Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Malcolm Scott
5.6
RV (2006)
2006 ခုနှစ်ကထွက်ရှိခဲ့တဲ့ မင်းသားကြီး Robin Williams ရဲ့ RV ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းအညွှန်းကတော့ မိသားစုအတွက်အလုပ်တွေပဲအားစိုက်လုပ်နေတဲ့ ဘော့ဘ်ဟာ သားသမီးတွေနဲ့ငယ်တုန်းကလို လက်ပွန်းတတီးမနေရတော့ဘဲ တဖြည်းဖြည်းဝေးကွာလာပါတယ်။ မိနိးမနဲ့လည်းအရင်လိုကြည်နူးမှုလေးတွေပြန်ယူရင်း ကျောင်းသွားတက်တော့မယ့် သားသမီးတွေနဲ့မခွဲရခင် ဟာဝိုင်အီကို အလည်အပတ်ခရီးသွားဖို့စီစဉ်ပါတယ်။ စီစဉ်ပြီးနောက်ရက်မှာပဲ အလုပ်ကအရေးကြီးအစည်းအဝေးတစ်ခုတက်ခိုင်းလို့ မိသားစုနဲ့ ခရီးထွက်ရင်း အလုပ်လည်းမပြုတ်အောင် ဘော့ဘ်တစ်ယောက်ကြံဖန်ရပါတော့တယ်။အပန်းဖြေထွက်ဖို့ RV ကားကြီးတစ်စီးငှါးလာပြီး လမ်းခရီးတစ်လျှောက် ဘယ်လိုအလွဲတွေကြုံရမလဲဆိုတာ မင်းသားကြီး Robin Williams ရဲ့သရုပ်ဆောင်ချက်တွေနဲ့အတူ ရယ်မော ပျော်ရွှင်လိုက်ကြပါဦး။ မိသားစုနဲ့ အလုပ်ကြား ဟန်ချက်ညီအောင် ကြိုးစားနေတဲ့ဖခင်တစ်ယောက်နေရာကိုမြင်နိုင်မှာဖြစ်သလို မိသားစုဝင်တွေကြားမေတ္တာကိုလည်းဖော်ကြူးထားတဲ့ဇာတ်ကားကောင်းလေးဖြစ်တာမို့ လက်မလွှတ်ဘဲကြည့်ရှုဖို့ တိုက်တွန်းလိုက်ရပါတယ်။ File size…(1.6 GB)/(1 GB) Quality….WEB-DL 1080p / 720p Format…mp4 Duration….01:39:00 Genre... Adventure, Comedy, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by P Andrew
movie
RV (2006)
7.1
Man of Steel (2013)
DCEU လို့ သိကြတဲ့ DC Extended Universe ဟာ Aquaman and the Lost Kingdom ရုပ်ရှင်အပြီး ၂၀၂၃ ခုနှစ်မှာတော့ ပိတ်သိမ်းသွားခဲ့ပြီပဲဖြစ်ပါတယ်။ ဒါရိုက်တာ Zack Snyder နဲ့အစပြုခဲ့တဲ့ DCEU ဟာ ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ Warner Bros. နဲ့ အနုပညာရှင် ဒါရိုက်တာတွေကြားက အဆင်မပြေမှုတွေအပြင် အခြားကိစ္စရပ်များကြောင့်ပါ ဝိဝါဒကွဲပြဲတဲ့ အစီအစဉ်တွေနဲ့ မတည်ငြိမ်တဲ့ Universe တစ်ခုဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် DCEU ဟာ Superman, Batman, Wonder Woman,Aquaman,Flash တို့လို ပရိတ်သတ်သဘောကျတဲ့ဇာတ်ကောင်တွေကိုလဲ တင်ဆက်နိုင်ခဲ့တာမလို့ DC ဖန်တွေအတွက် ကျေနပ်စရာကိစ္စရပ်တွေလဲ ရှိခဲ့ပြီး ထိုက်သင့်တဲ့အောင်မြင်မှုတွေလဲ ရရှိခဲ့ပါတယ်။ဒါကြောင့်မလို့ ပြီးဆုံးခဲ့ပြီဖြစ်တဲ့ DCEU ရုပ်ရှင်အားလုံးကို BluRay 4K Quality နဲ့သိမ်းထားလို့ရအောင်တင်ဆက်လိုက်ပါတယ်.....DCEU ရုပ်ရှင်အားလုံးကို ဒီမှာ ...
movie
Man of Steel (2013)
2013
4K HEVC
7.3
The Snow Walker (2003)
၂၀၀၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ ကနေဒါရုပ်ရှင်ဖြစ်တဲ့ ဒီဇာတ်ကားက ကနေဒါနိုင်ငံအနောက်မြောက်ပိုင်းက ရာသီဥတုအေးစက်ကြမ်းတမ်းပြီး သစ်ပင်တောင်ပေါက်ရောက်နိုင်ခြင်းမရှိတဲ့ ကမ္ဘာ့မြောက်ဘက်ခြမ်း အအေးပိုင်းစိမ့်မြေတွေကို ကျော်ဖြတ်ပြီး အသက်ရှင်သန်ဖို့ကြိုးစားကြတဲ့ လူဖြူလေယာဉ်မှူးနဲ့ ဒေသခံအက်စကီးမိုး မိန်းကလေးတစ်ဦးအကြောင်း ရိုက်ကူးထားတာဖြစ်ပါတယ်။၁၉၅၂ ကာလတွေကို တည်ထားတာဖြစ်ပြီး ဖြစ်ရပ်မှန်ကို တစိတ်တပိုင်းအခြေခံထားတဲ့ Walk Well Brother ဆိုတဲ့ ဝတ္ထုတိုကို ရုပ်ရှင်အဖြစ် အသက်သွင်းထားတာဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းက ချာလီဟောလီးဒေးက ဒုတိယကမ္ဘာစစ်အတွင်းက ကနေဒါလေတပ်မှာ ဗုံးကြဲလေယာဥ်မှူးအဖြစ် ထမ်းဆောင်ခဲ့သူဖြစ်ပြီး စစ်အပြီးမှာ ဒေသခံကုမ္ပဏီတစ်ခုမှာ Bush Pilot အဖြစ်ဆောင်ရွက်နေပါတယ်။ တစ်နေ့မှာ အလုပ်ကိစ္စတစ်ခုအတွက် လေယာဥ်မောင်းလာရင်း လမ်းခုလတ်မှာ ဒေသခံ Inuk အက်စကီးမိုးလူမျိုးတစ်စုနဲ့တွေ့ပြီး ဖျားနာနေတဲ့ ဒေသခံမိန်းကလေးတစ်ဦးကို ဆေးရုံပို့ဖို့ Yellowknife မြို့ကို ပို့ပေးရမဲ့အကြောင်းဖန်လာပါတယ်။လမ်းမှာ လေယာဉ်ပျက်ကျပြီး ကျယ်ပြောလှတဲ့အအေးပိုင်းစိမ့်မြေလွင်ပြင်ပေါ်မှာ နှစ်ယောက်သား သောင်တင်နေပါတော့တယ်။ အင်္ဂလိပ်စကားကောင်းကောင်းမပြောတတ်တဲ့ အက်စကီးမိုးမလေး Kanaalaq နဲ့ အကျိုးအမြတ်လိုချင်လို့သာ မိန်းကလေးကို ...
movie
The Snow Walker (2003)
7.6
Watchmen (2009)
ဒါရိုက်တာ ဇက်စနိုင်ဒါရဲ့ စူပါဟီးရိုးလက်ရာတွေထဲက တစ်ခုဖြစ်တဲ့ Watchmen ကို ဘာသာပြန်၊ ကွာလတီ အကုန်စိတ်ကြိုက်ပြင်ပြီး ပြန်တင်ပေးထားပါပြီ။ Watchmen ဟာ Version ၃ မျိုးရှိပြီး ခုတင်ဆက်လိုက်တဲ့ Ultimate Cut ကတော့ အရှည်ဆုံး Cut ဖြစ်တဲ့ ၃ နာရီ ၃၅ မိနစ်ကျော်ကြာမြင့်တဲ့ Version ဖြစ်တာမလို့ အပြည့်စုံဆုံး Version ပါပဲ။Watchmen ရုပ်ရှင်ဟာ နောက်ပိုင်း မာဗယ်နဲ့ဒီစီနှစ်ခုလုံးမှာထွက်နေတဲ့ပေါ့ပေါ့ပါးပါးနဲ့ ဘဝအမောပြေစေတဲ့ကားမျိုးမဟုတ်လို့ စူပါဟီးရိုးရုပ်ရှင် မှောင်မှောင်လေးကြိုက်သူတွေကြည့်သင့်ပါတယ်။ Watchmen ဆိုတဲ့နာမည်ဟာ ရောမစာရေးဆရာ ဂျဗီနယ် ၁ ရာစုလောက်မှာ ရေးသားခဲ့တဲ့ နာမည်ကြီး လက်တင်ကဗျာထဲကနေ ဆင်းသက်လာတာပါ။noui consilia et ueteres quaecumque monetis amici, "pone seram, cohibe". sed quis custodiet ipsos custodesငါ့မိတ်ဆွေတွေ အမြဲပြောနေတဲ့ စည်းကမ်းထိန်းသိမ်းရေး၊ မိန်းမတွေကို စည်းကမ်းတင်းကြပ်ထားဆိုတာ၊ ဒီကင်းသမားတွေကို ဘယ်သူကင်းပြန်စောင့်မလဲ ဆိုတဲ့ ကဗျာပါ။ ရောမခေတ်ရဲ့ အမျိုးသမီးဖိနှိပ်မှုတွေကိုထောက်ပြထားတာဖြစ်ပြီး အာဏာပိုင်တွေကို ဘယ်သူက ထိန်းကျောင်းမလဲဆိုပြီး ...
movie
Watchmen (2009)
2009
4K HEVC