Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Marcin Zarzeczny
6.0
Pilecki’s Report (2023)
ဒီဇာတ်ကားကတော့ ဇာတ်ကားပြီးသွားတဲ့အခါသူရဲကောင်းတွေကို ဘာကြောင့် သတ်ပစ်ကြတာလဲဆိုတဲ့မေးခွန်းပေါင်းများစွာနဲ့ စိတ်ဝင်တစား ကြည့်ရမယ့်ဇာတ်ကားမျိုးပါ။၂ နာရီစာ ဒီဇာတ်ကားက တကယ့်ဖြစ်ရန်မှန်ကို အခြေခံထားတဲ့ ဇာတ်ကား တစ်ကားဖြစ်ပါတယ်။ဒုတိယ ကမ္ဘာစစ်မှာ ပိုလန် လူမျိုး ဝစ်တိုး ပီလက်ကီဆိုတဲ့တော်လှန်ရေး တပ်သားတစ်ယောက်ဟာ အရမ်း ဆိုးဝါးတဲ့အော့ဇ်ဝစ်ချ် ဂျာမန် အကျဉ်းထောင်ထဲကို ဝင်ရောက်ခဲ့ပါတယ်။စစ်ကြီးပြီးသွားတဲ့အခါမှာတော့ ကွန်မြူနစ် အရာရှိတွေရဲ့ဖမ်းဆီးခြင်းကို သူ့အနေနဲ့ ခံလိုက်ရတယ်။ စစ်အတွင်းမှာသူကြုံခဲ့ရတာတွေ .. အော့ဇ်ဝစ်ချ်ဆိုတဲ့ ငရဲခန်းထဲမှာ သူ့ရဲ့အတွေ့အကြုံတွေနဲ့ မျက်မြင်ကိုယ်တွေ့ သူကြုံခဲ့ရတဲ့ အနိဌာရုံမြင်ကွင်းတွေအကြောင်း ကွန်မြူနစ်အရာရှိတွေက သိချင်ခဲ့ကြတာဖြစ်ပါတယ်။ ဝမ်းနည်းစရာကောင်းတာကတော့၁၉၄၈ ခုနှစ်မှာ ဆိုဗီယက်အစိုးရကို ဆန့်ကျင်မှုကြောင့်သူဟာ ကွပ်မျက်ခံလိုက်ရတာပါပဲ။ပထမ စစကြည့်ချင်းမှာ ဇာတ်ကားကို သိပ်နားမလည်နိုင်ပေမဲ့နောက်ပိုင်းမှာ အော့ဇ်ဝစ်ချ် အကျဉ်းထောင်ထဲက ရိုက်ကွင်းတွေကြောင့် ဇာတ်ကားက ပိုကြည့်လို့ ကောင်းလာပြီး ဇာတ်ရည်လည်းလည်လာမှာဖြစ်ပါတယ်။ သမိုင်း ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ဇာတ်ကားဖြစ်တဲ့အတွက် ဒီဇာတ်ကားက ကြည့်ရမယ့်ဇာတ်ကားကောင်း တစ်ကားပါပဲ လို့ ပြောရင်း ...
movie
Pilecki’s Report (2023)
5.5
Fuks 2 (2024)
Fuks 2 (2024)ဧပြီလတုန်းက ထွက်ရှိခဲ့တဲ့ Action/ Comedy ဇာတ်ကားကောင်းလေးပါ။ IMDb rating – 6 ရရှိထားပြီး ပိုလန်နိုင်ငံက ထုတ်လုပ်တဲ့ ရုပ်ရှင်ဖြစ်တာမို့ Hollywood က ရုပ်ရှင်တွေနဲ့ မတူညီတဲ့ အရသာမျိုးကို ခံစားရမှာပါ။ဇာတ်လမ်းအကျဉ်းကတော့ မီရိုစလော ဘိုင်ချောစကီဟာ ပိုလန်နိုင်ငံက လူချမ်းသာတစ်ယောက်ပါ။ သူဟာ ငွေရဖို့ဆို တရားမဝင်ရော၊ တရားဝင်ရော အကုန်လုပ်ပါတယ်။ ကာစီနိုလည်း ထောင်ထားသလို လူတွေကို ရိုက်နှက်တာမျိုးလည်း လုပ်ပါတယ်။ မာချက်ခ်ဆိုတဲ့ ကောင်လေးတစ်ယောက်က ဘိုင်ချောစကီရဲ့ ဒုတိယဇနီး အန်နာ့ကို ဘိုင်ချောစကီရဲ့ သမီး ယူကာလို့ ထင်ပြီးတော့ ပတ်သက်မိသွားပါတယ်။ အန်နာကလည်း ဘိုင်ချောစကီးက ချုပ်ချယ်တာမို့ ထွက်ပြေးချင်နေပါတယ်။ ပိုဆိုးတာက မာချက်ခ်ဟာ အန်နာ ထွက်ပြေးဖို့ ကူညီလိုက်မိပါတယ်။ ဒီလိုနဲ့ ဒေါသယမ်းပုံပေါက်သွားတဲ့ ဘိုင်ချောစကီဟာ မာချက်ခ်အဖေကို ရိုက်နှက်ပြီး သူတို့ရဲ့ ကားဝင်းကိုလည်း မီးရှို့သွားပါတော့တယ်။ ယူကာကလည်း သူ့အဖေရဲ့ လုပ်ငန်းကြောင့် သူတန်ဖိုးထားတဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်ရတယ်ဆိုပြီး တားဆီးဖို့ ကြိုးစားနေသူပါ။ ဒီလိုနဲ့ ...
movie
Fuks 2 (2024)
2024