Channel Myanmar

Marco Morales

Copshop(2021) 6.6
Copshop(2021) ကြမ်း​ပေ့ယမ်း​ပေ့ဆိုတဲ့ အက်ရှင်ကားကိုမှ အသုံးအနှုန်းခပ်ကြမ်းကြမ်း၊ ​သွေးထွက်သံယိုများများ R ratedမှကြည့်ချင်ပါတယ်ဆိုတဲ့CMပရိတ်သတ်​တွေအတွက် တကယ်ကြမ်းတဲ့Crime Actionကားတစ်ကားကို မိတ်ဆက်​ပေးလိုက်ပါပြီအဓိကဇာတ်လိုက်နှစ်​ယောက်ကိုက Angle Has Fallen triologyနဲ့ 300လိုတကယ့်​ကောင်း​ပေ့ညွန့်​ပေ့ဆိုတဲ့အက်ရှင်ကား​တွေမှာ ​​ခေါင်း​ဆောင်ပါဝင်ထားတဲ့ Gerard Butlerနဲ့ Purge franchiseလိုတကယ့်​သွေးထွက်သံယိုကား​တွေကိုပဲရိုက်ကူးထားတဲ့ Frank Grilloဆိုတာနဲ့တင် ဒီဇာတ်လမ်းရဲ့အက်ရှင်​တွေဘယ်​လောက်ကြမ်းမလဲဆိုတာ မှန်းကြည့်လို့ရပါတယ်ဂိမ်းပရိုဂရမ်​ရေးသားသူတဖြစ်လဲ ဒိတ်ဒိတ်ကြဲသူ​​ဌေး​တွေကိုမှညာစားတဲ့ Teddy Murrettoဟာ တစ်ချိန်မှာ​တော့ညာမိတဲ့သူ​ဌေး အ​ရွေးမှားပြီး Hitman​ပေါင်းများစွာရဲ့ အမဲလိုက်ခြင်းကို ခံရပါ​တော့တယ်​ပြေးလို့မလွတ်နိုင်မှန်းသိတဲ့​နောက် Gun Creekမြို့​လေးကိုအ​ရောက်မှာ​တော့ မြို့ကရဲ​မေအရာရှိ Valerie Youngကိုအသားလွတ်ဆွဲထိုးကာ ​ထောင်နန်းစံပြီး ​ကြေးစားသမား​တွေရန်က​နေ လွတ်​အောင်ကြံပါ​တော့တယ်ဖြစ်ချင်​တော့ Hitman​တွေထဲကတစ်​ယောက်ဖြစ်တဲ့ Viddickက Teddyကို​ခြေရာခံမိသွားတဲ့အတွက်၊သူကပါ အရက်မူးသမားအ​​ယောင်​ဆောင်၊ ရဲကားကို ကားနဲ့ဝင်တိုက်ပြီး ​Teddyရှိရာအချုပ်ခန်းဆီကို ထပ်ကြပ်မကွာလိုက်ပါလာခဲ့ပါတယ်ဒါပေမဲ့ Teddyကိုအ​သေရရ အရှင်ရရအမဲဖျက်ချင်​နေတဲ့ Hitmanက တစ်​ယောက်နှစ်​ယောက်မဟုတ်တဲ့အခါ Gun Creekမြို့​​လေးကိုတခြား​ကြေးစားလူသတ်သမား​တွေပါ လိုက်လာတဲ့အခါ.....Teddyတစ်​​ယောက် Hitman​ပေါင်း​သောင်း​ခြောက်​ထောင်ရန်က​နေ လွတ်နိုင်ပါ့မလား၊သူရဲ့​နောက်​ကြောင်းဇာတ်လမ်းက​ရော ဘယ်လိုများဖြစ်မလဲ၊Viddickက​ရော သူ့ရဲ့တာဝန်ကို အပြီးသတ်နိုင်မှာလား၊ သူနဲ့အိုးစားခွက်လုဖက်​​တွေကြားထဲက​နေTeddyကို ...
movie

Copshop(2021)

2021
The Tax Collector (2020) 4.7
The Tax Collector (2020) IMDB 4.9 ခန့်သာရရှိထားတဲ့ဒီဇာတ်ကြမ်းကားဟာတကယ်တော့ မာဗီယားသဘောမျိုး လော့အိန်ဂျလိ ရဲ့ မြေအောက်ရောင်းဝယ်ဖောက်ကားမှုကြီးအကြောင်းကို တင်ပြထားတာပါ။ဇာတ်ကားနာမည်လေးထဲက အတိုင်းပဲ ဆက်ကြေးကောက်ခံတဲ့သူ ရဲ့လုပ်ဆောင်တဲ့အပိုင်းလေးတွေကို တင်ပြထားတာဖြစ်ပြီးတကယ့် ဂိုဏ်းတွေနဲ့ပတ်သက်ရာမှာ ဘယ်လို ရင်ဆိုင်ရသလဲဆိုတာကို တင်ပြထားတဲ့ ဇာတ်ကားလေးပါပဲ..Netflix မှာ ပြသနေတဲ့ GreenHouse Acadamyထဲမှာပါဝင်တဲ့မင်းသမီး Shopie Cardonaပါဝင်သရုပ်ဆောင်ထားပါ သေးတယ်။လော့အိန်ဂျလိရဲ့ အောက်ပိုင်းအမှောင်ထုထဲဂိုဏ်းတွေကြားမှာဆက်ကြေးကောက်ခံတဲ့သူတစ်ယောက်အနေနဲ့ ဂိုဏ်းတစ်ဂိုဏ်းနဲ့ကြားကကိစ္စတွေ အငြင်းပွားဖွယ်တွေကိုလည်း လိုက်ပြီးရှင်းပေးရုံတင်မကပဲကလိမ်ကကျစ်လုပ်ချင်တဲ့ ဂိုဏ်းသားတစ်ချို့ကိုလည်းပညာပြရပါသေးတယ်။ဆက်ကြေး ကောက်ခံသူတစ်ယောက်ဟာ တကယ်တမ်းတော့အဲဒီမြို့ရဲ့ အချက်အချာတစ်ခုကို ကိုင်ထားသလိုမျိုးဖြစ်နေပြီးတကယ့်ငွေကြေးအများဆုံးကိုင်တွယ်ရတဲ့သူတစ်ယောက် ဆိုလည်းမမှားပါဘူး။အဲဒီအချိန်မှာ မိသားစုလေးနဲ့ပျော်ပျော်ရွင်ရွင်နေထိုင်ရင်းဆက်ကြေးကောက်ခံပြီး ဂိုဏ်းခေါင်းဆောင်ကို နေ့စဉ်ပြန်အပ်နေတဲ့ဒေဗစ်တစ်ယောက် ဟာ တစ်နေ့မှာ ပြိုင်ဖက်ဂိုဏ်း တစ်ခုဟာ ဝင်ရောက်စွတ်ဖက်လာတဲ့အခါ....သူ့ရဲ့မိသားစု ...
movie

The Tax Collector (2020)