Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Manav Vij
5.6
Patna Shuklla (2024)
Patna Shukla (2024) (ရှေ့နေမလေးရှုကလာ) IMDb - 5.4/10ယခုတစ်ခါမှာတော့ အမျိုးသမီးရှေ့နေလေတစ်ယောက်ရဲ့ ဘဝအကြောင်းကို တင်ဆက်ပေးမှာပဲဖြစ်ပါတယ်။တန်ဗီလိုခေါ်တဲ့ အမျိုးသမီးရှေ့နေတစ်ဦးဟာ ခင်ပွန်းဖြစ်သူနဲ့ သားလေးအပေါ် မယားဝတ္တရား မိခင်ဝတ္တရားတို့နဲ့ အညီလုပ်ကိုင်ပေးရင်းနဲ့ ရှေ့နေအလုပ်ကိုလည်း ကြိုးစားပမ်းစားလုပ်ကိုင်နေသူတစ်ဦးဖြစ်ပါတယ်။ တန်ဗီဟာ ကြိုးစားလုပ်ကိုင်ပေမဲ့ အမှုသေးသေးလေးတွေကိုပဲ ကိုင်တွယ်ရတဲ့အပြင် ခင်ပွန်းဖြစ်သူဟာလည်း ဒီအလုပ်နဲ့ပတ်သတ်ပြီး အရမ်းကြီးလေးစားမပြခဲ့ပါဘူး။ ဒီလိုနဲ့ တစ်ရက်မှာ ရင်ကီကူမာရီလို့ခေါ်တဲ့ကောင်မလေးတစ်ယောက်ဟာ တန်ဗီဆီကို အမှုတစ်ခုလာရောက်အပ်ပါတော့တယ်။အဲဒီအမှုကတော့ သူဟာစာမေးပွဲကို ကောင်းမွန်စွာဖြေဆိုနိုင်ပေမဲ့ အောင်စာရင်းထွက်လာတဲ့အခါမှာ စာမေးပွဲကျကြောင်းသိလိုက်ရတဲ့အခါမှာ ရလဒ်ကိုမကျေနပ်ပြီး သူ့ရဲ့အဖြေလွှာကို ပြန်လည်စစ်ဆေးပေးဖို့အတွက် ကျောင်းကိုပြန်ပြီးတော့ တရားစွဲချင်တာပဲဖြစ်ပါတယ်။ တန်ဗီဟာ ဒီအမှုကို ဖြေရှင်းပေးဖို့လက်ခံလိုက်ပြီးနောက်မှာတော့ ဒီအမှုဟာ အရင်အမှုတွေလို ရိုးရှင်းလွယ်ကူနေတာမျိုးမဟုတ်ဘဲ နောက်ကွယ်မှာ ရှုပ်ထွေးမှုအပေါင်းသောင်းခြောက်ထောင်ရှိနေတဲ့နောက်မှာတော့ ........ တန်ဗီတစ်ယောက် ဒီအမှုကို ဘယ်လိုဖြေရှင်းသွားမလဲ ...... အမှုကိုဖြေရှင်းရင်း မိသားစုအပေါ်မှာရော တာဝန်ကျေနိင်ပါ့မလား..... ဆိုတာတွေကို ကြည့်ရှုရမဲ့ တရားရုံးဒရာမာဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ BpL~Alex~ToMo~Aditi~KKKZ တို့ပဲဖြစ်ပါတယ်) File size…1.78GB / 734MB Quality…WEB DL 1080p / 720p Format…mp4 Duration…. Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~Alex~ToMo~Aditi~KKKZ
movie
Patna Shuklla (2024)
2024
7.3
Vadh(2022)
Vadh (2022)IMDb-7.4/10အိန္ဒိယကားတွေက ကခုန်ခြင်း မင်းသားရဲ့ အိုဗာပါဝါတွေနဲ့ နာမည်ကြီးသလို ဒရမ်မာဇာတ်ကားတွေ ရိုက်တဲ့နေရာမှာလဲ မညံ့ကြောင်း 3 idiots တို့ PK တို့ Super 30 တို့လိုဇာတ်ကားတွေမှာလဲ တွေ့နိုင်မှာပါယခုဇာတ်ကားက အိန္ဒိယကားထဲမှာ ရှားရှားပါးပါး Thriller အမျိုးအစားပါ Thriller ကိုမှ ရိုးရိုးစိတ်လှုပ်ရှားရရုံတင်မက စိတ်မွန်းကျပ်လာအောင်ကို လုပ်တဲ့ အမျိုးအစားပါအသက်ကြီးကြီး ကျောင်းဆရာအိုကြီးနဲ့ သူ့မိန်းမဟာ သားကိုနိုင်ငံခြားပို့ဖို့အတွက် အကြွေးတွေယူခဲ့ပြီး အဲဒီအကြွေးတွေလည်ပင်းနစ် ဘဝပျက်နေတဲ့ အချိန်မှာ ကံဆိုးမသွားရာ မိုးကြိုးပါပစ်ချတဲ့ ဇာတ်လမ်းသွားက Thriller ဆိုတဲ့အတိုင်း တဖြည်းဖြည်းဇာတ်ရှိန်မြင့်လာပြီး အဘိုးကြီးရဲ့မွန်းကျပ်မှုတွေနဲ့အတူ ဝင်ခံစားရင်း ထိုင်ရာမထကြည့်ဖြစ်သွားမှာမို့ ပရိသတ်ကြီးကိုလဲ လက်တို့ပေးလိုက်ပါတယ် File size…1.5GB / 719MB Quality…1080p NF WEB DL /720p Format…mp4 Duration….1h 50m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ Sai Thu Rein ~ Nyein Aye
movie
Vadh(2022)
2022
5.0
Laal Singh Chaddha (2022)
Comedy, Drama, Romanceကဲ ကဲ လူရှင်းမယ် လူရှင်းမယ် အားလုံးစောင့်မျှော်နေကြတဲ့ အမီခန်းရဲ့ ကားသစ်ကြီးလာပါပြီ 🎉.. Forrest Gump Remake ကားလည်းဖြစ် မင်းသားကလည်း မင်းသားကြီး အမီခန်းလည်းဖြစ်တော့ ကြည့်မကောင်းမှာ ပူစရာမလိုတော့ပါဘူးနာမည်ကြီးကားကို ပြန်ရိုက်ထားတဲ့ ကားဖြစ်တော့ အများကြီးတော့ ညွှန်းစရာလိုမယ် မထင်ပါဘူးနော်"လိုင်" ဆိုတဲ့ကောင်လေးဟာ ဉာဏ်ရည်အိုင်ကျူ နိမ့်ပါးတဲ့သူတစ်ယောက် ဖြစ်တဲ့အပြင် ခြေထောက်ကလည်း မသန်စွမ်းတဲ့သူတစ်ယောက်ပေါ့ ဒါပေမယ့် သူ့အမေက သူ့ကို သူဟာ ဘာမှကွဲပြားနေတဲ့သူ မဟုတ်ကြောင်းနဲ့ သူဟာ ဘာမဆိုတတ်စွမ်းနိုင်ကြောင်းကို အမြဲတမ်း သင်ပြပေးတယ်အမြဲတမ်း အနိုင်ကျင့်ခံရပြီး အပယ်ခံနေရတဲ့ သူတစ်ယောက် ကျောင်းရောက်တော့ သူ့ဘက်မှာရပ်တည်ပေးတဲ့ ပထမဆုံးသူတစ်ယောက်နဲ့ ဆုံတွေ့လိုက်ရတယ် သူကတော့ "ရူပါ" တဲ့အဲဒီလိုနဲ့ ရူပါဟာ သူ့ဘဝ သူ့အနာဂတ် သူ့အိပ်မက်ဖြစ်လာတယ် ရူပါတစ်ခွန်းဆို တစ်ခွန်း သူ မဆိုင်းမတွလုပ်တတ်လာတယ် သူ့အမေနဲ့ ရူပါဟာ သူ့ဘဝရဲ့ အကောင်းဆုံးလူတွေပေါ့အနိုင်ကျင့်တဲ့သူတွေလက်ထဲက ပြေးရင်းနဲ့ အပြေးသန်လာတဲ့ သူဟာ အပြေးသမားလည်း လုပ်ဖြစ်ခဲ့တယ် စစ်ထဲလည်း ဝင်ဖူးခဲ့တယ် ဘဝကြီးမှာ သူမလုပ်ဖူးတာ မရှိလောက်အောင် အစုံသူလုပ်ခဲ့တယ်"လိုင်" ဆိုတဲ့ ကောင်လေးဟာ ဉာဏ်ရည်နိမ့်ပါးသူဖြစ်လင့်ကစား လူတကာထက် ...
movie
Laal Singh Chaddha (2022)
2022
7.4
Samrat Prithviraj (2022)
Samrat Prithviraj 2022==================Samrat Prithviraj 2022IMDb 7.4ရရှိထားတဲ့ မင်းသားကြီးအာရှေးကူမားရဲ့ ရုံတင်ဇာတ်ကားကြည်တောက်ရှင်းထွက်ရှိလာပါပြီ... ဒီဇာတ်ကားကတော့ ရှေးခေတ်အိန္ဒိယနိုင်ငံရဲ့ကျော်ကြားတဲ့စစ်သူကြီးSamrat Prithviraj Chauhan အကြောင်းကို အခြေခံရိုက်ကူးထားတာပါ။IMDb 7.4ရရှိထားပြီး မင်းသားကြီးအာရှေးကူမားပါဝင်သရုပ်ဆောင်ထားတဲ့ဒီရာဇဝင်ကားသစ်ဟာဆိုရင်..ကြောက်လန့်ခြင်းမရှိ ရန်အပေါင်းကိုအောင်နိုင်တဲ့ ပရစ်ထဗီရာဂ်ျဆိုတာအခက်အခဲတိုင်းကိုရင်ဆိုင်နိုင်သူပါ တစ်နေ့မှာကန်နူးဂ်ျတိုင်းပြည်ရဲ့ဘုရင်ကပရစ်ထဗီရာဂ်ျ့တို့နေတဲ့ဒေလီမြို့ကို ပူဇော်ပွဲတက်ရောက်ဖို့ဖိတ်ကြားလွှာပို့ခဲ့ပါတယ် အဲ့ဒီဖိတ်ကြားလွှဲကဘယ်လိုမျိုးလဲ ရဲရင့်တဲ့ သူရဲကောင်းSamratဘယ်လိုဘယ်ပုံဖြေရှင်းရမလဲဆိုတာကို မင်းသားကြီးအာရှေးကူမားရဲ့ သရုပ်ဆောင်ပိုင်နိုင်မှုနဲ့ဆွဲဆောင်မှုမှုရှိရှိကြည့်ရှုရမယ့်ဇာတ်လမ်းကောင်းတပုဒ်ဖြစ်ပါတယ် File size…7.64GB / 2.58GB / 1.2GB Quality…4k HEVC AMZ WBE DL / 1080p TRUE WBE DL AAC5.1CH / 720p Format…mp4 Duration….2h 15m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor & Yunni & Honeyey & Guu Guu Reviewed by : Yunni
movie
Samrat Prithviraj (2022)
2022
4K HEVC Web-DL
9.0
Andhadhun (2018)
IMDb Rating - 9/10 Google Users - 97% Rotten Tomatoes - 100% Box office - ₹110 crore Genere - Comedy, Crime, Thrillerအချစ်၊ဂီတ၊ပြစ်မှု၊သဲထိတ်ရင်ဖို စတာတွေကိုတစ်ကားထဲမှာ ကြည့်ရှု ခံစားရမယ့် ဇာတ်ကားကောင်းတစ်ကားပါ။အထူးသဖြင့် 'သူများမကောင်းကြံကိုယ့်ဘေးရန်ထိ' ဆိုတဲ့ စကားကို အဓိကမြင်မိစေပါတယ်။ထို့နောက် ဇာတ်ကားရဲ့ တင်ဆက်ပုံဖြစ်တဲ့ မြူးကြွတဲ့ သီချင်းသံစဉ်တွေနဲ့ အတူ ပျင်းရိစရာ ဇာတ်ဝင်ခန်းရယ်လို့ ရှာမတွေ့တဲ့ ဇာတ်ကားတစ်ကားအဖြစ် ချီးကျူးမိမှာပါ။မျက်မမြင်တစ်ယောက်အနေနဲ့လူသတ်မှုကို သိနေပါလျက် အမှုဖွင့်ချင်ပေမဲ့သူကိုယ်တိုင် မျက်မြင်သက်သေဖြစ်ခွင့်မရှိတဲ့ အခါမှာ......ဒီဇာတ်ကားဟာ နာမည်ကြီး ဇာတ်ကားတစ်ကား၊IMDb Rating ထဲမှာလည်း နေရာကောင်းရထားတဲ့ဇာတ်ကားတစ်ကားဆိုတာသိရင်"ဇာတ်လမ်းအကျဉ်း" ဆိုတဲ့အပိုင်းကို မဖတ်စေချင်ပါဘူး။(ဇာတ်လမ်းအကျဉ်း ရေးရတာ တော်တော်ခက်ပါတယ်။တချို့ ဇာတ်ကွက်တွေ ပေါ်သွားမှာ ကြောက်ရပါတယ်)" ဇာတ်လမ်း အကျဉ်း "အာ့ကက်ချ်က မျက်ကန်း စန္နရားပညာရှင်ပါ။မျက်မမြင်တွေဟာ အာရုံစူးစိုက်မှု ကောင်းတယ်တဲ့။အနုပညာရှင်တွေအဖို့ အာရုံစူးစိုက်မှု ...
movie
Andhadhun (2018)
2018
6.2
Gunjan Saxena: The Kargil Girl (2020)
ဒီတခါတော့ CMပရိတ်သတ်ကြီးအတွက် ဘောလိဝုဒ်ဇာတ်ကားကောင်းလေးတပုဒ် တင်ဆက်ပေးလိုက်ပါပြီ. ဇာတ်လမ်းလေးကိုတော့ ပိုင်းလော့ဖြစ်ချင်တဲ့ မိန်းကလေးတစ်ယောက်ရဲ့ ကြိုးပမ်းမှုကို ရိုက်ပြပြီး တင်ဆက်ထားတာပါ. ငယ်ငယ်တည်းက အဖေရဲ့အလိုလိုက်ချစ်မြတ်နိုးခြင်းကို ခံရတဲ့ ဂွန်ဂျူးဟာ မိန်းကလေးဖြစ်ပေမယ့် ပိုင်းလော့တစ်ယောက်ဖြစ်ချင်ခဲ့ပါတယ်. စာဆိုလဲ အရမ်းတော်ပေမယ့် သူ့ရဲ့တခုတည်းသော ရည်ရွယ်ချက်က ပိုင်းလော့တစ်ယောက်ဖြစ်ဖို့ပါပဲ. ဒါပေမယ့်လည်း အန္ဒိယလိုနေရာမျိုးမှာ အမျိုးသမီးပိုင်းလော့က ရှားတာကြောင့် လူအတော်များများက ဝိုင်းတားခဲ့ကြပါတယ်. ဂွန်ဂျူးကတော့ လက်မလျှော့ခဲ့ပါဘူး. သူတို့နိုင်ငံရဲ့ ပိုင်းလော့တစ်ယောက်ဖြစ်ဖို့ အခြေခံလိုအပ်ချက် ၁၀တန်းဆိုပေမယ့် ဂွန်ဂျူးသွားလျှောက်ချိန်မှာ ၁၁တန်းထိအောင်ဖို့ လိုနေခဲ့ပါတယ်. ဒါကြောင့် ဂွန်ဂျူးကလဲ ၁၁တန်းကို ဆက်တက်ပြီး အောင်မြင်ခဲ့ပါတယ်. ထပ်သွားလျှောက်ချိန်မှာလဲ တခြား ပညာရေးအဆင့်တွေ လိုအပ်နေသေးတာကြောင့် ဂွန်ဂျူးက နှစ်အတော်ကြာကြိုစားခဲ့ပါတယ်. နောက်ဆုံး ပညာရေးအဆင့်တွေ မှီသွားတဲ့အချိန်မှာတော့ ပိုင်းလော့သင်တန်းစရိတ်ကြောင့် သူဟာ နှစ်များစွာကြိုးစားခဲ့သမျှကို လက်လျှော့ရမလို ဖြစ်နေခဲ့ပါတယ်. ဂွန်ဂျူးသူ့ရည်ရွယ်ချက်ကို ဘယ်လိုဘယ်ပုံကြိုးစားအားထုတ်ခဲ့တယ် ဘယ်အထိ ဖိနိုပ်ခံခဲ့ရတယ် ဂွန်ဂျူးရဲ့အာဂသတ္တိကို လေးစားဖွယ်တင်ဆက်ပြသထားတဲ့ အန္ဒိယဇာတ်ကားလေးမို့ ကြည့်ဖြစ်အောင်ကြည့်ဖို့ ညွှန်းလိုက်ပါရစေဗျာ. File Size - 1.2 gb Quality - web-dl 1080p Subtitle - burmese Translator - YK Encoder - Thit San Khant
movie
Gunjan Saxena: The Kargil Girl (2020)
2020
7.6
Laal Kaptaan (2019)
(Unicode)IMDb ratings : 7.6/10Genre : Action,Dramaဒီတစ်ခါ ဘောလိ၀ုဒ်ဇာတ်ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။Saif Ali Khan , Sonakshi Sinha တို့ ပါ၀င်သရုပ်ဆောင်ထားတဲ့ ကြည့်ပျော်ရှုပျော် ဇာတ်ကားတစ်ကားပါ။ဒီကားအညွှန်းရေးရမှာက ကျွန်တော့်အဖို့ တော်တော့်ကို ခက်ခဲပါတယ်။အိန္ဒိယနိုင်ငံမှာ ဇာတ်အနိမ့်အမြင့်နာမည်တွေ ၊ မျိုးနွယ်နာမည်တွေနဲ့ ကိုးကွယ်တဲ့ဘာသာပေါင်းများစွာရှိတဲ့အတွက် လက်လှမ်းမမီတာကြောင့်ပေါ့။ဇာတ်လမ်းစစချင်းကတည်းက သတ်တာဖြတ်တာတွေ ၊ သွေးထွက်သံယို ပြကွက်တွေနဲ့ စထားတာမို့၊ အရွယ်မရောက်သေးသူ ကလေးသူငယ်များ အုပ်ထိန်းသူနဲ့ကြည့်သင့်ပါတယ်။၁၈ ရာစု၀န်းကျင်ကို အခြေခံပြီး ဇာတ်အိမ်တည်ထားတဲ့ ဒီကားက ဟောလိ၀ုဒ်က ရိုက်ပြခဲ့တဲ့ Bounty Hunter ကားတွေနဲ့ တော်တော်လေး တူပါတယ်။အဓိက ဇာတ်ကောင်က ဆုကြေးအထုတ်ခံထားတဲ့သူတွေကို လိုက်သတ်မယ်။ပြီးရင် သတ်ထားတဲ့သူရဲ့ခေါင်းကို ဖြတ်ယူပြီး ထုတ်ထားတဲ့သူဆီ ငွေသွားတောင်းမယ်။ ...
movie
Laal Kaptaan (2019)
2019
5.7
Bharat (2019)
IMDb rating - 5.7/10Google Users - 74%Genere - Acrion/Dramaမင်းသားကြီး Salman Khanနဲ့ မင်းသမီး Katrina Kaifတို့ အပြင် Sunil Grover တို့ သရုပ်ဆောင်ထားကြတဲ့ ရုံတင်ဇာတ်ကားကြီး အကြည်ထွက်လာလို့ တင်ဆက်ပေးလိုက်ပါတယ်။-----------------------------------------------လူတစ်ယောက် ဘဝတစ်ခု ဆိုပေမဲ့ ဘားရတ်ရဲ့ ဘဝက ဖြတ်သန်းရတဲ့ နယ်ပယ်အစုံမှာ မှတ်သားထားစရာ ဖြစ်ရပ်လေးတွေ ရှိတယ်။ခု သူဟာ အသက်ကြီးကြီး လူအိုကြီး တစ်ယောက် ဖြစ်နေပြီ။ငယ်ဘဝကတည်းက ခုထိတိုင် မပြောင်းလဲသေးတဲ့ အကြောင်းအရာတွေ အပြုအမူတွေ ရှိတုန်းပဲ။တစ်နေ့ သူ့အဖေ ' ဒီဆိုင်လေးမှာ လာတွေ့မယ်၊ စောင့်နေပါ ' ဆိုတဲ့ စကားကို ငယ်ဘဝကနေ ခုထိ မမေ့သေးဘူး။တနေ့ကျရင် သူ့အဖေနဲ့ သူ့ညီမ သူတို့ဆီ လာကြမယ်လို့ သူ ယုံကြည်ထားတုန်းပဲ။" မင်းက အကြီးဆုံးသားမို့ ...
movie
Bharat (2019)
2019
2.1
Race 3 (2018)
ရှမ်ရှာဆင်းန်ဟာ အရှေ့အလယ်ပိုင်းဒေသမှာ အင်ပါယာ ကြီးတစ်ခုတည်ထောင်ပြီး လက်နက်နဲ့ မူးယစ်ဆေးဝါးတွေ အ ရောင်းအဝယ်ပြုလုပ်နေတာပါ။ရှမ်ရှာမှာ ဆန်ဂျာနာနဲ့ ဆူရက်ဂျ် ဆိုတဲ့ အမြွှာသားနှစ်ယောက်ရှိပြီး ဆီကန်ဒါဆင်းန်ကတော့ မွေးစား သားပါ။ရက်ရှ်က ဆီကန်ဒါရဲ့ လူယုံတစ်ယောက်ဖြစ်ပြီး ရှမ်ရှာအင်ပါ ယာနဲ့ နီးစပ်သူလည်းဖြစ်ပါတယ်။ ရာနာဗီဂျေးဟာ ရှမ်ရှာရဲ့ စီးပွားပြိုင်ဘက်ဖြစ်ပြီး ရှမ်ရှာမိသားစု ရဲ့ စီးပွားရေးကို တစ်ချိန်လုံး ဒုက္ခ ပေးနေသူလည်းဖြစ်ပါတယ်။တစ်ရက်မှာတော့ မိသားစု ရှေ့နေဟာ အိမ်ကိုရောက်လာပြီး ဆန်ဂျာနာနဲ့ ဆူရက်ဂျ်တို့လည်း အသက် (၂၅)နှစ်ပြည့်ပြီမို့ ရှမ်ရှာက ဆီကန်ဒါကို သူပိုင်ဆိုင်သမျှ ၅၀ ရာခိုင်နှုန်း၊ ဆန်ဂျာနာနဲ့ ဆူ ရက်ဂျ်တို့ကို တစ်ယောက် ၂၅ ရာခိုင်နှုန်းစီ ခွဲဝေပေးခဲ့ပါတယ်။အဲဒီအခါမှာ မိသားစုထဲမှာ ပြဿနာလေးတွေရှိလာပြီး အမြွှာညီ အစ်ကိုနှစ်ယောက်က ဆီကန်ဒါ ကို မကျေနပ်လို့ တိုက်ခိုက်လာ တဲ့အတွက် ဆီကန်ဒါနဲ့ ပြဿနာ စပါတော့တယ်။တကယ်တော့ ...
movie
Race 3 (2018)
2018
N/A
Long Live Brij Mohan(2017)
Long Live Brij Mohan(2017)လူတိုင်း လူတိုင်းမှာ လက်ရှိခေါက်ရိုးကျိုးဘဝအနေအထားကနေ ထွက်ပြေးချင်တဲ့အခိုက်အတန့်ဆိုတာရှိမှာပါပဲ။ပျင်းရိစရာဘဝကြီးကနေ ရုန်းထွက်...အသစ်တစ်ဖန်မွေးဖွားပစ်လိုက်စမ်းမဟဲ့ဆိုပြီးအားခဲနေသူတစ်ဦးကတော့ ဒေလီစျေးက အထည်ဆိုင်ပိုင်ရှင် Brij Mohanပေါ့။တစ်နေ့မှာတော့ အိမ်ကမိန်းမကြီးနဲ့ အကြွေးတွေကိုထားခဲ့ကာ စကီအသစ်လေးနဲ့ပျော်ပျော်ကြီးဘဝအသစ်ထူမယ်ဆိုပြီး အကြံတစ်ခုကိုအကောင်အထည်ဖော်ပါတော့တယ်။အဲ့ဒီအကြံကတော့ သူ့ကိုတခြားလူတစ်ယောက်ယောက်သတ်သွားသယောင်ယောင်နဲ့ ခြေရာဖျောက်ဖို့ကြံစည်တာပါပဲ။အဲ့လိုဘဝဟောင်းကနေထွက်ပြေးလွတ်မြောက်ခဲ့ပေမယ့် ဘဝအသစ်မှာရောသူဘာတွေပြောင်းလဲသွားနိုင်မှာလဲ?သူမျှော်လင့်ထားသလိုရောဖြစ်လာပါ့မလား?ကံကြမ္မာဆိုတာပြောင်းလဲလို့ရနိုင်သလား?ဆိုတဲ့မေးခွန်းတွေနဲ့ အဆုံးထိမငြီးမငွေ့ကြည့်ရှုသွားရမယ့် အိန္ဒိယကားလေးကတော့ IMDB Rating 7.7/10 တောင်ရရှိထားတဲ့ ဟောဒီက Long Live Brij Mohan(2017)ဆိုတဲ့ကားလေးပါ။Ratingတွေကြည့်ရုံနဲ့ ကားကောင်းဟုတ်မဟုတ် ဆိုတာ အကဲဖြတ်လို့ရနိုင်တယ်ဆိုပေမယ့်တကယ်ခံစားဆုံးဖြတ်ကြည့်ဖို့အတွက် Downloadလုပ်ကြည့်ရှုကြပါလို့ပဲ ညွှန်းလိုက်ပါတယ်။Qty - 720p Web DLDuration - 2hr 10minSubtitle - MyanmarTranslator - Moon SandarEncoder - Kyaw Ye Aung
movie
Long Live Brij Mohan(2017)
2017
6.3
Naam Shabana (2017)
movie
Naam Shabana (2017)
2017