Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Manoj Joshi
5.6
Kis Kisko Pyaar Karoon (2024)
Kis Kisko Pyaar Karoon (2015)"ဘယ်သူ ကိုယ့်လောက်ချစ်မလဲ" IMDb - 5.6/10Netflixကတင်ဆက်ပေးခဲ့တဲ့ရှိုးမှာ အရမ်းပေါက်ခဲ့တဲ့ The Great Indian Kapil Showက ကာပီလ်ရဲ့ ဟာသဒရာမာရုပ်ရှင်လေးကို တင်ဆက်ပေးပါရစေ။မတော်တဆ အသဲကွဲတမ်းကစားမိတာမဟုတ်ဘဲ ကံကောင်းလားဆိုးလားဝေခွဲမရဘဲ မိန်းမသုံးယောက်ရသွားရှာသူ။ဘယ်လိုမှ ငြင်းဆန်မရဘဲ ယူလိုက်ရတဲ့ မိန်းမသုံးယောက်ကို တစ်နေရာဆီမှာထားရင်း အဆင်ပြေအောင်နေဖို့ကြိုးစားရှင်သန်ဖို့ကြိုးစားခဲ့။ခက်တာက တစ်နယ်ဆီမှာထားတော့ တစ်ယောက်ကို တစ်ညနှုန်းနဲ့ ကျန်တဲ့နှစ်ညက အလုပ်သွားရမှာဆိုပြီး ဆင်ခြေပေးထားတာဆိုတော့ ကျန်တဲ့နှစ်ယောက်က မနက်ခင်းအာဘွားလေးပေးစေချင်တဲ့အတွက် ဆရာသမားတိုင်ပတ်ပါလေရော။ဒီမှာ သူငယ်ချင်းဖြစ်သူရှေ့နေရဲ့ အကြံဉာဏ်အတိုင်း သုံးယောက်လုံးကို အဆောက်အဦးတစ်ခုတည်းက မတူညီတဲ့အလွှာတွေမှာ တစ်ခန်းစီထားဖို့ စီစဉ်ပါတော့တယ်။ဒီမှာပဲ ဆရာသမားကြုံတွေရတဲ့ ဒုက္ခသုခတွေကို မပြုံးဘဲ ဝါးလုံးကွဲရယ်ရင်းခံစားကြည့်ရှုရမှာပါ။ (စာကြွင်း - မိန်းမမပြောနဲ့ စော်တောင်မရှိတဲ့ ကလေကချေအက်ဖ်အေတွေကြည့်ရှုရန်မသင့်ကြောင်း)(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size… 3.06GB /1.43GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 13m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Kis Kisko Pyaar Karoon (2024)
2015
8.1
Sarfarosh (1999)
Sarfarosh (1999) "တာဝန်" IMDb - 8.1/10ဒီတစ်ခါမှာဆိုရင် ၁၉၉၉ က ထွက်ရှိခဲ့တဲ့ နာမည်ကြီး ရိုမန့်/အက်ရှင်ကားလေးကို ပရိသတ်ကြီးခံစားနိုင်ဖို့ တင်ဆက်ပေးလိုက်ရပါတယ်ဝါရင့်သရုပ်ဆောင် Naseeruddin Shah, အားလုံးသိကြတဲ့ မင်းသား Aamir Khan နဲ့ တစ်ချိန်က မင်းသမီးချော Sonali တို့ ပါဝင်ထားပြီး အမြတ်ငွေ လေးဆပြန်ရခဲ့တဲ့ ခေတ်ဟောင်းကားလေးပါအိန္ဒိယနိုင်ငံမှာ လက်နက်မှောင်ခိုမှုတွေ ဖြစ်ပွားစဥ် အကြမ်းဖက်မှုတွေများလာတာကြောင့် အစိုးရက မွန်ဘိုင်းအထူးစုံစမ်းရေးကို တာဝန်ပေးနေရတဲ့ အချိန် ကောလိပ်ကျောင်းသား အဂျေး (အမီခန်း)ရဲ့အဖေက အကြမ်းဖက်တစ်ယောက်ကို ဆန့်ကျင်ထွက်ဆိုဖို့အသွား ပြန်ပေးဆွဲခံလိုက်ရပြီးအကြမ်းဖက်တွေလက်ချက်နဲ့ သူ့အစ်ကိုကြီးကိုဆုံးရှုံးလိုက်ရတဲ့အပြင် အဖေကပါ စကားမပြောနိုင်တော့ဘူး ဖြစ်သွားတဲ့အခါ အဂျေးတစ်ယောက် ရဲတပ်ဖွဲ့ထဲဝင်ဖို့ ဆုံးဖြတ်လိုက်တယ်လူတိုင်းလေးစားရသူလဲဖြစ်၊ အဂျေးနဲ့ ချစ်သူကောင်မလေး ဆီမာတို့ အရမ်းသဘောကျတဲ့ ဂီတစာဆို ဂူဖမ်ဟာဆန်ဆိုသူမှာ ဘယ်သူမှမထင်မှတ်ထားတဲ့ လျှို့ဝှက်ချက်တစ်ခု ရှိနေတဲ့အခါမှာဆိုရင်တော့ .....အက်ရှင်ခန်းတွေသာမက ချစ်ခန်းကြိုက်ခန်းတစ်လှည့်စီ အရောင်အသွေးစုံလင်တဲ့ ဒီခေတ်ဟောင်းလက်ရာလေးကို ပရိသတ်ကြီးက ခံစားကြည့်ရှုပေးပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ် File size…3.4GB ...
movie
Sarfarosh (1999)
1999
7.9
Madgaon Express (2024)
Madgaon express (2024) " ဂိုအာသို့"IMDb 8/10 ရရှိထားတဲ့ ၂၀၂၄ အသစ်ထွက် ဘောလိဝုဒ်ကားသစ်လေးနဲ့မိတ်ဆက်ပေးပါရစေ။ ဒီကားလေးကိုတော့ မင်းသား Kunal Khemu က ဒါရိုက်တာအဖြစ်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဒိုဒို၊ အာယု့ရှ်နဲ့ ပင်ကူတိုဟာ ငယ်ဘဝကတည်းက တတွဲတွဲနဲ့ သိပ်ချစ်ကြတဲ့ သူငယ်ချင်းတွေပါ။ သုံးယောက်ပေါင်းလောင်းကျော်လာကြတဲ့သူတို့ဟာ တစ်နေ့မှာတော့ မိန်းကလေးသူငယ်ချင်းတွေစီစဉ်နေတဲ့ ဂိုအညခရီးအကြောင်းကြားပြီး ဂိုအာအိပ်မက်စမက်ကြပါတော့တယ်။ ဒါပေမဲ့လည်း ငယ်လို့၊ ပိုက်ဆံမရှိလို့၊ ကျန်းမာရေးမကောင်းလို့ စသည်ဖြင့် မသွားဖြစ်ခဲ့ကြတာ အသက်တွေကြီး နိုင်ငံတွေဝေးပြီး တကွဲတပြားဖြစ်သွားတဲ့အထိပါပဲ။ငွေရေးကြေးရေးအဆင်ပြေတဲ့ ပင်ကူနဲ့ အာယု့ရှ်တို့ကတော့ နိုင်ငံခြားကိုရောက်ပြီး အောင်မြင်နေပေမဲ့ ဆင်းရဲတဲ့ ဒိုဒိုတစ်ယောက်ကတော့ ရရာအလုပ်လေးလုပ်ရင်း ဆိုရှယ်မီဒီယာကိုက်ရင်း ကျန်နေခဲ့ပါတော့တယ်။ ဒီလိုနဲ့ ဆိုရှယ်မီဒီယာမှာ ပုံတွေပြင်၊ တင်ချင်ရာတင်ပြီး အတန်းရှင်းရှာရင်းနေလာရာက အမေရိကားရောက် ပင်ကူနဲ့ အာယု့ရှ်တို့ ပြန်လာမယ်ဆိုတဲ့အခါမှာတော့ ဒိုဒိုတစ်ယောက် ခေါင်းမီးတောက်နေရပါပြီ။ဒိုဒိုတစ်ယောက် ဆိုရှယ်မီဒီယာမှာတင်ထားတဲ့ လိမ်ဆင်တွေကိုဖုံးဖို့ မဖြစ်မြောက်ခဲ့တဲ့ ဂိုအာခရီးကို စီစဉ်ပြီး လိမ်ဆင်ပေါ်လိမ်ဆင်ထပ်ရင်းက ရာဇဝတ်မှုတွေနဲ့ပါပတ်သတ်မိသွားတဲ့အခါ.... မီလီယံနာအယောင်ဆောင် ဒိုဒိုနဲ့ ကိုဆန်းဆန်းတင့် ပင်ကူ၊ နောက် ညှိနှိုင်းရေးသမား အာယု့ရှ်တို့ ဂိုအာခရီးမှာ ...
movie
Madgaon Express (2024)
2024
6.9
Chup Chup Ke (2006)
Chup Chup Ke (2006)"ရွာလည်တဲ့ နဖူးစာ" =================================ဘာအမျိုးမှမတော်ကြတဲ့ နာမည်ကြီးကပူးရ်နှစ်ယောက်ဖြစ်တဲ့ ရှာဟစ်ကပူးရ်နဲ့ ကရီနာကပူးရ်တို့ရဲ့ အချစ်ဟာသဇာတ်လမ်းဟောင်းလေးကို စီအမ်ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။Kabir Singh နောက်ပိုင်းမှ ရှာဟစ်ကိုရင်းနီးလာတဲ့ပရိသတ်တွေအတွက်တော့ ဒီရုပ်ရှင်ထဲမှာ ရှာဟစ်ရဲ့ရုပ်ကို မနည်းပြန်ဖမ်းယူရမှာပါ။ဂျီတူးဆိုတဲ့ကောင်လေးဟာ အလုပ်လုပ်ချင်စိတ်ရှိသူပါ။ အလုပ်တိုင်းကို စိတ်ပါလက်ပါလုပ်ပေမဲ့ တစ်ခုမှမအောင်မြင်ဘဲ အကြွေးတွေသာ တင်ပြီးရင်းတင်ကာ ကြိုးစားတိုင်းမဖြစ်နိုင်ကြောင်းပြနေတဲ့ သက်ရှိသက်သေပေါ့။သူဟာ တစ်နေ့ အကြွေးရှင်တွေအားလုံးကို ခေါ်ပြီး အားလုံးရှေ့မှာပဲ မြစ်ထဲကိုခုန်ချကာ သေမှန်းမသိရှင်မှန်းမသိပျောက်သွားခဲ့ပါတယ်။အဲဒီလိုပျောက်သွားတဲ့အတွက် အရင်က သူ့ကိုချေခဲ့တဲ့ မိသားစုဝင်တွေ၊ အကြွေးရှင်တွေ နောင်တရပြီး သူ့ကို အောက်မေ့နေကြတုန်းမှာ သူဟာ ပုံစံအသစ်နဲ့ပြန်ပေါ်လာခဲ့ပြီး ပေါ့ပေါ့ပါးပါး ရယ်ရမောရတဲ့ အချစ်ဟာသဇာတ်လမ်းလေးတစ်ပုဒ် ပေါ်ပေါက်လာပါတော့တယ်...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size…2.9GB /1.3GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 44m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Chup Chup Ke (2006)
2006
8.8
Shastry Virudh Shastry (2023)
Shastry Virudh Shastry (2023) မေတ္တာချင်းပြိုင်ဘယ်သူနိုင်IMDb 9/10 ယခုတစ်ခါမှာတော့ အမိုက်စား IMDb နဲ့ ချစ်ခြင်းမေတ္တာပြိုင်ကြမဲ့ မိသားစုတစ်ခုအကြောင်းဇာတ်ကားလေးကိုတင်ဆက်ပေးထားပါတယ်အမေကချေးငွေအေးဂျင့် အဖေကဂိမ်းတီထွင်သူတစ်ယောက် သူတို့၂ယောက်စလုံးက မွန်ဘိုင်းမှာအလုပ်လုပ်တော့ ကလေးဖြစ်သူကိုမွေးရပ်မြေမှာအဘိုးအဘွားတွေနဲ့ထားခဲ့ရတယ်ပေါ့ မိုမိုဂျီဆိုတဲ့ဒီကလေးကအဘိုးအဘွားတွေရဲ့အချစ်တော်လေး ချစ်မွှေးလေးတစ်ယောက်ပါကလေးကသင်္ချာမတော်လို့ဆိုပြီး လူငယ်တွေသုံးတဲ့အက်ပ်တွေလိုက်သုံးပြီး သင်္ချာသင်ပေးတဲ့အထိ အဘိုးဘွားတွေကဖူးဖူးမှုတ်ထားတာ ဒါပေမဲ့အဖေဖြစ်သူကအလုပ်ပြုတ်ပြီးတော့မွေးရပ်မြေကိုပြန်ဖို့ဖြစ်လာတယ် မြေးကိုသည်းသည်းလှုပ်ချစ်တဲ့ဘိုးဘွားတွေက အဖေအမေလက်ထဲကလေးကိုသိပ်ပြီးမအပ်ချင်ကြဘူးတဲ့လေဒီလိုတစ်အိမ်တည်းမှာအခြေနေတွေတင်းမာလာချိန်မှာ အမေရိကန်ကသူငယ်ချင်းကဂိမ်းကုမ္ပဏီထောင်ဖို့ ဖခင်ဖြစ်သူမယ်လ်ဟာ့ကိုကမ်းလှမ်းလာတော့မဖြစ်မနေထွက်ရမဲ့အခြေအနေတွေကြား ကလေးကိုပါခေါ်သွားချင်တဲ့ဆန္ဒကို အဘိုးအဘွားတွေကသဘောမတူလေတော့ သားတရားစီရင်ခန်းလို တရားရုံးအမှုတက်ရင်ဆိုင်ကြရင်း... ကလေးကိုဘယ်သူကရသွားမလဲ ဘာတွေဆက်ဖြစ်သွားမယ်ဆိုတာကတော့ ...(အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် )( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size… 1.94GB / 874MB Quality…WEB DL 1080p /720p Format…mp4 Duration….2h 20m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Shastry Virudh Shastry (2023)
2023
6.8
Hasee Toh Phasee (2014)
Hasee Toh Phasee (2014) *********************** ဒီဇာတ်ကားလေးကတော့ ၂၀၁၄ ခုနှစ်က ထွက်ရှိထားတဲ့ ပရိတ်သတ်အသဲစွဲ မင်းသား မင်းသမီးတွေဖြစ်ကြတဲ့ ဆစ်ဒါးသ်မယ်လိုတရာ၊ ပရီနီသီးချိုပရာနဲ့ အာဒါးရှရ်မာတို့ရဲ့ Romance/Comedy အမျိုးအစား ဘောလိဝုဒ်ဇာတ်ကားလေးတစ်ကား ဖြစ်ပြီး IMDb rating (6.8) နဲ့ Rotten Tomatoes (80%)ထိရရှိထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့... နစ်ခေးလ်က တက်သစ်စစီးပွားရေးသမားတစ်ယောက်ဖြစ်ပြီးတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့ လူငယ်တစ်ယောက်ပါ။ သူ့မှာ ကာရစ်ရှ်မာဆိုတဲ့ တွေ့တိုင်းရစ်တဲ့ ရစ်စိန်ချစ်သူလေးတစ်ယောက်ရှိပါတယ်။ နစ်ခေးလ်က ကာရစ်ရှ်မာ ဘယ်လောက် ရစ်ရစ် မပြတ်နိုင်ခဲ့ပါဘူး။ လူကလဲရုပ်ချော စီးပွားရေးသမားလဲဖြစ်ဆိုတော့ နစ်ခေးလ်ကို ကာရစ်ရှ်မာက အမြဲသဝန်တိုပြီး အမြင်ကမကြည်ပါဘူး။ နစ်ခေးလ်ကတော့ မိန်းကလေးတစ်ယောက်ဆို တစ်ယောက်ပဲတွဲမယ်လို့ သံဓိဌာန်ချထားတဲ့လူပါ။ဒါပေမယ့် သူတို့ရဲ့ ချစ်သူသက်တမ်း ၇ နှစ်တာကာလက သံယောဇဉ်တွေက သူတို့နှစ်ယောက်ကို အဆုံးမှာရွှေလက်တွဲသွားစေမလား.... တစ်ယောက်ဆိုတစ်ယောက်ပဲဆိုတဲ့ နစ်ခေးလ်အတွက်ရော နောက်တစ်ယောက်ပေါ်လာဦးမလား... ကာရစ်ရှ်မာဆိုတဲ့ ရစ်စိန်လေးကရော နစ်ခေးလ်နဲ့ အပ်စပ်ရဲ့လားဆိုတာ....။"ကမ္ဘာမှာတန်ဖိုးအကြီးဆုံးအရာ မေတ္တာမဟုတ်ဘူးလား" တစ်ယောက်ကိုတစ်ယောက်မေတ္တာနဲ့နှောင်ကြိုးဖွဲ့သီကြမယ့်ချစ်သူတွေဆိုတာ ဘယ်လိုမျိုးလဲဆိုတာ လိုက်ပါခံစားကြည့်ကြပါဦး။(ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Thaik Sanနဲ့ KKKZ တို့မှ ...
movie
Hasee Toh Phasee (2014)
6
Dream Girl 2 (2023)
Dream Girl 2 2023 (လုံးရာကပြားချင်ယောင်ဆောင်တဲ့ ဘုန်းကညာတစ်ပါး)IMDB (6/10) ရရှိထားပြီး ဘတ်ဂျက် ၃၅ ကုဋေရင်း ကုဋေ ၁၄၀ ထိပြန်အမြတ်ထွက်ခဲ့တဲ့ ပထမကားထဲကမင်းသားအာရူရှမန် ဂူရာနားနဲ့ student of the year ဒီပီကားရဲ့လေးပွင့်ဆိုင်ဖောက်ပြန်ရေးဇာတ်ကား Gehraiyann ထဲက မင်းသမီးချောလေး အန်နယာပန်ဒေးတို့ ဦးဆောင်ပါဝင်ထားတဲ့ ဇာတ်ကားသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းအကျဉ်းလေးကတော့ ခေါင်းစဉ်အတိုင်းပါပဲ ကာရမ်ကနတ်ဘုရားပူဇော်ပွဲတွေမှာ ဖျော်ဖြေပေးတဲ့သူတစ်ယောက်ပါ သု့ပါပါဂျက်ဂျိကတော့ အိမ်တိုင်ပါချွတ်ပေါင် အကြွေးပတ်လည်ဝိုင်းနေတဲ့ အဖေလိမ္မာလေးပေါ့…သားက ယောင်ချာချာအလုပ်မရှိ အဖေက အကြွေးတောထဲနစ်နေပေမဲ့ နှစ်ယောက်သားကတော့ အေးဆေးပါပဲ ကာရမ်ရဲ့ကောင်မလေးက ရှေ့နေမလေးတစ်ယောက်ဖြစ်ပြီး ချမ်းသာတဲ့မိသားစုကပါ အဲ့ကနေ သူ့သားကိုတင်တောင်းမဲ့ ခန်းဝင်ပစ္စည်းတွေနဲ့ အကြွေးတွေဆပ်မယ်လို့ အကြံကြီးပေမဲ့ ကောင်မလေးရဲ့အဖေက အိမ်လာလည်ပြီး ကာရမ်တို့သားအဖရဲ့ အခြေအနေမှန်ကိုသိသွားတော့ သမီးနဲ့သဘောမတူတော့ပါဘူးသမီးနဲ့တူအောင်တန်အောင် ခြောက်လအတွင်း အိမ်ခြံအလုပ်ငွေသားပြနိုင်မှ ပေးစားမယ်ဆိုလို့ မစ္စတာကာရမ်လဲ ပိုက်ဆံမြန်မြန်ရအောင် ကြံရာမရ လုံးရာကပြားချင်ယောင်ဆောင်ပြီး | ဘားတွေမှာ သီချင်းလိုက်ဆိုပါတော့တယ်ဘာတွေဘယ်လိုဆက်ဖြစ်မလဲ ချစ်သူနှစ်ဦးရော ပေါင်းစပ်နိုင်ကြမလား လိုအပ်တဲ့အရာတွေကိုရော ခြောက်လအတွင်းရမလား ...
movie
Dream Girl 2 (2023)
2023
8.2
Nayika Devi: The Warrior Queen (2022)
Nayika Devi 2022 (IMDb 8.5/10)ဘာဟူဗလီတို့ ဘိုင်ရာဗားတို့လို ရာဇဝင်နောက်ခံ ရှေးနန်းတွင်း အိန္ဒိယအက်ရှင်ကားကောင်းကောင်းတွေကို ကြိုက်နှစ်သက်သူတွေအတွက် ဇာတ်ကားကောင်းတစ်ကားကို ထပ်မံတင်ဆက်ပေးပါရစေဘီစီ ၁၂ ရာစုလောက်က အိန္ဒိယနိုင်ငံဂူဂျာရက်ဂ်ကို အုပ်စိုးခဲ့တဲ့ ပထမဆုံးစစ်သည်တော်ဘုရင်မ နာရိကာဒေဗီအကြောင်းကို ရိုက်ကူးထားတဲ့ ဒီဇာတ်ကားလေးဟာ ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားပြီးတော့ ဘုရင်မနာရိကာဒေဗီရဲ့ ရဲစွမ်းသတ္တိတွေ စစ်သည်တော်လိုမျိုး စစ်မြေပြင်မှာတိုက်ခိုက်ပုံတွေကို အထူးပြုလုပ်ချက် ကောင်းကောင်းနဲ့ရိုက်ကူးထားပြီး သမိုင်းကိုဇာတ်အိမ်တည်ထားတာဆိုတော့ ဇာတ်အိမ်မခိုင်မာမှာကို ပူစရာမလိုပါဘူးစစ်ဘုရင်မိုဟာမတ်ဂိုရီကို ပြန်လည်တိုက်ခိုက်မဲ့ ဧကရီနာရိကာဇာတ်ကားလေးကို ရာဇဝင်စစ်ကားကောင်းလေးတွေကို လွမ်းဆွတ်နေတဲ့ CM ပရိသတ်ကြီးအတွက်တင်ဆင်ပေးလိုက်ပါတယ် File size…3.1GB / 1.4GB Quality…1080p AMZ WEB DL /720p Format…mp4 Duration….2h 2m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Cherry ~ Sai Thu Rein
movie
Nayika Devi: The Warrior Queen (2022)
2022
7.7
Guru (2007)
Guru (2007) Drama IMDb 7.7/10 (24K)အခုတစ်ခါမှာလည်း အရှ်တို့လင်မယားရဲ့ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးပါ့မယ်။ ဒီဇာတ်ကားမှာ မင်းသား အဘီရှိခ်ဘဂျမ်း..3Idiots ဇာတ်ပို့မင်းသား ရန်ဂါနာဒန်မာဒဗန်..မင်းသားကြီး မီထွန်းချက်ကရဗာတီ(ကုလားကျော်ဟိန်း)..မင်းသမီးအရှ်ဝါရီယားရိုင်းဘဂျမ်းနဲ့ ဗစ်ဒယားဘာလန်တို့က အဓိကပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ဒီဇာတ်ကားလေးက ရွာတစ်ရွာကနေ ဘုံဘေမြို့ကိုတက်လာပြီး လမ်းဘေးဘဝကနေ အိန္ဒိယစီးပွားရေးသမားကြီးတစ်ယောက်ဖြစ်လာခဲ့တဲ့ ဂုရုကန့်ဒေဆိုင်းဆိုသူရဲ့အကြောင်းကို တင်ဆက်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ရွာကနေ မြို့တက်စီးပွားရေးလုပ်ဖို့ မတည်ငွေကို မိန်းမယူပြီး ရတဲ့တင်တောင်းငွေနဲ့ စတင်လုပ်လာခဲ့ပုံ...။လက်ရှိဦးဆောင်နေတဲ့ စီးပွားရေးသမားကြီးတွေရဲ့အတ္တကိုဖြိုဖျက်ပြီး နေရာယူခဲ့ပုံ...။သူ့ထက်ငါနှာတစ်ဖျားသာစေရမယ်ဆိုတဲ့ စိတ်နဲ့ကြိုးစားရင်း အားလုံးအပေါ်ဩဇာလွှမ်းမိုးသက်ရောက်ခဲ့ပုံ...။ စသဖြင့် ဗဟုသုတရစေမယ့် အချက်တွေအများကြီးပါပါတယ်။သူ့ရဲ့လက်ကိုင်ဆောင်ပုဒ်က "ကျွန်တော်က ငြင်းတဲ့စကားလုံးဆို မကြားရဘူးဗျ" တဲ့လေဆိုတော့ ဂုရုကန့်ဒေဆိုင်းဖြစ်ချင်ရင်တော့ ဂုရုကန့်ဒေဆိုင်းလိုပြုမူနေထိုင်မှဖြစ်မယ်နော်ဆိုတဲ့ ဇာတ်ကားပါ ဒိုင်ယာလော့ခ်နဲ့အတူ ဇာတ်ကားလေးကို စီးမျောလိုက်ကြပါဦးနော်။ File size…3.1GB / 1.4GB Quality…1080p NF WEB DL /720p Format…mp4 Duration….2h 46m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor
movie
Guru (2007)
2007
5.7
Aan: Men at Work (2004)
Aan: Men at Work (2004) Action, Crime, Drama IMDb 5.7/10 (3.2K)အခုတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ ၂၀၀၀ခုနှစ်အလွန်လောက်က ဇာတ်ကားလေးတစ်ကားဖြစ်တဲ့ မှုခင်းကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ဒီဇာတ်ကားလေးမှာ နာမည်ကြီးမင်းသားကြီးတွေဖြစ်ကြတဲ့ အရှေးကူမား..ဆူနီးရှက်တီး..အစ်ရဖန်းခန်း..ဂျက်ကီရှရော့ဖ်စတဲ့ မင်းသားကြီးတွေအပြင် မင်းသမီး ရဗီနားတန်ဒန်နဲ့ လာရာဒက်သားတို့က အဓိကပါဝင်သရုပ်ဆောင်ပေးထားကြပါတယ်။ တခြားသော နာမည်ကြီးဇာတ်ပို့သရုပ်ဆောင်များစွာနဲ့လည်း အားဖြည့်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင် လူမှန် မြို့ပြင်ထွက်နေ ဆိုသလို ပူနေးမြို့ကနေ မွန်ဘိုင်းမြို့ကို အရာရှိတစ်ယောက်ဟာ နယ်ပြောင်းတာဝန်ကျလာခဲ့ပါတယ်။ရာထူးတိုးတယ်ဆိုတဲ့ခေါင်းစဉ်နဲ့ပေါ့။ သူ ရောက်လာတဲ့ မွန်ဘိုင်းမြို့ရဲ့အခြေအနေဟာလည်း တစ်မြို့လုံးကို လူမိုက်ဂိုဏ်းအသီးသီးက အုပ်စိုးကျက်စားနေသလို နိုင်ငံရေးသမားတွေ စီးပွားရေးသမားတွေဟာလည်း လူမိုက်တွေနဲ့ပေါင်းပြီး မတရားစွာ ကြီးစိုးနေခဲ့ကြပါတယ်။အင်အားကြီးသူက အနိုင်စတတ်စမြဲ ဒီလောကကြီးမှာ ရဲတွေဟာလည်း ကျီးလန့်စာ စားနေခဲ့ရပါတယ်။ နာမည်သာရှိပေမယ့် စနစ်ဆိုးကြီးကြောင့် လက်ပြန်ကြိုးတုပ်ခံထားရတဲ့ လုပ်ပိုင်ခွင့်နဲ့ ရှေ့လည်းမတိုးသာ နောက်လည်းမဆုတ်သာ အခြေအနေပါ။အဲ့ဒီစနစ်ကြီးကို ဒီအရာရှိနဲ့ သူ့အဖွဲ့က ပြောင်းလဲပစ်ဖို့ ကြံစည်လာတဲ့အခါ တစ်ဖက်က လူမိုက်ဂိုဏ်းအသီးအသီးဟာလည်း ဒီရဲတွေကို ရှင်းထုတ်ပစ်ဖို့ ကြံလာခဲ့ပါပြီ။ဆက်လက်ပြီး ရာဇဝတ်ဘေး ပြေးမလွတ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကိုယ်လိုချင်တဲ့ ဇာတ်သိမ်းနဲ့သွားမလား...။ငွေများတရားနိုင်ဆိုတဲ့ ဇာတ်နာနဲ့သွားမလားဆိုတာကိုတော့ ဖန်သားပြင်ထက်မှာပဲ ဆက်လက်ပြီးရှုစားပေးကြပါဦးနော်...။ File size…3GB ...
movie
Aan: Men at Work (2004)
2004
7.1
Phir Hera Pheri (2006)
Phir Hera Pheri (2006) Comedy, Crime IMDb 7.1/10 (24K)ကဲ ဟိုတလောက CM မှာ တင်ပေးသွားတဲ့ ဟာသကားလေး Hera Pheri ကားလေးရဲ့ အဆက်လေးကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်...။ထုံးစံအတိုင်း ဒီကားထဲမှာလည်း မင်းသားကြီး အရှေးကူမား..ဆူနီးရှက်တီး မင်းသမီး ဗီပါရှားဘာဆူးနဲ့ ရီမီဆန်တို့ပါဝင်သရုပ်ဆောင်ထားသလို နာမည်ကျော်ဟာသသရုပ်ဆောင်များ ဖြစ်ကြတဲ့ ဂျွန်နီလီဗာ..ပရေရှ်လာဝလ်တို့လည်း ပါဝင်အားဖြည့်ပေးထားပါတယ်...။အဓိကဇာတ်ကောင်တွေကတော့ ရာဂျူး..ရှာမ် နဲ့ ဘာဘူရောင်း...။ပထမကားရဲ့အဆုံးသတ်မှာတုန်းက သူတို့ပိုက်ဆံတွေအများကြီးရသွားပြီး သူဋ္ဌေးတွေဖြစ်သွားကြတယ် ဒီကားမှာလည်း လူ့အလို နတ်မလိုက်နိုင်ဆိုသလို ပိုက်ဆံချမ်းသာသွားသော်ငြားလည်းပဲ လူသားရဲ့ မတော်လောဘက အတောမသတ်နိုင်ဘူးလေလောဘရဲ့နောက်ကို လိုက်မိရင်းနဲ့ အလိမ်ခံရပြီး သူတို့သုံးယောက်စလုံး ပြန်လည် မွဲပြာကျဆင်းရဲသွားပြန်တယ်နဂိုဗီဇကိုက အချောင်လိုချင် အချောင်ချမ်းသာချင်တော့ ဒီကားမှာလည်း မဟုတ်တဲ့ နည်းလမ်းနဲ့ သူတို့ ချမ်းသာဖို့ ကြိုးစားပါတော့တယ်...။ကဲ ဆက်လက်ပြီး ဘယ်လိုအခွီလေးတွေနဲ့ မျက်နှာဖြဲနေရမလဲဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲ ရှုစားတော်မူလိုက်ကြပါဦးနော်...။ File size…3.66GB / 1.67GB Quality…1080p WEBRIP / 720p Format…mp4 Duration….2h 33min Subtitle…. Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie
Phir Hera Pheri (2006)
7.2
Jaadugar (2022)
Jaadugar (2022) (အညွှန်း)ဒီနေ့မှာတော့ IMDb 7.2/10 ရ အိန္ဒိယ Comedy, Fantasy ကားလေးတစ်ကားတင်ဆက်ပေးချင်ပါတယ်။ “Jaadugar” .. “မျက်လှည့်ဆရာ” လို့အဓိပ္ပာယ်ရပြီး ထူးထူးဆန်းဆန်းပဲ အားကစားနဲ့မျက်လှည့်ပညာ ဘာမှမဆိုင်တဲ့အရာနှစ်ခုကိုပေါင်းစပ်သရုပ်ဖော်ထားပြီးရိုက်ကူးထားတာပါ Neemuch လို့ခေါ်တဲ့ မြို့လေးက အိန္ဒိယနိုင်ငံရဲ့ဘောလုံးအားကစားချစ်မြတ်နိုးသူများ ဆုံစည်းရာမြို့ငယ်လေးပေါ့။ နှစ်စဥ်နှစ်တိုင်းလည်း အိမ်နီးချင်းမြို့တွေနဲ့ပြိုင်ပွဲတွေကျင်းပသလို အဲဒီပြိုင်ပွဲမှာ အသက်မွေးဝမ်းကျောင်းလုပ်ငန်းအမျိုးမျိုးလုပ်ကိုင်တဲ့ ယောက်ျားသားတွေ ဝင်ရောက်ကစားကြတာပေါ့။ အဲဒီထဲမှာ Meenu တော့မပါခဲ့ပါဘူး။ အဖေဖြစ်သူက မြို့ရဲ့ “ငွေတံဆိပ်ဘုရင်” ဂိုးသမားတစ်ဦးဖြစ်ခဲ့ပေမယ့် သူ့အဖေနဲ့အမေကိုသေရတာ ဒီဘောလုံးကြောင့်လို့စိတ်ထဲစွဲနေပြီး Meenu တစ်ယောက်ဘောလုံးကိုယောင်လို့တောင်မကန်ဘဲနဲ့ ငယ်စဥ်တည်းကအိပ်မက်ဖြစ်တဲ့ မျက်လှည့်ပညာရှင်ဖြစ်ဖို့အရေးကိုပဲ ကြိုးစားနေခဲ့တာပါ။ ဒါပေမယ့် တစ်နေ့မှာတော့ ဘဝရဲ့နောက်ဆုံးအချစ်ကိုရှာတွေ့သွားပြီး အချစ်ရဲ့စေခိုင်းမှုနဲ့ ဘောလုံးပြိုင်ပွဲရဲ့ဖလားဆုကြီးကိုအရယူမှဖြစ်တော့မယ့် အခြေအနေရောက်ရှိလာပါတော့တယ်။ ဒီတော့ ဘောလုံးဆိုခြေဖျားနဲ့တောင်မထိခဲ့တဲ့ Meenu ရယ် .. နှစ်အတော်ကြာ ဘာဆုမှမရဘဲ ဘိတ်ချေးဖြစ်နေတဲ့သူတို့အသင်းရယ် .. ဘယ်လိုအလွဲတွေနဲ့နှစ်ပါးသွားကုန်ကြမလဲဆိုတာတော့ ကိုယ်တိုင်ရှုစားရင်းရယ်မောလိုက်ပါတော့။ File size…2.68GB / 1.27GB Quality…1080p NF WEB DL AAC5.1CH / 720p Format…mp4 Duration….2h 47m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by ThuRa & Guu Guu & ...
movie
Jaadugar (2022)
2022
7.3
Bhool Bhulaiyaa (2007)
ကဲဗျာအညွန်းမလာခင် မင်းသားမင်းသမီးအရင်ပြောမယ်�Bollywood မှာလိုင်းစုံရတဲ့မင်းသား Ashay Kumar ကဟာသမင်းသားပေါ့� မင်းသမီးကတော့ Kaho Naa Pyar Hai(လက်ပွားမင်းသား ခေါင်းဆောင်မင်းသားလုပ်ခဲ့တဲ့ ပထမဦးဆုံးကား) ထဲက မင်းသမီးချောလေး Ameesha Petal လေးပေါ့…သူကတော့ဒီကားထဲမှာ အိန္ဒြေရှင်လေး.. ချစ်ဖို့စွန်းကောင်းတယ် �ဇာတ်လမ်းအကျဉ်း…နည်းနည်းပဲပြောပြမယ်… အကုန်ပြောပြရင် ကြည့်ရတာ feel မလာတော့ဘူး… ဇာတ်လမ်းလေးက ဘာသာတရားနဲ့စိတ်ပညာကိုအခြေခံထားတာပါ စိတ်ပညာဆိုအရူးလို့ထင်မှာပေါ့… ထင်နေရင်မှားမယ်…တန်ဖိုးရှိတဲ့အသိပညာဗဟုသုတတွေရမှာပါ… သရဲခြောက်တဲ့နန်းတော်ထဲမှာ စိတ်ရောဂါဝေဒနာရှင်လေးအပြင် သရဲကိုပါ ဆရာဝန်ကဘယ်လိုပညာသားပါပါ ဘာသာရေးအကူအညီလေးနဲ့ကုသွားမယ်ဆိုတာ သိချင်စိတ်တပြင်းပြင်းနဲ့ကြည့်ရှုရမှာပါ… အစပိုင်းမှာလည်းဟာသလေးတွေနဲ့ပါ… ဇာတ်လမ်းတစ်ဝက်ဆို သိတဲ့အတိုင်း climax ရောက်ပြီ… �Ashay Kumar ရဲ့ပညာသားပါပါဟာသနှောပြီးရိုက်ထားတာ ဘယ်လောက်ကောင်းလဲတွေ့ရမှာပါ. သီချင်းကောင်းလေးတွေကိုလည်း ဘာသာပြန်ပေးထားပါတယ် …လုံးဝဂန္တဝင်ပါပဲ.. �ဟာသကြိုက်တဲ့သူ အသည်းနုတဲ့သူ(ကြည့်နေရင်းသရဲကိုသနားလို့ငိုပါငိုစေရမယ်) စိတ်ပညာကိုအထင်သေးတဲ့သူတွေအတွက်ကတော့ Must See ပါ.. ဒီလောက်ပါပဲ…ကျန်တာကိုတော့ဇာတ်လမ်းထဲမှာခံစားပါ (ဘာသာပြန်သူကတော့ Khant Shwe Thaik ပါ)File Size : 0.99 GB Quality : Bluray 720p Running Time : 2hr 39minutes Format : Mp4 Genre : Comedy, Horror, Mystery Translator : Khant Shwe Thaik Encoder :Thanhtike Zaw
movie
Bhool Bhulaiyaa (2007)
3.1
Sanam Re (2016)
Sanam Re (2016)နောက်ထပ် ဆက်တိုက်ညွှန်းချင်တာကတော့ ဒီကားလေးပေါ့နော် :P နာမည်ကြီး မင်းသား မင်းသမီးတွေလဲ မဟုတ်။ ဒါရိုက်တာ ထုတ်တဲ့ ကုမ္ပဏီကအစ တစ်ခုမှ မသိပဲ ဘာကြောင့်ကြည့်ဖြစ်သွားလဲဆိုတော့ Sanam Teri Kasam ကို အရမ်းစွဲလန်းနေချိန်မှာ နာမည် ဆင်တာလေးတစ်ခုကြောင့် ထရေလာကိုကြည့်ဖြစ်တယ် သီချင်းတွေရှာကြည့်ဖြစ်တယ်။ကြည့်ဖြစ်သမျှလဲ အကုန်ကြိုက် ဘယ်တော့ထွက်မလဲ လက်ချိုးစောင့်နေဖူးခဲ့တာရယ်။ထရေလာလေးနဲ့ ကြည့်ဖြစ်သမျှ သီချင်းလေးတွေနဲ့ ဇာတ်လမ်းကို ဘယ်လိုဖြစ်လာ မလဲ ပုံဖော်ကြည့်ရတာက အရသာ တစ်မျိုး မဟုတ်လား။ သရုပ်ဆောင်တွေကလဲ တစ်ခါမှမမြင်ဖူးပေမယ့် အကုန်လုံး လက်ခံလို့ရတယ်။အဓိက ဇာတ်ဆောင်မင်းသားက Ranbir Kapoor ပေါ်ကာစက ရုပ်မျိုး သူ့ထက် နည်းနည်းပိုချောတယ်။ မင်းသမီးဆိုရင် ပြောမနေနဲ့တော့ ငယ်ငယ်တုန်းက ရေလည်ကြွေခဲ့ရတဲ့ အကအလှ ဘုရင်မ လို့ လူတကာပြောကြတဲ့ Madhuri Dixit - Nene နုစဉ်အခါက ...
movie
Sanam Re (2016)
6.3
Billu(2009)
Billu (2009)ဒိဇာတ်ကားလေးကတော့ IMDb rating 6.2အထိရရှိထားပြီး ရှာရွတ်ခန်းနဲ့ အီရ်ဖာန်းခန်းတို့ရဲ့ Musical/Dramaအမျိုးအစား ဘောလိဝုဒ်ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်း*********************အရမ်းနာမည်ကြီး မင်းသားတစ်ယောက်ဖြစ်တဲ့ ရှာဟိရ်ခန်း(ရှာရွတ်ခန်း)ဟာရွာလေးတစ်ရွာမှာ ရုပ်ရှင်ရိုက်ချင်တဲ့ စိတ်ကူးကို အကောင်အထည်ဖော်တဲ့အချိန်မှာအဲ့ဒီရွာမှာရှိတဲ့ အဆင်းရဲဆုံး ဆံသဆရာ ဘိလ္လူး(အီဖာရ်န်းခန်း) နဲ့သူငယ်ချင်းတွေဖြစ်တယ်ဆိုတဲ့ ကောလဟာကတဆင့် သူတို့ရဲ့လူနေမှုဘ၀ကိုပါရိုက်ခတ်မှုတွေကြုံလာရပါတော့တယ်။ တကယ်ပဲ သူတို့ကြားမှာ ဆက်နွယ်မှုတွေများ ရှိမလား။ရုပ်ရှင်လာရိုက်ကြတဲ့အခါ ဘာတွေများ ဆက်ဖြစ်ကြမလဲဆိုတာတော့ ရုပ်ရှင်ထဲမှာဆက်လက်စီးမျောကြပါ။ Legendary ခန်း နှစ်ယောက်ဖြစ်ပြီး Musical/Dramaအမျိုးအစားမို့လို့ ဘောလိဝုဒ် ပရိတ်သတ်တွေ လက်မလွှတ်သင့်ပါကြောင်းအညွှန်းနဲ့ဘာသာပြန်တွေကတော့ Sai Thurein Lynn, Thaik San နဲ့ Lwin Htoo Aung တို့ပဲ ဖြစ်ပါတယ်။My response File size…2.21GB / 1.2GB Quality…1080p Blu Ray HEVC AAC 5.1CH Format…Mp4 Duration….2h 17mins Subtitle….Myannmar Subtitle (Hard Sub) Encoder….YK Translated by ...
movie
Billu(2009)
2021
HEVC 1080p BluRay
6.3
Rashmi Rocket(2021)
Haseen Dillruba ရုပ်ရှင်ထဲက မင်းသမီးချောလေးTaapsee Pannu ကို ဘယ်သူတွေ လွမ်းနေကြတုန်းဒီတစ်ခါမှာလည်း သူဟာ အရမ်းမိုက်တဲ့ ဇာတ်ကားနဲ့အတူ ပြန်လာခဲ့ပြန်ပါပြီဒီဇာတ်ကားမှာတော့ သူဟာ အဓိကဇာတ်ကောင်ဖြစ်တဲ့ရက်ရှ်မီးနေရာကနေ သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်ရက်ရှ်မီးဟာ မိန်းကလေးဆိုပေမယ့်လည်း မိန်းကလေးပီပီသသနေတတ်တဲ့သူမဟုတ်ပါဘူးအရပ်အမောင်းထွားတဲ့အပြင်ကို ဆံပင်ကလည်းစုတ်ဖွားနဲ့ မိန်းကလေးလို့ မြင်စရာကိုမရှိတာပါသူ့ရွာကလူတွေကတော့ ရက်ရှ်မီးကိုနောက်ထပ်နာမည်တစ်မျိုးပေးထားသေးတယ်အဲ့ဒါကတော့ ရော့ကတ်တဲ့ ဘာလို့လဲဆိုတော့ သူကပြေးရင် အရမ်းမြန်တာကိုးအဲ့လို အရမ်းမြန်တဲ့ ရက်ရှ်မီးရော့ကတ်ဟာ ငယ်စဥ်ကအကြောင်းတစ်ခုကြောင့် အပြေးပြိုင်ပွဲကို ရပ်နားခဲ့ရပါတယ်ဒါပေမဲ့ ဗိုလ်ကြီး ဂါဂန်ရဲ့ တိုက်တွန်းမှုကြောင့် ရက်ရှ်မီးတစ်ယောက်အပြေးပြိုင်ပွဲကို ပြန်လည်ဝင်ပြိုင်ရာကနေပြီးတော့ နိုင်ငံလက်ရွေးစင်အဖွဲ့ဝင်အနေနဲ့ယှဥ်ပြိုင်ရတဲ့အထိ တစ်ဟုန်ထိုး အောင်မြင်လာခဲ့ပါတယ်အောင်မြင်လာတာနဲ့အမျှ မလိုမုန်းထားအကောက်ကြံစည်မှုတွေရှိလာတတ်တာ သဘာဝပဲမဟုတ်လားဒီဇာတ်လမ်းထဲမှာကော ရက်ရှ်မီးတစ်ယောက်ဘယ်လိုဒုက္ခတွေကြုံတွေရမလဲ....??ဘယ်လိုမျိုး ကြံ့ကြံ့ခံပြီး အခက်အခဲတွေကို ရက်ရှ်မီးတစ်ယောက်ဘယ်လိုဖြတ်ကျော်သွားမလဲဆိုတာ...ရင်တဒိတ်ဒိတ်နဲ့ ဆက်လက်စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်File Size - 1.6 GB / 1.3GB Quality - 1080P & 720P Subtitle - Burmese Translator - Shwe ...
movie
Rashmi Rocket(2021)
7.6
Devdas (2002)
IMDb Rating(7.6) / Rotten Tomatoes (89%)တည်ငြိမ်နေတဲ့ ပတ်ဝန်းကျင်နဲ့ ထည်ဝါလွန်းတဲ့ အိမ်တော်ကြီး တစ်ခုမှာ ထူးထူးခြားခြား ဆူညံပွက်လောရိုက်နေတယ်ဘာကြောင့်လဲဆိုတော့ ဒေ့ဗ်ဒါးစ် ပြန်လာမယ်လို့ စာရေးလိုက်လို့.. ဒေ့ဗ်ဒါးစ် ဆိုတာ ငယ်စဉ်ကတည်းက လန်ဒန်ကို ပညာသင်လွှတ်လိုက်တဲ့ ဒီအိမ်တော်ကြီးရဲ့ သခင်လေးသားကိုတွေ့ရတော့မှာမို့ ပျော်လွန်းလို့ မျက်ရည်ကျနေတဲ့ အမေ ဘာလုပ်လို့ ဘာကိုင်ရမသိဖြစ်နေတဲ့ အစေခံတွေ "ငါ့သားလေးကို ငါအရင်တွေ့ပါရစေ အားလုံး မျက်လုံးတွေ မှိတ်ထားပေးကြပါ "============================================"နင် လန်ဒန်ကို ရောက်နေတော့ ငါ့ကို သတိရလား တစ်ခါမှ မရပါဘူးငါ့မှာတော့ အကြိမ်ပေါင်း ၂၈၅၀ လောက်စာတွေ ရေးခဲ့တယ် နင့်အတွက် ရည်စူးပြီး ထွန်းညှိထားတဲ့ ဆီမီးတိုင်က ၈၇၆၀၀ နာရီလောက်ကြာအောင် တောက်လောင်နေတာနင့်ကို သတိရတဲ့ တစ်ချိန်တော့ ရှိပါတယ်ဟာ ငါ့ အသက်တစ်ကြိမ် ရှုလိုက်တိုင်းမှာပေါ့"******************************************အမေဖြစ်သူမှာ အရင်တွေ့ချင်ပေမယ့် မြင်တွေ့ခွှင့်မရပဲ ဘေးအိမ်က ပါရိုဆီကို အပြေးသွားခဲ့လေသူ ဒေ့ဗ်သားဖြစ်သူရဲ့ ဦးစားပေးမှုကို လုယူခံလိုက်ရလို့ ပါရိုကို သမီးတစ်ယောက်လို ...
movie
Devdas (2002)
2002
4.8
Hungama 2 (2021)
Disney+Hotstar က ဖြန့်ချိတဲ့ အသစ်စက်စက် Bollywood ရုပ်ရှင်ဇာတ်ကားလေးကို တင်ဆက်လိုက်ပါတယ်...ဒီဇာတ်ကားက ၂၀၀၃ ခုနှစ်က နာမည်ကျော်ကြားလူကြိုက်များခဲ့တဲ့ Hungama ဇာတ်ကားရဲ့ Sequel အနေနဲ့ထွက်ရှိလာတာပါ...ဇာတ်လမ်းကတော့.....သူဌေးကြီး မစ္စတာဘဂျာဂျ်နဲ့ အငြိမ်းစားထောင်မှူးမစ္စတာကပူရ်တို့က အရမ်းကိုခင်မင်ကြတဲ့သူငယ်ချင်းတွေဖြစ်ကြပြီးသူတို့သားသမီးတွေကို လက်ထပ်ပေးဖို့အထိပါ စီစဉ်ထားကြတဲ့သူတွေဖြစ်ပါတယ်...မစ္စတာကပူရ်ရဲ့သားဖြစ်သူ အာကာရှ်ဟာ ကုမ္ပဏီဝန်ထမ်းတစ်ယောက်ဖြစ်ပြီးတူတွေတူမတွေနဲ့ ဘဝကိုပေါ့ပေါ့ပါးပါး အေးအေးဆေးဆေး ဖြတ်သန်းနေသူတစ်ယောက်ပါ...ဒါပေမယ့် အေးဆေးနေရမယ့်ရက်တွေ ကုန်ဆုံးသွားချိန်ကတော့ သူ့ရဲ့ငယ်ရည်းစားဆိုသူက သူ့ရဲ့ကလေးဆိုသူကိုရင်ခွင်ပိုက်လို့ အိမ်ကိုရောက်ချလာတဲ့အချိန်ပါပဲ...ငယ်တုန်းကရှုပ်ထားတဲ့ ရည်းစားရဲ့ ကလေးက သူ့ကလေးအစစ်အမှန်လား....နှစ်ဖက်မိဘသဘောတူထားတဲ့ ဂုဏ်သိက္ခာအိမ်ထောင်ရေးကိုရော ဘယ်လိုရှေ့ဆက်ရမလဲဆိုတာ...ဟာသအသောလေးတွေနဲ့ ခပ်သွက်သွက်တင်ဆက်ထားတဲ့ အချစ်ဟာသဇာတ်လမ်လေးပါ။ရုပ်ရှင်ရုံတွေမှာ မိသားစုလိုက် အပန်းဖြေကြည့်ရှုရမယ့် ဇာတ်လမ်းမျိုးဖြစ်ပြီးစိတ်ညစ်စရာများလှတဲ့ ခုကာလမှာ ခဏတာဖြစ်ဖြစ် အပန်းဖြေဖို့ လက်လွတ်မခံသင့်တဲ့ဇာတ်ကားပါ။ File size…(2.6 GB) / (1.3 GB) / (700 MB) Quality…WEB-DL 1080p /720p/ 360p Format…mp4 Duration….02:36:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by May Zin ...
movie
Hungama 2 (2021)
6.5
Made In China(2019)
Made In China(2019)အညွှန်း************************* ရာဂူးဟာသာမန်စီးပွားရေးသမားတစ်ယောက်....ပြောရရင်သူ့ပေါက်ကရအိုင်ဒီယာတွေကြောင့် စီးပွားရေးမှာမအောင်မြင်ဘူး .....ကြာတော့သူ့အဖေကသူ့ကို တိုးတက်ပါစေတော့ အောင်မြင်ကြီးပွားပါစေတော့ဆိုပြီး တရုတ်ကိုလွှတ်ကာစီးပွားရေးအမြင်ရအောင်လုပ်ခိုင်းတယ်.. ရာဂူးဟာတရုတ်ကအောင်မြင်တဲ့ စီးပွားရေးသမားတစ်ယောက်ဆီက အတွေးအခေါ်အိုင်ဒီယာတွေကိုယူကာ အဲ့ကနေစပြီး သူ့အဖေမျှော်မှန်းထားတဲ့နည်းနဲ့တော့မဟုတ်ဘဲ ဘဝတစ်ဆစ်ချိုးအလှည့်အပြောင်းဖြစ်လာခဲ့တော့တယ်... အခက်အခဲမျိုးစုံကြားကနေ ရာဂူးတစ်ယောက်ဘယ်လိုဆက်ပြီးလုပ်ဆောင်သွားမလဲဆိုတာကိုတော့...Indiaကားကောင်းကြိုက်သူတို့လက်မလွှတ်သင့်ပါကြောင်း..ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Zwe Zan Aungပဲဖြစ်ပါတယ်... File Size : (2.2GB) and (1.1GB) Quality : Web-DL 1080P, 720p Format…mp4 Duration…01:30:00 Genre :Comedy, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Zwe Zan Aung Encoded by Phyo Pyae
movie
Made In China(2019)
4.1
Judwaa 2 (2017)
လန်ဒန်မှာ ကြီးပြင်းတဲ့ ပရမ်ကတော့ ခပ်အေးအေးနဲ့ရိုးအတဲ့အတွက် သူများနှိပ်စက်ခံဖြစ်ပေ မယ့်လို့ မွမ်ဘိုင်းက ရာဂျာကတော့ ရန်ဖြစ်သတ်ပုတ်တဲ့နေရာမှာ ဆရာကျတဲ့ဖိုက်တာ တစ်ယောက် ပါ။ ဒီလိုနဲ့ တစ်ရက်မှာတော့ရာဂျာတစ်ယောက် လန်ဒန်ကို သွားဖို့ ဖြစ်လာခဲ့ပြီး မွမ်ဘိုင်းမှာနေ နေကျ ဆံပင်အရှည်ပုံစံမဟုတ်ဘဲ ဆံပင်တွေ ဘာတွေသပြီးသွား တာမို့ ပရမ်နဲ့ပိုလို့တောင်တူပါ တယ်။တစ်ရက်မှာတော့ ညီအစ်ကိုနှစ်ယောက် ထိပ်တိုက်ဆုံမိခဲ့ကြ ပြီး အမြွှာညီအစ်ကိုမှန်းသိသွားခဲ့ ကြပါတယ်။ နှစ်ယောက်တွေ့ပြီး နောက်မှာ ထူးခြားတာတစ်ခုက တစ်ယောက်ယောက်ထိခိုက်ဒဏ် ရာရရင်ပဲဖြစ်ဖြစ်၊ တစ်ခုခုဖြစ် ရင်နောက်တစ်ယောက်မှာအတူတူ လာပြီးဖြစ်တာလည်း ရယ်မောရ စေမှာပါ။ပရမ်နဲ့ ရာဂျာကို လူတွေမှားကြတဲ့ ဇာတ်ကွက်တွေထဲမှာ အရယ်ရဆုံးကတော့ အမြွှာနှစ် ယောက်ရဲ့ ချစ်သူတွေ လူမှားကြတာပါ။ ဘောလိဝုဒ်ဇာတ်ကား တွေရဲ့ ထုံးစံအတိုင်း မြူးမြူးကြွကြွအကတွေနဲ့ ကြည်နူးစရာဇာတ် ကွက်လေးတွေကိုလည်း အကြိုက်တွေ့ကြမှာပါ။အမြွှာညီအစ်ကိုနှစ်ယောက် ပြန်ဆုံပြီးနောက်မှာတော့ မိသားစု ကို အန္တရာယ်ပေးမယ့်သူတွေကို အတူရင်ဆိုင်ကြတာကိုလည်း ...
movie
Judwaa 2 (2017)
2017