Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Marcia Bennett
6.2
Trap (2024)
ဒါရိုက်တာ M. Night Shyamalan ရဲ့ နာမည်ကြီးနေတဲ့ ဟော်ရာကားသစ်ရပါပြီ။The Sixth Sense တို့ Split, Glass တို့ကို ဖန်တီးတဲ့သူပီပီ လှည့်ကွက်တွေနဲ့ကျောချမ်းစရာ ရုပ်ရှင်တွေကို ရိုက်တဲ့နေရာမှာတော့ သူ့အပိုင်ပါပဲ။ဒီရုပ်ရှင်ကတော့ စိတ္တဇလူသတ်သမားကို ရှိုးပွဲတစ်ခုမှာ မျိုးစုံပိတ်ဖမ်းဖို့ကြိုးစားကြတဲ့ကြားကနေ အလွတ်ရုန်းဖို့ ကြိုးစားတဲ့ ရုပ်ရှင်ပါပဲ။ ဇာတ်လမ်းအကျဉ်း ကူပါဟာ သူ့ရဲ့သမီး ရိုင်လီကို သူအရမ်းကြိုက်တဲ့အဆိုတော်လေဒီရေဗန်ရဲ့ ရှိုးပွဲကို လိုက်ပို့ပါတယ်။အဲဒီရှိုးပွဲထဲမှာ မတော်တဆ သိလိုက်ရတာကအက်ဖ်ဘီအိုင်က ၇ နှစ်ကြာ လိုက်ရှာနေတဲ့ ကွင်းဆက်လူသတ်သမားနာမည်ဝှက် သားသတ်သမားဆိုတဲ့လူဟာ ဒီပွဲမှာရှိမယ်လို့သတင်းရထားတာကြောင့် ရှိုးပွဲတစ်ခုလုံးကို ထောင်ချောက်အနေနဲ့ပိတ်ဆို့ပြီး မမိမိအောင်ဖမ်းဖို့ အစီအစဉ်ချထားတယ်ဆိုတာပါပဲ။အက်ဖ်ဘီအိုင်ဘက်ကလည်း လူသတ်သမားရဲ့အမူအကျင့်ကိုလေ့လာထားသလောက်နဲ့ကင်မရာမှတ်တမ်းတွေ အရ ဖြစ်နိုင်ချေရှိတဲ့ တရားခံပုံကြမ်းတွေ အသက်တွေပေါ်မူတည်ပြီး လူပေါင်းထောင်ချီကြားထဲမှာလိုက်ရှာရမှာမို့ ပဟေဠိကြီးပါပဲ။ ရှိုးပွဲတလျှောက်မှာ သားသတ်သမားနဲ့ အက်ဖ်ဘီအိုင်တွေဘယ်လို စိန်ပြေးလိုက်တမ်းကစားကြမလဲဆိုတာကိုလှည့်ကွက်လေးတွေနဲ့ ကြည့်ရမှာပါ။ File size… 11.27GB / 2.21 GB / 1.05GB Quality… WEB-DL 4K ...
movie
Trap (2024)
4K HEVC
5.0
Campton Manor (2024)
Horror ချစ်သူများအတွက် စိတ်ဝင်စားစရာလှည့်ကွက်မျိုးစုံနဲ့ဖြဲမခြောက်ဘဲ ကျောချမ်းနေရမဲ့ သရဲကားအသစ်လေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်ကားနာမည်ကတော့Campton Manor ဖြစ်ပြီးနာမည်ကြီးသရုပ်ဆောင်တွေဒါရိုက်တာတွေနဲ့ ရိုက်ကူးထားတာတော့မဟုတ်ပေမဲ့ သူဟာနဲ့သူကြည့်ကောင်းတဲ့အနေအထားတော့ရှိပါတယ်။ဒီဇာတ်ကားကHorror ဆိုပေမဲ့ လျှို့ဝှက်ဆန်းကြယ်ဖြစ်စဉ်တွေနဲ့ ပေါင်းစပ်ထားတာဖြစ်တဲ့အတွက် ပုံမှန်သရဲကားတွေလို ခြောက် လန့်ပြေးမဟုတ်ဘဲ ခေါင်းနည်းနည်းသုံးပြီးတော့စိတ်ဝင်စားစရာကောင်းတဲ့ပုံစံမျိုးဖြစ်ပါတယ်။ဇာတ်လမ်းရဲ့ အစမှာတော့ အောင်မြင်တဲ့သည်းထိတ်ရင်ဖိုစာရေးဆရာတစ်ဖြစ်လည်း ဂျာနယ်လစ်တစ်ယောက်ဖြစ်တဲ့ တက်ဒီ့ကိုတွေ့ရမှာဖြစ်ပါတယ်။သူဒီနေ့အလုပ်လာတဲ့ ရက်မှာတော့သူ့ရုံးခန်းကိုဂျက် ဆိုတဲ့လူတစ်ယောက်ကရောက်နေပါတယ်။ဂျက်ကတော်တော်ထူးဆန်းတဲ့လူတစ်ယောက်ဖြစ်ပြီး လာရင်းအကြောင်းလည်းမပြောသလို သူဘယ်သူဆိုတာကိုလည်းမပြောပြပါဘူး။ဒါပေမယ့်သူက တက်ဒီ့မှာသေဆုံးပြီးသား လူတွေကိုမြင်နေရတဲ့ အစွမ်းတစ်ခုရှိနေတာကို သိပြီးတော့ အဲ့ဒီအစွမ်းကိုအသုံးချဖို့လိုအပ်တဲ့အတွက်အကူအညီလာတောင်းတာလို့တော့ပြောပါတယ်။ဘာကိစ္စအတွက်တက်ဒီ့ အစွမ်းတွေကို လိုလဲဆိုတာကတော့ လွန်ခဲ့တဲ့ဆယ်စုနှစ်တွေတုန်းက ကမ့်ပ်တွန်ဆိုတဲ့အိမ်တော်ကြီးမှာလူတွေအစုလိုက်အပြုံလိုက်သေဆုံးခဲ့ကြပြီး ဘာလို့သေဆုံးခဲ့ရလဲဆိုတာကိုအခုထက်ထိအဖြေမရှာနိုင်သေးတဲ့ အမှုအတွက်ပဲဖြစ်ပါတယ်။တက်ဒီကတော့စိတ်မပါပေမဲ့ ဂျက်ကအတင်းအကြပ်ခေါ်နေတဲ့အတွက်ပါသွားခဲ့ပြီးနောက်မှာတော့ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ကမ့်ပ်တွန်အိမ်တော်ကြီးကိုရောက်ခဲ့ပါတော့တယ်။အဲ့ဒီကစပြီးတော့တက်ဒီနဲ့ ဂျက်နှစ်ယောက်အိမ်ကြီးထဲဝင်သွားခဲ့ကြပြီးနောက် ဒီအိမ်ကြီးမှာဖြစ်ခဲ့တဲ့ လူသတ်မှုတွေရဲ့ နောက်ကွယ်မှာဘယ်လိုလျှို့ဝှက်ဆန်းကြယ်မှုတွေရှိနေလဲ ဆိုတာကို အဖြေရှာကြပုံကို ကြည့်ရမဲ့ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ File size…976MB / 395MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 32m Genre ….. Horror , Mystery , Thriller Subtitle….Myanmar Subtitle (Hard ...
movie
Campton Manor (2024)
Godsend (2004)
ပေါလ်နဲ့ ဂျက်စီတို့မှာ အဒမ်ဆိုတဲ့သားလေးတစ်ယောက်ရှိပြီး ပျော်ရွှင်စရာကောင်းတဲ့မိသားစုတစ်ခုဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာပဲ အဒမ်က အသက် ၈ နှစ်ပြည့်မွေးနေ့ကျင်းပကာ နောက်တစ်ရက်မှာ မတော်တဆတစ်ခုဖြစ်ပြီး ဆုံးပါးသွားပါတော့တယ်။ယူကျုံးမရဖြစ်နေတဲ့ လင်မယားနှစ်ယောက်က သူတို့သားလေးရဲ့ ဆဲလ်ကိုပွားလိုက်ပြီး ချွတ်စွတ်တူတဲ့ ကလုန်းတစ်ယောက်ကို တရားမဝင် ထပ်မံမွေးဖွားဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒါပေမဲ့ အဒမ် (ကလုန်း) အသက် ၈ နှစ်ပြည့်ပြီး ကျော်လွန်တဲ့ရက်ကစလို့ ကျောင်းမှာရော အိမ်မှာပါ အပြုအမူတွေက အရမ်းကို ဆိုးဝါးလာပါတော့တယ်။သူတို့ သားလေးရဲ့ အမူအကျင့်တွေပြောင်းလဲလာပုံကို လင်မယားနှစ်ယောက် လိုက်လံစုံစမ်းရင်းနဲ့ ဘာတွေကို သိလာရမလဲဆိုတာ ဆက်လက်ကြည့်ရှုနိုင်ပါတယ်။ ဇာတ်လမ်းအမျိုးအစားက Horror/ Sci-fi ဖြစ်ပြီးတော့ ကလုန်းဖန်တီးပေးတဲ့ ဆရာဝန်ကြီးအဖြစ် Robert De Niro က အဓိကဇာတ်ဆောင်တစ်ဦးနေရာက ပါဝင်ထားပါသေးတယ်။ အညွှန်းရေးသားသူနဲ့ ဘာသာပြန်သူကတော့ Nway Oo K Zaw ဖြစ်ပါတယ်။File size…(1.6 GB)/(670 ...
movie
Godsend (2004)
6.3
Billy Madison (1995)
နာမည်ကျော် ဟာသသရုပ်ဆောင် Adam sandler ကိုယ်တိုင်ပါဝင်သရုပ်ဆောင်တဲ့အပြင် ဇာတ်ညွှန်းပါရေးသားထားတဲ့ ၁၉၉၅ခုနှစ်ထွက် ဟာသဇာတ်ကားလေးတစ်ကားပါ။ဒီဇာတ်ကားမှာ adam က အဓိကဇာတ်ကောင် Billy madison နေရာကနေသရုပ်ဆောင်ထားတာကိုတွေ့ရမှာပါ။ ဇာတ်လမ်းကတော့ Billy ဟာ နေ့တိုင်း အရက်သောက်၊ ပါတီလုပ်ရင်းအချိန်ကုန်နေတဲ့ ဟိုတယ်ပိုင်ရှင်သူဌေးသား လူကြီးပေါ ကြီးတစ်ယောက်ဖြစ်ပါတယ်။ တနေ့မှာတော့ သူ့အဖေရဲ့ စည်းစိမ်တွေ တစ်ခြားတစ်ယောက်ကို အမွေပေးဖို့ဖြစ်လာပါတယ်။အဲဒီ့အခါမှာ Billyက ဒီအမွေတွေကိုဆက်ခံဖို့ ထိုက်တန်ကြောင်း ကို သူငယ်တန်းကနေ အထက်တန်းကျောင်းအောင်တဲ့အထိ ကျောင်းပြန်တက်ပြီး ဘယ်လိုသက်သေပြမလဲဆိုတာကို....Adam sandlerရဲ့ ဟာသဉာဏ်ရွှင်ရွှင်သရုပ်ဆောင်ထားတာနဲ့အတူမြင်ရမှာဖြစ်လို့ ရှုစားကြပါဦး ခင်ဗျာ။ File size…(1.9 GB)/(1.2 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:29:00 Genre... Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Jack Senpai
movie
Billy Madison (1995)
5.4
The Tuxedo (2002)
ဒီတစ်ခါတော့ CM ပရိတ်သတ် ကြီးကို အားလုံးကြည့်ရှု့သဘောကျ နှစ်သက်ခဲ့တဲ့ မင်းသားကြီး ဂျက်ကီချန်းရဲ့ The Tuxedo ဆိုတဲ့ကားကောင်းလေး ပြန်တင်ဆက် ပေးလိုက်ရပါတယ်ခင်ဗျာ။ တော်တော် များများ ကြည့်ဖူးကြမှာဖြစ်ပါတယ်။အထူး ညွန်းဆိုနေစရာ မလိုလောက်ပါဘူး။အနည်းငယ် ပြန်မိတ်ဆက်ပေးရရင်တော့ ဂျက်ကီချန်းက ဂျင်မီတွန်ဆိုတဲ့ တက္ကစီသမားတစ်ယောက်ပါ။ သူကကားကို မြန်နှုန်းပိုမောင်းတာတွေကြောင့် မကြာခဏ လိုင်စင်အသိမ်းခံရသူပါ။ တစ်ရက်မှာတော့ အမျိုးသမီးတစ်ယောက် သူ့ကားကို ငှားစီးရာကနေ သူ့ဘဝတစ်ဆစ်ချိုးသွားခဲ့ပါတယ်။ သူ ဖရန့် ဒဗ္ဗလင်ဆိုတဲ့ သူဋ္ဌေးတစ်ယောက်ဆီမှာ ယာဉ်မောင်း အလုပ်ကို ရခဲ့ပါတယ်။ ဒါပေမဲ့ သူမသိတာက မစ္စတာ ဒဗ္ဗလင်က လျှို့ဝှက် စပိုင် တစ်ယောက်ပါ။ တရက်တော့ ဒဗ္ဗလင်လုပ်ကြံခံရပြီး ကိုမာ ဝင်သွားပါတယ်။အဲ့အချိန်မှာပဲ ဂျင်မီ တစ်ယောက် သူ့ဆရာရဲ့ ထူးဆန်းတဲ့ အင်္ကျီကို ယူဝတ်မိသွားပါတော့တယ်။ ဒီဝတ်စုံက လူ့ ဒီအန်အေတွေနဲ့ ချိတ်ဆက်ထားပြီး နာရီမှ တစ်ဆင့်လိုသလို ပြောင်းလဲတဲ့အခါ သာမန်လူတစ်ယောက်က သိုင်းမတက်ပေမဲ့ ဝတ်စုံကြောင့် သိုင်းတက်လာတယ် ကိုယ်ပျောက်နိုင်တယ် နံရံတွယ်တက်နိုင်တယ် အစရှိသဖြင့်ပေါ့။ ...
movie
The Tuxedo (2002)
6.9
Fugitive Pieces (2007)
ဒီဇာတ်ကားလေးကတော့ ကမ္ဘာစစ်အတွင်းမှာ နာဇီတွေကြောင့်ဂျူးလူမျိုးတွေ ခံစားခဲ့ရတဲ့အကျိုးဆက်ကိုရိုက်ကူးထားတဲ့ ကားတစ်ကားပဲဖြစ်ပါတယ်။ ပိုလန်နိုင်ငံက တောအုပ်လေးထဲမှာ ဂျူးမိသားစုလေးယောက် အေးအေးချမ်းချမ်းနေနေပေမဲ့ နာဇီစစ်သားအချို့ဝင်လာပြီး အဖေ၊ အမေနဲ့ အစ်မဖြစ်သူတို့ကိုဆွဲခေါ်သွားပါတယ်။ ဂျက်ကော့ကိုယ်တိုင်တောင် စားပွဲအောက်မှာပုန်းနေလို့အသက်ဘေးလွတ်ခဲ့ရတာပါ။ အမေတို့ကတော့ စောင့်နေဖို့မှာခဲ့ပေမဲ့ ကလေးဆိုတော့ကြောက်ကြောက်လန့်လန့်နဲ့ တောအုပ်ထဲပြေးမိပြေးရာပြေးရင်း တိမ်ကောသွားတဲ့မြစ်ကိုသုတေသနလာလုပ်တဲ့ ဂရိနိုင်ငံသား ရှေးဟောင်းသုတေသနပညာရှင်နဲ့တွေ့ပြီးမွေးစားခံလိုက်ရပါတယ်။ သူတို့နှစ်ယောက်ဟာ ပိုလန်ကနေ ဂရိကို ခိုးကြောင်ခိုးဝှက်ပြန်လာခဲ့ပါတယ်။ နုနယ်သေးတဲ့ကလေးအရွယ်မှာ မျက်စိရှေ့တင် အဖေအသတ်ခံရအစ်မနဲ့ အမေတို့ကို ဆွဲခေါ်သွားတာတွေ တွေ့လိုက်ရတဲ့အတွက် ဒီကလေးရင်မှာစိတ်ဒဏ်ရာတွေ ဘယ်လောက်တောင်များ ရှိနေလိုက်မလဲ။ ဒီကလေးဟာကောင်းကောင်းမွန်မွန်ရော ကြီးပြင်းသွားပါ့မလား။ အချစ်ဆိုတဲ့အရာကိုရောသူခံစားနိုင်ပါဦးမလား။ စောင့်နေလို့မှာခဲ့တာကို မစောင့်ခဲ့မိတဲ့သူ့ကိုယ်သူရောအပြစ်တင်နေဦးမလား စတဲ့မေးခွန်းပေါင်းများစွာနဲ့ ဒီဇာတ်ကားကို ဆက်လက်ကြည့်ရှုပေးပါဦးခင်ဗျာ။ File size…2.87GB / 941MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 44m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jane
movie
Fugitive Pieces (2007)
6.0
The Woman (2011)
ဒီဇာတ်လမ်းမှာတော့ တောတောင်ထဲမှာ တစ်ကိုယ်တည်းလျှောက်သွားပြီး ရှင်သန်နေတဲ့ မိန်းမတစ်ယောက်ကိုယဉ်ကျေးအောင်၊ လူမှုအဖွဲ့အစည်းနဲ့အံဝင်အောင် ကြိုးစားခဲ့တဲ့ရှေ့နေတစ်ယောက်နဲ့ သူ့မိသားစု အကြောင်းကို တင်ဆက်ထားပါတယ် ခရစ်စ်တို့မိသားစုဆီကို သူ့ကိုယ်ပိုင်စိတ်ဆန္ဒမပါဘဲ ရောက်လာတဲ့မိန်းမတစ်ယောက်. သူတို့တွေက “အမျိုးသမီး” လို့ ရည်ညွှန်းခဲ့ပေမယ့်သူကတော့ တိရစ္ဆာန်နဲ့ မခြားခဲ့ပါဘူး. ရိုင်းစိုင်းပြီးသားရဲဆန်တဲ့အမျိုးသမီးကို ဖမ်းဆီးနိုင်ခဲ့တဲ့ ခရစ်စ်အနေနဲ့ သူ့ရဲ့ကိုယ်ပိုင်စမ်းသပ်မှုအဖြစ်အတင်းအကျပ်ထိန်းသိမ်းပြီး အရိုင်းဆန်စိတ်တွေ ပပျောက်အောင်ကြိုးစားခဲ့ပါတယ်.။ သူ့ရဲ့ မိသားစုကိုလည်း ဒီပရောဂျက်မှာမဖြစ်မနေ ပါဝင်စေခဲ့ပြန်ပါတယ်. တရားဥပဒေဘက်တော်သားဖြစ်သူခရစ်စ်ကိုယ်တိုင်က ဥပဒေနဲ့ဆန့်ကျင်စွာ အမျိုးသမီးတစ်ယောက်ကိုမတရားဖမ်းဆီး လူယဉ်ကျေးဇာတ်သွင်းနိုင်မလားအောင်မြင်ပြည့်စုံနေတဲ့ မိသားစုကြားမှာ ရိုင်းစိုင်းတဲ့အမျိုးသမီးတစ်ယောက် ဝင်ရောက်လာမှုကလည်း ဘယ်လို သက်ရောက်မှုတွေရှိလာမလဲ အမျိုးသမီးတစ်ယောက်ကို ယဉ်ကျေးအောင်သင်ပြပေးချင်သူ ခရစ်စ်ကိုယ်တိုင်က သူ့မိန်းမ၊ မိသားစု အပါအဝင် အမျိုးသမီးများကို မလေးစားတတ်သူ ဖြစ်နေသောအခါ..ထိုအမျိုးသမီးရဲ့ ရက်စက်တဲ့အမျက်ဒေါသကနေ လွတ်မြောက်နိုင်လမ်းရှိမလားဆိုတာကို ရှုစားနိုင်ဖို့ CM ကနေ တင်ဆက်ပေးလိုက်ရပါတယ်. File size…1.82GB / 756MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 41m Genre ...
movie
The Woman (2011)
6.8
Serendipity (2001)
Serendipity (2001) ============== IMDb Rating - 6.8/10ခရစ်စမတ် ရာသီ နယူးယောက်မြို့တော်မှာ..ဂျိုနာသန်ဆိုတဲ့ ကောင်လေးတစ်ယောက်ဟာ..ဆာရာ ဆိုတဲ့ ကောင်မလေး တစ်ယောက်ကို Bloomingdale ဆိုတဲ့ department store တစ်ခုမှာ စတွေ့ခဲ့မိပါတယ်။သူတို့နှစ်ယောက်ဟာ ကတ်ရှ်မဲ လက်အိပ်အနက်ကလေး တစ်စုံ တည်းကို ဝယ်ဖို့ ပြိုင်တူဆုပ်ကိုင်မိခဲ့တာ..။နှစ်ယောက်လုံးမှာ သက်ဆိုင်သူ ကိုယ်စီရှိတော့ စကားအပြန်အလှန်ပြောရင်း လက် ဆုံကျပြီး ဆိုင်ကလေး တစ်ဆိုင်မှာအတူထိုင်ဖြစ်ကြတယ်ဆိုပါ တော့..။ ဆိုင်ကလေးရဲ့ နာမည်က Serendipity 3 ပါ။ အပြင်မှာ တကယ်လဲရှိပါတယ်။ကိုယ်တွေ အင်းလျားလမ်းမှာတောင်နာမည်လေးခပ်ဆင်ဆင် တစ်ခု ရှိတယ် Serenity လေ။ (Serenity ကို 'သက်ငြိမ်' လို့နာမည်ပေးခဲ့ ဖူးတယ်၊ အရင်တုန်းက အင်းလျားလမ်းမှာသင်္ကြန်မဏ္ဍပ် လက်မှတ် ဝယ်ရင် ဒီဘက်ကနေ ဟိုဘက်ထိလျှောက်ခဲ့ဖူး။အခုတော့ အဲဒီဆိုင် လေးထာ၀ရပိတ်သွားခဲ့ပါပြီ)( Serendipity ကိုတကယ်တမ်း အဓိပ္ပါယ်ဆိုရမယ်ဆိုရင် မမျှော်လင့်ပဲ ရတနာသိုက်ကြီးကိုရှာတွေ့တယ်ဆိုတာမျိုး၊ထပ်ပြီးရှင်းရမယ်ဆိုရင်တော့ ရှာမနေပဲနဲ့ အခုမှ ကိုယ့် လက်တွဲဖော်အစစ် ဖူးစာကိုရှာတွေ့သွားတာလို့ ဆိုလိုချင်ဟန်ရှိတယ်)။ ခုနက စကားအတိုင်းပြန်ကောက်ရရင် ဆာရာက သူ့ဘဝရဲ့ ဆုံးဖြတ်ချက်တွေ အကြောင်းပြောပြဖြစ်ခဲ့တယ်။ သူတို့နှစ်ယောက် ဟာ စားသောက်ဆိုင်မှာ ကျန်နေခဲ့တဲ့ ...
movie
Serendipity (2001)
2001
5.2
A Christmas Masquerade (2022)
A Christmas Masquerade(2022)လော်ရာနဲ့ ဂျူလီဟန်းတို့ဟာ အလုပ်အတူတွဲလုပ်ကြတဲ့ best fri တွေပေါ့လော်ရာက PR(public relations) လုပ်တယ် ဂျူလီယန်းက လော်ရာရဲ့ assistant ပေါ့တစ်နေ့မှာ အလုပ်တွေအသားကုန်လုပ်နေရတဲ့လော်ရာတစ်ယောက် ခနတဖြုတ်အေးဆေးအနားယူချင်တာနဲ့ သူ့ရဲ့လက်ထောက်လဲဖြစ် bestie လဲဖြစ်တဲ့ ဂျူလီယန်းကို ပါတီတစ်ခုသူ့အစားသွားတက်ခိုင်းပါတော့တယ်ကံဆိုးသလားကံကောင်းလားတော့မသိဘူး ပါတီသွားတက်တဲ့ဂျူလီယန်းတစ်ယောက် လော်ရာ့နေရာကနေဟန်ဆောင်ရင်းအဟန်ဆောင်လွန်ပြီး မိုက်ကယ်ဆိုတဲ့ ခန့်ချောကြီးကို PRလုပ်ပေးဖို့ဖြစ်လာတော့တယ်ကောင်မလေးနှစ်ယောက်လဲ မတတ်သာတဲ့အဆုံး ရာထူးတွေချ်ိန်းကုန်ပြီး အရင်က PR လုပ်တဲ့ လော်ရာက assistant ပြန်လုပ် အရင်က assistant လုပ်တဲ့ ဂျူလီယန်းကလော်ရာ့အစား PR ပြန်လုပ်တွေဖြစ်ကုန်ပြီးလူ့ဂွစာကြီး မိုက်ကယ်နဲ့ဘယ်လို ဆက်ခရီးဆက်မလဲကြည့်ရမှာ Christmas ကာလမှာ couple တွေအနေနဲ့ အိမ်မှာအတူတူစောင်လေးခြုံကွေးပြီး ကြည့်လို့ကောင်းမယ့် Christmas Love story လေးတစ်ပုဒ်ပါ ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Hein That Naing ပါ ...
movie
A Christmas Masquerade (2022)
7.0
Mr. Magorium’s Wonder Emporium(2007)
Mr. Magorium's Wonder Emporium(2007) အညွှန်း*********************************************မမNatalieရဲ့ တစ်ခါကအလှတရားလေးကို ပြန်လည်ခံစားနိုင်ဖို့ တင်ဆက်ပေးလိုက်ရပါတယ်။ ဇာတ်လမ်းကတော့ မမက မှော်ဝင်နေတဲ့ကစားစရာအရုပ်တွေရောင်းတဲ့မစ္စတာမဂေါ်ရီယမ်မှော်အရုပ်ဆိုင်ကြီးမှာ Family typeအနေနဲ့ မန်နေဂျာရော cashierရောဝင်လုပ်နေတဲ့ဂီတပါရမီပါတဲ့သူပါ။ အသက်20ကျော်တဲ့သူတော်တော်များများဖြစ်သလိုပဲ ....ငယ်ငယ်ကတော့ ထူးချွန်သယောင်ယောင်ရှိပေမယ့် အရွယ်နည်းနည်းရောက်လာတော့ဘာလုပ်ရမလဲဆိုတာ လမ်းပျောက်ရင်း ကိုယ့်ကိုယ်ကိုယုံကြည်မှုတွေပါလျော့နည်းလာပါတယ်။အဲ့လိုနဲ့ မမအလုပ်ကထွက်ပြီး ဂီတလမ်းကြောင်းပေါ်လျှောက်မယ်လို့ကြံတုန်းမှာမှော်အရုပ်ဆိုင်ပိုင်ရှင်လူထူးဆန်းအဖိုးကြီးက မမကို သူထွက်သွားတော့မှာဖြစ်တဲ့အတွက်ဆိုင်ကိုအပိုင်ပေးပြီးဦးစီးခိုင်းတဲ့အခါ ဘာတွေဆက်ဖြစ်မလဲဆိုတာတော့ကိုယ်တိုင်ပဲကြည့်ရှုလိုက်ပါ။ File Size :(1.77GB) (883 MB) and (330 MB) Quality : Blu-Ray 1080p5.1ch,720p Format…mp4 Duration…01:33:00 Genre : Comedy ,Fantasy ,Family Subtitle : Myanmar Subtitle (Hard Sub) Translated by Moe Lay Encoded by Phyo Pyae
movie
Mr. Magorium’s Wonder Emporium(2007)
6.4
Feel the Beat 2020
ဒီတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ dancer ဖြစ်ဖို့ကြိုးစားနေတဲ့ ကောင်မလေးတစ်ယောက်ရဲ့ဘဝကို စိတ်ဝင်စားဖွယ်ရိုက်ကူးတင်ဆက်ထားတဲ့ မိသားစုဟာသကားလေးပဲဖြစ်ပါတယ်။ April Dibrina ဟာ ဘရော့ဝေးကပြဇာတ်တွေမှာ ခေါင်းဆောင်မင်းသမီးဖြစ်ဖို့ကြိုးစားနေတဲ့ အကသမားတစ်ဦးပါ။ မွေးရပ်မြေမှာရှိတဲ့ ချစ်သူကိုပါစွန့်လွှတ်ပြီး သူမရဲ့အိမ်မက်တွေကိုအကောင်အထည်ဖော်ဖို့ ကြိုးစားခဲ့ပေမယ့် ထုတ်လုပ်သူတစ်ယောက်ရဲ့ရှေ့မှာ အမှားလုပ်မိတာကြောင့် သူမရဲ့အိမ်မက်တွေ ပျက်စီးလုနီးပါးဖြစ်ခဲ့ရပါတယ်။ စိတ်ဓာတ်ကျနေတဲ့ April Dibrinaတစ်ယောက် ဖခင်ရှိတဲ့သူမရဲ့ဇာတိမြို့ကိုပြန်သွားတဲ့အခါမှာတော့ သူမရဲ့အိမ်မက်ကို ပြန်လည်အကောင်အထည်ဖော်ဖို့ လမ်းစတစ်ခုရခဲ့ပါတယ်။ အဲ့တာကတော့ သူမငယ်ငယ်ကသင်ခဲ့ရတဲ့ အကသင်တန်းကျောင်းက ကလေးငယ်တွေနဲ့အတူ အကပြိုင်ပွဲဝင်ရင်း ဘရော့ဝေးက နာမည်ကြီးပွဲစီစဉ်သူ Welly Weng ရဲ့ရှေ့ကပြရမယ့် အခွင့်အရေးပါပဲ။ ဒီအခွင့်အရေးရဖို့ သူမအတွက် သိပ်မလွယ်လှပါဘူး။ ဘာကြောင့်လဲဆိုတော့ သူမသင်ပေးရမယ့် ကလေးတွေဟာ ကတဲ့နေရာမှာ အဆင်မပြေတဲ့အပြင် ချို့ယွင်းချက်များစွာနဲ့ဖြစ်နေလို့ပါပဲ။ ဒီကားလေးထဲမှာ သူမရဲ့အိမ်မက်အတွက် အမြဲကြိုးစားနေတဲ့ dancer မလေး April Dibrina အဖြစ် Sofia Carson ကသရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်။ အကနဲ့ပတ်သတ်ပြီး ...
movie
Feel the Beat 2020
7.6
The Hurricane(1999)
Unicode The Hurricane(1999) IMDb.....7.6<<<<<Rotten Tomatoes 83% သူ့နာမည်က Rubin "Hurricane" Carter ...ငယ်ငယ်လေးထဲက လူဖြူတွေနဲ့ပြသနာတစ်ချို့ရှိခဲ့တယ်...ဒါကြောင့်ပဲအချိန်တော်တော်များများ သူဟာ လူငယ်ပြုပြင်ရေးစခန်း တွေမှာပဲအချိန်ကုန်နေတယ်... လူဖြူတစ်ချို့ကြောင့် ထောင်ထဲမှာလိုအချိန်ကုန်ရတဲ့လူငယ်လေး Hurricane" ရဲ့ ရင်ထဲမှာ လူဖြူတွေအပေါ် အမုန်းတွေဟာ တစ်နေ့တခြားကြီးပွားလာတယ်.. လူမည်းတွေဟာ ထင်ပေါ်ကြော်ကြားဖို့မဖြစ်နိုင်ဘူးဆိုတဲ့အချက်ကိုခြေဖျက်ဖို့ သူ့ရဲ့အမုန်းတွေကို လက်သီးချက်တွေအဖြစ်ကူးပြောင်းလိုက်တယ်...ဒီလိုနဲ့ သူဟာ နာမည်ကျော် လက်ဝှေ့သမား Hurricaneဖြစ်လာတယ်.. တစ်နေ့ လူမဲတွေမလာရဆိုတဲ့ ဘားမှာ ဆိုင်ရှင်လူဖြူ(၃)ယောက်အသတ်ခံလိုက်ရတယ်...ဖုန်းဆက်သတင်းပေးမှုကြောင့် ဖမ်းလိုက်တဲ့အချိန်မှာ Hurricane တို့ကားကိုမိသွားတယ်... မျက်မြင်သက်သေတွေကလည်း Hurricane သတ်တယ်လို့ဆိုကြတယ်.. Hurricaneကိုယ်တိုင်ကတော့ သူမသတ်ဘူးလို့ငြင်းတယ်...ဘာတွေဆက်ဖြစ်မလဲဆိုတာကိုခံစားကြည့်လိုက်ပါဦးဗျို့... ဒီကားက လက်ဝှေ့သမား Rubin "Hurricane" Carter ရဲ့ ဖြစ်ရပ်မှန်ဘဝဇာတ်ကြောင်းပေါ်မှာ အခြေခံပြီးရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်အတ္ထုပတ္တိကားဖြစ်ပါတယ် … မင်းသားကြီးကတော့ကျွန်တော်တို့ရဲ့ ဇာတ်လိုက်ကျော်ကြီး Denzel Washington ပေါ့ဗျာ....ဒီကားက ပညာပေးကားကောင်းတစ်ခုအဖြစ်လည်းစာရင်းဝင်တယ်လို့ဆိုကြတယ်... ဒီကားမှာ သူဟာ အော်စကာ ဆန်ကာတင်မင်းသားစာရင်းလည်းဝင်ခဲ့သေးတယ်...ပေးချင်တဲ့ Messageတွေလည်းတော်တော်ကောင်းတယ်...ကျန်တာတွေက တော့ spoiler ဖြစ်သွားမှာ စိုးလို့မပြောတော့ပါဘူး...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ညီမငယ် Thaw Thaw Wai Oo ပဲဖြစ်ပါတယ်...File Size : (1GB) Quality ...
movie
The Hurricane(1999)
1999
5.2
Our House (2018)
အီသန် ဟာ စာကျိုးစားတဲ့ ကျောင်းသား တစ်ယောက်ဖြစ်ပြီး ကျောင်း ပရောဂျက် တစ်ခု အတွက် သူငယ်ချင်းများနဲ့ စက်တစ်ခုကို တီထွင်နေခဲ့ပါတယ်... သူတို့ တီထွင်နေခဲ့တာက စက်ပစ္စည်းတွေကို ကြိုးတွေမလိုပဲ လေလှိုင်းထဲကနေ ချိတ်ဆက်တဲ့ နည်းပါ... ဒီလို လေ့ကျင့်ခန်း တွေ ပရောဂျက်တွေ ကြောင့် အချိန်မရှိ လုံးပမ်းနေရပြီး မိသားစု နဲ့ ရော မောင်နှမတွေနဲ့ပါ တစ်ဖြေးဖြေး အဆက်ပြတ်လာခဲ့ပါတယ်... တစ်နေ့သော အခါမှာတော့ ကျောင်းပရောဂျက် အတွက် စက်ကို တီထွင်နေကြရင်း ထိုညက အီသန် အိမ်မပြန်ဖြစ်ပါဘူး သူအိမ်မပြန်တဲ့ အတွက် သူ သွားကြိုရမယ့် အဒေါ်ဖြစ်သူကို မိဘ ၂ ပါး သွားကြိုကြရင်း လမ်းမှာ အက်ဆီးဒင့် တစ်ခုကြောင့် ပွဲချင်းပြီး ဆုံးပါးသွားပါတော့တယ်... ဒီလိုနဲ့ ကျောင်းကိစ္စ နဲ့ သူ့အိပ်မက်တွေကို လက်လျှော့လိုက်ပြီး အီသန် တစ်ယောက် ရရာ အလုပ်လုပ်ရင်း ညီလေး ညီမလေးတွေကို စောင့်ရှောက်နေရပါတော့တယ်... ဒါပေမဲ့ အီသန် မသိလိုက်တာကတော့ သူတို့ အိမ်ထဲကို အမျိုးအမည် ဖော်ပြမရတဲ့ တစ်ခုခု ၀င်ရောက်နေခဲ့တယ်ဆိုတာပါပဲ... ဒီရုပ်ရှင်ကားကို ဝေဇင် က ဘာသာပြန်ပေးထားပါတယ်
movie
Our House (2018)
2018