Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Manu Rishi Chadha
5.4
Nanu Ki Jaanu (2018)
Nanu Ki Jaanu 2018 လူကြမ်းကြီးရဲ့နှလုံးသားIMDb -5.4/10အိမ်ငှားလုပ်ပြီး အိမ်တွေကို မတရားသဖြင့် ဈေးနှိမ်ပြီးတော့ အပိုင်သိမ်းတတ်တဲ့ လူမိုက်ကြီး နာနူတစ်ယောက် တစ်နေ့ အိမ်တစ်အိမ်ကိုသိမ်းဖို့ လမ်းမှာသွားနေရင်း လမ်းပေါ်မှာ လူတွေစုရုံးစုရုံးလုပ်နေတာ တွေ့လိုက်ရပါတယ်။ ထုံးစံအတိုင်းပဲ ဝင်စပ်စုကြည့်တော့ သွေးအိုင်ထဲမှာ လဲနေတဲ့ကောင်မလေးတစ်ယောက်ကို မြင်လိုက်ရတာပေါ့။ဘေးမှာရပ်နေတဲ့ လူတစ်အုပ်ကတော့ရဲအမှုအခင်းထဲပါမှာကြောက်ပြီး ကူညီပေးဖို့ လက်တွန့်နေကြပေမဲ့ ကောင်မလေးကိုကရုဏာသက်သွားတဲ့ နာနူကတော့ ကောင်မလေးကို ပွေ့ချီပြီး ဆေးရုံပို့ဖို့လုပ်ပါတယ်။ဒါပေမဲ့ ကံကြမ္မာက ကျီစယ်ချင်တော့ နာနူရဲ့ကားပေါ်က အားပေးမှုတွေနဲ့ ဂရုစိုက်ပေးမှုကြောင့် ဆေးရုံတော့ရောက်သွားရှာပေမဲ့ ရောက်ရောက်ချင်းပဲ အသက်ထွက်သွားတဲ့အခါ....လူတွေက သေခါနီးနောက်ဆုံးမှာမြင်ရတဲ့အရာကို စွဲကျန်တတ်ကြသလိုပဲ သေသွားတဲ့ဆစ်ဒီလေးကလည်း သေခါနီးမှာ ဂရုတစိုက်ကူညီပေးခဲ့တဲ့ နာနူကိုမှ စိတ်စွဲသွားတဲ့အခါမှတော့......(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်) File size…2.3Gb /1.2GB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….2h 13m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Nanu Ki Jaanu (2018)
7.6
Angrezi Medium (2020)
Angrezi Medium (2020)IMDb Rating (7.2/1)ဘောလိဝုဒ်ဖန်တွေအတွက် သဘာဝမင်းသားကြီး Irrfan Khan ရဲ့ Angrezi Medium (2020) ရုပ်ရှင်ကို တင်ဆက်လိုက်ပါတယ်။Hindi Medium (2017) နဲ့ဆက်စပ်မှုတော့မရှိပေမယ့် Theme တူပါတယ်။မိသားစု ဒရာမာ ဇာတ်ကားကောင်းတစ်ကားဖြစ်တာကြောင့်မိသားစုတွေနဲ့အတူ ရယ်ရယ်မောမောနဲ့ ခံစားလိုက်ကြပါဦးဇာတ်လမ်းကတော့အိန္ဒိယမုန့်အချိုဆိုင်ပိုင်ရှင် လူလတ်တန်းစားတစ်ယောက်ဖြစ်တဲ့ ချမ်ပက်ဟာသမီးတစ်ယောက်နဲ့ မုဆိုးဖိုးတစ်ယောက်ဖြစ်ပါတယ်ငယ်စဉ်ကတည်းက မိခင်ဖြစ်သူဆုံးပါးသွားတဲ့အတွက် သူ့သမီးကို အဖေလိုရော အမေလိုပါ လိုလေသည့်မရှိရအောင် ပြုစုပျိုးထောင်ပေးခဲ့ပါတယ်ဒါပေမဲ့ သူ့သမီးဖြစ်သူ တာရူးဆီမှာတော့ ငယ်ငယ်ကတည်းက နိုင်ငံခြားသွားချင်တဲ့အိပ်မက်တစ်ခုရှိပါတယ်ဒီလိုနဲ သူ့သမီးအရွယ်ရောက်လာတဲ့အခါ အထက်တန်းကျောင်းပြီးတော့လန်ဒန်မှာ တက္ကသိုလ်ဆက်တက်ချင်တဲ့ အိပ်မက်ကိုလူလတ်တန်းစားချမ်ပက်တစ်ယောက် ဘယ်လိုကြိုးစားအကောင်အထည်ဖေါ်ပေးမလဲဆိုတာ......။(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Zaw Htoo မှ တင်ဆက်ထားပါတယ်။) File size….(2 GB )/(1 GB) Quality….BluRay 1080p / 720p Format…mp4 Duration….02:25:23 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Zaw Htoo
movie
Angrezi Medium (2020)
2020
6.1
U-Turn (2023)
U turn (2023) IMDb - 6.1/10ဒီတစ်ခေါက်မှာကတော့ ပဟေဠိဆန်တဲ့လှည့်ကွက်တွေနဲ့ Plot Twistကိုသဘောကျကြသူတွေ အကြိုက်တွေ့စေမယ့် မင်းသားချောAashim Gulatiနဲ့ မင်းသမီးချောလေး Alaya Fတို့ပါဝင်သရုပ်ဆောင်ထားတဲ့ Supernatural Thriller Movie "U turn"ကိုတင်ဆက်ပေးလိုက်ပါတယ်ရာဒီကာဟာခေတ်ဆန်ပြီး ပျော်ပျော်နေတတ်တဲ့အလုပ်သင်ဂျာနယ်လစ်မလေးတစ်ယောက်ဖြစ်ပါတယ် သူရေးဖို့ကြိုးစားနေတဲ့ဆောင်းပါးလေးကတော့ မိုးပျံလမ်းပေါ်မှာလမ်းစည်းကမ်းမဲ့စွာ ဘလောက်တုံးတွေကိုဖယ်ပြီး ဂငယ်ကွေ့ကွေ့တတ်သူတွေကြောင့် မတော်တဆမှူအများကြီးဖြစ်ခဲ့တဲ့အကြောင်းဆောင်းပါးလေးပါ ဒီရည်ရွယ်ချက်ကြောင့်ပဲသူဟာ ဘလောက်တုံးကိုဖယ်ပြီးဂငယ်ကွေ့ကွေ့ခဲ့ကြသူတွေကို စုံစမ်းကာလိုက်အင်တာဗျုးဖို့ကြိုးစားပါတော့တယ်ဒါပေမယ့်ထူးဆန်းစွာနဲ့ပဲ သူအင်တာဗျုးဖို့ရာအတွက် စာအုပ်ထဲမှာချရေးထားသူတိုင်းက အဖြေရှာမရစွာသေကုန်ကြပြီး သူ့စာအုပ်ဟာလည်းDeath Noteလိုဖြစ်လာပါတော့တယ် ဒီလိုဆန်းပြားတဲ့ကိစ္စကိုရဲတွေကလည်း သံသယဝင်လာပြီးလိုက်စုံစမ်းရာကနေ ဘယ်လိုလျို့ဝှက်ချက်တွေထွက်လာမလဲ ရာဒီကာစာအုပ်ထဲမှာ ချရေးလိုက်သူတိုင်းက ဘာလို့သေကုန်ကြတာလဲ ကံကြမ္မာရဲ့နောက်ပြောင်မှူတစ်ခုပဲလား ဒါမှမဟုတ်လူတစ်ယောက်က ကြိုးကိုင်နေတာလားဆိုတာကို Plot Twistတွေနဲ့ ဒီကားလေးထဲမှာရင်ခုန်စိတ်လှုပ်ရှားစွာ စောင့်ကြည့်လိုက်ရအောင် File size…1.2GB /550MB Quality…1080p WEB DL / 720p Format…mp4 Duration….2h 20m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Yunni~BpL~KhinKhin~ThaikSan
movie
U-Turn (2023)
2023
6.9
Phone Bhoot (2022)
Phone Bhoot (2022) Comedy, Horror IMDb 6.9/10 (7.4K)အခုတစ်ခါစပယ်ရှယ်တင်ဆက်ပေးမယ့်ကားလေးကတော့ သရဲဟာသကားလေးပဲဖြစ်ပါတယ်ပြောစရာမလိုအောင် သိနေကြတဲ့ မင်းသမီးချောလေး ကက်ထရီနာ...Dhadak (2018) & Khaali Peeli (2020) ထဲက မင်းသား အီရှန်းခသရ်...ဒီပီကားနဲ့တွဲရိုက်ထားတဲ့ Gehraiyaan (2022) ထဲက မင်းသား ဆစ်ဒန့်သ်ချတူးဗေဒီးတို့က အဓိကပါဝင်သရုပ်ဆောင်ပေးထားပါတယ်နော်ဇာတ်လမ်းလေးကိုနည်းနည်းပြောရရင် မေဂျာနဲ့ ဂူလူးတို့နှစ်ယောက်က ၁၀၉ - ၁၁၀ အလုပ်မရှိအကိုင်မရှိတဲ့လူငယ်နှစ်ယောက်.. ငယ်ငယ်ကတည်းက သည်းထိတ်ရင်ဖို သရဲဇာတ်လမ်းတွေကြည့်ပြီး မကောင်းဆိုးဝါးနှင်တဲ့သူဖြစ်ချင်နေကြတဲ့သူတွေပေါ့..တစ်နေ့သူတို့နှစ်ယောက် တောင်ကုန်းတစ်ခုကိုတူးရင်း ရာကာဆိုတဲ့အရုပ်ကိုရသွားပြီး သူတို့အိမ်ငှားခတွေပေးနိုင်အောင် အဲ့ဒီအရုပ်ကြီးကိုဆုတောင်းကြတယ်. ဟော်လိုးဝင်းပါတီလုပ်ကြတဲ့အခါ အရုပ်ကြီးရဲ့မျက်လုံးကိုထိခိုက်မိပြီး မီးတွေနဲ့ပြန်ပြင်ဖို့လုပ်ကြရင်း ဓာတ်လိုက်ခံရပြီးသတိမေ့သွားကြပါတော့တယ်အဲ့ဒီမှာ သရဲမလေး ရာဂီနီနဲ့တွေ့ကာ ရာဂီနီက အပေးအယူတစ်ခုလုပ်ပြီး မေဂျာနဲ့ဂူလူတို့နှစ်ယောက်ကို သူတို့ဖြစ်ချင်တဲ့ မကောင်းဆိုးဝါးနှိမ်နင်းသူဖြစ်အောင် သူကူညီနိုင်ကြောင်း ပြောလာပါတယ်... ဒါပေမယ့် မေဂျာနဲ့ဂူလူက အဲ့ဒီအကြံကိုအသုံးချပြီး ဖုန်းသရဲဆိုတဲ့ Appတစ်ခုကိုတီထွင်ပြီး လူတွေကိုမကောင်းဆိုးဝါးပူးရင် ဖုန်းခေါ်ဆိုအကူအညီတောင်းလို့ရအောင်လုပ်ပါတော့တယ်.. အဲ့ဒီ ဖုန်းသရဲAppကြောင့်သူတို့ဘာတွေဆက်ဖြစ်မလဲ သူငယ်ချင်းနှစ်ယောက် ဘယ်လိုတွေတလွဲတချော်လုပ်ကြမလဲဆိုတာ ဟာသလေးနှောပြီးကြည့်ကြရမှာမို့ လက်မလွှတ်သင့်တဲ့ရုပ်ရှင်ကားလေးတစ်ကားကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်.... File size…2.21GB / 1.01GB Quality…1080p HD RIP / 720p Format…mp4 Duration….2h 16m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Hay ...
movie
Phone Bhoot (2022)
2022
7.2
Band Baaja Baaraat (2010)
IMDb Rating (7.2)မင်းသား ရန်ဗီးဆင်းနဲ့ မင်းသမီး အနွရှ်ကားတို့ ပါဝင်ထားတဲ့ ဒီဘောလိဝုဒ်ဇာတ်ကားက Rating မြင့်တဲ့ အချစ်ဟာသရုပ်ရှင်ဇာတ်ကားကြီးပါ။ဇာတ်လမ်းကတော့...ရွာပြန်ပြီးလယ်လုပ်ရတော့မယ့်ကောင်လေးနဲ့ အိမ်ကယောကျ်ားအတင်းပေးစားခံနေရတဲ့ကောင်မလေးတို့နှစ်ယောက်မင်္ဂလာဆောင်တစ်ခုမှာ အမှတ်မထင်ဆုံကြတဲ့အခါ...ကောင်မလေးရဲ့ချစ်စဖွယ်အမူအရာတွေကို ချစ်မိသွားတဲ့ ကောင်လေး...ပိုင်ရှင်လျာထားခံရတဲ့ကောင်မလေးတို့ဇာတ်လမ်းဘယ်လိုတွေရှေ့ဆက်ဖြစ်မယ်ဆိုတာ...။မင်းသားရော မင်းသမီးရော ချစ်စရာကောင်းသလို ဇာတ်လမ်းလေးကလဲ အရိုအကအလှတွေနဲ့ကြည့်ကောင်းလှတာမို့ဘောလိဝုဒ်ပရိတ်သတ်တွေ လက်လွတ်မခံသင့်တဲ့ဇာတ်ကားပါ။ File size…(10 GB)/(3.7 GB)/(1.5 GB) Quality….BluRay 4K HEVC/ 1080p HEVC / 720p Format…mkv/mp4 Duration….02:23:04 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Alias
movie
Band Baaja Baaraat (2010)
4K HEVC
8.5
Dasvi(2022)
Dasvi(2022) အညွှန်း*****************IMDb...8.5မင်းသားကြီး Abhishek Bachchan ရဲ့ ကားသစ်လာပါပြီဗျား...ဟရစ် ပရာဒက်ပြည်နယ်ဝန်ကြီးတစ်ဦးဖြစ်တဲ့ ဂန်ဒါ ရမ် ချောင်ထရီဟာအတန်းပညာမတတ်သော်လည်းနိုင်ငံရေးအကြောင်းနှောကျေနေပြီးအကျင့်ပျက်ခြစားတတ်တဲ့နိုင်ငံရေးသမားတစ်ယောက်လည်း ဖြစ်ပါတယ်။သူ့မှာ ဗစ်လာ ဒေဗွီ ချောင်ထရီလို့ခေါ်တဲ့နုံ့နုံ့အအဇနီးတစ်ယောက်လည်းရှိပါသေးတယ်။လူတွေအပေါ်အမြဲသြဇာလွှမ်းမိုးတတ်တဲ့ဝန်ကြီးဂန်ဒါ ရမ် ချောင်ထရီတစ်ယောက်တစ်နေ့မှာစွဲချက်ပေါင်းမျာစွာနဲ့ ထောင်ချခံလိုက်ရပြီး သူ့မိန်းမဖြစ်သူက ဝန်ကြီးနေရာဆက်ခံပါတော့တယ်။ ထောင်ထဲမှာလည်း ထောင်မှူးတွေအပေါ် သြဇာညောင်းတဲ့ ချောင်ထရီဆပ်ဟာသူ့မိန်းမဦးဆောင်တဲ့အစိုးရလုပ်ငန်းတွေကိုလည်း နောက်ကွယ်ကကြိုးကိုင်နေဆဲဖြစ်ပါတယ်။အချိန်ကြာတော့ သူ့ရဲ့ရုပ်သေးရုပ်ဝန်ကြီးဖြစ်တဲ့သူ့မိန်းမဟာ ဝန်ကြီးရာထူးကိုတပ်မက်လာပြီးသူ့ကိုစတင်လျစ်လျှူရှုလာခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ ထောင်ထဲမှာလည်း မထင်ထားတဲ့ပြဿနာတွေပေါ်လာတဲ့အပြင်သူလုံးဝလုပ်ဖို့ခက်တဲ့ ကိစ္စကြီးတွေပေါ်လာတဲ့အခါမှာတော့.....File Size :(1.0GB) and (325 MB) Quality :WEB-DL 720p Format…mp4 Duration…02:05:00 Genre : Crime , Drama,Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Seiji &Jumper Neysman Encoded by Phyo Pyae
movie
Dasvi(2022)
7.3
Hum Do Hamare Do(2021)
Hum Do Hamare Do(2021) အညွှန်း******************************IMDb....7.3 ဒိဇာတ်ကားလေးကတော့ IMDb rating 7.3အထိ ရရှိထားပြီးMimi နဲ့ ကျွန်တော်တို့ အားလုံးကို မေတ္တာတရားအကြောင်းသင်ပေးခဲ့တဲ့ Kriti Sanon နဲ့နာမည်ကြီးမင်းသား Rajkummar Rao တို့ အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်....ဇာတ်လမ်းအကျဉ်း ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ပြီး အောင်မြင်သူတစ်ယောက် ဖြစ်ခဲ့တဲ့ ဒရူး(ဗ်)နဲ့ နာမည်ကြီး ဘလော့ဂါတစ်ယောက်ဖြစ်တဲ့ အာနိယာတို့ဟာ တစ်ယောက်နဲ့တစ်ယောက် ချစ်ကြိုက်သွားကြပြီး လက်ထပ်ကြဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ပြဿတစ်ခုရှိတာက ဒရူး(ဗ်)ဟာ မိဘမဲ့ တစ်ကောင်ကြွက် ဖြစ်နေတာပါပဲ။ဒီလိုနဲ့ ဒရူး(ဗ်)ဟာ တောင်းရမ်းလက်ထပ်ယူဖို့အရေး မိစုံ ဘစုံဖြစ်ချင်တာကြောင့်မိဘတွေရှိသယောင် အတုဖန်တီးပြီး မိန်းမရရေးကြိုးစားပါတော့တယ်...သူ့ရည်ရွယ်ချက်တွေအောင်မြင်မှာလား...ဘယ်လိုပြဿနာတွေ ဘယ်လိုအလွဲတွေနဲ့ ဆက်လက် ကြုံတွေ့ကြရမလဲ ... ဆိုတာတွေကိုတော့ ဇာတ်ကားထဲမှာပဲ ကြည့်ရှုပေးကြပါလို့ .... ဘာသာပြန်သူတွေကတော့ Carey Nyeinနဲ့ Thaik Sanဖြစ်ပါတယ် File Size : (2.02GB )(1.08GB) and (395MB) Quality : WEB-DL720p Format…mp4 Duration…02:08:00 Genre : ...
movie
Hum Do Hamare Do(2021)
1080
HEVC 1080p 5.1
2.2
Laxmii(2020)
Laxmii(2020)၂၀၂၀ ကိုဗစ်ကာလမှာ ဇာတ်ကားတွေ ရှားပါးတဲ့အထဲ မင်းသားကြီး အရှေးကတော့ Remakeတစ်ခုဖြစ်တဲ့ Laxmiiက ထွက်လာခဲ့ပါတယ်။အားလုံးလည်း မင်းသားကြီးကို လွမ်းနေမယ်ဆိုတာ သေချာပါတယ်။ဇာတ်လမ်းအကြောင်းအရာကတော့ အရင် တာတေကြီးလို့ အများသိတဲ့ Kanchanaနဲ့ မကွာတော့ ထွေထွေထူးထူး ပြောပြနေစရာ မလိုဘူး ထင်ပါတယ်။အရင်ကားဟောင်းကို မကြည့်ဖူးသူတွေအတွက် ပြောပေးရမယ်ဆိုရင် တစ္ဆေမကြောက်တတ်တဲ့ လူတစ်ယောက်ကို အဖြစ်ဆိုးနဲ့သေဆုံးခဲ့ရတဲ့ လူတစ်ယောက်က ဝင်းပူးတာပါ။အဖြစ်ဆိုးအတွက် သူ့ရဲ့ တုန်ပြန်မှု၊ သူ့ဘဝနောက်ကြောင်းတွေ၊ သူရဲ့ ကြင်နာသနားတတ်မှုတွေက ကြည့်ရှုသူတိုင်းကို သနားကရုဏာသက်စေမှာပါ။ဒီတော့ တခြားခန္ဓာကိုယ်တစ်ခုမှာ ဝင်ပူးပြီး သူ ဘာလုပ်မယ် ဆုံးဖြတ်ခဲ့သလဲ ဘယ်လိုတွေ ကြံစည်လာဦးမလဲ ဆိုတာကို ဟာသနှောပြီး ကြည့်ရှုရမှာပါ။ဇာလမ်းအညွှန်းနဲ့ဘာသာပြန်သူက Myint Thu နဲ့ Nyi Koeတို့ပဲြဖစ်ပါတယ်....File Size :(1.28GB) and (494MB) Quality : WEB-DL 720p Format…mp4 Duration…02:21:00 Genre : Action,Comedy,Horror Subtitle : Myanmar Subtitle (Hard Sub) Translated by Myint Thu & Nyi Koe Encoded by Phyo Pyae
movie
Laxmii(2020)
6.5
Door Ke Darshan(2020)
Door Ke Darshan(2020)IMDb...6.5ကား မတော်တဆမှုတစ်ခုကြောင့် ဒရ်ရှန်ဆိုတဲ့ အဖွားကြီးတစ်ယောက် ကိုမာဝင်ပြီး သတိလစ်နေခဲ့ပါတယ်။ ဆူနီးလ်ဘတေဂျာဟာ မိန်းမနဲ့ ကွာခါနီးအခြေအနေဖြစ်နေပြီး သူက သူ့ရဲ့သူငယ်ချင်းကို အကူအညီတောင်းတယ်....အမေနေကောင်းတဲ့အခါ အိမ်ပေါ်က ဆင်းပေးပါ့မယ်ဆိုပြီး အိမ်မှာကပ်နေပါတယ်...ကပ်နေတဲ့ကာလကလည်းသိပ်မများရှာပါဘူး ...နှစ်(၃၀)ပဲရှိပါသေးတယ်....သားသမီးတွေတောင်အရွယ်ရောက်ကုန်ပြီ...အိမ်ရှင်ဖြစ်တဲ့သူငယ်ချင်းကလည်း သူ့ကတိအတိုင်း အမေနေကောင်းပြန်သတိရမှ ဆင်းဖို့သဘောတူထားလေတော့နှင်ချဖို့လည်းတိုင်ပတ်နေတယ်...ဒီလိုနဲ့ နှစ်(၃၀)ပြည့်ပြီးလို့ တစ်ရက်မှာ အမယ်အိုကြီးသတိရလာတဲ့အခါမှာတော့...ဒီ ကားက တော်တော်ရယ်ရပါတယ်....အခွီတွေကြီးပြောထားသလိုကလိုထိုးအတင်းရယ်ခိုင်းတာမျိုးတွေမဟုတ်ဘဲ တစ်စိမ့်စိမ့်ရယ်ရတာမျိုးတွေပါ....ဇာတ်လမ်းလေးလည်းအတော်မိုက်ရှာတာမို့ ခံစားကြည့်ကြပါဉီး.... ဘာသာပြန်ပေးထားတာကတော့ Thaik San ပဲ ဖြစ်ပါတယ်။File Size :(908 MB) and (326 MB) Quality : WEB-DL720p Format…mp4 Duration…01:59:00 Genre : Comedy , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Thaik San Encoded by Phyo Pyae
movie
Door Ke Darshan(2020)
6.0
Pati Patni Aur Woh (2019)
movie
Pati Patni Aur Woh (2019)
2019