Channel Myanmar

Manuel Cauchi

For Love & Honey (2024) 6.4
For Love & Honey (2024)  ဘာဇာတ်အိမ်အရှုပ်အထွေးတွေလှည့်ကွက်တွေမှမပါပဲ နားရက်မှာစိတ်အပန်းပြေစေ ဖို့ romance ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ် ။ဇာတ်လမ်းအညွှန်းကတော့ ကျွန်းပေါ်မြို့လေးတစ်ခုမှာ မိခင်ရဲ့အမွေဖြစ်တဲ့ ပျားမွေးမြူရေးခြံကို ဆက်ခံထားပြီး အလုပ်ထဲမှာပဲ တစ်ဘဝလုံး နှစ်မြှုပ်ထားတဲ့ အီဗာ။ မြို့ရဲ့စာကြည့်တိုက်ကပျားအုံတစ်ခုကိုထိန်းသိမ်းဖို့သွားယူရင်း ရှေးခေတ်နံရံဆေးရေးပန်းချီတစ်ခုကိုရှာတွေ့ပြီးနောက် မြို့ကိုအလည်ရောက်နေတဲ့ သမိုင်းပညာရှင်လေး အော်စတင်နဲ့တွေ့ဆုံခဲ့တယ်။အော်စတင်ကလည်း ဒီပန်းချီဟာ သူ့ရဲ့သုတေသနအတွက်အရေးကြီးတယ်လို့ ယုံကြည်ထားပြီး နယ်ခံ အီဗာကို ကျွန်းတစ်လျှောက် လေ့လာရေးအတွက် ကူညီပေးဖို့တောင်းဆိုလာပါတော့တယ်။ အချစ်နဲ့ဝေးကွာနေတာကြာပြီဖြစ်တဲ့ အီဗာ ဘုကလန့်တစ်ဇွတ်ထိုးပညာရှင်လေး အော်စတင်နဲ့တွေ့ပြီးနောက် ရင်ခုန်သံတွေတစ်ဖန်ပြန်ပြီးနိုးထလာမလားဆိုတာ ကျွန်းတစ်ဝိုက် စွန့်စားခန်းလေးနဲ့အတူ ဆက်လက်ကြည့်ရှုလိုက်ပါဦး။ File size…(1.5 GB)/(840 Mb) Quality….WEB-DL 1080p / 720p Format…mp4 Duration….01:24:00 Genre... Romance, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by P Andrew
movie

For Love & Honey (2024)

13 Hours: The Secret Soldiers of Benghazi (2016) 7.3
13 Hours: The Secret Soldiers of Benghazi (2016) 13 Hours: The Secret Soldiers of Benghazi (2016) Imdb rating 7.1/10၂၀၁၆ ခုနှစ်​က ထွက်ရှိ​ခဲ့တဲ့​ Transformers ကား​တွေရဲ့ ဒါရိုက်တာ​ Michael Bay ရိုက်​ကူး​ခဲ့တဲ့ ရုပ်ရှင်​ဖြစ်​ပါတယ်။ အမျိုး​အစား​က action / war ဖြစ်​ပြီး ၂၀၁၂ ခုနှစ်​ လစ်​ဗျား​မှာ ဖြစ်​ပွားခဲ့တဲ့ တကယ့်​ဖြစ်ရပ်​မှန်​ကို အခြေခံပြီးရိုက်ကူးထားတဲ့ ဇာတ်ကား​လည်း​ဖြစ်​ပါတယ်။ Michael Bay ရဲ့လက်ရာမလို့ တိုက်ပွဲတွေ ပစ်တာခတ်တာတွေ ဆက်တင်ပိုင်းတွေ အလွန်ပီပြင်ပြီး အပြင်ကအတိုင်း ကြမ်းတယ် တကယ်ရိုက်ပြနိုင်တယ်ဆိုပြီး ချီးကျူးခံခဲ့ရပါတယ်။ John Krasinski က အဓိက​ဇာတ်​ကောင်​ Jack Silver အဖြစ်​သရုပ်ဆောင်​ထား​ပါတယ်။ဇာတ်လမ်း​အကျဥ်းကတော့ ၂၀၁၂ ခုနှစ်​မှာ ကဒါဖီ ပြုတ်ကျပြီးနောက် လစ်​ဗျား​နိုင်ငံ​ ဘင်ဂါဇီမြို့ဟာ ကမ္ဘာ့​အန္တရာယ်​အရှိဆုံး နေရာ​တွေထဲကတစ်ခုဖြစ်လာပါတယ်။ ဘင်ဂါဇီမြို့မှာ တရား​ဝင်​မဟုတ်​တဲ့ အမေရိကန်​သံတမန်​ရုံး​တစ်ခု​ရှိပြီး အဲဒီ​သံတမန်ရုံး​နဲ့ တစ်မိုင်တောင်မဝေးတဲ့ နေရာ​မှာ Annex ...
movie

13 Hours: The Secret Soldiers of Benghazi (2016)

2016
4K HEVC
Paul, Apostle of Christ (2018) 6.6
Paul, Apostle of Christ (2018)  ၂၀၁၈ ကထွက်ရှိခဲ့တဲ့ Paul, the Apostle of Christ ဟာအမေရိကန်သမ္မာကျမ်းလာရုပ်ရှင်ဇာတ်ကားတစ်ခုဖြစ်ပြီးAndrew Hyatt က ရိုက်ကူးပေးထားပါတယ်။တမန်တော်ပေါလ်အဖြစ် James Faulkner နဲ့ သူတော်စင်လု့ခ်အဖြစ် Jim Caviezel တို့က ပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ Jim Caviezel ဟာ ၂၀၀၄ ခုနှစ်ကရုပ်ရှင် ThePassion of the Christ မှာလည်း ယေရှုအဖြစ်ပါဝင်သရုပ်ဆောင်ခဲ့ဖူးသူဖြစ်ပါတယ်။Paul, the Apostle of Christ ကတော့ ပေါလ်ရဲ့ဇာတ်ကြောင်းကိုရိုက်ကူးထားတာဖြစ်ပါတယ်။ခရစ်ယာန်တွေကို ရက်ရက်စက်စက်နှိပ်ကွပ်တတ်သူဖြစ်တဲ့ပေါလ်ဟာ ခရစ်ယာဘာသာဝင်အဖြစ်ကူးပြောင်းပြီးတဲ့နောက် ခရစ်ယာန်ဘာသာအတွက်အကြီးမားဆုံးအကျိုးပြုသူတစ်ဦးဖြစ်လာခဲ့ပါတယ်။ရောမမှာ ဧကရာဇ်နီရိုရဲ့ကွပ်မျက်မှုမခံရခင် အစောပိုင်းကာလချာ့ချ်ကျောင်းတွေပေါ်ပေါက်လာရေးအတွက်အရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်ခဲ့ပုံကို အဓိကရိုက်ကူးပြထားပါတယ်။ ပေါလ်ဟာ ခွင့်လွှတ်မှုကိုလက်ကိုင်ထားသူဖြစ်ပြီး ဒီအယူအဆက ဒီနေ့ခေတ်မှာမဖြစ်နိုင်တော့တဲ့အရာတစ်ခုဖြစ်လာလုနီးပါးဖြစ်လာပေမယ့်အမှန်တကယ်လိုအပ်တဲ့အရာတစ်ခုလည်းဖြစ်တယ်ဆိုတာကိုပုံဖော်ပြထားပါတယ်။ ပေါလ်ရဲ့နောက်ဆုံးနေ့ရက်တွေမှာလု့ခ်က ဆရာဖြစ်သူကိုတွေ့ရဖို့ အကြိမ်ကြိမ်အသက်စွန့်ပြီးပေါလ်ရဲ့ဘဝအတွေ့အကြုံနဲ့အဆုံးအမတွေကို မှတ်တမ်းတင်ရေးသားခဲ့ပုံတွေကိုလည်း မြင်တွေ့ရပါတယ်။ Paul, theApostle of Christ ရုပ်ရှင်ဟာ Grace Award for Movies ...
movie

Paul, Apostle of Christ (2018)

Troy (2004) 7.2
Troy (2004) Troy (2004) ရုပ်ရှင်ခံစားမှုTroy ရုပ်ရှင်ဟု ဆိုလိုက်တာနှင့် ဂရိဘက်မှ မြင်းရုပ်ကြီးအား ထရိုဂျန်စစ်သားများက ကြိုးများဖြင့်ချည်နှောင်ကာ အီလီယွန်(Iliad)မြို့ထဲကို သယ်ဆောင်သွားတဲ့အကြောင်းတွေကို ကြားဖူးနားဝရှိကြပါလိမ့်မည်။ထင်ရှားကျော်ကြားသော စစ်ပွဲတွေအကြောင်း ညွှန်းဆိုပြောဆိုကြမည်ဆိုလျှင်လည်း ထရိုဂျန်စစ်ပွဲအကြောင်းကို ချန်ထား၍ ရမည်မထင်ပေ။ကမ္ဘာ့အစောဆုံးဂန္တဝင် စာပေလက်ရာတစ်ခုအဖြစ် သမုတ်ထားကြသည့် ဂရိစာဆိုတော်ကြီးဟိုးမား၏ အိလီယက်နှင့် အိုဒက်ဆီ ကဗျာရှည်နှစ်ပုဒ်အနက် အီလီယက်ကဗျာမှာ ဂရိလူမျိုးတို့၏ ထရွိုင်မြို့အောင်ပွဲအကြောင်းကို ပြန်ပြောင်းဂုဏ်ပြုစိမ့်သောငှာ ဂုဏ်တင်ရေးဖွဲ့ထားသည့်ကဗျာရှည်တစ်ပုဒ်ဟု ပြောဆို၍ ရနိုင်ပါမည်။ ထရိုဂျန်စစ်ပွဲကို အောင်နိုင်ဖို့ရာအတွက်လည်း ဂရိနိုင်ငံနှင့် ထရွို င်မြို့နိုင်ငံတို့ ကိုးနှစ်ကျော်ကြာအောင် တိုက်ခိုက်ခဲ့ရသည်။လူသားတွေသာမကပဲ နတ်ဘုရားတွေကပါ ကူညီတိုက်ခိုက်ကြသည်။စစ်ပွဲဖြစ်ပွားရပုံ ကနဦးအကြောင်းရင်းကို ဖောက်သည်ချရလျှင် ထရွိင်ဘုရင်သားတော်ငယ် ပဲရစ်က ဂရိဘုရင်ကြီးအက်ဂါမန်မနွင်၏ ညီ မက်နယ်လော့ မိဖုရား ဟယ်လင်အား ခိုးယူသွားပုံကနေ စတင်ခြင်းဖြစ်သည်။ထရွိုင်နိုင်ငံအား တိုက်ခိုက်အောင်မြင်ဖို့ရာအတွက် စစ်သူကြီး အာချိလိ ဖြစ်သူကပါ ဦးစီးတိုက်ခိုက်ရသည်။ထိုသို့ ဂရိနှင့်ထရွိုင်တို့ အပြန်ပြန်အလှန်လှန် တိုက်ခိုက်ကြသော အကြောင်းကို ကဗျာရှည်အဖြစ် မှတ်တမ်းတင်ခဲ့ရာကနေ (အခြားသော ...
movie

Troy (2004)

2004
4K HEVC
Outrage (2023)
Outrage (2023)  Outrage(2023) ဇာတ်ကားလေးက အခုမှ လတ်လတ်ဆတ်ဆတ်ထွက်ထားတဲ့action, thriller ဇာတ်ကားကောင်းလေးတစ်ခုပဲ ဖြစ်ပါတယ်။ ဇာတ်ကားမှာနာမည်ကျော်ဂျာမန်မင်းသား Clemens Schick ဝါရင့် Hollywood သရုပ်ဆောင်Jay O. Sanders နဲ့ မင်းသမီးချောလေး Adelaide Kane တို့ ပူးပေါင်းပါဝင်သရုပ်ဆောင်ထားတာမို့ ကြည့်ကောင်းတဲ့ ဇာတ်ကားကောင်းလေးတစ်ခုပါ။ကြည့်ချင်အောင် ဇာတ်လမ်းလေးအမြည်းကျွေးရမယ်ဆိုရင်တော့ ဒီဇာတ်ကားကပြင်သစ်နိုင်ငံရဲ့ နိုင်ငံရေးဇာတ်ခုံအကြောင်းက စရပါမယ်။ ပြင်သစ်နိုင်ငံမှာအမျိူးသားရေးလှုပ်ရှားမှုတွေ အားကောင်းလာပြီးတဲ့နောက် လက်ယာစွန်းရောက်သမားတွေက အကြမ်းဖက်မှုတွေ လုပ်လာတာတွေရှိပါတယ်။ အဲ့အချိန်မှာပဲနာမည်ကျော် ရုပ်သံမီဒီယာတစ်ခုက လာမဲ့ရွေးကောက်ပွဲမှာ သမ္မတဖြစ်နိုင်ချေရှိတဲ့အမျိူးသမီးနဲ့ စံအိမ်တစ်ခုမှာ တိတ်တိတ်လေးတွေ့ဆုံစကားပြောဖို့ စီစဥ်ခဲ့ပါတယ်။အဲ့အချိန်မှာ မင်းသမီးဖြစ်တဲ့ Ivy က ရုပ်သံပိုင်ရှင်ရဲ့ တူမဖြစ်ပြီး အဲ့တွေ့ဆုံပွဲမှာဘယ်လို မထင်မှတ်တာတွေ ဖြစ်သွားမလဲ နောက်ကွယ်က အကြောင်းတွေကဘယ်လိုရှိလို့ ဘယ်လိုတွေ ဖြစ်ကြမှာလဲ အဆုံးသတ်မှာရော ဘယ်သူတွေသေပြီးဘယ်သူတွေ ရှင်ကျန်မှာလဲ စတာတွေကို အစကနေ အဆုံး ဒီရုပ်ရှင်အချိန်တိုတိုလေးထဲမှာပျင်းစရာအချိန်မရှိအောင်ကို ရိုက်ပြထားတဲ့ ဇာတ်ကားကောင်းလေး ...
movie

Outrage (2023)

Agora (2009)
Agora (2009) ဟိုက်ပါးရှား - ဉာဏ်ပညာ အတွေးအခေါ် အလှတရား ကောင်းခြင်းအင်္ဂါအဖြာဖြာနဲ့ပြည့်စုံတဲ့ ဂရိအတွေးအခေါ်ပညာရှင်၊ ဘာသာရေးဆိုင်ရာအားပြိုင်မှုတွေကြားမှာ အလွမ်းမိုးမခံဘဲ လက်တွေ့ကျကျ နေထိုင်ဖြတ်သန်းပြီး စကြာဝဠာနဲ့ပတ်သက်တဲ့ သိပ္ပံနည်းကျအဖြေတွေကို စိတ်အားထက်သန်စွာ ရှာဖွေသိရှိဖို့ ကြိုးစားနေခဲ့တဲ့သူမကို ဘာသာရေးမှိုင်းတွေ အားပြိုင်မှုတွေ ပဋိပက္ခတွေက ဘယ်လိုများ………..???ဇာတ်လမ်းအကျဉ်းဒီဇာတ်ကားလေးကတော့ ရိုမန်အင်ပါယာလက်အောက်ခံ အလက်ဇန်းဒရီးယားမြို့တော်မှာ မူလအစ ဂရိနတ်ဘုရားတွေကိုကိုးကွယ်နေကြရာမှ ခရစ်ယာန်ဘာသာကို ယုံကြည်သက်ဝင်သူများ တိုးပွားလာတဲ့အခါ ဘာသာရေးပဋိပက္ခများ အဓိကရုဏ်းများ ဘာသာရေးအယူမတူညီမှုကြောင့် သတ်ဖြတ်ကြမှုများ ဖြစ်ပွားလာခဲ့ကာ ခရစ်ယာန်ဘာသာဝင်တွေက အရေးသာသွားပြီး နတ်ဘုရားကိုးကွယ်ခြင်းမှ ခရစ်ယာန်ဘာသာသို့ ကူးပြောင်းလာတဲ့အရွေ့ကြီးဖြစ်လာခဲ့ပါတယ်။စကြာဝဠာကြီးရဲ့ ထူးခြားဆန်းကျယ်လှတဲ့လျိူ့ဝှက်ချက်တွေကို သိပ္ပံနည်းကျဖော်ထုတ်စူးစမ်းချင်ပြီး ဘာသာရေးကို ထည့်မတွေးတတ်တဲ့ ဟိုက်ပါးရှားဆိုတဲ့အတွေးအခေါ်ပညာရှင်၊ ဟိုက်ပါးရှားရဲ့တပည့်ဘဝမှ မြို့စားဖြစ်လာခဲ့ပြီး သူမကို လူသိရှင်ကြားသဘောကျတဲ့ နတ်ဘုရားကိုးကွယ်သူ ဂရိမြို့စားအိုရက်စ်တီးစ်၊ ဟိုက်ပါးရှားကို ငယ်စဉ်ကတည်းက တိတ်တခိုးချစ်မြတ်နိုးခဲ့ပြီး သူမရဲ့ငယ်ကျွန်ဘဝမှ ခရစ်ယာန်သာသနာလက်မရွံ့ဖြစ်လာခဲ့တဲ့ ဒေးဗပ်စ် အဆိုပါ ယုံကြည်သက်ဝင်မှုမတူညီတဲ့ ဇာတ်ကောင်သုံးယောက်နှင့် ဘာသာရေး လူမျိုးရေး နိုင်ငံရေး ...
movie

Agora (2009)

Kon-Tiki(2012) 7.2
Kon-Tiki(2012)  Genre - Adventure, Biography IMDB - 7.2/10 ခင်ဗျားတို့သာ ရေမကူးတတ်ဘူးဆို ပစိဖိတ်သမုဒ္ဒရာထဲ မိုင် ၅ ထောင်ကျော်ကို ဖောင်လေးတစ်စင်းနဲ့ ဖြတ်ကူးရဲလား။ ဒါပေမဲ့ ဒီ သောရ်ဆိုတဲ့ဘဲကြီးကတော့ တကယ်လုပ်ခဲ့တယ်ဗျ။ အဲဒီလိုပြောလို့ စိတ်ကူးယဉ်ဇာတ်လမ်း မထင်နဲ့နော် တကယ်အပြင်မှာ ဖြစ်ပျက်ခဲ့တဲ့ ၁၉၄၇ ခုနှစ်က ဖြစ်ရပ်မှန်ဇာတ်လမ်း။ စူးစမ်းရှာဖွေရေးသမား သောရ်ဟာ ပိုလီနီရှားကကျွန်းတွေကို ၁၀ နှစ်ကြာအောင် ဇနီးဖြစ်သူနဲ့ သုတေသနတွေပြုလုပ်ပြီး စာတမ်းပြုစု နေထိုင်ခဲ့တဲ့လူပေါ့။ သူ အဲဒီမှာ နေထိုင်ရင်း ဒီ ပိုလီနီးရှားဒေသကို ဒေသခံတွေဟာ အာရှဖက်ကနေ ရောက်လာကြတာမဟုတ်ပဲ တောင်အမေရိကဖက်က ရောက်လာကြတယ်ဆိုတာကို ထူးဆန်းစွာနဲ့ သိရှိခဲ့ရတယ်။ ဒီတော့ ဆရာသမားက သူတွေ့ရှိခဲ့တဲ့ သီအိုရီကို လိုက်ပြီး ဖြန့်ဝေနိုင်အောင် ဆက်သွယ်တော့တာပဲ ဒါပေမဲ့ ကံဆိုးချင်တော့ ဘယ်သူမှမယုံကြည်ပဲ သူ့ကို ပရော်ဖက်ဆာတစ်ယောက်က ဒါမျိုး ပြောလိုက်ပါတယ်။ ...
movie

Kon-Tiki(2012)

Shark Bait (2022) 4.2
Shark Bait (2022) သူငယ်ချင်း​တွေ ပင်လယ်ကမ်း​​​​ခြေကို ခရီးထွက်လာမယ်၊ ​ပျော်ပါး ကြမယ်၊ အရာရာ ပျော်စရာအတိ ဖြစ်​နေရင်​တော့ ​သေချာပါတယ်၊ အဖျက်သမားတစ်​ကောင် ​ပေါ်လာ​တော့မှာပါ၊ သူက​တော့ အားလုံး သိပြီးသား ​ကို​ရွှေငါးမန်းရယ်​ပေါ့၊ ငါးမန်းနဲ့ပတ်သတ်တဲ့ ဇာတ်ကား အများစုက ဒီလိုဖန်တ​ရာ​တေ​နေတဲ့ ဇာတ်အိမ်​မျိုး​​တွေ ဖြစ်​ပေမယ့် ဒီလိုကား​တွေက ရလာတဲ့ သည်းထိပ်ရင်ဖိုတွေ၊ ဇာတ်​ကောင်​နေရာ က​နေ ကျီးလန့်စာစား ဖြစ်ရပုံ​တွေ၊ ငါးမန်းရန်က လွတ်နိုင်ပါ့မလား ​ကိုယ်စား​​တွေးပူမိတဲ့ စိတ်ခံစားချက်​တွေ​ကြောင့်လည်း ဒီ​​နေ့​ခေတ် ဒီအချိန်​ထိ ငါးမန်းရုပ်ရှင် သည်း​ခြေကြိုက်ဖန်တွေ ရှိ​နေဆဲပါ။ အခု ၂၀၂၂ထွက် ငါးမန်းကားသစ်ဟာလည်း အထက်ပါမဲပြာပုဆိုး ဇာတ်အိမ်ပါပဲ၊ သူငယ်ချင်း​တွေ ကမ်း​ခြေကို ခရီးထွက်လာတယ်၊ မူးရူး​ပျော်ပါးတယ်၊ ​ရှေ့​နောက်မကြည့်ဘဲ စပိဘုတ်​​တွေနဲ့ ပင်လယ် ထဲ ထွက်လာတယ်၊ ကမ်းနဲ့ အ​တော်​ဝေး​ဝေးမှာ အက်စီးဒင့်ဖြစ်ပြီး ​ပင်လယ်ထဲ မဟာဇနက္က​​နဲ့ နင်လား ငါလား ဖြစ်သွားတယ်၊ အဲဒီမှာ ဇာတ်လိုက်​ကျော် ​ငါးမန်းဖြူကြီး ​ရောက်လာတယ်၊ ငါးမန်းရန်က လွတ်​အောင် ကြိုးစားကြတယ်​ပေါ့။ ဇာတ်လမ်းက ဒါပါပဲ၊ ရိုးရှင်းတယ် ခန့်မှန်းရလွယ်တယ်၊ သင်ခန်းစာ ယူလို့ရတဲ့ ကားမျိုး​တော့ မဟုတ်ဘူး၊ ဒါ​ပေမဲ့ သူတို့ရဲ့ အသက်​ဘေး လွတ်​အောင်ကြိုးစားပုံ​တွေ၊ ...
movie

Shark Bait (2022)

2022