Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Mara Taquin
5.4
The Beast in the Jungle (2023)
Beast in the Jungle ဆိုတဲ့ကားကတော့ ၂၀၂၃ ခုနှစ်က ထွက်ရှိထားတဲ့ ပြင်သစ် ဒရာမာကားလေးပဲဖြစ်ပါတယ်။ဂျွန်ဆိုတဲ့ ကောင်လေးတစ်ယောက်က ကလပ်တစ်ခုကို လာရာကနေ မေဆိုတဲ့ ကောင်မလေးနဲ့ ဆုံတွေ့ခဲ့တဲ့အခါမှာ မေကသူ့ကို လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က ကိစ္စတစ်ခုကြောင့် သိနေခဲ့ပေမယ့် ဂျွန်ကတော့ မမှတ်မိပါဘူး။ တစ်ကယ်တော့ ဂျွန်က မေ့ကို အကြောင်းအရာ တစ်ခုခုဖြစ်မယ်ဆိုပြီး လျို့ဝှက်ချက်တစ်ခုကို ပြောပြခဲ့ဖူးပါတယ်။အဲဒါကတော့ ဘယ်လိုအကြောင်းအရာလည်း ဆိုတာ သူတို့နှစ်ယောက်လုံး အစက မသိခဲ့ပါဘူး။ အဲဒီလိုနဲ့ တဖြည်းဖြည်း ကလပ်ထဲမှာပဲ ၂၅ နှစ်လောက် အချိန်ကုန်ရင်း ဖြစ်လာမဲ့ အကြောင်းအရာကို စောင့်နေခဲ့ရာက ဘယ်သူက ဖြစ်လာမယ့် ကိစ္စကို ရိပ်မိသွားလဲ အဒီအကြောင်းအရာ တစ်ခုကရော ဘာလဲဆိုတာ ကြည့်ရှုရမယ့် ကားလေးတစ်ကားပါ။ Techno နဲ့ disco ကိုကြိုက်တဲ့သူတွေလည်း music တွေအသားပေးထားတာကြောင့် ...
movie
The Beast in the Jungle (2023)
6.4
Zero Fucks Given (2021)
Zero Fuck Given(2021)ပြင်သစ်ရုပ်ရှင်တွေဟာ လူတွေရဲ့ နေ့စဉ်ဓူဝ ဘဝအဖုံဖုံကို အေးဆေးလေးဖော်ပြသွားတဲ့နေရာမှာ ကြည့်ရတာ အရမ်းကဗျာဆန်လွန်းတယ်..Rating 6. 4 လောက်ရထားတဲ့ ဒီ Drama ရုပ်ရှင်မှာလည်း မိခင်ဆုံးသွားပြီး အိမ်မှာမနေချင်ဘဲ အိမ်ပြေးဖြစ်နေတဲ့ ကန်ဆန်ဒေါ်ဝီဆယ်ဆိုတဲ့ ကောင်မလေးတစ်ယောက် အကြောင်းကိုရိုက်ပြထားတယ်... အသေးစားဘက်ဂျက်လေယာဉ်လိုင်းမှာ လေယာဉ်မယ်ဝင်လုပ်ရင်း နိုင်ငံပေါင်းစုံက ဘဝအဖုံဖုံလူမျိုးစုံနဲ့တွေ့ပြီး ဖြတ်သန်းခဲ့ရပုံတွေ... နောက်ဆုံး private jet ကုမ္ပဏီကြီးတစ်ခုမှာ အလုပ်ရရင်း ဘဝရဲ့ တစ်ဆစ်ချိုးပြောင်းလဲမှုတွေကြားမှာ အကောင်းဆုံးနေနေတဲ့ အမျိုးသမီးငယ်တစ်ယောက်အကြောင်းကို ရိုက်ပြထားပါတယ် ဇာတ်ရှိန်က ဖြေးဖြေးလေးတက်သွားတာဖြစ်တဲ့အတွက်... အပျင်းပြေကြည့်ဖို့တော့ အဆင်ပြေမှာမဟုတ်ပါဘူး... ကော်ဖီသောက်ရင်း ဖတ်နေရတဲ့ စာအုပ်တစ်အုပ်လိုပါပဲ.. ဒီဇာတ်ကားကိုလည်း အေးဆေးလေးကြည့်တာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်( အညွှန်းနဲ့ ဘာသာပြန်ကိုတော့ Thiha Yan Naing ကရေးသားထားပါတယ် )Genre..... Drama Quality…. 1080p | 720p File size… 1.9GB | 967MB Format… mp4 Duration…. 1h 56min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Thiha Yan ...
movie
Zero Fucks Given (2021)
2021
5.5
Sawah (2019)
Sawah (2019) ==========မိတ်ဆွေတို့ ကိုယ်လုပ်ချင်တဲ့အရာထက် လုပ်သင့်တဲ့အရာကို ရွေးချယ်ခဲ့ကြဖူးလား ဘယ်အရာကိုပဲဖြစ်ဖြစ် ကိုယ်လုပ်ချင် တာလုပ်ရမှ ကျေနပ်ကြတဲ့သူတွေရှိသလို အခြေအနေအချိန် အခါကိုလိုက်ပြီး အလိုက်တသိဖြစ်သင့်တာကိုရွေးချယ်သွား ကြတဲ့သူတွေလည်း ဒုနဲ့ဒေးပါပဲ။ ဘယ်အရာကိုပဲလုပ်လုပ် တာ ဝန်ယူမှုတာဝန်ခံမှုဆိုတာ ရှိသင့်ပါတယ်။ ကိုယ်လိုချင်တဲ့အရာ ကို အရယူနိုင်ဖို့ မဆုတ်မနစ်ကြိုးစားကြရမှာပါ။ မလုပ်နိုင်ဘူး၊ မလုပ်ချင်ဘူးဆိုတာ ဆင်ခြေတစ်ခုပါပဲ ဒါက ခင်ဗျား မလိုချင် တဲ့အရာဖြစ်နေလို့ပါ။ အောင်မြင်မှုကို ဆာလောင်တဲ့ စကာရတ်ဖ်က ပြည်တွင်း DJ ပြိုင်ပွဲမှာ အနိုင်ရပြီး ဘရပ်ဆဲလ်မှာလုပ်တဲ့ DJ World Champion မှာယှဥ်ပြိုင်ဖို့ အရွေးခံလိုက်ရပါတယ်။ ဖြစ်ချင်တော့ သူတို့ တိုင်းပြည်မှာ ဆန္ဒပြုမှု၊သပိတ်မှောက်မှုနဲ့ရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်နေတဲ့ကာလပါ စကာရတ်ဖ်က တိုင်းပြည်ကအခြေအနေကို မငဲ့ဘဲ ပြည်ပထွက်ပြီးအောင်မြင်မှုကို အရယူချင်နေတာပါ။ ချစ်သူ ကလည်း ဒီလိုအခြေအနေတွေမှာ အတူမသွားနိုင်တာကြောင့် စကာရတ်ဖ်တစ်ယောက် ဘယ်လ်ဂျီယံကို တစ်ကိုယ်တော်ခရီး သွားထွက်လာခဲ့တယ်။ ကံဆိုးစွာနဲ့ ခရီးစဥ်မှာ ရဲဖမ်းခံလိုက်ရ တယ်။ သူအဖမ်းခံလိုက်ရတဲ့နေရာကလည်း လူဇင်ဘတ်မှာ ဖြစ် နေတယ် သွားချင်တာ တစ်နေရာ၊ ရောက်သွားတာ တစ်နေရာ ဖြစ်နေတော့ စကာရတ်ဖ် ဘာတွေဆက်လုပ်မလဲဆိုတာ ကိုယ် တိုင်ပဲကြည့်ရှုလိုက်ကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ ZWT ဖြစ်ပါတယ်)File Size..........(1.36 GB) ...
movie
Sawah (2019)
2019
5.3
After Blue (Dirty Paradise) (2021)
After Blue (Dirty Paradise) (2021)အရာရာမှာ အနုပညာခံစားမှု မြင့်မားတဲ့ ပြင်သစ်တို့ရဲ့ ထုံးစံအတိုင်း ဒီဇာတ်ကားကို ဖန်တီးထားရာမှာ plot နည်းနည်းနဲ့ မော်ဒန်ဆန်ဆန်ရိုက်ကူးထားတာကို တွေ့ရပါတယ်။ ရုပ်ရှင် artအဖွဲ့ရဲ့ ကြိုးစားပုံကို အဝတ်အစားတွေ ဆက်တင်တွေကြည့်ရုံနဲ့ ဘယ်လောက်ကြိုးစားထားမှန် သိသာပါတယ်။ အနုပညာသက်သက်အတွက် ဖန်တီးထားတဲ့ကားလို့တောင် ဆိုလို့ရပါတယ်။ဇာတ်လမ်းအနေနဲ့ကတော့ အနာဂတ်က ကမ္ဘာကြီးမှာ နေထိုင်မရတော့လို့ စွန့်ပစ်ကာ After Blue ဆိုတဲ့ ဂြိုလ်ပေါ်မှာ လူတွေရွှေ့ပြောင်းနေထိုင်ကြပါတယ်။ အဲဒီဂြိုလ်ပေါ်မှာတော့ မိန်းမတွေသာ ရှင်သန်နိုင်ပြီး မေထုန်မဲ့မျိုးစပ်ကြပါတယ်။ တစ်နေ့တော့ Roxyဆိုတဲ့ကောင်မလေးဟာ သဲထဲမှာမြုပ်နေတဲ့ လူသတ်သမား Kate Bush ကို ဘုမသိဘာမသိ ကယ်မိပါတယ်။ကယ်ပြီးပြီးချင်းမှာပဲ Kate Bushဟာ သူ့ကိုလှောင်ပြောင်ခဲ့တဲ့ Roxy သူငယ်ချင်းသုံးယောက်ကို သတ်ပစ်လိုက်ပါတယ်။ ရွာကအာဏာပိုင်တွေကတော့ Roxy ကြောင့် ကောင်မလေးတွေ သေခဲ့ရတာမို့ အပြစ်ပေးတဲ့အနေနဲ့ သူ့အမေနဲ့အတူ ...
movie
After Blue (Dirty Paradise) (2021)
2021