Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Marcus Brigstocke
Magic Mike’s Last Dance (2023)
လတ်တလောလေးကမှ ထွက်ရှိထားတဲ့ ပူပူနွေးနွေးကားသစ်လေးလာပါပြီ။ Magic Mike 1 & 2 ထွက်ရှိထားပြီး အခုတော့ သုံးကားမြောက်အနေနဲ့ Magic Mike's Last Dance ပါ။Lost City, 21 Jump Street, Dog, Dear John, White House Down တို့နဲ့ကျော်ကြားလှတဲ့ ကိုယ်တွေရဲ့ မင်းသားချော Channing Matthew Tatum က သရုပ်ဆောင်အဖြစ်ရော ထုတ်လုပ်သူတွေထဲကတစ်ယောက်အဖြစ်နဲ့ပါ ပါဝင်ထားပါတယ်။ မင်းသမီးကတော့ Hitman's Wife Bodyguard ထဲက Salma Hayek ဖြစ်ပြီး Director က Steven Soderberghပါ။(ဒီနေရာမှာ Dance ဆိုတာကို မိတ်ဆက်ပေးရရင် ကခုန်ခြင်းဆိုတာ ရှေးခေတ်ဦးကတည်းက ပေါ်ပေါက်လာတဲ့အရာတဲ့.. ရှေးမျိုးနွယ်စုတွေ ပိုးပန်းတာမျိုးလုပ်တဲ့အချိန် အချင်းချင်း စကားမပြောကြခင် အတူတွဲကပြီး ရင်းနှီးမှုတည်ဆောက်ကြတာပါတဲ့.. ကလပ်မှာ အရင် အတူတွဲကရင်းနဲ့မှ ရင်းနှီးသွားပြီး အဆင်ပြေရင် စကားဆက်ပြောဖြစ်ကြတာမျိုးနဲ့ ဆင်တူမယ်ထင်ပါတယ်)လူသားတွေက အချိန်တိုင်းလိုလို တစ်ခုမဟုတ်တစ်ခုတော့ လိုချင်နေတတ်ကြတာမလား.. ဒါပေမယ့် တစ်ယောက်သောသူနဲ့သာဆိုရင်တော့ ...
movie
Magic Mike’s Last Dance (2023)
Love Actually (2003)
Love Actually (2003) ================ အခုလိုခရစ္စမတ်ကာလနီးလာတဲ့အချိန်လေးမှာ ခရစ္စမတ်ပါဝင်တဲ့ဇာတ်လမ်းကိုကြည့်ရတဲ့အရသာဟာ အင်မတန်ဆွတ်ပျံ့ကြည်နူးဖို့ကောင်းတာအမှန်ပါပဲ (ကိုယ့်တစ်သက်နဲ့တစ်ကိုယ်တစ်ခါမှမမြင်ဖူးတဲ့ နှင်းပွင့်လေးတွေကိုစိတ်ကူးယဉ်ရတဲ့feelလေးနဲ့ပေါ့) အဲ့ဒီထဲမှာမှ ကိုယ်သဘောကျတဲ့မင်းသားမင်းသမီး သရုပ်ဆောင်တွေကိုတစ်စုတစ်ဝေးထဲမြင်တွေ့ရမယ်ဆို အတိုင်းထက်လွန်းကျေနပ်ဖို့ကောင်းပြီမဟုတ်ပါလား ဗြိတိန်ရဲ့နာမည်ကျော်သရုပ်ဆောင်ကောင်းတွေဖြစ်တဲ့ မင်းသားကြီး Liam Nesson , Alan Rickman Colin Firth,Bill Nighy ,Rowan Atkinson ချစ်စရာမင်းသမီးချောလေး Keira Nightly နဲ့ Laura Linney တို့ကိုတစ်နေရာထဲမှာ မြင်လိုက်ရတာနဲ့တင်အချိန်ပေးရကျိုးနပ်သည့်အပြင် ဖွဲ့စည်းထားတဲ့ဇာတ်လမ်းဟာဆိုရင်အပြစ်ဆိုရက်စရာမရှိ နှစ်လိုဖွယ်ကောင်းလွန်းတယ်လို့ပင်ညွှန်းရမယ့် ဇာတ်လမ်းဟောင်းလေးတစ်ခုပါ intertwined stories လို့ခေါ်တဲ့ ဇာတ်လမ်းတစ်ခုထဲမှာမတူညီတဲ့ဇာတ်လမ်းလေးတွေကို ယှက်နွယ်ပြီးပြသွားလေ့ရှိပုံစံရုပ်ရှင်ကားမျိုးတွေကို သဘောကျတတ်တဲ့သူတွေပိုပြီးအကြိုက်တွေ့မှာပါ ဝမ်းသားခြင်းကြည်နူးခြင်းဝမ်းနည်းရခြင်းတွေနဲ့ Love actually ဇာတ်ကားဟာ Drama/Comedy/ Romance စသဖြင့် ရသမျိုးစုံကိုပေးတဲ့ Family Type Friendship အသားပေးထားတာဖြစ်တဲ့အတွက် ခရစ္စမတ်ချိန်ခါအားလပ်ရက်မှာမိသားစုနဲ့အတူ အချိန်ပေးပြီးကြည့်ရန်လည်းအသင့်တော်ဆုံးပါပဲ အညွှန်းလေးအကျဉ်းချုပ်ပြောရရင်.... မူးယစ်ဆေးဖြတ်ပြီးအဆိုတော်ပြန်လုပ် ခပ်ကြောင်ကြောင်စကားလုံးတွေပြောပြီး ခရစ္စမတ်သီချင်းတစ်ပုဒ်ကိုဆိုနေတဲ့ ခေတ်ဟောင်းအဆိုတော်အဘိုးကြီးတစ်ယောက် အမေရိကားကိုရောက်မှစော်ကြည်မယ်ထင်ပြီး မိမိမွေးရပ်မြေကိုစွနိ့ခွာချင်နေတဲ့ ဗြိတန်သားငနဲလေးတစ်ယောက် အချစ်ဆုံးသူငယ်ချင်းရဲ့မင်္ဂလာပွဲကို အခမ်းအနားဆုံးဖြစ်အောင်ပြင်ဆင်ပေးပြီး ကင်မရာလေးနဲ့ရိုက်ပြီးအမှတ်တရပုံရိပ်ကို တိတ်တခိုးခံစားချက်တွေနဲ့အတူ ခိုးပြီးသိမ်းဆည်းထားတဲ့ကောင်လေးတစ်ယောက် ဝန်ထမ်းကောင်မလေးကိုအပေါ်မှာ ချစ်စိတ်ဝင်မိရာကနေ အမေရိကန်သမ္မတကိုတောင် ချေပနိုင်တဲ့စကားတွေပြောဖြစ်သွားရာကနေ ပြည်သူရဲ့အချစ်တော်အင်္ဂလန်ဝန်ကြီးချုပ်တစ်ယောက် ဖောက်ပြန်တဲ့မိန်းမကိုလက်ပူးလက်ကြပ်မိပြီး စိတ်နာနာနဲ့ ပြင်သစ်ကတော့ရွာလေးဘက်ကို ခရီးထွက်အနားယူရာမှတွေ့ဆုံခဲ့သော ပေါ်တူဂီမလေးကိုချစ်မိသွားတဲ့လူတစ်ယောက် Real sex မဟုတ်တဲ့ဟန်ပြသရုပ်ဆောင် အပြာကားရိုက်ရင်းတကယ်ချစ်မိသွားတဲ့ချစ်သူနှစ်ဦး သူဋ္ဌေးဖြစ်သူကိုစနိုက်ကြော်ရန်လိုက်ကပ်နေတဲ့ စာရေးမလေးနဲ့ သူဋ္ဌေးရဲ့မိန်းမမိသားစုအကြောင်း ရုံးတစ်ခုထဲမှာအတူတူလုပ်နေတဲ့ လုပ်ဖော်ကိုင်ဖက်ကောင်လေးကိုတစ်ဖတ်သတ်အချစ်နဲ့ ၂နှစ် ၇လနဲ့ ၃ရက်တိုင်အောင်ထိ ဖွင့်ဟပြောဖို့ရန်အခြေအနေမပေးတဲ့ ကောင်မလေးတစ်ယောက်အကြောင်း စသဖြင့် မတူညီတဲ့ဇာတ်လမ်း ၈ ခုဟာဘယ်မျိုးသော အကြောင်းအရာတွေနဲ့ ချိတ်ဆက်နေမလဲ ကြည့်နေတဲ့ပရိတ်သတ်ကိုဝမ်းသာကြည်နူးတစ်လှည့် ဝမ်းနည်းကြေကွဲစရာလေးတွေနဲ့တစ်ဖုံ ခံစားမှုတွေရမယ်ဆိုတာသေချာပါတယ် Love actually ဇာတ်ကားဟာ Nominated 27 နဲ့ Winners 10 ခုကို ရရှိထားဖြစ်ပြီး အကောင်းဆုံးဇာတ်ပို့ဆုတွေကို မင်းသားကြီး Bill Nighy နဲ့ မင်းသမီးကြီး Emma Thompson တို့ကအများဆုံးရထားကြပြီး 2017 ခုနှစ်မှာတော့ Red Nose Day Actually ဆိုတဲ့ မိနစ်ပိုင်းစာလေးနဲ့အလွမ်းပြေတင်ဆက်ပေးခဲ့ပါတယ် အကယ်၍ Sequal များဆက်ထွက်ခဲ့မယ်ဆိုရင်လည်း Alan Rickman ...
movie
Love Actually (2003)
7.0
Blinded by the Light (2019)
ဒီကားလေးကတော့ IMDb မှာRating 7 ၊ ခရမ်းချဉ်သီးမှာ 88%ရထားပြီးတခြားpositive reviewတွေလည်းအများကြီးရထားတဲ့Drama ကားလေးတစ်ကားပါ။Sarfraz Manzoorဆိုတဲ့သူတစ်ယောက်ကအဆိုတော် Bruce Springsteenရဲ့သီချင်းတွေကြောင့်သူ့ငယ်ဘဝမှာ ဘယ်လိုအင်အားတွေရခဲ့ပြီးသူ့အိပ်မက်တွေနောက်ကိုလိုက်ခဲ့တဲ့အကြောင်းရေးထားတဲ့စာအုပ်ကိုအခြေခံရိုက်ကူးထားတာပါ။သူ့မိသားစုက ပါကစ္စတန်ကနေအင်္ဂလန်ကိုသူငယ်ငယ်လေးကတည်းကပြောင်းလာခဲ့ပါတယ်။သူ့အဖေဟာသူ့ကိုပညာတတ်အောင်လုပ်ပြီးဝင်ငွေကောင်းမယ့်အလုပ်တစ်ခုလုပ်စေချင်သူပါ။စည်းကမ်းတွေလည်းတင်းကြပ်ပြီး အင်္ဂလန်ရောက်တာတောင်သူ့သားကိုအိမ်ရှေ့အိမ်ကသူငယ်ချင်းမွေးနေ့ပါတီတောင်သွားခွင့်မပေးတဲ့တကယ့်ပါကစ္စတန်အဖေကြီးပါ။သူဟာအဖေ့ရဲ့ချုပ်ချယ်မှုတွေနဲ့ကြီးပြင်းလာခဲ့ပေမယ့်အမြဲရုန်းထွက်ချင်နေပြီး စာရေးဆရာဖြစ်ချင်နေတဲ့1987ခုနှစ်က ကောလိပ်ကျောင်းသားတစ်ယောက်ပါ။နောက်တော့ သူ Bruce Springsteenရဲ့သီချင်းတွေကိုအရမ်းကြိုက်သွားပြီး သီချင်းစာသားတွေဟာသူ့ဘဝအတွက်ကြီးမားတဲ့ခွန်အားတွေဖြစ်လာခဲ့ပြီးသူ့အိပ်မက်တွေနောက်လိုက်ခဲ့တဲ့အကြောင်းကိုပုံဖော်ရိုက်ကူးထားတဲ့ Drama ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ File Size : ( 1 GB , 211 MB)Quality : WEB-DL 720pRunning Time : 1 hr 58 minFormat : ...
movie
2019