Channel Myanmar

Marcia DeBonis

The Truman Show (1998) 8.2
The Truman Show (1998) The Truman Show (1998) =============== IMDb Rating (8.2) Rotten Tomatoes (95%) Metacritic 90% Movie Type-Sci-fi/Dramaသင့်ဘဝကြီးတခုလုံးက Show တခုဖြစ်နေပြီး သင်ကဇာတ်လိုက်ဖြစ်နေမယ်လို့တွေးဖူးလား?ဒီကားက သင့်ကိုအတွေးပေါက်စေမယ့်ကားမျိုးပါ။ Sci-fi ဆိုပေမယ့် လေဆာတွေပစ် ယာဥ်ပျံတွေပါတဲ့ကားမျိုးမဟုတ်ပါဘူး။ သင်ဒီကားကြည့်ရင်းမျက်ရည်ဝဲမယ်။ နောက်ဆုံးခန်းကိုကြည့်နေရင်းမှာ လက်ကတခုခုကိုဆုပ်မှန်းမသိဆုပ်နေမိလိမ့်မယ်။ ပြီးတော့ အဆုံးမှာ ဇာတ်ကားထဲက လူတွေလိုပဲ သင်အရမ်းကိုကျေနပ်ပြီးမျက်ရည်တွေကျလာလိမ့်မယ်။ မယုံမရှိပါနဲ့။ မင်းသားက ရှားမှရှား Jim Carrey ပါ။ သူလိုလူနောက်ပေါ်လာဖို့ဆိုတာ တော်တော်မဖြစ်နိုင်တာပါ။ ဒါပေမယ့် ကျွန်တော်တို့မြင်နေကျ ပေါတောတော ဟာသ ကောင်ကြီးအဖြစ်နဲ့ ဒီကားမှာမြင်တွေ့ရမှာမဟုတ်ပါဘူး။ တကယ့် တခြား Jim Carrey တစ်ယောက်ကိုကြည့်နေရသလိုခံစားစေမှာပါ။ Oscar တန်းဝင်ကားပါ။Truman ဆိုတာက ဘဏ်မှာအလုပ်လုပ်တဲ့ဝန်ထမ်းတစ်ယောက်။ သူ့ဘဝကြီးကအစစအရာရာသာယာတယ်။ မိန်းမတစ်ယောက်ရှိတယ်။ မိန်းမကလည်းချောတယ်။ အရမ်းချစ်တဲ့သူငယ်ချင်းတစ်ယောက်လည်းရှိတယ်။ ဒါပေမယ့် သူနေနေတဲ့ကမ္ဘာကြီးမှာသူတစ်ယောက်ကလွဲ ပြီးကျန်တဲ့လူတွေကအတုတွေ နေရာတွေအကုန်လုံးက အတုတွေဆိုတာ တဖြည်းဖြည်း နဲ့ရိပ်မိလာတယ်။ Seaheaven ကျွန်းလေးဟာအတုအယောင်ဆိုတာသူတဖြည်းဖြည်းရိပ်မိလာတယ်။ သူဒီကထွက်ဖို့ကြိုးစားတော့မယ်.... ဒါပေမယ့်အောင်မြင်ပါ့မလား?Truman ဟာမိန်းမမရခင်မှာ Laurenဆိုတဲ့ကောင်မလေးနဲ့တွေ့တယ်ကြိုက်ခဲ့တယ်။ သူမကလည်းအတုအယောင်ပဲ။ ဒါပေမယ့် Lauren က Truman ကို ဒါကြီးကအတုအယောင် ...
movie

The Truman Show (1998)

4K HEVC
Sometimes I Think About Dying (2023) 6.6
Sometimes I Think About Dying (2023)  ဇာတ်ကားခေါင်းစဥ်လေးအတိုင်းပဲ တစ်ခါတလေကျကျွန်တော်တို့ ပတ်ဝန်းကျင်မှာ တည်ရှိမနေချင်တော့လောက်အောင် ပျောက်ဆုံးသွားသလို၊ သေဆုံးသွားသလိုစိတ်ကူးမိတဲ့အတွေးလေးကို ရိုက်ကူးပြထားတဲ့ကားလေးပါပဲ။အဓိကသရုပ်ဆောင်ထားတဲ့ မင်းသမီးကလည်း Star Warsရုပ်ရှင်တွေထဲက'ရေး'အဖြစ်သရုပ်‌ဆောင်တဲ့ မင်းသမီးDaisy Ridleyဖြစ်ပါတယ်။ဒီဇာတ်ကားထဲမှာတော့ သူဟာ တစ်နေ့တစ်နေ့ လူမှုအသိုင်းအဝိုင်းမှာ ‌ဘောင်မဝင်တဲ့ ရုံးဝန်ထမ်းလေးဖရန်အဖြစ်သရုပ်ဆောင်ထားပါတယ်။ဒီဇာတ်အိမ်မျိုးက Introvertတစ်ယောက်ကို ရိုက်ကူးပြသထားတာနဲ့ပိုတူတယ်ဗျ။ကိုယ့်ပတ်ဝန်းကျင်မှာ လူတွေအများအကြီး၊ စကားတွေပြောနေ၊မိတ်ဖွဲ့နေပေမယ့် ကိုယ်ကတော့ ချောင်လေးမှာတစ်ယောက်တည်းတွေးရင်းငေးရင်း လောကကြီးမှာ သေဆုံးသွားဖို့သာတွေးမိကြတဲ့အဖြစ်မျိုးပေါ့....။ဒီလိုမျိုးပတ်ဝန်းကျင်မှာ မဝင်ဆံ့တဲ့ ဖရန့်တစ်ယောက်ဟာအလုပ်ကိုရောက်လာတဲ့ လူသစ်လေးနဲ့ကျတော့ ဇာတ်လမ်းလေးတွေစဖြစ်ခဲ့ပါတယ်...။သို့ပေမယ့် သူ့လို introvertတစ်ယောက်အတွက် အချစ်ဆိုတာခံစားခွင့်ရှိပါ့မလား၊ လူတွေနဲ့ရော ဝင်ဆံ့နိုင်ပါ့မလားဆိုတာတော့ဇာတ်လမ်းလေးထဲပဲကြည့်ရှုလိုက်ပါတော့ဗျာ။ File size…900MB / 454MB Quality…WEB-DL 1080p  / 720p Format…mp4 Duration….1h 34m Genre ….. Comedy , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

Sometimes I Think About Dying (2023)

Merry Good Enough (2023) 5.6
Merry Good Enough (2023)  ဒီဇာတ်ကား​လေးက ခရစ္စမတ်ကာလကို အ​ခြေခံထားတဲ့ မိသားစုဇာတ်ကား​​သစ်လေးပဲဖြစ်ပါတယ်။ IMDb 5.6,RT 95%ရထားပြီးမိသားစု​​တွေကြားမှာ ဖြစ်တတ်တဲ့ ပဋိပက္ခ​​တွေ၊ နားလည်မှုလွဲတဲ့ပြဿနာ​တွေကို ပုံ​ဖော်ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ လူစီဟာမိသားစုနဲ့ အ​စေးသိပ်မကပ်တဲ့ သမီးလတ်တစ်ဦးပါ။ ခရစ္စမတ်အချိန် ရောက်လာ​တော့ မိသားစုနဲ့အတူ ပိတ်ရက်ကိုဖြတ်သန်းဖို့အိမ်ပြန်လာရင်း ခရစ္စမတ်မတိုင်ခင်မှာပဲ အ​မေနဲ့စကားများခဲ့ကြပါတယ်။ ​နောက်တစ်​​နေ့မှာ​တော့​ အ​မေဖြစ်သူ အိမ်​ပေါ်က ဆင်း​သွားတဲ့အတွက် ညီအစ်မသုံး​ယောက်နဲ့ အရင်​ယောကျ်ား​ဟောင်းသူတို့အ​ဖေပါ ​ပေါင်းပြီး အ​​​မေဖြစ်တဲ့ ကာရိုးလ်ကို လိုက်ရှာရင်းမိသားစုတွေကြားက မ​ကျေလည်မှု​၊ ပြဿနာ​တွေကို တစ်ခုချင်း​ပြေလည်​အောင် ညှိယူ​သွားပုံ၊ ဖြေရှင်းသွားပုံ​တွေကို ကြည့်ရှုရမှာဖြစ်ပါတယ်။  File size…1.56GB / 741MB Quality…WEB-DL 1080p  / 720p Format…mp4 Duration….1h 37m Genre ….. Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JimX
movie

Merry Good Enough (2023)

Whatever Works (2009) 7.1
Whatever Works (2009)  ဒီဇာတ်လမ်းလေးကတော့ လူ့အသိုင်းအဝိုင်းကို မုန်းတီးရှောင်ကြဥ်တဲ့လူလတ်ပိုင်းအရွယ် လူ့ဂွစာ ဉာဏ်ကြီးရှင်ကြီးနဲ့ လူ့လောကအကြောင်းဘာဆိုဘာမှမသိတဲ့ နှစ်ဆယ်ကျော်သက်အရွယ် ကောင်မလေးတို့ကြားကဇာတ်လမ်းလေးတစ်ပုဒ်ကို ဟာသဆန်ဆန်ကြည့်ရှုရမှာပါ...။ဒီလူ့ဂွစာကြီး ဘိုးရစ်ဆိုသူဟာ သာမန်မဟုတ်ဘူးဗျ၊ ရူပဗေဒပညာရပ်ထူးချွန်လို့နိုဘယ်ဆုတောင် လျာထားခံရဖူးသူ၊ ကွမ်တမ်ဗေဒလည်း တတ်ကျွမ်းနားလည်သူ၊လူတွေအကြောင်းသိတတ်နားလည်သူဖြစ်ပါတယ်...။အဲ့လောက်သိတတ်နေမှတော့ သာမန်လူတွေကိုဆိုရင် အပြစ်ပဲမြင်ပြီး အမုန်းကြီးမုန်းပြီပေါ့...။သူ့အတွက်ကတော့ လောကကြီးကို မုန်းတီးတယ်၊ အချစ်ဆိုတာလည်းမရှိသူ...ဘယ်သူဘာတွေပဲဆိုဆို အလုပ်ဖြစ်ရင်ပြီးရောဆိုပြီး "Whatever Works"ဆိုတဲ့ဆောင်ပုဒ်ကို လက်ကိုင်ထားသူပါ...။တစ်နေ့ကျတော့ သူ့ဘဝထဲကို မယ်လိုဒီဆိုတဲ့ အလှမယ်လေးရောက်ချလာပါတယ်...။ဒီကောင်မလေးဟာ လူတွေအကြောင်းလည်းနားမလည်၊ ဘာမှမသိမတတ်နဲ့၊အလှမယ်ပြိုင်ပွဲတွေပဲဝင်ပြိုင်ခိုင်းလွန်းလို့ အိမ်ကထွက်ပြေးလာသူပါ...။ဘိုးရစ်ဆီလည်းရောက်တော့ အရာရာသိတတ်နားလည်သူဆိုပြီး အကြွေကြီးကြွေပြီး ချစ်မိတယ်ထင်ပါရဲ့...။ဒီလိုနဲ့ သူတို့နှစ်ယောက်ရဲ့ အချစ်ရေး၊အိမ်ထောင်ရေးဇာတ်လမ်းလေးကဘာဆက်ဖြစ်ကြမလဲဆိုတာကို ရယ်စရာဟာသလေးတွေနဲ့ကြည့်ရှုရမှာပါ....။စူပါမန်းမင်းသား Henry Cavillရဲ့ ငယ်မူ သရုပ်ဆောင်ဟန်လေးကို ခဏတာမြင်တွေ့နိုင်မယ့်ကားလေးလည်းဖြစ်ပါတယ်...။ File size…4.18GB / 1.03GB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 33m Genre ….. Comedy ,  Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

Whatever Works (2009)

Funny Pages (2022) 6.3
Funny Pages (2022) Funny Pages (2022) ----------------------ဒီရုပ်ရှင်ကပြောရရင် ကောမစ်တွေအကြောင်း။ ဇာတ်လိုက်‌ကောင်လေးက ကောမစ်တွေစုသလို ကောမစ်ရေးတဲ့သူဖြစ်ချင်လို ငယ်ငယ်လေးကတည်းက ကောမစ်တွေထိုင်ဆွဲနေတဲ့ကလေး။ ဒီကားဇာတ်အိမ်တည်ရာ အချိန်မှာလည်း သူက ၁၇နှစ်ပဲရှိသေးတယ်။ သူက မာဗယ် ဒီစီတိုလို ကောမစ်တွေလည်းစုတယ်။ ငယ်ငယ်က ကစ်ဇုန်ထဲ ကျွန်တော်တိုရင်းနှီးပြီးသားဖြစ်တဲ့ ငပြောင်ကောင် ဂျက်သတ်ကောမစ်တွေလည်းစုတယ်။ သိုပေမဲ့ သူက အဲဒီငပြောင်ကောမစ်တွေကို ပိုသဘောကျတဲ့သူ။ သူဆွဲတာကလည်း အဲဒီလိုကောမစ်မျိုးပဲ။ သမိန်ပေါသွပ်တို ဂျက်ဟတ်တို ဘာတိုကို ပြန်လွမ်းလိုရမယ့် Nostalgia vibeလေး အပြည့်ရတယ်။ထူးတာက ဒီရုပ်ရှင်တစ်ခုလုံးက ကောမစ်တွေကို ချစ်တဲ့ ဆယ်ကျော်သက်ကောင်လေးနဲ့ ကောမစ်တွေအကြောင်းသက်သက်ပဲ။ နာမည်ကိုကလည်း Funny Pages. , Genreကလည်း Comedyပေမဲ့ ဟာသကွက်လည်းမပါသလို။ ဒီပျက်ရှင်၀င်လောက်စရာ ဇာတ်၀င်ခန်းတွေအပြည့်နဲ့ပြသွားတယ်။ ရုပ်ပြကာတွန်းကို ရူးသွပ်တဲ့ ကလေးတစ်ယောက် ရုပ်ပြကာတွန်းဆွဲဖို ကြိုးစားတာကို သေချာပြသွားတာဆိုတော့ တော်တော်တော့ စိတ်၀င်စားစရာကောင်းပါတယ်။ နာမည်နဲ့လိုက်ဖက်တဲ့ ပျော်စရာတစ်ခုမှ မပါပေမဲ့ ...
movie

Funny Pages (2022)

Uncut Gems(2019) 8.0
Uncut Gems(2019) Uncut Gems(2019)IMDb....8.0,,,,,Rotten..93%(unicode)ကျောက်ရိုင်းတုံး သို့မဟုတ် မသွေးရသေးတဲ့ ကျောက်ပေါ့ ဒီကျောက်တစ်တုံးပတ်မွှေတာနဲ့တင်တိုင်လည်နေတဲ့ကျွန်တော်တို့ရဲ့ဇာတ်လိုက်​ကျော် ဟော၀ပ်ရပ်တနာ Click ကားနဲ့နာမည်ကြီးခဲ့တဲ့မင်းသားကြီးAdam Sandler ကိုမြင်ရမှာပါ အဲ့ဘဲကြီးကားတွေဆိုကတည်းက လုံး၀ ပြဿနာပေါင်းစုံနဲ့ မရိုးရတဲ့ကားတွေပဲဖြစ်တယ်ဆိုတာကို အားလုံးလည်း သိကြမှာပါ...ဒီကားမှာလည်း တချိန်လုံးပြဿနာတက် ကွိုင်တက်တိုင်တွေပတ်နေတာကိုမြင်ရမှာပါ ...လက်၀တ်ရတနာဆိုင်ရှင်ဟော၀ပ်ရပ်တနာတစ်ယောက် အီသီယိုးပီးယားက ရောင်ပြေးရွဲကျောက်လေးတစ်လုံးရလာချိန် အဲ့ကျောက်နဲ့ဘယ်လိုတွေ အရှုတ်အထွေးတွေ ဖြစ်မလဲကြည့်ရမှာပါ.....ကြည့်ရင်းကြည့်ရင်း ကိုယ်တိုင်ပါ တိုင်ပတ်သလိုဖြစ်လာပါလိမ့်မယ်... လောင်းကစားဝါသနာအိုးကြီးဖြစ်တဲ့ဟောဝပ် အိမ်ထောင်ရေးလူမှုရေးနဲ့စီးပွါးရေး သုံးရပ်လုံးမှာပြဿနာအလီလီတက် သူ့ကိုဆိုဘယ်သူမှမယုံကြည်ချင်ဖြစ်လောက်အောင် ကံကလဲမျက်နှာသာမလိုက်ခဲ့ပါဘူးမျက်နှာသာလိုက်တဲ့ခါကျပြန်တော့လဲ မမျှော်လင့်ထားတဲ့ဘယ်လို ကိစ္စတွေထပ်ဖြစ်မလဲကတော့ပရိတ်သတ်ကြီးကိုယ်တိုင်ပဲကြည့်ကြည့်ပါ IMDbမှာ8ရထားပြီးRottenTomatoesမှာ93%နဲ့လတ်လတ်ဆတ်ဆတ်ကြီးဆိုတော့ဘ၀မှာအမြဲအဆင်ပြေနေတဲ့ CM ပရိတ်သတ်တွေအနေနဲ့ ရသမြောက်စွာ အရှုတ်အထွေး တွေပြည့်နေတဲ့ ဒီကားကို လွန်စွာမှ သဘောကျလိမ့်မယ်လို့ ညွှန်းဆိုလိုက်ပါတယ်.. ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Hein That Naing နဲ့ Aye Mon Kyaw တို့ပဲဖြစ်ပါတယ်....File Size : (1.04 GB) and (409 MB) Quality : Blu-Ray ...
movie

Uncut Gems(2019)

Letters to Juliet (2010) 6.5
Letters to Juliet (2010) Letters to Juliet (2010) IMDb - 6.5/10_____Rotten - 41%  ကျွန်တော်တို့သူငယ်ချင်းတွေနဲ့ဆုံတွေကြတဲ့ အခါ အတော်များများမေးလေ့ရှိကြတယ် ..ဟဲ့ နင်တို့ (၂)ယောက်ဘယ်လိုကနေဘယ်လိုချစ်သွားကြတုန်းတဲ့... ချစ်ခဲ့ကြဖို့အတွက် အခက်အခဲပေါင်းများစွာကြုံခဲ့ရသလို ကြည်နူးစရာပေါင်းများစွာကြုံခဲ့ရပေမယ့် ပြန်ပြောပြဖို့ကြတော့ ဝါကျ(၃)ကြောင်းလောက်နဲ့ပြီးသွားတတ်တယ်.. ကြိုးစားပြီးပြောပေမယ့် ကိုယ်ကြုံခဲ့ရတာတွေကများသလောက်  ဖွဲ့နွဲ့ပြဖို့ခက်တော့ မြန်မြန်နိဂုံးချုပ်လိုက်ရတယ်.. ဒါတွေကို FAတွေတော့ သိပ်နားလည်မယ် မထင်ဘူး... တစ်ချို့ပြောတတ်ဆိုတတ်တဲ့သူတွေအတွက်တော့ ဇာတ်လမ်းတစ်ပုဒ်နီးပါး နားထောင်ကောင်းနေတတ်မျိုးတော့ရှိတာပေါ့လေ... ဒီလိုပဲ အချစ်စာအုပ်ကောင်းတစ်အုပ် အချစ်ဇာတ်လမ်းကောင်းတစ်ကားကို ညွှန်းဆိုဖို့ကြတော့လည်း အတော်ခက်ပါတယ်.. ကြည့်နူးစရာတွေ ကြုံရမြင်ရ ခံစားရတာတွေများပေမယ့် ညွှန်းဆိုဖို့ကြတော့ခက်ပါတယ်..ပြီးတော့ တခြားသူညွှန်းပြီးသား အချစ်ကားတွေပြန်ကြည့်ရင် ခံစားရတာ ပေါ့နေသလိုဖြစ်နေတတ်တယ်...ဒါကြောင့် ထွေထွေထူးတော့ပြောမနေတော့ပါဘူး.... ဒီအချစ်ကားနဲ့ပတ်သက်ပြီးပြောလို့ရတာက ဇာတ်လမ်းလေးက တခြားအချစ်ဇာတ်လမ်းတွေထက်ကို   ပိုစိတ်ဝင်စားဖို့လည်းကောင်း၊ကြည်နူးဖို့လည်းကောင်း၊ မြင်ရတဲ့အရာတွေကလည်း သိပ်ကိုလှ ၊ဗဟုသုတတွေလည်းရတယ်လို့ပြောပါရစေ... ကိုင်းခံစားကြည့်လိုက်ပါဦးဗျို့...   File Size : (850 MB) Quality : Blu-Ray 720p Format…mp4 Duration…01:45:00 Genre :  Adventure, Comedy, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Hnin Amy Khine Encoded by Phyo Pyae
movie

Letters to Juliet (2010)

2010
Blame (2017) 5.8
Blame (2017) ဒရာမာ ဇာတ်ကားတွေကိုမှကြည့်ချင်ကြတဲ့လူတွေအတွက် ၂၀၁၇ ထွက် Blame ဆိုတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်…အက်ဘီဂယ်ဆိုတဲ့ ကောင်မလေးဟာ စိတ်ရောဂါသည်လေးတစ်ယောက်အဖြစ် အတန်းထဲမှာလှောင်ပြောင်ခံနေရတဲ့မိန်းကလေတစ်ယောက်ပေါ့…တစ်နေ့တော့ သူတို့အတန်းရဲ့ ဒရာမာ ဆရာမ ခွင့်ယူသွားတဲ့အတွက် ဂျရမီဆိုတဲ့ ဆရာတစ်ယောက် အစားထိုးဝင်ရောက်လာပါတော့တယ်…အတန်းထဲမှာ လူတကာ အနှိမ်ခံ ကောင်မလေးကို အစားထိုးဒရာမာဆရာ ဂျရမီကနေ သနားစိတ်နဲ့ သံယောဇဉ်တွယ်မိရာကနေ…အစားထိုးဆရာကို တစ်ဖက်သတ်ကြိုက်နေပြီး အက်ဘီဂယ်အပေါ်မှာ မနာလိုဖြစ်နေတဲ့ မာလီဆာဆိုတဲ့ ခပ်ဆိုးဆိုး ကောင်မလေးက သူတို့နှစ်ယောက်အပေါ် မစားရတဲ့အမဲ သဲနဲ့ပက်ပါတော့တယ်..။၂၀၁၇ ထွက် ကားလေးတစ်ကားဖြစ်ပြီး လူငယ်တွေစိတ်ဝင်စားမယ့်ကားတစ်ကားဖြစ်ပါတယ်…။Rating တွေအနေနဲ့ကတော့ IMDb – 5.8/10…Rotten Tomatoes – 83% (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Zuel Khant Thwin ပါ) File Size : (799 MB) and (350 MB) Quality : AMZN WEB-DL 720p Running Time ...
movie

Blame (2017)

2017