွားတယ်.. တစ်ချန်ထဲမှာပဲ ပြသနာတွေ တစ်ပွေ့တစ်ပိုက်နဲ့ ကျောင်းတက်တက်နေတဲ့သမီးဟာ ပြန်ရောက်လာတယ်... ကိုင်း အားလ်ဘရွတ် တစ်ယောက် ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲ... ဓာတ်ပုံထဲမှာရော ဘာတွေများပါနေလို့လဲ... ဒီကားထဲက မင်းသားကြီး Kevin Costner ကိုတော့ အတော်များများသိကြမယ်ထင်ပါတယ်... ကိုင်း plot twist လေးတွေနဲ့ စိတ်ဝင်စားစရာတွေ ရိုက်ပြထားတဲ့ မှုခင်းဇာတ်ကားတစ်ကားပါ IMDb rating ကလည်း 7.3 ထိရထားလေတော့ ခပ်ကြောင်ကြောင်ကားတွေကြိုက်တဲ့သူတွေအဖို့ ...
movie
Mr. Brooks (2007)
2007