Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Marco Gumabao
5.5
Rooftop (2023)
Rooftop (2023)===========မိုးအေးအေးလေးနဲ့စောင်ခြုံပြီးဇိမ်နဲ့ကြည့်ရမယ့် ရှယ်ကြမ်းတဲ့သရဲကားပါ။ အဆောင်ရဲ့အုပ်ထိန်းသူတွေကျောင်းအားလပ်ရက်ခရီးထွက်သွားတုန်း ပိတ်ရက်အိမ်မပြန်တဲ့အဆောင်နေကျောင်းသားတစ်စုကျန်ခဲ့ပါတယ်။ အဆောင်မှာသူတို့ချည်းပဲ လွတ်လွတ်လပ်လပ်ကျန်ခဲ့တာမို့ လူငယ်တွေပီပီ ခေါင်မိုးထပ်မှာသောက်ကြစားကြပျော်ကြပါးကြဖို့စီစဉ်ကြပါတယ်။တကယ်တမ်းတော့ခေါင်မိုးထပ်ဟာ တာဝန်ရှိသူတွေကလွဲလို့ဘယ်သူမှမတက်ရတဲ့တားမြစ်နယ်မြေပါ။ အဲ့ဒါကြောင့် သူတို့နဲ့ရွယ်တူကျောင်းစောင့်ကောင်လေးကို သိမ်းသွင်းပြီး သူ့ကိုပါအတူတူခေါ်ပြီး သောက်စားမူးယစ်ကြပါတယ်။အသောက်များလာ ညနက်လာတာနဲ့အမျှ အသိစိတ်တွေလွတ်ပြီးစကြနောက်ကြရာကနေ ကျောင်းစောင့် ပေါလ်ဟာခေါင်မိုးပေါ်ကလိမ့်ကျသေဆုံးသွားပါတော့တယ်။အဲ့ဒီကျမှ အမူးတွေပြေ ခြေမကိုင်မိလက်မကိုင်မိဖြစ်သွားတဲ့ သူတို့တစ်စုဟာ အဆောင်မှာ မသိသလိုနေလိုက်ပြီး မနက်လင်းအလောင်းကိုရှာတွေ့တဲ့သူနဲ့ချော်လဲရောထိုင်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ ဒါပေမယ့်လည်း အငြိုးကြီးလွန်း ဇပြင်းလွန်းတဲ့ ပေါလ်ကတော့ လိမ့်ကျသေတဲ့နေရာမှာမနေပဲ သူတို့တစ်အုပ်လုံးကိုကလဲ့စားချေတော့မှာပါ။ ခြောက်လှန့်ခန်းတွေ၊မိတ်ကပ်အထူးပြုလုပ်ချက်တွေ ပီပြင်ပြီး အစကနေအဆုံးအထိ ရင်မသည်းဖိုကြည့်ရမယ့် ဟော်ရာကားကောင်းတစ်ကားဖြစ်ပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ )File size_(1GB)/(500MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:24:00 Genre_Horror Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias
movie
Rooftop (2023)
6.3
Just the Way You Are (2015)
ကဲအမျိုးတို့ရေ ...ဒီတစ်ခါတော့ ပရိသတ်ရင်ထဲရောက်မယ့် တစ်ကားတင်ပေးလိုက်မယ်ဗျာ ...ကျွန်တော်တောင် ဘာသာပြန်နေတာကို ရပ်ပြီး ဇာတ်လမ်းဆုံးအောင် ကြည့်မိတဲ့ကားလေးပေါ့ ...Just the way you are တဲ့ .... ဇာတ်လမ်းလေးကတော့ မိသားစုကြောင့် အချစ်ကိုအယုံအကြည်မရှိတဲ့ကောင်လေးနဲ့ ကောင်မလေးတို့ အလောင်းအစားတစ်ခုကြောင့်ဆုံတွေ့ခဲ့တဲ့အခါမှာ ဘာတွေဖြစ်ကြမလဲဆိုတာကို ကြည့်ရှုရမှာ ဖြစ်ပါတယ် ...ထုံးစံအတိုင်း Asian Romance Comedy လေးပါပဲ ...အားပေးကြပါဦးနော် File size… 2.8 GB / 1.2 GB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 36m Genre ..... Drama, Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Tartee Poe
movie
Just the Way You Are (2015)
2015
5.5
Martyr or Murderer (2023)
နိုင်ငံရေးအကြောင်း၊ သမိုင်းကြောင်းတွေ စိတ်ဝင်စားတဲ့ပရိတ်သတ်တွေအတွက်၂၀၂၃ခုနှစ်မှာ ထွက်ရှိ တဲ့ ဖိလစ်ပိုင်ဇာတ်ကားသစ်လေးနဲ့ မိတ်ဆက်ပေးပါရစေ။ဖိလစ်ပိုင်နိုင်ငံရဲ့သမိုင်းမှာ နာမည်ကြီးနိုင်ငံရေးဦးဆောင် မိသားစု ၂စုဖြစ်တဲ့အကွီနိုမိသားစုနဲ့ မားကို့စ်မိသားစုတို့ကြားက ရန်ကြွေးဟာ လူသိထင်ရှားပါပဲ။ဒီဇာတ်လမ်းဟာ ၎င်းမိသားစုနှစ်စုရဲ့ ကျောင်းတော်ကရန်စ၊ အတိတ်နောက်ခံသမိုင်း၊နိုင်ငံရေးမှာအားပြိုင်မှု စတာတွေကို ဖော်ကျူး ခြယ်မှုန်းထားတဲ့စိတ်ဝင်စားစရာရုပ်ရှင်ဖြစ်ပါတယ်။ ဖာဒီနန်မားကို့စ်ဟာ အာဏာရှင်အဖြစ်ကျော်ကြားပြီးတော့ စစ်အုပ်ချုပ်ရေးကာလထုတ်ပြန်ပြီး အုပ်ချုပ်ခဲ့ ချိန်တွေအပါအဝင် နှစ်ပေါင်း ၂၀ နီးနီးဖိလစ်ပိုင်နိုင်ငံကို ကြိုးကိုင် ချယ်လှယ်ခဲ့တဲ့သူပါ။ သူအုပ်စိုးစဉ်ကာလအတွင်း၊သူ့သမ္မတသက်တမ်းအတွင်း သူ့ရဲ့အဓိကပြိုင်ဘက်၊ အဓိက ဝေဖန်တိုက်ခိုက်ခဲ့သူကတော့ လွှတ်တော်အမတ် ဟောင်း၊ တာလေးဒေသအုပ်ချုပ်ရေးမှူးဟောင်းနီနွိုင်းအကွီနို ဖြစ်ပါတယ်။ ဖာဒီနန်မားကို့စ် အာဏာကနေ ပြုတ် ကျသွားတာကလည်းလေဆိပ်မှာ နီနွိုင်းအကွီနို လုပ်ကြံအသတ်ဖြတ်ခံရမှုရဲ့ နောက်ဆက်တွဲဂယက်ကြောင့်ဖြစ်ပြီး သူ့ကိုဖြုတ်ချတဲ့ ပြည်သူ့အာဏာတော်လှန်ရေးကို ဦးဆောင်သူကလည်းနီနွိုင်းအကွီနိုရဲ့ ဇနီးသည်ဖြစ်သူ၊ ၁၁ကြိမ် မြောက်သမ္မတဖြစ်လာသူ ကော်ရာဇိုအကွီနိုပါပဲ။ဖာဒီနန်မားကို့စ်ရဲ့ဇနီးဖြစ်သူ အီမယ်လ်ဒါမားကို့စ်ဟာ တချိန်က နီနွိုင်းအကွီနိုနဲ့ချစ်သူဖြစ်ခဲ့ပြီး မားကို့စ်နဲ့ တွေ့ဆုံပြီး သိပ်မကြာခင်မှာပဲ လက်ထပ်ခဲ့တာဖြစ်ပါတယ်။နောက်ပြီး အီမယ်လ်ဒါမားကို့စ်ဟာ ဖိနပ်အရံ (၁၀၀၀၀) ...
movie
Martyr or Murderer (2023)
Baby Boy, Baby Girl (2023)
Baby Boy, Baby Girl (2023)ဖိလစ်ပိုင် လူငယ်ဟာသအချစ်ဇာတ်လမ်းကောင်းလေးလာပါပြီ။ လူငယ်ဇာတ်လမ်းဆိုတဲ့အတိုင်းပဲ ဒီဇာတ်လမ်းထဲက ကောင်မလေးဂျိုစီက ဒီခေတ်ရဲ့ကောင်မလေးတွေကို ကိုယ်စားပြုနိုင်တယ်ပြောရမယ်။ သူကအွန်လိုင်းရှော့လုပ်တယ်။ ခေါင်းအုံးတံဆိပ်ရိုက်တာ ပူတင်းရောင်းတာ တခြားအစုံပလုံပဲ။ ဒါပေမဲ့သူများကိုလဲမယုံကြည်တတ်တော့ ဝန်ထမ်းမခေါ် သူကိုယ်တိုင်အလုပ်တွေသိမ်းကြုံးလုပ်ပြီး စိတ်ရောကိုယ်ပါပင်ပန်းနေတဲ့ကောင်မလေး။ အလုပ်တွေကလဲ အဆင်ပြေလိုက်မပြေလိုက်အမျိုးမျိုး။တစ်နေ့တော့ဂျိုစီက အချိန်ပိုင်းဧည့်ကြိုသွားလုပ်တယ်။ အဲ့ဒီပွဲကို သူဌေးမတစ်ယောက်ရဲ့ကိုယ်စားတက်လာတာက သူ့ရဲ့ရည်းစားဟောင်း ဆက်ဘ်။ အဲ့ဒါနဲ့ပွဲအပြီးမှာ သူတို့ပြန်ဆုံကြ ဂျိုစီကလဲဆက်ဘ်အိမ်လိုက်သွားပြီး တစ်ညမတ်တပ်ရပ်ကြတယ်ပေါ့။ ဂျိုစီ မနက်နိုးလာမှသတိထားမိတယ် ဆက်ဘ်အိမ်ကခမ်းနားလိုက်တာ သူတက်တဲ့ပွဲတွေ အိုင်ဂျီကပုံတွေကလဲမြင့်မြင့်မားမားတွေချည်းပဲ။ ထူးဆန်းဆို ဆက်ဘ်က ဂျိုစီနဲ့ကြိုက်နေတုန်းက သန့်ရှင်းရေးကုမ္ပဏီတစ်ခုကအလုပ်သမားလေးလေ။ အဲ့ဒါနဲ့ဆက်ဘ်ကို အချိန်တိုအတွင်းချမ်းသာနည်းကိုမေးတာပေါ့။ ဆက်ဘ်ကလဲ သူရှူးဂါးဘေဘီလုပ်နေတာဖြစ်ကြောင်း ရှူးဂါးဒိတ်တင်းလောကကဘယ်လိုကောင်းကြောင်းတွေပြောတာပေါ့။ သူ့အလုပ်တွေကိုစိတ်ကုန်နေတဲ့ဂျိုစီ့ကိုလဲ ဆက်ဘ်က ရှူးဂါးဘေဘီတို့တတ်ထားသင့်တဲ့ အသိပညာအတတ်ပညာတွေ သင်ပေးရင်း ဘာတွေဆက်ဖြစ်မလဲကြည့်ကြရမှာပါ။ဒီဘာသာပြန်သူကိုတော့ နောက်ကားတွေမှာမရှာပါနဲ့တော့။ ရှူးဂါးဘေဘီ သွားလုပ်ပါပြီ။ ဒီဇာတ်ကားကိုကြည့်သူတွေလဲ ပြီးရင်ရှူးဂါးဘေဘီဖြစ်ချင်စိတ်မပေါက်ဘူးလို့ အာမမခံနိုင်ပါဘူးနော်။ Watch at your own risk ပါ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။Genre..... Drama, Romance Quality…. 1080p | 720p | 480p File ...
movie
Baby Boy, Baby Girl (2023)
2023
6.7
Spellbound(2023)
Spellbound(2023)*****************ဒီရုပ်ရှင်လေးက 2011ခုနှစ်ကထွက်ရှိခဲ့တဲ့ "Spellbound"ဆိုတဲ့ korea movieလေးကိုPhilippine moiveအဖြစ်ကပြန်လည်အသက်သွင်းထားတာပါ။ ဇာတ်ကြောင်းလေးကတော့ သရဲတွေကိုမြင်ရတဲ့ကောင်မလေးနဲ့ သူ့ရဲ့ မျက်လှည့်ပညာရှင်သူဌေးဖြစ်သူတို့ကြားကအချစ်ဇာတ်လမ်းလေးပါပဲ။ မင်းသမီးငယ်စဥ်အခါက အက်စီးဒင့်တစ်ခုကြောင့် သေမလိုဖြစ်ခဲ့ပြီး သရဲတွေကိုမြင်လာရသူပါ။ ထုံးစံအတိုင်း သရဲတွေကလာနှောင့်ယှက်ကြ အကူအညီလာတောင်းကြမို့မင်းသမီးဟာ လူတွေနဲ့တစ်သီးတစ်သန့်နေရင်း ဘဝကိုတစ်ယောက်တည်းဖြတ်သန်းနေခဲ့ရပါတယ်။ ဒီလိုဘဝလေးနဲ့ ရှင်သန်နေရတာကို မင်းသားဖြစ်သူကသိရှိသွားတဲ့အခါမှာတော့.....။ ပျော်စရာ၊ ကြောက်စရာ၊ ကြည်နူးစရာအစုံကို ရင်ခုန်ခုန်ကြည့်ရှုရမယ့် ဇာတ်ကားလေးပါပဲ။File Size :(1.3GB) &(626MB) Quality : WEB-DL 1080P,720p Format…mp4 Duration…01:47:00 Genre : Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae
movie
Spellbound(2023)
7.0
She’s Dating the Gangster (2014)
She is Dating the Gangster IMDb 7/10 Romance and Drama"ကျွန်တော်သာ သင်္ဘောတစ်စင်းဆို သူမက ကျွန်တော်ရဲ့ကျောက်စူးလေးပါပဲ" လို့ပြောခဲ့တဲ့ ဒန်နီရယ်နဲ့ သူအရမ်းချစ်ရတဲ့အမျိုးသမီးလေး ကတ်သရင်းတို့ကို လူတိုင်းသိကြမယ်ထင်ပါတယ်။ နာမည်ကျော်ဖိလစ်ပိုင်အနုပညာရှင်စုံတွဲလေးဖြစ်တဲ့ သူတို့အတွဲလေးဟာ ယခုဆိုရင် ရည်းစားသက်တမ်း ၁၀ နှစ်ကျော်ထဲကို ရောက်ရှိနေခဲ့ပြီဖြစ်ကာ အရှေ့တောင်အာရှကလူတိုင်း ချစ်ခင်နှစ်သက်ကြတဲ့ နာမည်ကျော်အနုပညာရှင်စုံတွဲလေးဖြစ်ပါတယ်။သူတို့စုံတွဲလေးဟာ အလွန်အောင်မြင်တဲ့ စီးရီးနဲ့ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကို အတူတူတွဲရိုက်ကူးခဲ့ပြီး သရုပ်ဆောင်ကောင်းသလို အရိုခန်း အငိုခန်းတွေမှာ လိုက်ဖက်လွန်းတာကြောင့် လူကြိုက်များခဲ့ပါတယ်။ ယခုတင်ဆက်ပေးသွားမှာကတော့ ၂၀၁၄ ခုနှစ်မှာထွက်ရှိခဲ့တဲ့ သူတို့နှစ်ယောက်ရဲ့အချစ်ဒရမ်မာဇာတ်ကားလေး She's Dating the Gangster ပဲ ဖြစ်ပါတယ်။ဇာတ်လမ်းကတော့... မိခင်ဆုံးပါးသွားတည်းက ဖခင်ဖြစ်သူကို စိတ်နာနေတဲ့ ကန်းနက်ဆိုတဲ့ကောင်လေးဟာ သူ့မိခင်ရဲ့သေဆုံးမှုဟာ သူ့ဖခင်ရဲ့စနက်မကင်းဘူးလို့ထင်မြင်နေတာလည်းဖြစ်ပါတယ်။ သူ့မိခင်နဲ့ဖခင်တို့ အတိတ်သမိုင်းကြောင်းကို သိချင်လို့ပြန်လည်တူးဖော်ရင်း ဘယ်လိုအခြေအနေမျိုး၊ ဘယ်လိုအကြောင်းအရာမျိုးတွေ သိရှိလာမယ်၊ သူ့အဖေက ဘာလို့ရယ်ရယ်ပြုံးပြုံးမရှိတော့တာလဲဆိုတာရယ်၊ ဘာကြောင့် သူ့အမေဆုံးပါးသွားရတာတွေကို သူ့အဖေကြောင့်လို့ သူထင်နေလဲ၊ သူ့အဖေကရော ဘာတွေမှားခဲ့တာလဲဆိုတာကို ဇာတ်လမ်းဇာတ်ကွက်ကောင်းကောင်းလေးနဲ့ ငြိမ့်ငြိမ့်လေးကြည့်ရှုရမယ့် ဖိလစ်ပိုင်အချစ်ဒရမ်မာဇာတ်လမ်းလေးဖြစ်ပါတယ်။Tele Link ကနေပဲကြည့်တတ်တယ်ဆိုရင် https://t.me/Myname2021hakak/42 မှာဝင်ကြည့်ပါ။720p HD ကို ...
movie
She’s Dating the Gangster (2014)
Bahay na Pula (2022)
Bahay Na Pula (2022)Bahay na Pula သို့မဟုတ် အိမ်နီကြီး ဟာ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်အင်ပါယာစစ်တပ် ဖိလစ်ပိုင်နိုင်ငံကို ကျူးကျော်စဥ် အစုလိုက်အပြုံလိုက် လူသတ်မှုတွေ၊ မုဒိမ်းကျင့်မှုတွေ ကျူးလွန်ခဲ့တဲ့နေရာပါ။ ဂျပန်စစ်တပ်ဟာ နီးစပ်ရာက ယောကျ်ားမှန်သမျှ ကောင်လေးတွေပါမချန် သတ်ဖြတ်ခဲ့ပြီး မိန်းကလေးပေါင်း ၁၀၀ ကျော်ကို လိင်ကျွန်အဖြစ် အိမ်အနီထဲမှာ ချုပ်နှောင်ပြီး အကြိမ်ကြိမ် မုဒိမ်းကျင့်ခဲ့ပါတယ်။ဒါကတော့ အပြင်က သမိုင်းကြောင်းပါ။ ဒီဇာတ်လမ်းဟာလည်း အဲအိမ်နီကို အခြေခံပြီးတော့ ဇာတ်အိမ်တည်ထားတာပါ။ ရက်ဖီနဲ့ ဂျိမ်းဆိုတဲ့ လင်မယားနှစ်ယောက်ဟာ သူတို့ရဲ့ ဘိုးဘွားပိုင် အိမ်ကိုရောင်းချပြီး ဖြိုချနိုင်ဖို့ ထိုအိမ်ဆီကို ရောက်လာကြပါတယ်။ အဆိုပါအိမ်ကို အစ်ဆင်းဆိုတဲ့ မိန်းမကြီးတစ်ယောက်က စောင့်ရှောက်ပေး နေတာပါ။ အိမ်ကို ရောက်လာပြီး လင်မယားနှစ်ယောက်ကြား မပြေလည်မှုတွေဖြစ်လာပါတော့တယ်။ ထိုအိမ်ကို ရောင်းချဖို့လုပ်ထားပေမယ့် အစိုးရကတော့ သမိုင်းဝင်နေရာဖြစ်တာကြောင့် ဖြိုချခွင့်မပြုနိုင်ဘူးဆိုပြီး မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က ရောင်းချခွင့်ကို ပိတ်ပင်လိုက်ပါတယ်။ အဲဒါကြောင့် ဂျိမ်း တစ်ယောက် အိမ်ကိုရောင်းချနိုင်ဖို့ အစွမ်းကုန်ကြိုးစားပါတော့တယ်။ တစ်ဖက်မှာလည်း ရက်ဖီ ဟာလည်း ငွေရေးကြေးရေး ...
movie
Bahay na Pula (2022)
6.2
Just a Stranger
Just A Stranger (2019) ~~~~~~~~~~~~~~~~~~~~~IMDb - 6.2/10 ဒီဇာတ်ကားလေးကတော့ 2019တုန်းက အရမ်းကိုအောင်မြင်ခဲ့တဲ့ ဖိလစ်ပိုင် Romance/Drama ကားလေးဖြစ်ပါတယ်ရုံတင်ပြီး (၁၂)ရက်အကြာမှာပဲ Box office မှာ PHP 100million အထိဝင်ငွေရရှိခဲ့ပါတယ်~~~ အညွှန်း ~~~အချစ်မပါတဲ့ အိမ်ထောင်ရေးကြောင့် မပျော်မရွှင်ဖြစ်နေတဲ့ (၃၈)နှစ်အရွယ် မေနဲ့ မိဘတွေရဲ့ တင်းကြပ်တဲ့ချုပ်ထိန်းမှုတွေနဲ့ ချစ်သူကောင်မလေးရဲ့နားလည်မပေးမှုတွေကြောင့် စိတ်ညစ်နေတဲ့ ဂျေရီဂိုဆိုတဲ့ (၁၉)နှစ်အရွယ်ကောင်လေးတို့နှစ်ယောက် ခရီးထွက်ရင်း ကမ်းခြေတစ်ခုမှာ မထင်မှတ်ဘဲ တွေ့ဆုံဖြစ်ခဲ့ကြပါတယ်။ဒီလိုနဲ့ သူတို့နှစ်ယောက် တစ်ညတာ အတူနေဖြစ်သွားကြပါတယ်~~~~~~ မေကတော့ သူ့နေရပ် ဖိလစ်ပိုင်နိုင်ငံကို ပြန်သွားခဲ့ပါတယ်~ တစ်ဖက်မှာလည်း ဖခင်ဖြစ်သူရဲ့အလုပ်ကြောင့် ဂျေရီဂိုတို့မိသားစုဟာ ဖိလစ်ပိုင်ကို ပြန်ပြောင်းဖြစ်ခဲ့ကြပါတယ်~ရက်အနည်းငယ်အကြာမှာတော့ ပြတိုက်တစ်ခုမှာ သူတို့နှစ်ယောက် မထင်မှတ်ဘဲ ပြန်လည်ဆုံတွေ့ဖို့ ဖြစ်လာရာကနေ အသက်နှစ်ဆလောက်ကွာနေတဲ့ သူတို့နှစ်ယောက်ကြားမှာ ဘာတွေဘယ်လိုဆက်ဖြစ်လာမလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုခံစားရမှာဖြစ်ပါတယ်~ဇာတ်လမ်းရဲ့အစပိုင်းကိုတော့ သာမာန်ပဲလို့ထင်ရနိုင်ချေရှိပေမယ့် မထင်မှတ်ထားတဲ့ ဇာတ်သိမ်းခန်းကြောင့် ရသတစ်ခုခုကို ကျိန်းသေပေါက်ခံစားရမှာဖြစ်လို့ လုံးဝလက်မလွှတ်သင့်ပါဘူးနော်~Review by Van Sui ParFile size… 1.67GB and 758MB Quality….WEB-DL 1080p and 720p Format…mp4 Duration….1hr ...
movie
Just a Stranger
2019
6.7
Once Before(2020)
Once Before(2020)ငယ်သူချင်းတွေဆိုတာ အကြောင်းသိချင်းတွေဆိုတော့ တော်ရုံချစ်သူဖြစ်ကြတာမဟုတ်ဘူး...သူတို့အမြင်မှာ သူငယ်ချင်းအဆင့်ထက်မပိုသလို အတွင်းရေးတွေလည်း ပွင့်ပွင့်လင်းလင်းတိုင်ပင်လေ့ရှိကြတယ်...ဒီလိုအချိန်မှာ ငယ်သံယော်ဇဉ်ကနေ အချစ်ကိုကူးပြောင်းမှန်းသိလိုက်ပေမဲ့ သူငယ်ချင်းလို့ပဲ ကိုယ့်ကိုမြင်နေတာကိုသိတော့ ဆန္ဒတွေကိုမြိုသိပ်ရင်းအနားမှာရှိနေပေးတတ်ကြတဲ့သူတွေကိုမြင်ဖူးကြမှာပါ...ပိုဆိုးတာက ကိုယ်ကချစ်နေပေမဲ့ သူငယ်ချင်းက တခြားသူနဲ့ရည်းစားဖြစ်သွားရင်ဘယ်လောက်ခံစားရမလဲဆိုတာ ပြောပြဖို့တောင်လိုမယ်မထင်ပါဘူး...ဒီကားထဲမှာလည်း သူငယ်ချင်း(၂)ယောက်ရှိတယ်..ကောင်လေးက သူငယ်ချင်းစည်းကိုကျော်ချင်ပေမဲ့ကောင်မလေးကတော့ တခြားသူနဲ့ မေတ္တာမျှသွားလေရဲ့.....ဒီကားက အပေါ်ကရေးထားတာ သိပ်မဆန်းပေမဲ့သူတို့(၃)ယောက် နောက်ပိုင်းဖြစ်တဲ့အဖြစ်အပျက်တွေကတော့ဆန်းကျယ်တယ်....ဘာတွေလဲဆိုတာကတော့ ခံစားကြည့်ကြပါနော်...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Zwe Zan Aung ပဲဖြစ်ပါတယ်...File Size : (850 MB) and (461MB) Quality : WEB-DL 720p Format…mp4 Duration…01:38:00 Genre :Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Zwe Zan Aung Encoded by Phyo Pyae
movie
Once Before(2020)
6.8
For the Broken Hearted(2018)
For the Broken Hearted(2018)လူတိုင်းက အချစ်ဦးကို မေ့လို့ရမှာမဟုတ်ဘူးထင်ပါရဲ့...အချစ်ဆိုတာ ချိုလား ခါးလား ရသမျိုးစုံ ခံစားနေကြလေရဲ့။ အချစ်ရှေ့မှာဒူးထောက်အရှုံးပေးကြသူရှိသလို အချစ်မှာပျော်ရွှင်နေကြသူလည်းရှိပါတယ်။ဒီဇာတ်ကားမှာလည်း လူသုံးယောက်ရဲ့အချစ်ရေးအကြာင်းကိုရိုက်ကူးပြသထားပါတယ်။သူတို့က ဘယ်လိုပုံစံနဲ့စတွေ့ခဲ့ပြီး ဘယ်လိုအချစ်မျိုးနဲ့တွေ့ကြုံခဲ့ပြီး ဘယ်လိုအဆုံးသတ်သွားကြတာလဲဆိုတာကိုစိတ်ဝင်စားစရာကောင်းအောင်ရိုက်ပြထားပါတယ်။ ဇာတ်လမ်းအစမှာတော့ အချစ်ရေးအဆင်မပြေလို့အန်တီအိမ်မှာသွားနေဖို့ ဆုံးဖြတ်လိုက်တဲ့ ဂျက်ခီနဲ့စတွေ့ရမှာပါ။ သူက ကားဂိတ်မှာ အတွေ့အကြုံတူညီတဲ့ကတ်နဲ့ဆုံခဲ့ပါတယ်။ ဒီလိုစကားပြောရင်း သူတိုနှစ်ယောက်က သူတို့ကြုံတွေ့ခဲ့တဲ့အကြောင်းတွေကို အချင်းချင်းပြောပြရင်ဖွင့်ခဲ့ပါတယ်။တကယ့်ကို ကြည့်ကောင်းပြီး လူငယ်ဘဝမှာကြုံတွေ့နိုင်တဲ့ အချစ်အကြောင်းတွေကို ချစ်စဖွယ်ရိုက်ကူးထားတဲ့အတွက်ကြောင့်စိတ်ဝင်တစားကြည့်ရှုအားပေးကြပါဦး။ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ The One ပဲဖြစ်ပါတယ်...File Size : (900 MB) and (332 MB) Quality : WEB-L 720p Format…mp4 Duration…01:32:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by The One Encoded by Phyo Pyae
movie
For the Broken Hearted(2018)