Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Manobala
7.6
Don (2022)
Don (2022)3 idiots လို vibe မျိုး ထပ်မံခံစား ကြည့်ရှုလိုသူတွေအတွက်Don ဆိုတဲ့ ကားသစ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။သားသမီးကို ချစ်ကြောင်း မပြသလိုတဲ့ ဖခင်တစ်ဦးရဲ့ အကျင့်စရိုက်၊အဲဒီအကျင့်စရိုက်အောက်မှာ သားဖြစ်သူက "အဖေဆီကနေ အချစ်မခံရဘူး" လို့တွေးမှတ်လာတဲ့အခါ ရင်ထဲက မုန်တိုင်း တစ်ခု ရှိလာပါတော့တယ်။ ၁၂ တန်းပြီးတဲ့အခါ ဖခင်ရဲ့ ဖိအားပေးမှုကြောင့် "Best Engineering College" ကိုသွားတက်ရင်း ကောလိပ်ကြော်ငြာနဲ့ လက်တွေ့က တခြားစီဖြစ်နေတာကို ကြုံလိုက်ရပါတော့တယ်။"တက္ကသိုလ်ရောက်တဲ့အခါ လုပ်ချင်တာလုပ်လို့ ရပြီ" ဆိုတဲ့ ဂျင်းတွေကို စားလာတဲ့ကျောင်းသားတွေကတော့ ဒီကောလိပ်ရောက်မှပဲ ထောင်ထဲရောက်သလို ခံစားလိုက်ရတဲ့အခါ.....ဆယ်ကျော်သက်တို့ သဘာဝအတိုင်း ဖိလေ ကြွလေဖြစ်တော့ ကျောင်းသားတစ်သိုက် ဆရာတွေကို ဘယ်လို ပညာပြန်ပြမလဲဆိုတာ ခံစားကြည့်ရှုရမှာပါ။ ဒီ Tamil language ကားလေးကတော့ Action, Comedy, Romance အမျိုးအစားဖြစ်ပြီးတက္ကသိုလ်ကျောင်းသားဘဝကနေ အိမ်ထောင်သည်ဘဝအထိ အဆင့်ဆင့်ဖြတ်သန်းခဲ့တာတွေ၊အဖေနဲ့သားကြား ဆက်ဆံရေးတွေကို ...
movie
Don (2022)
2022
7.3
Koogle Kuttappa (2022)
ဒီတစ်ခါမှာတော့ IMDB မှာ 7.2 အထိရရှိထားတဲ့ 2022 ခုနှစ်ထွက် မေတ္တာဖွဲ့ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ မေတ္တာဖွဲ့ကားတွေအထွက်ကျဲချိန်မှာ ဒီကားလေးထွက်လာတာဝမ်းသာစရာပါပဲဇာတ်လမ်းအကျဉ်း... သားကို ချစ်လွန်းလို့ စက်ရုပ်အင်ဂျင်နီယာဘွဲ့ရတဲ့အထိကျောင်းထားပေးပြီး မွေးရပ်မြေမှာပဲ နေ့စဉ်ရုံးတက်ရုံးဆင်း လုပ်စေချင်တဲ့အဖေ ဖခင်ကို မလွန်ဆန်နိုင်ပေမယ့် ဘ၀ရှေ့ရေးအတွက် နိုင်ငံရပ်ခြားအထိ အလုပ်သွားလုပ်ချင်နေတဲ့သား..နိုင်ငံခြားမှာ အလုပ်လုပ်ဖို့ အသက်ကြီးတဲ့အဖေကို စောင့်ရှောက်နိုင်မယ့် အိမ်တွင်းသူနာပြုတွေ ခေါ်ပေမယ့် လူ့ဂွစာအဖေကြောင့်အကုန် ပြန်ပြေးရတဲ့အချိန် သူ့ကို အလုပ်ခန့်တဲ့ကုမ္မဏီက နှစ်ဦးနှစ်ဖက် အဆင်ပြေအောင် စီစဉ်ပေးချိန်မှာတော့ခံစားချက်ရသတွေ အများကြီးခံစားလို့ရနိုင်မယ့် ရုပ်ရှင်တစ်ကားကို မွေးထုတ်ပေးလာတာကြောင့် လိုက်ပါစီးမြောခံစားလိုက်ကြပါဦးခင်ဗျာ...အညွှန်းနဲ့ဘာသာပြန် Lwin Htoo Aung ဖြစ်ပါတယ် File size…2.1GB / 1.05GB Quality…1080p WEB DL Tamil AAC 5.1CH / 720p Format…mp4 Duration….2h 7m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Lwin Htoo Aung
movie
Koogle Kuttappa (2022)
Oh My Dog(2022)
Oh My Dog 2022ခွေးချစ်သူပရိတ်သတ်ကြီးအတွက် IMDb 8.8အထိတောင်ရရှိထားပြီးAmazon Prime က ထုတ်လွှင့်ထားတဲ့ခွေးလိမ္မာကားလေးတစ်ကားကိုတင်ဆက်ပေးချင်ပါတယ်ဇာတ်လမ်းအကျဉ်းကတော့နှစ်စဉ်အတော်ဆုံးခွေးတွေမွေးထုတ်ပေးတဲ့ခွေးသင်တန်းကျောင်းတစ်ခုရှိပါတယ်ပြိုင်ပွဲတိုင်းမှာလည်းပထမဆုချည်းဆွတ်ခူးခဲ့တာမို့ ခွေးကောင်းမျိုးသန့်တွေပဲမွေးထားတာပေါ့တစ်နေ့ Husky ခွေးမလေးတစ်ကောင်ကသားပေါက်ခဲ့ရာမှာ မျက်စိမမြင်တဲ့ခွေးလေးတစ်ကောင်ပါလာခဲ့ပါတယ်အတော်ဆုံးသင်တန်းကျောင်းပီပီ အသုံးမဝင်တဲ့ခွေးတွေကိုသတ်ပစ်ဆိုပြီး အထက်ကအမိန့်ပေးလေတော့မတတ်သာတဲ့အဆုံးတောထဲခေါ်သွားပြီးသတ်ဖို့လုပ်ခဲ့ရာမှာ သေကံမရောက်သက်မပျောက်ဘဲ ခွေးလေးကလွတ်မြောက်ခဲ့ပါတယ်ရေစက်သာပါလာခဲ့ရင်နတ်ပြည်ကအပ်တစ်စင်းနဲ့လူ့ပြည်ကအပ်တစ်စင်းထိပ်တိုက်တွေ့သကဲ့သို့ ဒီခွေးလေးဟာလည်းအာဂျွန်ဆိုတဲ့ကလေးလေးနဲ့တွေ့ဆုံဖို့အကြောင်းဖန်လာခဲ့ပါတယ် မျက်စိမမြင်ရပေမယ့်အနံ့ခံအာရုံအားကောင်းတဲ့ခွေးလေးဆင်းမ်ဘာကအာဂျွန်လေးအနံ့ကိုခံ အိမ်ထိလိုက်သွားခဲ့ပြီး အာဂျွန်လေးရဲ့ ပြုစုမှုအောက်မှာကြီးပြင်းလာခဲ့ပါတယ် ဒီမှာတင်ပြီးမသွားပါဘူးဆင်းမ်ဘာလေးကိုလွတ်လာတုန်းက သူ့ကိုအသည်းအသန်လိုက်ရှာသတ်နေတဲ့လူနှစ်ယောက်လည်းရှိပါတယ်သူတို့နှစ်ယောက်ကဆင်းမ်ဘာလေးအကြောင်းသတင်းရရှိခဲ့ပြီးနောက်မှာတော့ဘာတွေဆက်ဖြစ်သွားမလဲနှစ်စဉ်ကျင်းပလ့ရှိတဲ့ခွေးပြိုင်ပွဲမှာလည်း ဆင်းမ်ဘာလေးကိုဝင်ပြိုင်စေချင်တော့ ဘယ်လိုသင်ကြားမှုတွေနဲ့ဝင်ပြိုင်ကြမလဲRating မြင့်ပြီးတကယ်ကောင်းတဲ့ဇာတ်ကားဖြစ်တာမို့ ခွေးချစ်သူပရိတ်သတ်ကြီးအတွက်မကြည့်ဖြစ်လိုက်ရင်နောင်တရစေမယ့်ဇာတ်ကားတစ်ကားပါလို့ပဲညွှန်းလိုက်ပါရစေ(အညွှန်းကိုတော့ Yunniမှရေးသားပေးထားပါတယ်) File size…2.28GB / 1.1GB Quality…1080p WEB DL / 720p Format…mp4 Duration…. Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Poe & Yunni & OeliuJ & Haruko
movie
Oh My Dog(2022)
2022
6.6
Rudra Thandavam (2021)
ဒီတစ်ခါမှာလည်း IMDB မှာ Voting 2K ကျော်နဲ့ Rating 6.7အထိရရှိထားတဲ့ တမီလ်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ...................................................ဇာတ်လမ်းအကျဉ်းတမီလ်နာဒူး ပြည်နယ်မှာ မူးယစ်ဆေးကို အသုံးပြုပြီး အမျိုးသမီးတွေကို ခြိမ်းခြောက်ငွေညှစ်တဲ့ဂိုဏ်းတစ်ခုကိုကိုယ့်ရဲ့အဖွဲ့သားကိုပါရင်းပြီး ဖော်ထုတ်ခဲ့တဲ့ စစ်ဆေးရေးအရာရှိ ရူဒါရန် တစ်ယောက် ဆိပ်ကမ်းအပိုင်ရဲစခန်းကိုပြောင်းခဲ့ပါတယ်။ ရောက်ရောက်ခြင်းပဲ တန်ဖိုးကြီးမားလှတဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးမိပြီးနာမည်တက်ရပြန်ပါတယ်။တရက်မှာတော့ မူးယစ်ဆေးရောင်း၀ယ်နေတဲ့ ကလေးတွေနောက်ကိုလိုက်ရင်း မထင်မှတ်တဲ့အဖြစ်အပျက်တွေကြုံလာရတဲ့အခါမှာတော့ အကြောင်းစုံကိုရုပ်ရှင်ထဲမှာပဲ ခံစားကြည့်လိုက်ကြပါ။ Over Acting တွေအနည်းငယ်ပါပေမယ့် ဇာတ်အိမ်ဇာတ်လမ်းတည်ဆောက်ပုံကောင်းတာကြောင့် တမီလ်ရုပ်ရှင်ကြိုက်သူတွေ လက်မလွှတ်သင့်တဲ့ ဇာတ်ကားတစ်ကားပါပဲ။အညွှန်းနဲ့ ဘာသာပြန်ကတော့ Lwin Htoo Aung နဲ့ Sai Thurein Lynn ပဲဖြစ်ပါတယ်။File size…2.64GB / 1.68GB Quality…1080p True Web Dl / 720p Format…Mp4 Duration….2h 48m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Lwin Htoo Aung ...
movie
Rudra Thandavam (2021)
2021
4.3
Aranmanai 3 (2021)
Aranmanai 3 (2021)Aranmanai ဇာတ်ကားတွေဟာ sequel အနေနဲ့ထွက်လာတာဟာဆိုရင် အခုဆို ၃ ကားမြောက်ရောက်ခဲ့ပြီဖြစ်ပါတယ်။ တမီးလ်လူထုရဲ့လူကြိုက်များသဘောကျတဲ့သရဲကားကောင်းဖြစ်တာနဲ့အညီ တစ်ကားပြီးတစ်ကားရိုက်ထုတ်ရတဲ့ ကားကောင်းလေးဖြစ်တာနဲ့အညီ ဇာတ်လမ်း ဇာတ်ကွက် ဇာတ်အိမ်ဟာ သိပ်ပြောစရာမရှိတဲ့ကားလေးဖြစ်ပါတယ်။တမီးလ်ရုပ်ရှင်လောကရဲ့နာမည်ကြီးသရုပ်ဆောင်တွေပါဝင်ထားသလို တမီးလ်သရဲကားတိုင်းရဲ့ဇာတ်လိုက်ကျော် ကိုဘရိတ်ကီးပါဝင်ထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကိုညွှန်းရမယ်ဆိုရင်ဖြင့် သရဲခြောက်တဲ့ဟော်နန်းကြီးတစ်ဆောင်နဲ့ ဘယ်လိုခြောက်လို့ ဘာကြောင့်ခြောက်မှန်းမသိရတဲ့ပုစ္ဆာတစ်ခု၊ ဟော်နန်းကြီးမှာသရဲခြောက်တယ်ပြောလို့ငယ်စဉ်ကတည်းက ဟော်နန်းပိုင်ရှင်ဖခင်ဖြစ်သူရဲ့ဖယ်ကြည်ခြင်းကိုခံရတဲ့ကောင်မလေးတစ်ယောက်၊ ထိုကောင်မလေးလိုကိစ္စရပ်မျိုး ထိုဟောနန်းကြီးမှာနောက်ထပ်မွေးဖွားလာတဲ့ကလေးမငယ်လေးမှာလည်းကြုံတွေ့လာရတဲ့အခါ ဟော်နန်ကြီးကို သရဲခြောက်တယ်ပြောပြီးရောင်းစားဖို့ကြံနေတဲ့ဦးလေးဖြစ်သူနဲ့ မည်သို့မည်ပုံစခန်းဆက်ရမယ်၊ သရဲဘာလို့ခြောက်ရတယ်၊ ဇာတ်ရှုပ်တွေအကုန်ဘယ်လိုဇာတ်ထုတ်ပြေသွားမယ်ကိုတော့ ၂၀၂၁ ခုနှစ်မှာထွက်ရှိလာတဲ့ Aranmanai ဇာတ်ကားကောင်းလေးထဲမှာခံစားရင်ခုန်ပေးလှည့်ပါဦးခင်ဗျာ။(ဒီဇာတ်ကားကို အညွှန်းရေးပေးထားသူကတော့ San Thu Aung ဖြစ်ပြီး ဘာသာပြန်ဆိုရေးသားပေးထားသူကတော့ Alias နဲ့ San thu Aung ပဲ ဖြစ်ပါတယ်)Size - 2.3 GB, 1.3GB Quality - 1080p HEVC, 720p IMDb Rating - 4.3/10 Format - mp4 Duration ...
movie
Aranmanai 3 (2021)
1080p HEVC
7.5
Bigil (2019)
(Unicode)တစ်နှစ်တစ်ကား ဆိုသလို တမီးလ်မင်းသား ဗီဂျေးရဲ့ ၂၀၁၉ထွက် ကားကောင်းတစ်ကားကို မြန်မြန်နဲ့ မှန်မှန် တင်ဆက်ပေးလိုက်ပါတယ်။Genere- Drama,Sport,ActionIMDb - 7.5/10တစ်ရပ်ကွက်လုံးရဲ့ အာဏာရှိ လူမိုက် မိုက်ကယ်၊ မိန်းမလည်း မရှိ၊ ကျားလည်းမကိုက်၊ သောက်သောက်စားစား လူရမ်းကားလေး။တနေ့တော့ သူ့သူငယ်ချင်း ကာဒီးရ်ဟာ အမျိုးသမီးဘောလုံးအသင်းရဲ့ နည်းပြအဖြစ်နဲ့ အသင်းအတူ ဒေလီသွားဖို့ သူ့ဆီ ဝင်ပါတယ်။မမျှော်လင့်ဘဲ မိုက်ကယ်ရဲ့ ရန်ကြွေးတွေကြောင့် နည်းပြဆရာ ကာဒီးရ်ကို ဓားချက်ထိခဲ့ရတယ်။ကြယ်ပွင့်လေး ၁၅ပွင့်ရဲ့ တစ်ဦးတည်းသော ကယ်တင်ရှင် နည်းပြကာသီဟာ တစ်နှစ်တာ အနားယူရမယ်လို့ သိလိုက်ရစဉ်မှာတော့.....-------------------------------------ဒီဇာတ်ကားထဲမှာတော့ ဗီဂျေးကို ဘောလုံးသမား၊ လူမိုက်ကြီး၊ နည်းပြ စသဖြင့် ပုံစံမျိုးစုံ မြင်ရပြီး အဖေလိုတစ်မျိုး သားလိုတစ်ဖုံ တွေ့ရမှာပါ။အဖေ ပေးတဲ့ ...
movie
Bigil (2019)
2019
9.0
Kanchana 3 (2019)
Kanchana 3 (2019) မြန်မာစာတန်းထိုး မင်္ဂလာပါ အိန္ဒိယတောင်ပိုင်းကား ပရိတ်သတ်တို့ ရေ.... ဒီတစ်ခေါက် ပရိတ်သတ်ကြီးအတွက် ရွေးထုတ်တင်ဆက်ပေးလိုက်တဲ့ ဇာတ်ကားက မြန်မာပြည်မှာ တာတေကြီးရယ်လို့ နာမည်ကြီးခဲ့တဲ့ Kanchana ဇာတ်ကားတွေရဲ့  သုံးကားမြောက်ကားဖြစ်တဲ့ Kanchana 3 ပါတဲ့ ခင်ဗျာ ။ ဒီကားဟာ အရှေ့ မှာ 1 2 ထွက်ခဲ့ပြီး အောင်မြင်မှုတွေ ရခဲ့တဲ့ကားမို့  သုံးကားမြောက်အဖြစ် ရိုက်ထားတဲ့ ကားပါ။ ဒီဇာတ်ကားမှာလည်း Kanchana ကားတွေမှာ ပုံမှန်မြင်တွေ့ နေကျဇာတ်ကောင်ဖြစ်တဲ့ သရဲဆိုရင် ကြောက်ဒူးတုန်တတ်တဲ့ ရာဂဗားရယ်။ မတရားအသတ်ခံခဲ့ရတဲ့ ကာလီဆိုသူ မိဘမဲ့ဂေဟာ ပိုင်ရှင်နဲ့ သူ့ ချစ်သူ ရိုစီတို့ ရယ် ။ ရာဂဗားတို့ မိသားစုရယ်နဲ့  ဇာတ်လမ်းကို ရိုက်ပြထားတာပါ ။ အဖိုးနဲ့ အဖွားရဲ့  နှစ်၆၀ပြည့် မင်္ဂလာနှစ်ပတ်လည်ကို သွားရင်း လမ်းမှာ ၀င်နားမိတဲ့ သစ်ပင်ကနေ နာနာဘာဝတွေကြောင့် ပူးကပ်ပါလာရာက စလို့ ... ရာဂဗားတို့ မိသားစုကို နာနာဘာဝတွေက ခြောက်လှန် ...
movie
Kanchana 3 (2019)
2019
1
2
Previous