Channel Myanmar

Malaya Di Monte

Jazz Ramsey: A K-9 Mystery (2024) 6.1
Jazz Ramsey: A K-9 Mystery (2024)  cm ပရိသတ်ကြီးကို Hallmark Channel ကနေ အသစ်ထုတ်လွှင့်လိုက်တဲ့ Mystery ဇာတ်ကားသစ်လေးနဲ့မိတ်ဆက်ပေးပါရစေ။ဒီဇာတ်ကားက IMDB မှာ 6.3 အထိ ရထားတဲ့ ကြည့်ကောင်းတဲ့ဇာတ်ကားလေး တစ်ကားဆိုလည်း မမှားပါဘူး။ဇာတ်ညွှန်းကတော့...ခွေးတွေကို ရှာဖွေကယ်ဆယ်ရေးအတွက် အထူးလေ့ကျင့်သင်ကြားပေးတဲ့ ဂျက်ဇ်ရမ်ဆေးနဲ့ သူ့ပါတနာတွဲဘက် ခွေးလေးဇုစ်တို့ဟာ တစ်နေ့မှာ ဂျက်ဇ်တက်ခဲ့ဖူးတဲ့ ကျောင်းမှာ ကလေးတွေကိုမှုခင်းစူးစမ်းရေး ကလပ်အတွက် သင်ကြားပေးဖို့ ရောက်သွားခဲ့ပါတယ်။ပုံမှန်သရုပ်ပြဖို့အတွက် အရိုးတွေဖွက်ထားပြီး ဇုစ်က ရှာဖွေပြပေးရမှာပါ။ဖြစ်ချင်တော့ ဇုစ်ပြသပေးတဲ့ နေရာဟာ အရိုးဖွက်ထားတဲ့ နေရာမဟုတ်ဘဲ လူသတ်၊ အလောင်းကို ကြမ်းခင်းအောက်မှာ ဖွက်ထားတဲ့အခန်း ဖြစ်နေတာပါပဲ။ဒီလိုနဲ့ ကျောင်းအခန်းက မှုခင်းနေရာ ဖြစ်သွားပြီးတော့ ရောက်လာခဲ့တဲ့မှုခင်းရဲစုံထောက် နစ်ခ်ကလည်း ဂျက်စ်ရဲ့ ရည်းစားဟောင်း ဖြစ်နေပြန်ပါတယ်။ဒီအလောင်းက ဘယ်သူ့အလောင်းလဲ.....ဘယ်သူက သတ်ပြီးတော့ ဒီလိုမျိုး ကြမ်းခင်းအောက်မှာ ဖွက်ခဲ့တာလဲ...ဂျက်ဇ်နဲ့ နစ်ခ်တို့ နှစ်ဦး ဇုစ်နဲ့အတူ ဒီအမှုကို အမှန်ပေါ်ပေါက်အောင်ဘယ်လို ရှာဖွေစုံစမ်းကြမလဲ ဆိုတာကို ...
movie

Jazz Ramsey: A K-9 Mystery (2024)