Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Marc Pickering
7.1
Cashback (2006)
(18+ အခန်းတချို့ပါဝင်၍ အသက်ရွယ်မပြည့်သူများနှင့် မိသားစုဝင်များအတူတကွ ကြည့်ရှုရန်မသင့်တော်ပါ)Comedy, Drama, Romance IMDB Rating: 7.1/10ဒီဇာတ်ကားကတော့ ခင်ဗျားတို့ မြင်ဖူးတဲ့ Romance ကားတွေနဲ့ မတူ တော်တော်ထူးခြားနေမှာပါ။Ben ဆိုတဲ့ အနုပညာကျောင်းသား ပန်းချီဆရာလေးတစ်ယောက် သူ့ကောင်မလေးနဲ့ လမ်းခွဲပြီးနောက်ပိုင်းInsomnia လို့ခေါ်တဲ့ အိပ်မရတဲ့ ရောဂါတစ်မျိုး စွဲကပ်လာပါတော့တယ်။အဲဒီတော့ အိပ်မရတဲ့ ၈နာရီဟာအချိန်ပိုဖြစ်လာတဲ့ အတူတူ အကျိုးရှိအောင်ဆိုပြီးတော့ စူပါမားကတ်တခုမှာ အချိန်၈နာရီနဲ့ ငွေနဲ့လဲလှယ်ဖြစ်လာခဲ့ပါတော့တယ်(cashback)။အဲဒီအလုပ်မှာပဲ Ben ဟာသူအချိန်ကို ရပ်နိုင်တယ်ဆိုတဲ့ စွမ်းအားရှိကြောင်း သိရှိလာခဲ့ပါတယ်။ အဲဒီလိုနဲ့ပဲ Ben ရဲ့စိတ်ကူးယဥ် လက်တွေ့မဆန်တဲ့ကမ္ဘာမှာ နေနေတုန်း လောကကြီးရဲ့ အလှတရားတွေ ရပ်တန့်နေတဲ့ ကမ္ဘာမှာ မိန်းမတွေရဲ့ အလှတရားတွေအကုန်လုံးကို ခံစားမိလာပြီးတော့ သူ့ဘဝကြီးရဲ့ အဓိပ္ပာယ်နဲ့ အလှတရားကို ရှာတွေ့သွားပါတော့တယ်။Ben ဟာ သူနဲ့ အလုပ်အတူတူလုပ်တဲ့ Sharon ဆိုတဲ့ ကောင်မလေးကို သဘောကျသွားမိပြီးတော့သူ့အတိတ်ကိုမေ့ထားပြီး ပစ္စုပ္ပာန်ကို တန်ဖိုးထားတတ်လာပါတော့တယ်။ ဒီ Cashback ဆိုတဲ့ ဇာတ်ကားလေးမှာ ဆိုရင်တော့ဖြင့် အချစ်၊ လမ်းခွဲခြင်း၊ ပြောင်းလဲတတ်ခြင်း စတဲ့အရာတွေကိုခံစားရမှာဖြစ်ပြီးတော့ Ben ရဲ့အကြောင်းကို ကြည့်ရင်းနဲ့ ကျွန်တော်တို့အတွေးတွေ တခုခုတော့ပြောင်းလဲသွားမှာပါခင်ဗျာ။IMDB 7.1 လဲရထားတာမလို့ ...
movie
Cashback (2006)
7.3
Sleepy Hollow (1999)
IMDb Rating (7.3) / Rotten Tomatoes (70%)Sleepy Hollow လို့ပြောရင် သိတဲ့သူနည်းတယ်ဆိုပေမယ့် ခေါင်းပြတ်နေတဲ့မြင်းစီးသရဲကြီးက ခေါင်းလိုက်ဖြတ်တဲ့ကားလေ လို့ပြောရင် တော်တော်များများသိထား ကြည့်ဖူးပြီးသားဖြစ်ကြမှာပါ။ဟုတ်ပါတယ် ဒီဇာတ်ကား က ၁၉၉၉ ကရိုက်ခဲ့တဲ့ မင်းသားကြီး Johnny Depp ရဲ့ ဇာတ်ကားပါ။ Stephen King တို့နဲ့ပြိုင်နာမည်ကြီးတဲ့ စာရေးဆရာ Washington Irving ရဲ့ဝတ္တုကို ခပ်ဆန်းဆန်းပုံစံတွေနဲ့ တင်ဆက်တတ်တဲ့ နာမည်ကြီး ဒါရိုက်တာ Tim Burton ကရိုက်ကူးထားတာဖြစ်ပါတယ်။ကျိုးကြောင်းဆင်ခြင်တတ်ပြီး ယုတ္တိကျကျ အတွေးရှိလို့ ခေတ်နောက်ပြန်ဆွဲနေတဲ့ အထက်လူကြီးတွေက ရာထူးအနိမ့်ဆုံးထိချထားခြင်းခံရတဲ့ ရဲသားကရိန်း(Johnny Depp) တစ်ယောက် Sleepy Hollow ဆိုတဲ့ရွာငယ်လေးက လေးလောင်းပြိုင်ခေါင်းဖြတ်သတ်မှုတွေ အကြောင်းကို ဖိအားပေး စုံစမ်းဖို့စေလွတ်ခြင်းခံရပါတယ်။ယုတ္တိကျတာကိုပဲ ယုံတတ်တဲ့ရဲသားကရိန်းတစ်ယောက် သဘာဝလွန်ဖြစ်ရပ်များနဲ့ကြုံတွေ့လာတဲ့အခါ သူ့ရဲ့ငယ်ဘဝအတိတ်ဆိုးတွေကြောင့် ဖြစ်နေတဲ့ အကြောက်လွန်ရောဂါကိုဘယ်လိုကျော်လွှားပြီး သဘာဝလွန်အမှုတစ်ခုကို သိပ္ပံပညာနဲ့ပေါင်းစပ်ပြီး ...
movie
Sleepy Hollow (1999)
4K HEVCHDR
7.6
Les Misérables (2012)
Les Miserables (2012) ၁၈၁၅ ခုနှစ်က ပြင်သစ်မြို့ရဲ့ ခေတ်အနေအထားကိုပြသနေတဲ့ ဒီဇာတ်လမ်းလေးကို အော်ပရာဇာတ်ခုံပေါ်ကနေ တီဗီဖန်သားပြင်ထက်ဇာတ်လမ်းလေးအဖြစ် ပြောင်းလဲတင်ဆက်ပေးထားတာပါ... ဒီဇာတ်ကားလေးထဲမှာ X-Men ဇာတ်ကားထဲမှ ကိုယ်တွေရဲ့ လိုဂန်မင်းသားကြီး Hugh Jackman နဲက ဦးဆောင်ထားပြီး တခြားသရုပ်ဆောင်များစွာကိုလည်း မြင်တွေ့ရမှာဖြစ်ပါတယ် ဇာတ်လမ်းလေးကိုတော့ ပေါင်မုန့်ခိုးမိလို့ ၅ နှစ်, ထွက်ပြေးဖို့ကြိုးစားလို့ ၁၄ နှစ်, စုစုပေါင်း ၁၉ နှစ်အပြစ်ပေးခံထားရတဲ့ ဂျန်းဗယ်ဂျန်လို့ခေါ်တဲ့ လူကို အန္တရာယ်ရှိတဲ့သူအဖြစ် ခံဝန်စာချုပ်နဲ့လွှတ်ပေးလိုက်တာမို့လို့ လုပ်ကိုင်စားသောက်လို့မရအောင် ဒုက္ခသုက္ခရောက်နေရာက အစပြုခဲ့ပါတယ် သူဟာဂျောင်ပိတ်မိနေတဲ့အဆုံး ခံဝန်စာချုပ်ကိုဖြဲဆုတ်လိုက်ပြီး ဘဝသစ် နာမည်သစ်နဲ့ အသစ်တစ်ဖန်ပြန်စတင်ခဲ့ပါတယ်... ဒီလိုမပြောင်းလဲခင်မှာ သေးနုတ်တဲ့သူ့ရဲ့သူခိုးတစ်ယောက်စိတ်ဓာတ်ကနေ ဆင်းရဲတဲ့သူတွေကို ကယ်တင်ပေးပြီး မေတ္တာတရားနဲ့စိတ်သဘောထားကြီးလာအောင် ဘုန်းတော်ကြီးတစ်ပါးက ပြောင်းလဲပေးခဲ့ပါတယ် ဗယ်ဂျန့်နောက်ကို ရေဆုံးမြေဆုံး ရှာဖွေနေတဲ့ အင်စပက်တာဂျဗက်ဟာ အစပိုင်းမှာ ဇဝေဇဝါနဲ့မြို့တော်ဝန် တစ်ဖြစ်လဲ ဗယ်ဂျန့်ကို သံသယသာဝင်ပေမဲ့ အဖြစ်မှန်ကိုသိသွားခဲ့တော့ ဘယ်လိုဆက်ဖြစ်မလဲ... ဇာတ်လမ်းထဲမှာပါဝင်တဲ့ ဖန်တင်ဆိုတဲ့ အမျိုးသမီးရဲ့ သမီးလေး "ကိုဆက်" သူဌေးသားပေးမဲ့ တော်လှန်ရေးမှာပါဝင်နေတဲ့ ကိုဆက်နဲ့ မြင်မြင်ချင်းမေတ္တာသက်ဝင်သွားနေတဲ့ "မာရီးယက်စ်" ကိုဆက်နဲ့ငယ်စဥ်ကအတူကြီးပြင်းခဲ့ပေမဲ့ မတူညီတဲ့ဘဝလမ်းကို လျှောက်လှမ်းနေရရှာတဲ့ အီဖိုနီ ဒီဇာတ်ကောင်တစ်ခုချင်းဆီရဲ့ ဇာတ်ကြောင်းလေးတွေသိရအောင် ဒီဇာတ်လမ်းလေးကြည့်ဖို့တိုက်တွန်းချင်ပါတယ် တေးသရုပ်ဖော်ကြိုက်နှစ်သက်သူတွေ အော်ပရာဇာတ်လမ်းနှစ်သက်သူတွေအတွက်တော့ အားရစရာဖြစ်မှာပါ အော်ပရာမကြိုက်သူများကြည့်ရင်လည်း ရင်ထဲတစ်ခုခုကျန်မဲ့ ဇာတ်လမ်းဖြစ်မှာကျိန်းသေပါတယ်.. Les Miserables ...
movie
Les Misérables (2012)
2012