Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Marcell Darwin
6.9
Ancika (2024)
Ancika: Dia yang Bersamaku 1995 ( 2024 )ဒီအင်ဒိုနီးရှားအချစ်ကားက ၁၉၉၅မှာ ဆန္ဒပြပွဲတွေဖြစ်တဲ့အချိန်မှာ ဇာတ်အိမ်တည်ထားတယ်။ အထက်တန်းကျောင်းသူလေးနဲ့ တက္ကသိုလ်ကျောင်းသား ငပေငရေကောင်လေးနဲ့ရဲ့ အချစ်ဇာတ်လမ်းကို ခေတ်ဟောင်းစတိုင်လေးနဲ့ ဆွတ်ပျံ့ကြည်နူးဖွယ်ကြည့်ရမယ့် ရုပ်ရှင်ဆိုလည်း မမှားဘူး။ ဘတ်ဆဲလ်လားစာအုပ်ကို ပြန်ရိုက်ထားတယ်။ ကောင်လေးက မော်တော်ဆိုင်ကယ်ဂိုဏ်းခေါ် လမ်းသရဲဂိုဏ်းက အဖွဲ့ဟောင်း။ ကောင်မလေးက စာကြမ်းပိုးမလေး။ ကောင်မလေးအစ်ကိုနဲ့ ကောင်လေးက ရင်းနှီးတော့ ကောင်မလေးအိမ်ကို လာရာကနေ ကောင်လေးက ကောင်မလေးကို ကြိုက်သွားတယ်။ ကောင်လေးက ဆိုးတဲ့မိုက်တဲ့နေရာမှာ နာမည်ကျော်သလို ရုပ်ချောချမ်းသာတော့ တစ်မြို့လုံးက ကောင်မလေးတွေကြား နာမည်ကြီးတာမို့ သူ့ရည်းစားဟောင်းကို သူမမေ့သေးတဲ့အကြောင်း တစ်မြို့လုံးကသိတယ်။ ကောင်မလေးကလည်း သိတယ်။ ဒီတော့ လိမ္မာတဲ့ကောင်မလေးက ဆိုးတဲ့ကောင်လေးကို ပြန်မကြိုက်ဘူး။ သူ့ကိုရန်စလာတဲ့ကောင်လေးတွေကိုပါ ကောင်လေးက တီးတီးပစ်တော့ မိုက်တဲ့ကောင်လေးကို လိမ္မာတဲ့ကောင်မလေးက နားလည်မှုထပ်လွဲပြီး ပြန်မကြိုက်ဘူး။ ပြန်မကြိုက်ဘူးတွေထပ်နေပေမဲ့ ဣတ္ထိဝင်္ကံ ...
movie
Ancika (2024)
7.4
Balada Si Roy (2023)
Balada Si Roy (2023)******************* လောကဓံရဲ့အနိမ့်အမြင့်အခက်အခဲတွေကို အလူးအလဲခံနေရပေမဲ့ မလျော့သောစိတ်ဓာတ်ခွန်အားတွေနဲ့အတူမတရားဘက်တော်သားတွေကို မကြောက်မရွံ့ပြန်တိုက်ခိုက်ရဲတဲ့ ရွိုက် (Roy) ဆိုတဲ့ကောင်လေးတစ်ယောက်ရဲ့ဘဝကိုပုံဖော်ရိုက်ကူးတာတဲ့ အင်ဒိုနီးရှားဇာတ်ကားကောင်းလေးတစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်..ရွိုက် (Roy) ဟာ ဘဝကို ပေါ့ပေါ့ပါးပါးနဲ့ ပျော်ရွှင်စွာဖြတ်သန်းနေတဲ့ ဆယ်ကျော်သက်ကျောင်းသားလေးတစ်ယောက်ဖြစ်ပြီးသူ့မှာ အရမ်းချစ်ရတဲ့ဆိုးတူကောင်းဖက်ရှိနေပေးတဲ့ ဂျိုး (Joe) လို့ခေါ်တဲ့ခွေးလေးတစ်ကောင်ရှိပါတယ် ...နိုင်ငံရေးလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ သူ့အဖေဆုံးသွားပြီးနောက်ပိုင်းမှာ ရွိုက် (Roy) နဲ့သူ့အမေဟာ ဆန်ရန်ဆိုတဲ့မြို့ကို ပြောင်းရွေ့လာခဲ့ပါတယ်.. ဆန်ရန်အထက်တန်းကျောင်းမှာသာမက ဆန်ရန်မြို့မှာပါ ဗိုလ်ကျနေတဲ့ အကြီးအကဲတစ်ဦးရဲ့သားဒူလန် (Dullah) နဲ့ ရွိုက် (Roy) တို့ဟာ ပြဿနာတစ်ခုဖြစ်ပွါးရာမှ ရွိုက် (Roy) ဟာ သူ့အချစ်ဆုံးခွေးလေး ဂျိူး (Joe) ကို ဆုံးရှုံးခဲ့ရပါတယ်..မိသားစုရဲ့အုတ်တံတိုင်းဖြစ်တဲ့ဖခင်ကိုဆုံးရှုံးထားရတဲ့အပြင် ဆိုးတူကောင်းဖက်ခွေးလေးကိုပါလက်လွှတ်လိုက်ရတဲ့ ရွိုက်(Roy) တစ်ယောက် ဘယ်လိုနာကျည်းချက်တွေနဲ့ ပြန်လည်တုံ့ပြန်မလဲ…… သူ့အဖေကရော ဘာအတွက်ကြောင့် အသက်ဆုံးရှုံးခဲ့ရသလဲ…… ဆန်ရန်မြို့ရဲ့ နောက်ကွယ်မှာရော ဘယ်လိုအကြောင်းတရားတွေရှိနေသလဲ……..ဆိုတာကို ဇာတ်ကားထဲမှာ ရှာဖွေကြည့်လိုက်ရအောင်နော်.... File Size ...
movie
Balada Si Roy (2023)
7.3
Nikah Yuk (2020)
ဒီတခါတော့ ကိုဗစ်ကာလမှာ စိတ်ပင်ပန်းနေကြတဲ့ CMချစ်ပရိတ်သတ်ကြီးအတွက် အင်ဒိုးနီရှားအချစ်ဟာသကားလေးတင်ဆက်ပေးလိုက်ပါတယ်. ဇာတ်လမ်းလေးက တကယ်ကို ချစ်ဖို့ကောင်းပြီး မိဘမေတ္တာနဲ့အချစ်ရဲ့လျှို့ဝှက်ဆန်းကြယ်ပုံကို ဟာသနှောပြီးရိုက်ထားတဲ့ ဇာတ်ကားလေးပါ. ဇာတ်လမ်းအကျဉ်းကတော့ တဉီးတည်းသော သားဖြစ်တဲ့ Aryaဟာ ကိုယ်စွမ်းကိုယ်စနဲ့ ဓာတ်ပုံဆရာတစ်ဉီးဖြစ်ချင်နေတာပါ. သူ့ရဲ့ပင်တိုင်မော်ဒယ်ကတော့ သူ့ချစ်သူကောင်မလေးပေါ့. ဒါပေမယ့်လဲ သူ့မိဘအကူအညီက Aryaဟာ မလွတ်နိုင်ခဲ့ပါဘူး. တဘက်မှာလဲ သူ့ချစ်သူမော်ဒယ်မလေးဟာ နောက်မီးလင်းချင်နေပြီး လက်ထပ်ခွင့်တောင်းတော့လဲ လက်မခံတာကြောင့် စိတ်ညစ်နေရပါတယ်. ဒါပေမယ့် သူ့ဘဝကို ပြောင်းလဲပေးနိုင်မယ့် ကောင်မလေးတ်ယောက်နဲ့ ဆုံခဲ့ပါတယ်. Liaဆိုတဲ့ ပန်းချီဆရာမလေးပေါ. Liaနဲ့တွေ့ပြီးနောက်မှာ Aryaပြုံးပျော်နိုင်လာတာကြောင့် မသေခင်အိမ်ထောင်ကျစေချင်တဲ့ Aryaအမေဟာ အကွက်ချပြီး သူတို့နှစ်ဉီးကို လက်ထပ်စေခဲ့ပါတယ်. လက်ထပ်ပြီးနောက်မှ တစ်ခုပြီးတစ်ခုလွဲပြီး ရယ်စရာတွေ ဖြစ်လာတဲ့ အချစ်ဟာသဇာတ်မြူးလေးပေါ့ဗျာ. ဒီဇာတ်လမ်းလေးကြည့်ရင်း ဘဝအမောတွေ ဖြေဖျောက်လိုက်ကြပါဦး.... File Size - 1 gb Quality - web-dl 1080p Subtitle - burmese Translator - YK Encoder - XCode
movie
Nikah Yuk (2020)
2020