Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Mandy Sekiguchi
5.3
Sana aka Minna no Uta (2023)
Minna No Uta (2023) Imdb -5.3ကက်ဆက်သံကြားမိသူတိုင်း ဆန်းကြယ်မှုထဲပတ်သက်မိပြီး ပျောက်ဆုံးကုန်ကြတဲ့ ထူးခြားဆန်းကြယ်ကက်ဆက်..ဇာတ်လမ်းအစကတော့ ရေဒီယိုအသံလွှင့်ရုံကနေ နားဆင်သူတွေနဲ့ လိုက်ဖ်ရှိုးလုပ်နေတုန်း လူတစ်ယောက်က ကက်ဆက်အကြောင်းမေးခဲ့တယ် ကက်ဆက်တိပ်ခွေရောက်လားပေါ့ စတူဒီယိုအဖွဲ့သားတွေက ဒါကိုရိုးရိုးတိပ်ခွေပဲထင်ကြပေမဲ့ ဒီဟာမှာကပ်ပါလာတဲ့ အမှောင်လောကသားကိုတော့ သူတို့မမြင်ခဲ့ကြ ဒီကက်ဆက်တိတ်ခွေနောက်ဆက်တွဲရလဒ်အနေနဲ့ကတော့ လိုက်ဖ်ရှိုးလွှင့်ဖို့ရက်သိပ်မကျန်တော့တဲ့ Generations ဆိုတဲ့အဖွဲ့ထဲက အဆိုတော်ပျောက်ဆုံးသွားတာပါမပျောက်ဆုံးခင် ဒီအဆိုတော်က သီချင်းညည်းသံတွေကြားခဲ့ရပြီး လေ့ကျင့်ချိန်မှာလည်း သူမဟုတ်သလို သူပဲထူးဆန်းတာတွေတွေ့သလိုဖြစ်နေတော့ အဖွဲ့သားတွေစိတ်ပူနေချိန်မှာပဲ ပျောက်ဆုံးသွားခဲ့တာပါ ဒီအမှုကို အစကလိုက်ရင်းကနေ ကက်ဆက်တိပ်ခွေရဲ့အတိတ်အကြောင်းပါ စုံစမ်းမိသွားပါတယ် ဒါကတော့ဘာများဖြစ်မလဲ မမြင်ရတဲ့ပရလောကသားကရော ဘာလိုချင်တာလဲဆိုတာကိုတော့( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ BpL ~ Alex ~ ToMo တို့ပဲဖြစ်ပါတယ် ) File size… 1.6GB / 721MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 42m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni ~ BpL ~ Alex ~ ToMo
movie
Sana aka Minna no Uta (2023)
2023
7.1
HiGH&LOW The Movie 2: End of Sky(2017)
အဆိုပါဂျပန်ရုပ်ရှင်ဟာ High & Low Franchise မှ တတိယမြောက်ရုပ်ရှင်ဖြစ်ပါတယ်။ Imdb 7.1အထိရရှိထားပြီး ရုံတင်ငွေ ၁.၃၄ ဘီလျံယန်းထိရရှိပြီး Japanese Box officeမှာအတိုင်းတာတစ်ခုထိအောင်မြင်မှုရရှိခဲ့ပါတယ်။ ဇိုးအထာဖမ်းထားတဲ့တိုက်ရည်ခိုက်ရည်ကောင်းတဲ့လူငယ်ဇာတ်ကောင်များပါဝင်ပြီး လူငယ်ပရိတ်သတ်တွေ အကြိုက်တွေ့မယ့်ရုပ်ရှင်တစ်ခုပဲဖြစ်ပါတယ်ဒုစရိုက်လောကကိုအုပ်စိုးတဲ့ ခူရူးယုဂိုဏ်း(KURYU GROUP) ဟာ SWORD နယ်မြေမှာ ကာစီနိုဖွင့်ရန်ကြံစည်နေပါတယ်။ အဆိုပါ ကိစ္စကို SWORD နယ်ခံဂိုဏ်းတွေကမလိုလားပါဘူး။ ဆန်းနိုးဂိုဏ်းကကော်ဘရာရဲ့ အပြောရဆိုရင် SWORD ဟာခူရူးယုဂိုဏ်းအုပ်စိုးနေသရွေ့အနာဂတ်ဆိုတာလည်းမရှိဘူးလို့ဆိုပါတယ်။ အင်အားကြီးတဲ့ဧရာမဂိုဏ်းကြီးနဲ့ အားပြိုင်ဖို့ကြိုးစားပုံမှာဇာတ်အိမ်တည်ထားတယ်။တချိန်တည်းမှာပဲ SWORD နယ်မြေကို ခပ်ထန်ကြမ်းတမ်းလွန်းတဲ့ဂိုဏ်းနှစ်ဂိုဏ်းဖြစ်ကြတဲ့ ရမ်မာရုရဲ့သံသယဂိုဏ်းနဲ့ ဂျက်စီရဲ့ ထောင်ဂိုဏ်းတို့ပူးပေါင်းကာ တိုက်ခိုက်ဖို့ကြံစည်ကြပါတယ်။ အဓိကက သံသယဂိုဏ်းရဲ့ထာဝရရန်ဖက်ဖြစ်တဲ့ ဝှိုက်ရတ်စကဲလ်ဂိုဏ်းကို ချေမှုန်းချင်ရာကနေစတင်ပါတယ်။ဝှိုက်ရတ်စကဲလ်တွေဟာအမျိုးသမီးတွေကို ကာကွယ်သူတွေအဖြစ်ခံယူထားကြပြီးသံသယဂိုဏ်းသားတွေကတော့ ငွေရရင်ဘာမဆိုလုပ်ကြမယ့်လူတွေဖြစ် တယ်။ SWORD နယ်မြေက ဆန်းနိုးလူဆိုးဂိုဏ်းကိုယ်စားပြု ကော်ဘရာဟာ SWORD ဂိုဏ်းတွေမဟာမိတ်ဖွဲ့ဖို့ အဆိုကိုတင်သွင်းပြီးအားလုံးလိုလိုကငြင်းဆန်ခဲ့ကြပါတယ်။ ဝှိုက်ရတ်စကဲလ်ဂိုဏ်းကရော့ကီဟာ သံသယဂိုဏ်းကဘဲတွေကိုသူကိုယ်တိုင်ပဲရိုက်ခွဲချင်နေပြီးအခြားဘေးကပါဝင်သူတွေကိုထိခိုက်နစ်နာမှာကိုမလိုလားပါဘူး။တစ်ဖက်မှာတော့ အာမားမီးယားညီအစ်ကိုဂိုဏ်းဟာ ဒုစရိုက်လောကရဲ့အကြီးဆုံးဂိုဏ်းဖြစ်တဲ့ခူရူးယုဂိုဏ်းကို အမြစ်ကနေဆွဲလှန်ပြီးဖျက်စီးနိုင်မယ့် ယူအက်စ်ဘီ(USB FLASH DRIVE)ကိုလက်ဝယ်ရရှိထားပါတယ်။ ...
movie
HiGH&LOW The Movie 2: End of Sky(2017)