Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Makenzie Vega
6.4
In the Land of Women (2007)
In The Land Of Women (2007)စာရေးဆရာကောင်လေး Carter က စော်ပစ်ခံရပြီးနောက်ပိုင်း ဒီပျက်ရှင်ဝင်ရာကနေ သူ့ရဲ့နေမကောင်းတဲ့အဖွားကိုပြုစုရင်း တစ်ယောက်တည်းနေတော့မယ်ဆိုပြီး LA ကနေ Michigan မြိုလေးကို ပြောင်းလာခဲ့တယ်။အဲဒီမှာ Sarah ဆိုတဲ့ အိမ်ထောင်သည်အမျိုးသမီးတစ်ဦးနဲ့တွေ့ပြီး ရင်ဖွင့်ဖြစ်ရင်း ရင်းနှီးလာရာကနေ Sarah ရဲ့ သမီးနှစ်ယောက်နဲ့ ခင်မင်ပြီး သူ့ရဲ့ စာရေးဖို စိတ်အားထက်သန်မှုတွေပါ ပြန်လည်ပေါ်ပေါက်လာခဲ့တယ်။ဒါပေမဲ့ Carter ရဲ့ Sarah အပေါ် ခံစားချက်တွေက အိမ်နီးချင်းမိတ်ဆွေအဆင့်ထက်ပိုလာရုံတင်မကဘဲ Sarah ရဲ့ သမီးကြီး Lucy ကပါ Carter အပေါ် စိတ်ယိုင်လာတော့ နဂိုကတည်းက ဖောက်ပြန်မှုရှိနေတဲ့ Sarah တိုမိသားစုကြား ဘယ်လိုရှုပ်ထွေးမှုတွေဖြစ်ကုန်မလဲဆိုတာကို ဒီဇာတ်လမ်းထဲမှာ ဟာသတွေနဲ့နှောပြီး စိတ်ဝင်စားဖွယ်ရာ ဆက်လက်ကြည့်ရှုလိုက်ပါဦးဗျာ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ WiRa Aung ပါ )File size_(1.3GB)/(750MB) Quality_Blu-Ray ...
movie
In the Land of Women (2007)
7.6
Saw (2004) Saw 1
Saw Collection ==============CM ကနေ နာမည်ကျော် Saw ဇာတ်ကားတွေကို ဆင်ဆာမဖြတ်ထားတဲ့ Version တွေဖြစ်တဲ့ Unrated/Director's cut Version တွေနဲ့ ပြန်လည် Update လိုက်ပါတယ်။Saw ဇာတ်လမ်းတွေရဲ့အစကတော့ ရုပ်ရှင်ကျောင်းကနေ သင်တန်းဆင်းလာတဲ့ ဒါရိုက်တာပညာသင်ထားတဲ့ James Wan နဲ့ ဇာတ်ညွှန်းပညာသင်ထားတဲ့ Leigh Whannell တို့ ၂ ယောက် ရုပ်ရှင်လောကထဲဝင်ဖို့ လုံလောက်တဲ့ ငွေကြေးမရှိရာကနေ စပါတယ်။ ရုပ်ရှင်ရိုက်ဖို့ ပိုက်ဆံမရှိတော့ ဘတ်ဂျက်နည်းနည်းနဲ့ Twist များတဲ့ ဇာတ်ညွှန်းကို နှစ်ယောက်သားဖန်တီးရိုက်ကူးခဲ့ရာကနေ Saw 2004 ပထမဆုံးရုပ်ရှင်ဖြစ်လာခဲ့ပါတယ်။ လူမငှားနိုင်လို့ ဇာတ်ညွှန်းဆရာ Leigh Whannell ကိုယ်တိုင်သရုပ်ဆောင်ဝင်ရိုက်ခဲ့ရပြီး အခန်းတစ်ခန်းအတွင်းမှာပဲ ရိုက်ကူးခဲ့ရတဲ့ Saw 2004 ရုပ်ရှင်ဟာ ဘတ်ဂျက် ၁ သန်းပဲ ကုန်ကျခဲ့ပေမယ့် ရုံတင်ဝင်ငွေ သန်း ၁၀၀ ကျော်ပြန်လည်ရရှိသည်အထိ ...
movie
Saw (2004) Saw 1
4K HEVC
Just My Luck (2006)
Just My Luck (2006) ================ကံဆိုတာ အမြဲတမ်းကောင်းမနေသလို အမြဲလည်း ဆိုးမနေတတ်ပါဘူး။ ဒါပေမဲ့ ဒီကားကတော့ အမြဲကံကောင်းတတ်တဲ့ ကောင်မလေးနဲ့ ဘာလုပ် လုပ် ကြံဖန်ကံဆိုးတတ်တဲ့ ကိုလူချောတို့အကြောင်းကို ဟာသလေးတွေ နှောပြီး တွေးစရာလေးတွေပါအောင် ရိုက်ကူးထားပါတယ်။Ashley ဆိုတဲ့ မိန်းမချောလေးဟာ အလုပ်ကောင်းကောင်းရှိပြီး အစစအရာ ရာအဆင်ပြေနေတဲ့ မိန်းကလေးပါ။ နာမည်ကျော်သူဌေးသားတစ်ယောက် နဲ့လည်း တွဲနေပါသေးတယ်။ သူ့လက်နဲ့ထိရင် ရွှေဖြစ်တယ်လို့ တင်စားရလောက် အောင် သူ့လုပ်သမျှတိုင်းက ကံအားလျော်စွာ အဆင်ပြေခဲ့တာချည်းပါပဲ။Jake ကတော့ Ashley နဲ့ ဆန့်ကျင်ဘက်ပါပဲ။ ကံဆိုးမသွားရာ မိုးလိုက်ရွာသလို ဘာလုပ်လုပ် အဆိုးတွေပဲ ဖြစ်နေသူပေါ့။ တစ်နေ့မှာ Ashley စီစဉ်တဲ့ ပါတီပွဲကြီး တစ်ခုကို Jake ၀င်ရောက်နိုင်ခဲ့တာကတော့ သူ့အတွက် ကံကောင်းခြင်းလို့ ပြော ရမလိုပါပဲ။ အကြောင်းကတော့ အဲဒီမျက်နှာဖုံးတပ်ပါတီပွဲမှာ Ashley နဲ့ Jake တို့ မထင်မှတ်ဘဲ တွဲကဖြစ်ပြီး နမ်းမိကြရာကစလို့ နှစ်ယောက်လုံးရဲ့ကံကြမ္မာဟာ ပြောင်းပြန်လှန်ပစ်သလို ပြောင်းလဲသွားတာကြောင့်ပါပဲ။အဲဒီနောက်ပိုင်းမှာ မယ်ကံကောင်းနဲ့ မောင်ကံဆိုးတို့ ဘာတွေဆက်ဖြစ်ကြမလဲ၊ ဘယ်သူကကံကောင်းပြီး ဘယ်သူက ...
movie
Just My Luck (2006)
8.0
Sin City (2005)
Sin City (2005)============IMDb Rating - 8.0/10Sin Cityအကြောင်းပြောရရင် နည်းနည်းတော့ရှည်မယ်။ဒီရုပ်ရှင်က ချီးကျူးစရာတော့ အတော်များပါမယ်။ ဒါရိုက်တာသုံးယောက်နဲ့ ဇာတ်လမ်း လေးပုဒ်ပါတဲ့ ရုပ်ရှင်တစ်ကားကိုကြည့်ရတာတစ်ကွဲတစ်ပြားမဖြစ်သွားအောင် ချိတ်ဆက်ထားပုံတွေက သပ်ရပ်တယ်။ Graphic Novelတွေကို ပြန်ရိုက်ထားပေမယ့် Graphic Novelအတိုင်း ပေးဖတ်လိုက်သလိုမျိုး CGIကိုသုံးပြီးပြီး အမြင်ကိုဖမ်းစားထားတာကလည်းဒီရုပ်ရှင်ရဲ့ဆွဲဆောင်မှုတစ်ခုပါပဲ။ အဖြူအမဲလုပ်လိုက် ပြချင်တဲ့အရာတစ်ခုကိုပဲ အရောင်ထည့်ပေးလိုက် ပြကွက်တွေဟာ ဒီအတိုင်းကျွန်တော်တို့ သတိမထားမိမယ့် ပြကွက်တွေကိုပိုသိသာစေတယ်။ Narratorလည်းထည့် ဇာတ်ကောင်ရဲ့ အတွေးတွေကိုလည်းပြထားတာပါ ပေါင်းလိုက်ရင် ဘာမှဖြည့်တွေးစရာမလိုလောက်အောင် ကြည့်ရလွယ်ကူတဲ့ Art Filmတစ်ခုကို တည်ဆောက်ပေးထားသလိုပဲ။ တစ်ချို့အကွက်တွေကတော့ Quentin Tarantinoဆန်တယ်။ ဆန်ဆို ဒီကားမှာသူက Guest Director။သူကိုယ်တိုင်၀င်ရိုက်ခဲ့တာက ငါးမိနစ်လောက်ပဲပါပေမယ့် ကျန်တာတွေလည်း သူအကြံပေးခဲ့မယ်ထင်တယ်။ ချေးအပြည့်နဲ့အိမ်သာခွက်ထဲ ခေါင်းနှစ်တာတွေကားဘေးက တရွတ်တိုက်ဆွဲပြီး စစ်မေးတာတွေ လိင်အင်္ဂါကို ဆွဲဖြုတ်တာတွေ ခြေတွေလက်တွေဖြတ်ပြီး ကျန်တဲ့ကိုယ်ကို ခွေးကျွေးတာတွေ မထင်သလို ...
movie
Sin City (2005)
2005
1080p HEVC
6.8
The Family Man (2000)
The Family Man (2000) ================== 2000 ခုနှစ်ဖွားတွေနဲ့သက်တူရွယ်တူဖြစ်တဲ့ “The Family Man” ဆိုတဲ့ကားလေးက မင်းသားကြီး Nicolas Cageရယ် တစ်ခေတ်တစ်ခါကအလှပဂေးလေး Téa Leoni နဲ့ Don Cheadle တို့ပါဝင်သရုပ်ဆောင်ထားတဲ့ IMDb 6.8 ရ စိတ်ကူးယဉ်အချစ်ဟာသဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။လူတွေအသုံးများတဲ့ စကားလုံးတွေထဲမှာ “အကယ်၍များ ..” ဆိုတဲ့စကားလည်း အပါအဝင်ပဲမလား။ နောင်တရလို့ပြောမိတာပဲဖြစ်ဖြစ် အတိတ်မှာကိုယ်မလုပ်ဖြစ်ခဲ့တဲ့တစ်စုံတစ်ရာကို “အကယ်၍များ ငါသာလုပ်ဖြစ်ခဲ့ရင် ..” ဆိုပြီး စူးစမ်းလိုစိတ်နဲ့ပြောတာမျိုးပဲဖြစ်ဖြစ် ပြောဖူးခဲ့ကြတယ်မလား ..?ကောလိပ်တည်းကချစ်ခဲ့ကြတဲ့ ဂျက်ခ် နဲ့ ကိတ်တို့ချစ်သူနှစ်ဦး .. တစ်နေ့မှာဂျက်ခ်တစ်ယောက် လန်ဒန်ကို သွားဖို့ အကြောင်းဖန်လာခဲ့ပါတော့တယ်။ ကိတ်ကမသွားဖို့အမျိုးမျိုးတားခဲ့ပေမယ့် ဘဝတိုးတက်ရေးအတွက်စိတ်အားထက်သန်လွန်းနေတဲ့ဂျက်ခ်ကို မတားနိုင်ခဲ့ရာကနေ သူတို့နှစ်ဦး ဝေးကွာသွားခဲ့ကြပါတယ်။ဒီလိုနဲ့ နှစ်ပေါင်း ၃၀ကြာအပြီးမှာတော့ ဂျက်ခ်တစ်ယောက် Wall Street အလုပ်အမှုဆောင်ကုမ္ပဏီရဲ့ ဥက္ကဌကြီးဖြစ်လာပြီပဲဖြစ်ပါတယ်။ ခရစ္စမတ်အကြိုနေ့လိုရက်မျိုးမှာတောင်အနားမယူနိုင်ဘဲ အလုပ်လောဘကြီးလွန်းလှတဲ့ ဂျက်ခ်တစ်ယောက် ကက်ရှ်လို့ခေါ်တဲ့အမျိုးသားတစ်ဦးနဲ့ အပေးအယူလုပ်မိရာကနေ လွန်ခဲ့တဲ့နှစ် ၃၀ “အကယ်၍များ အဲဒီနေ့က သူသာကိတ်ကိုထားခဲ့ပြီး လန်ဒန်ကိုမထွက်သွားခဲ့ရင် ..” ...
movie
The Family Man (2000)
2000
Exploited (2022)
လူတွေဟာ တိုးတက်လာတဲ့ခေတ်ကြီးနဲ့အတူ ကမ္ဘာကြီးတစ်ခုလုံးနဲ့ ဆက်သွယ်လာနိုင်ပေမဲ့ တကိုယ်ရေပေါင်းသင်းရေးနဲ့ အပြင်လောကမိတ်ဆွေဖွဲ့ရေးတွေမှာတော့ အလုံးစုံကျရှုံးရပါတယ်။ ဆိုရှယ်မီဒီယာအကောင့်ပေါ်မှာ သူငယ်ချင်းထောင်နဲ့ချီပြီးရှိပေမဲ့ ပြင်ပလောကမှာတော့ အထီးကျန်ရှာတဲ့သူတွေဟာ ကွန်ပျူတာစခရင်ရှေ့မှာပဲ အချိန်ဖြုန်းကြရရှာတာပေါ့။အဲဒီအခါမှာတော့ ဆိုရှယ်မီဒီယာပေါ်မှာ ဝက်ဘ်ကမ် ဖျော်ဖြေရေးသမားဆိုတာ ပေါ်လာပါလေရော။ သူတို့ဟာ တဖက်လူကပေးတဲ့ငွေကြေးအပေါ်မူတည်ပြီး ဝန်ဆောင်မှုတွေပေးကြပါတယ်။ လိင်ကိစ္စ အဖော်အချွတ်တွေ၊ အားပေးစကားပြောတာတွေ၊ သူတပါးကို မြှောက်ပင့်ပြောဆိုပေးရတာတွေ။ တစ်ခါတလေမှာ သူတို့ကိုပေးတဲ့ငွေကြေးက သိပ်များသလောက် ပြန်လုပ်ပေးရတဲ့အရာတွေကလည်း တရားလွန်လာပါတယ်။အခုတင်ဆက်ပေးမယ့် ဇာတ်ကားအသစ်လေးကတော့ ၂၀၂၂ ခုနှစ်ထွက် horror, crime, student Life ဇာတ်လမ်းလေးပါ။ စတာလင်တက္ကသိုလ်ကို ကျောင်းသားသစ် ခပ်ရိုးရိုးလေးတစ်ယောက်အနေနဲ့ ရောက်ရှိလာတဲ့ ဘရိုင်ယန် ဆိုတဲ့ကောင်လေး မျက်စိသူငယ် နားသူငယ်နဲ့ ကျောင်းသားကြီးတွေကြား ဟိုလိမ့်ဒီလိမ့်ပေါ့။သူ့အခန်းဖော်ဆီက မန်မော်ရီစတစ် တစ်ချောင်း မှားဖွင့်မိရာကနေ သူနဲ့ သူ့အစ်ကို ပါဝင်ပက်သက်မိတဲ့ ဇာတ်ရှုပ်ကြီးကို ဖြေရှင်းကြရတာပါ။ တယောက်ယောက်ကတော့ ကျောင်းသားတွေရဲ့ ကွန်ပျူတာတွေကို ဟက်ခ်ပြီး ...
movie
Exploited (2022)