Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Marc Warren
Hellraiser: Deader (2005)
Hellraiser: Deader (2005)Hellraiser ရဲ့ အခန်း နောက်တစ်ခု စဖွင့်ပါပြီ။ သေတ္တာလေးက သေခြင်းတရားကို လှည့်စားနိုင်တဲ့ အစွမ်းရှိတယ်ဆိုတာကို သိလာရပါလိမ့်မယ်။ဒီဇာတ်ကားမှာတော့ နောက်ထပ်သတင်းထောက်တစ်ယောက် အလှည့်ပါ။ သတင်းရှာရင်း သေတ္တာနဲ့တိုင်ပတ်သွားတဲ့ နောက်သတင်းထောက်တစ်ယောက်ပေါ့။ သေခြင်းတရားကိုလှည့်စားဖို့လုပ်တဲ့သူနဲ့ Pinhead ကြားက ဓားစာခံဖြစ်သွားပေမဲ့ သူ့ဘာသာလွတ်လမ်းရှာသွားတာကို တွေ့ရပါလိမ့်မယ်။ အဲဒီအကြောင်းကိုတော့မရှင်းသေးပါဘူး။သေတ္တာရဲ့အစွမ်းကတော့ ထင်တာထက်ပိုကြမ်းတယ်ဆိုတာကို တဖြည်းဖြည်းသိလာရပါပြီ။ တခြား Hellraiser တွေထက် ထူးခြားကောင်းမွန်နေတာမျိုး မရှိပေမဲ့ Franchise ထဲမှာ ၅/၁၀ ပေးလို့ရလောက်တဲ့ ဇာတ်ကားမျိုးပါပဲ။(ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.9GB, 910MB Quality - 1080p, 720p Format - mp4 Duration - 1H 28Min Genre - Horror, Mystery, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by 666 Encoded ...
movie
Hellraiser: Deader (2005)
2005
7.2
Wild Bill (2011)
ဘီလ်က လူဆိုးတစ်ယောက်ပါ။ လူဆိုးတစ်ယောက်မှ ငယ်ဘ၀တုန်းက ကမ်းကုန်အောင်ဆိုးခဲ့မိုက်ခဲ့ပေတေခဲ့လို့ ပတ်ဝန်းကျင်မှာသောက်ကြမ်းကြီး ဘီလ် ဆိုတဲ့နာမည်ကိုပါရခဲ့ပါသေးတယ်။အခုတော့ ဘီလ်ထောင်ကထွက်လာပါတယ်။ ထောင်ကသင်ပေးလိုက်တဲ့ ပညာတွေအရ ဘီလ်တစ်ယောက်မထင်မှတ်နိုင်လောက်အောင်ကိုသိမ်မွေ့လာခဲ့ပါတယ်။ မသိမ်မွေ့လို့လည်းမရပါဘူး။ သူထောင်က ထွက်လာတာ ခံဝန်နဲ့ဖြစ်တဲ့အတွက် အပြင်လောကမှာ အမှားတစ်ခုခုလုပ်မိတာနဲ့ သူ့ကိုအချိန်မရွေးထောင်ထဲပြန်ပို့လို့ရတဲ့အနေအထားဖြစ်နေလို့ပါပဲ။ဘီလ်အပြင်ကိုပြန်ရောက်လာချိန်မှာ ပထမဆုံးလုပ်တာက သူ့ဇနီးနဲ့သူ့မိသားစုကိုလိုက်ရှာခဲ့တာပါ။ စိတ်မကောင်းစရာဖြစ်နေခဲ့တာက သူ့သားနှစ်ယောက်ဟာ တစ်ယောက်က ၁၅နှစ်၊တစ်ယောက်က ၁၁ နှစ်အရွယ်ဖြစ်နေပြီး သူ့ဇနီးကပစ်သွားခဲ့တဲ့အတွက် သားကြီးဖြစ်သူက ကိုယ့်ဝမ်းကိုယ်ကျောင်းပြီး သူ့ညီကိုကျောင်းထားပေးနေရတာပါပဲ။ သားကြီးက သူ့ကိုအမြင်မကြည်တဲ့အတွက် ထောင်ထွက်လူမိုက်စိတ်မကုန်သေးတဲ့ သူကလည်း ခပ်စိမ်းစိမ်းပဲ ကလေးနှစ်ယောက်ကိုထားခဲ့ဖို့စိတ်ကူးမိပါသေးတယ်။ဒါပေမယ့် ကလေးစောင့်ရှောက်ရေးအဖွဲ့ကဝင်လာပြီး အုပ်ထိန်းသူမရှိရင် ကလေးနှစ်ယောက်ကို ဂေဟာပို့မယ်လုပ်တာကြောင့် ကလေးနှစ်ယောက်ကို သူဟန်ပြအုပ်ထိန်းပေးရပါတယ်။တဖြည်းဖြည်း ကလေးအဖေဘ၀ကိုပျော်မွေ့လာရင်း သားတွေကိုသံယောဇဉ်တွယ်လာချိန်မှာ သားငယ်ဖြစ်သူကို တစ်ချိန်က သူ့ဘော်ဒါဟောင်းရဲ့ အဆက်အနွယ်လူဆိုးဂိုဏ်းက ဘိန်းဖြန့်တဲ့အလုပ်မှာခေါ်ခိုင်းတဲ့အတွက် အဲ့ဒီပြဿနာတွေကိုဖြေရှင်းပေးဖို့ အရင်လူတွေနဲ့ပြန်ပတ်သက်မိတဲ့အချိန်မှာတော့..။Crime/Drama ဆိုပေမယ့် သဘာ၀ကျကျနဲ့ ရယ်ရပါတယ်။ မထူးဆန်းတဲ့တင်ပြပုံနဲ့လည်း အစကနေ အဆုံးထိ လှည့်ကွက်မပါသလောက်နဲ့ဆွဲခေါ်နိုင်လောက်အောင်ကောင်းပါတယ်။ ရထားတဲ့ ...
movie
Wild Bill (2011)
6.4
Land of the Blind (2006)
Land of the Blind (2006) =================== IMDb Rating - 6.4/10Land Of The Blind.2006 ဇာတ်ကားu နိုင်ငံရေး Drama ဇာတ်ကားပါ။ စာရေးဆရာက နိုင်ငံရေးအတွေအခေါ်ပေါ်အခြေပြုပြီးတော့ ဇာတ်လမ်းကို ဆင်ထားပါတယ်။ ကြည့်ရှုသူပရိတ်သတ်အနေနဲ့တော့ ဒါရိုက်တာတင်ပြထား တဲ့ရှုထောင့်ကပဲ တစ်သပ်မတ်တည်း ကြည့်ရှုခံစားပေးရမယ်လို့ မရှိဘဲ ဖြစ်နိုင် ခြေတွေကို ဒီဇာတ်လမ်းနှင့်အတူ ဝေဖန်သုံးသပ်ကြရမှာပါ။ပဒေသရာဇ်အစဥ်အလာတွေကို မင်းမဲ့ဝါဒရောနှောထားတဲ့ သမ္မတဂိုဏ်သား တွေက ဖြုတ်ချပယ်ဖျက်ပြီးနောက်မှာ သမ္မတဂိုဏ်းသားတွေကလည်း သူ့တို့ ဟစ်ကြွေးခဲ့တဲ့မူတွေအတိုင်း မနေနိုင်ကြတာကြောင့် သူတို့အရေးတော်ပုံမ အောင်မြင်တဲ့အကြောင်း တင်ဆက်ထားတာပါ။ ဒါပေမယ့် ဒီနေရာမှာ စဥ်းစား စရာတွေက သမ္မတဂိုဏ်းသားတွေ လုပ်ခဲ့တဲ့လုပ်ရပ်တွေနဲ့ နည်းနာတွေက တကယ် ပဲ သူတို့ဟစ်ကြွေးထားတဲ့အတိုင်းပဲ ဖြစ်နေသလား။ ဒါရိုက်တာရဲ့တင်ဆက်မှုမှာ ဘာတွေထပ်ပြီး သုံးသပ်လို့ရမလဲဆိုတာကိုတော့ ပရိတ်သတ်က ကြည့်ရှုရင်း ဆုံးဖြတ်ပေးရမှာပါ။ Best Narrative Features အပိုင်းမှာ ဆုအတွက် တင်သွင်း ခံရပြီးတော့ IMDb rating 6.4 ရရှိထားပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thy Santa ဖြစ်ပါတယ်)File Size..........(1.77 ...
movie
Land of the Blind (2006)
2006
6.7
Wanted (2008)
Wanted (2008)IMDb Rating (6.7) / Rotten Tomatoes (71%)တစ်ခုခုကို ဝေ့ဝိုက်ပစ်တော့မယ်ဆိုရင် Wanted ထဲကလိုလို့ ဆိုကြတဲ့အထိ Wanted ရုပ်ရှင်ကားကို ကျည်ဆံဝေ့ပစ်တဲ့ဇာတ်ကားအဖြစ်လူသိကြပါတယ်။ လူတိုင်းမှတ်မိကြတယ်ဆိုရအောင်လဲ တကယ့်ဒိတ်ဒိတ်ကြဲမင်းသားမင်းသမီးတွေချည်းပဲကိုး။ Morgan Freeman , Angelina Jolie , James McAvoy, Chris Pratt တို့လိုသရုပ်ဆောင်တွေနဲ့ အထူးအဆန်းတော်ကီတွေနဲ့ အထူးအဆန်းဇာတ်လမ်းဇာတ်ကွက်နဲ့ တကယ့်အမှတ်ရစရာဇာတ်ကားပါပဲ။ဇာတ်လမ်းကတော့....Spoiler Alert....ဝီစလေ ဂစ်(ဘ်)ဆင် [James McAvoy] ဆိုတဲ့ လူငယ်လေးဟာ ချီကာဂို မြို့ထဲက ကုမ္ပဏီတစ်ခုမှာ ဘာတက်လမ်းမှ မရှိတဲ့ စားရင်းကိုင် အလုပ်လေးတစ်ခုအတွက်နဲ့ သူတစ်ပါးကို ပေးထားတဲ့ လုပ်ခလစာနဲ့မတန်အောင် မတရားခိုင်းစေပြီး မိမိကိုယ်တိုင်ကတော့ ဘာအလုပ်မှမလုပ်တဲ့ အထက်လူကြီးတစ်ယောက်ရဲ့လက်အောက်မှာ အလုပ်လုပ်ကိုင်ရပါတယ်တစ်နေ့မှာတော့ ဂစ်(ဘ်)ဆင် တစ်ယောက် သူ့ရဲ့အတူနေချစ်သူက သူ့အပေါ်သစ္စာမရှိပဲ သူရဲ့အခင်ဆုံး သူငယ်ချင်းတစ်ယောက်နဲ့ ဖောက်ပြန်တာကြောင့် စိတ်အာရုံထွေပြားပြီး ခေါင်းကိုက်နေတာကြောင့် သူကိုယ်တိုင်အတွက်ခေါင်းကိုက်ပျောက်ဆေးနဲ့အတူ သူ့ချစ်သူအတွက် သန္ဓေတားဆေးပါ ဝယ်နေတဲ့အချိန် ဆေးဆိုင်လေးမှာ ... ဖော့(စ်) ...
movie
Wanted (2008)
4K HEVC
Green Street Hooligans (2005)
Imdb 7.4/10 rotten tomatoes 46% ဒီဇာတ်ကားကတော့ ၂၀၀၅ ခုနှစ်မှာထွက်ရှိခဲ့တာဖြစ်ပြီးတော့ crime drama sport ဇာတ်ကားလေတစ်မျိုးပဲဖြစ်ပါတယ် Lord of the ring ဇာတ်လမ်းထဲကနာမည်ကြီး မင်းသားElijah Woodက အဓိကသရုပ်ဆောင်အဖြစ်ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအသွားကတော့ အမေရိကန် သတင်းထောက်ပညာ ကျောင်းသား မတ်ဘက်ခ်နာကသူ့အစ်မမိသားစုရှိရာ လန်ဒန်ကိုပြောင်းလာခဲ့တယ်။ အဲ့ မှာ သူကဘောလုံးပရိသတ်လူရမ်းကားဖြစ်တြံ ပိထ်ဒန်ဟန်နဲ့တွေ့ပြီးတော့ ပိထ်က သူ့ရဲ့ ဘောလုံးပွဲမတိုင်ခင်နဲ့ ဘောလုံးပွဲပြီးတိုင်း ပရိတ်သတ်တွေရန်ဖြစ်ကြတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ကမ္ဘာထဲကိုဆွဲခေါ်ခဲ့တယ်။ဒါပေမယ့် ပိထ်ရဲ့ ညာလက်ရုံး ဘော့ဗာက မတ်မယုံသင်္ကာဖြစ်ပြီးတော့ ပိထ်တို့ရဲ့အဖွဲ့နဲ့ နှစ်ပေါင်းများစွာ ရန်ကြွေးရှိနေတဲ့တခြားအဖွဲ့ ကို ပြန်ပြီးရန်ထောင်ပေးလိုက်ရာကနေပြီးတော့ ဖြစ်ပေါ်လာတာတွေကို စိတ်လှုပ်ရှားဖွယ်ကြည့်ရမယ့်ဇာတ်ကားပဲဖြစ်ပါတယ်။ သင်ဟာ အက်ရှင် ဇာတ်ကားတွေကြည့်တတ်တဲ့လူဆိုရင်တော့ဒီဇာတ်ကားကိုကြည့်ဖို့ညွှန်းပါရစေFile size…(1.9 GB)/(1.2 GB)/(600 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:49:00 Genre...Drama, Crime Subtitle….Myanmar ...
movie
Green Street Hooligans (2005)
7.6
Shine(1996)
မိုးရေထဲဆေးပေါ့လိပ်တိုလေးကိုက်ပြီးပြေးလွှားနေတဲ့လူတစ်ယောက်၊ ပြောတဲ့စကားတွေကလည်း ဗလုံးဗထွေးနဲ့ရယ် တစ်ခွန်းကိုထပ်ခါတလှဲလှဲလည်းပြောသေးတယ်။ စကားပြောနေရင်း ထပြီးရယ်တတ်တဲ့သူ့ပုံစံက ခင်ဖို့ကောင်းမယ့်ပုံ။ လူအများရှေ့မှာဖျော်ဖြေဖို့ စန္ဒရားခုံရှေ့ထိုင်လိုက်တာနဲ့ ပြဿနာတတ်နေပုံပေါက်ပြီး စပြီးတီးလို့ ဆုံးတာနဲ့ လက်ခုပ်ဩဘာပေးသံတွေနဲ့ ဩချရလောက်တဲ့ အဆိုပါပုဂ္ဂိုလ်ဟာ ဒီဇာတ်လမ်းရဲ့ဇာတ်လိုက်ကျော် ဒေးဗစ်ဟပ်ဖ်ဂေါ့(David Helfgott)ပဲဖြစ်ပါတယ်။ ငယ်ငယ်လေးကတည်းက ဂီတမှာတစ်ဖက်ကမ်းခပ်ထူးချွန်ခဲ့တဲ့ ဒေးဗစ်ဟာ အဖေဖြစ်သူရဲ့အဆမတန်ဖိအားပေးမှုတွေကြားမှာ ကြီးပြင်းခဲ့ရသူတစ်ယောက်။ ဂီတကျောင်းကိုရောက်ပြန်တော့လည်း ဂီတကလွဲလို့ နေ့စဉ်ဘဝလုပ်ငန်းဆောင်တာလေးဟာ သူ့အတွက်ခက်ခဲနေခဲ့တယ်။ ဒေးဗစ်မှာ သူ့ခံစားချက်တွေကိုဖော်ပြဖို့ စကားလုံးတွေမရှိပါဘူး ဂီတသာလျှင်တစ်ခုတည်းသောအဖော်မွန်ဖြစ်ပါတယ်။ သူ့အဖေရဲ့ဖိအားပေးစကားတွေ၊ သူ့ဆရာပါမောက္ခကြီးရဲ့မောင်းနှင်မှုတွေ၊ အပြင်းထန်လေ့ကျင့်မှုတွေ၊ အောင်မြင်မှုဒဏ်တွေအကြားမှာ ဒေးဗစ်ရဲ့စိတ်ဓာတ်ဟာဗုန်းဗုန်းလဲကျပါတော့တယ်။ အဆိုပါ ရုပ်ရှင်ဟာ ဩစတေးလျနိုင်ငံသား ဂျူးလူမျိုး စန္ဒရားပါရမီရှင် ဒေးဗစ်ဟပ်ဖ်ဂေါ့(David Helfgott)ရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ရုပ်ရှင်မင်းသားကြီး Geoffrey Rush မှ ဒေးဗစ်ဟပ်ဖ်ဂေါ့အဖြစ် ပြီပြင်စွာရုပ်လုံးထုသရုပ်ဆောင်ထားပြီး ၁၉၉၆ တွင် အကောင်းဆုံးဇာတ်ဆောင်အော်စကာဆုအား ဆွပ်ခူးရရှိခဲ့ပါတယ်။ Box Office တွင်လည်း ကန်ဒေါ်လာ ၃၆သန်းထိ ဝင်ငွေရရှိခဲ့တဲ့ရုပ်ရှင်ပဲဖြစ်ပါတယ်။ ဂန္ဒဝင်ဂီတသံများအကြားပျောက်ဆုံးနေတဲ့ ဒေးဗစ်တစ်ယောက် ...
movie
Shine(1996)
6.6
Ballet Shoes (2007)
"Dream will come true အိပ်မက်တွေ အကောင်အထည်ပေါ်လာမှာပါ "လူမျိုးမတူ လာခဲ့နေရာမတူတဲ့ မိဘမဲ့မွေးကင်းစ ကလေးမလေး သုံးယောက်ကို Sylviaရဲ့ဦးလေးဖြစ်သူက Sylvia ဆီကို ခေါ်လာပါတယ် Sylvia ကိုယ်တိုင်ကလည်း မိဘမဲ့တစ်ယောက်ပါ တစ်ချိန်လုံးခရီးထွက်နေတက်တဲ့ ကျောက်ဖြစ်ရုပ်ကြွင်း ပညာရှင်ဦးလေးဖြစ်သူရဲ့ အိမ်ကြီးမှာ ကလေးထိန်းNana နဲ့အတူ နေရတာပါ သူမလည်း သူမ ဦးလေးလိုမျိုး ကျောက်ဖြစ်ရုပ်ကြွင်းဗေဒနဲ့ ဘွဲ့ရခဲ့ပေမယ့် ကလေးတွေကြောင့် ရည်မှန်းချက်တွေကို စွန့်လွှတ်ထားရပါတယ် အငယ်ဆုံးကလေးPosy Fossil လေးကို ဘဲလေးဖိနပ်တစ်ရံနဲ့အတူ ပါဆယ်နဲ့ထည့်ပေးလိုက်တဲ့ အချိန်ကတည်းကနေ ဦးလေးပြန်မလာတာ ၁၂နှစ်ရှိပြီဘဏ်မှာ ဦးလေးထားခဲ့ပေးတဲ့ ၅နှစ်စာငွေကလည်း ကုန်ပြီ အိမ်မှာ အဆောင်ငှားထားပေမယ့် အိမ်အိုကြီးကို ပြင်ရတဲ့ စရိတ်က မကာမိဘူး ကလေးတွေကလည်း ရည်မှန်းချက်တွေကိုယ်စီနဲ့ အရွယ်ရောက်လာခဲ့တယ် Sylvia က ကလေးတွေနဲ့ ဝင်ငွေတွက် ကျောင်းတက်ရင်း ဝင်ငွေရမယ့် အနုပညာ ကျောင်းကို ညီအစ်မတွေကို ပို့လိုက်ပါတယ်သူတို့လေးတွေရဲ့ ရည်မှန်းချက်တွေက မြင့်မားလွန်းတာမို့ ရည်မှန်းချက်တွေ အကောင်အထည်ဖော်ပေးဖို့ Sylvia ...
movie
Ballet Shoes (2007)