Channel Myanmar

Maja Izetbegović

Excursion (2023) 6.5
Excursion (2023)  ဒီတစ်ခါမှာတော့ Excursion ဆိုတဲ့ နာမည်အတိုင်းပဲကျောင်းလေ့လာရေးခရီးတစ်ခုနဲ့ပတ်သက်လို့ ဇာတ်အိမ်တည်ထားတဲ့ရုပ်ရှင်တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ် ။အဓိက ဇာတ်ဆောင်ကတော့ အလယ်တန်းကျောင်းသူလေးတစ်ယောက်ဖြစ်တဲ့ Iman ပါပဲ။ကျောင်းသားအချင်းချင်း truth or dare ကစားရင်းကနေ Iman ကအိမ်နီးချင်းဖြစ်တဲ့ Damir နဲ့ အတူအိပ်ခဲ့တယ်ဆိုတဲ့ အလိမ်စကားတစ်ခွန်းကိုပြောလိုက်မိပါတော့တယ် ။ ကောလဟလဆိုတဲ့အတိုင်းသတင်းတွေက တဖြည်းဖြည်းနဲ့ ချဲ့ကားလာပြီး အမျိုးမျိုး ဝေဖန်နေတဲ့အချိန်မှာ မီးလောင်ရာ လေပင့်လိုက်တာကတော့ Iman ကျောင်းမှာအန်တဲ့ကိစ္စပါပဲ ။ ဒါကိုလည်း သူ့အလိမ်တွေ ခိုင်မာဖို့အတွက် သူ့မှာကိုယ်ဝန်ရှိနေသယောင်ယောင် ဇာတ်လမ်းဆင်ပါတော့တယ် ။အလယ်တန်းကျောင်းသူလေးတစ်ယောက်ရဲ့ အလိမ်စကားကဘယ်လောက်ထိ တာသွားနိုင်လဲ ။ Iman က ဒီလိုကိစ္စကို ဘာလို့လိမ်ပြောခဲ့တာလဲ ။ သူ့အလိမ်ရဲ့ အကျိုးဆက်တွေက သူ့ကို ဘယ်လိုထိခိုက်မှုမျိုးတွေ ဖြစ်လာနိုင်သလဲဆိုတာကိုတော့ Excursion ရုပ်ရှင်မှာ အတူတူကြည့်ရှုလိုက်ရအောင်နော် ။ဒီဇာတ်လမ်းလေးမှာတော့ ခေတ်ရှေ့ပြေးလွန်းနေတဲ့ လူငယ်တွေကြားကပြဿနာတွေနဲ့ သူငယ်ချင်းဆက်ဆံရေးတွေကိုပါ ထည့်သွင်းရိုက်ပြထားတာကိုတွေ့ရမှာဖြစ်ပါတယ် ။ File ...
movie

Excursion (2023)