Channel Myanmar

Manon Maindivide

Pandemonium (2024) 5.4
Pandemonium (2024) Pandemonium ( 2023 )ဒီပြင်သစ်ကားက စိတ်ဝင်စားစရာတော့ကောင်းတယ်။ ဇာတ်ကတော့ စစအဖွင့်မှာတင် လူနှစ်ယောက် စကားပြောတာနဲ့ စထားတယ်။ သူတို့နှစ်ယောက်စလုံးက သေပြီးသား တစ်ယောက်က သေမှန်းသိတယ်။ တစ်ယောက်က သေမှန်းမသိသေးဘူး။ သေမှန်းသိတဲ့လူရဲ့ဆိုင်ကယ်ကို သေမှန်းမသိတဲ့လူက ကားနဲ့တိုက်မိလို့ သူတို့နှစ်ယောက်စလုံးသေသွားကြတာ။ ဒီလိုနဲ့ သူတို့စကားပြောကြတယ်။ ခဏနေတော့ တစ်ယောက်က သူတို့တွေဂီတသံကြားရတယ်။ ကောင်းကင်ဘုံတံခါးလို့ထင်ရတဲ့ တံခါးတစ်ခု ပေါ်လာတယ်။ သူတို့ထဲကတစ်ယောက်က ဝင်ဖို့ကြိုးစားကြည့်ပေမဲ့ ဝင်လို့မရဘူး။ ခဏနေတော့ သူတို့အော်သံတွေကြားလာရတယ်။ ငရဲတံခါးကပေါ်လာတယ်။ ဒီကားမှာ ကောင်းဘုံတံခါးရော ငရဲတံခါးရောရှိပေမဲ့ ငရဲဘက်ခြမ်းကိုပဲ အဓိက ပြသွားတယ်။ ကောင်းကင်ဘက်ခြမ်းမှာ ဘာတွေဖြစ်လာမလဲတော့မပြသွားပေမဲ့ ငရဲရဲ့ ရက်စက်မှုကို သေချာပြသွားခဲ့တယ်။ ငရဲကလူတွေ ဘာလို့ငရဲရောက်လာသလဲလည်း ပြသွားခဲ့တယ်။ သေချာတာတော့ ဟော်ရာကားပေမဲ့ ငရဲကိုပြသွားတဲ့ ကြည့်ကောင်းတဲ့ဟော်ရာကားပါပဲ။ ဒါပေမဲ့ ငရဲသားရဲ့စကားအတိုင်းဆို ဒီရက်စက်မှုတွေဟာ ငရဲရဲ့အစပဲရှိသေးတယ်လို့ဆိုတယ်။ ကျန်တဲ့ငရဲ ဘယ်လောက်ထိ ရက်စက်မလဲတော့ တွေးကြည့်လို့တောင်ရဲချင်စရာမရှိပါဘူး။အညွှန်း နဲ့ ဘာသာပြန်ကတော့ W ပဲ ဖြစ်ပါတယ်။Genre..... Horror Quality…. 1080p | 720p File size… 1.02GB } ...
movie

Pandemonium (2024)

2024
Employee of the Month (2021)
Employee of the Month (2021) ***ဒီကားကြည့်ပြီး လစာတိုးမပေးတဲ့ သူဌေးကို အပြတ်ရှင်းပြီး အလောင်းဘယ်လိုဖျောက်ရမလဲဆိုတဲ့ အကြံတွေဘာတွေ ရသွားမယ်ဆိုရင်တော့ CM က တာဝန်မယူပါဘူးနော်။***ဒီတစ်ခေါက်မှာတော့ IMDB 5.8/10, Rt 77% ရရှိထားတဲ့ Emplyoee of the month ဆိုတဲ့ Crime/Comedy ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။သန့်ရှင်းရေးသုံးပစ္စည်းတွေ ရောင်းတဲ့ ကုမ္ပဏီဝန်ထမ်းဖြစ်သူ အင်းနစ်က ဘက်စုံတော်ပြီး အနေအေးတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ဥပဒေရေးရာကျွမ်းကျင်သူတစ်ယောက်ဖြစ်ပေမဲ့ ရုံးမှာတော့ နေရာတကာ သူပဲလုပ်နေရရှာပြီး အစုံသုပ်ဖြစ်လို့နေရှာတာပါ။ အလုပ်ဝင်လာတာ ၁၇ နှစ်တောင် ရှိပြီဖြစ်ပေမဲ့ တခြားအမျိုးသားဝန်ထမ်းတွေသာ တစ်နှစ်ပြီး တစ်နှစ်လစာတိုးသွားတယ်၊ သူမမှာတော့ နဂိုအတိုင်း လစာမတိုးလို့ အလုပ်ရှင်ပတ်ထရစ်ကို သူ့ကိုလစာတိုးပေးဖို့ ဝင်ပြောရာကနေ မထင်မှတ်ထားတဲ့ ကိစ္စကြီးတစ်ခု ဖြစ်ပွားခဲ့ပါတော့တယ်။အဲဒါကတော့ အင်းနစ်နဲ့ အလုပ်သင်အသစ်ကလေး မယ်လိုဒီရဲ့လက်ချက်နဲ့ သူတို့ရဲ့အလုပ်ရှင်ပတ်ထရစ် သေဆုံးသွားတာပါပဲ။ တမင်လုပ်တာမဟုတ်ပေမဲ့ သေတဲ့လူက သေသွားပြီမို့ အလောင်းဖျောက်ဖို့ ကြိုးစားကြရတာပေါ့လေ။ သန့်ရှင်းရေးသုံးပစ္စည်းတွေကို ဘယ်နေရာမှာ ...
movie

Employee of the Month (2021)