Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Maho Yamada
Hard Days (2023)
ဒီဂျပန် ဒရာမာရုပ်ရှင်က ၂၀၁၄တုန်းက ထွက်ရှိခဲ့ပြီး အောင်မြင်မှုတွေရရှိခဲ့တဲ့ A Hard Day လို့အမည်ရတဲ့ ကိုရီးယားကားကို ဂျပန်မှုပြုပြီး ပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်။မိုးသည်းထန်တဲ့ညတညမှာ စုံထောက်ယူဂျီကူဒိုဟာ ဆေးရုံမှာ အသည်းအသန်ဖြစ်နေတဲ့ အမေဖြစ်သူဆီကို အလောတကြီးသွားနေပါတယ်။ ဒီအချိန်မှာ အထက်လူကြီးဆီက ဖုန်းတကောလ်၀င်လာပြီး ဖုန်းခေါ်လာရခြင်း အကြောင်းရင်းကတော့ ကူဒိုကို လာဘ်ပေးလာဘ်ယူကိစ္စနဲ့ပတ်သက်ပြီး မေးမြန်းဖို့ပါ။ဂျပန်တွေဟာ စည်းကမ်းသိပ်တင်းကျပ်ပါတယ်။ အထူးသဖြင့် စုံထောက်တယောက် လာဘ်စားတာကိုမိသွားရင် ဘ၀ပျက်ပြီး ထောင်ထဲအထိရောက်သွားနိုင်ပါတယ်။ပြဿနာပေါင်းသောင်းခြောက်ထောင်နဲ့ အကျပ်ရိုက်နေတဲ့ကူဒိုဟာ အမေ့ဆေးရုံကိုသွားတဲ့လမ်းမှာ သက်လတ်ပိုင်းယောက်ျားတဦးကို ကားနဲ့တိုက်မိပြီး ဒုက္ခလှလှထပ်တွေ့ပြန်ပါတယ်။ ဒီလိုနဲ့ ကြံရာမရတဲ့ ကူဒိုဟာ အလောင်းကိုကားနောက်ဖုံးထဲထည့်သယ်သွားပြီး အလောင်းဖျောက်ဖို့ကြိုးစားပါတော့တယ်။ဇာတ်လမ်းက အခုမှစတာပါ။ အလောင်းဖျောက်ဖို့ကြိုးစားပြီးနောက်မှာ ကူဒိုရဲ့ဖုန်းထဲကို "မင်း လူတယောက်ကိုသတ်ခဲ့တာ ငါသိတယ်"ဆိုတဲ့ စာတိုတစောင်ရောက်လာခဲ့ပြီး ကူဒိုတယောက် ရှုပ်ထွေးလှတဲ့ အကျိုးဆက်တွေနဲ့ ရင်ဆိုင်ရပါတော့တယ်။ဒီရုပ်ရှင်ဟာ ပြသချိန် ၂နာရီကြာပါတယ်။ဇာတ်လမ်းအစမှာ ဘာကိုပြလို့ပြချင်နေမှန်းမသိ ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ ဇာတ်လမ်းတ၀က်လောက်ကနေစပြီး ဇာတ်ရှိန်တက်လာပြီး ဇာတ်အိမ်အချိတ်အဆက်တွေကလည်း ကောင်းတယ်ဆိုတဲ့အထဲမှာ ...
movie
Hard Days (2023)
5
{18+} Fumiko’s Legs (2018)
ဒီကားကို ခေါင်းစဉ်တပ်ရရင် “စွဲလန်းကြသူများ”လို့ရေးလို့ရမယ်ထင်တယ်။ ဘာတွေများစွဲလန်းနေကြတာလဲဆိုတော့ ခြေထောက်တဲ့။ ဟုတ်ပါတယ်... စာပြန်ဖတ်မနေပါနဲ့ ခြေထောက်ကိုစွဲလန်းကြတာပါ။ ယောကျ်ားလေးတွေအများကြီး ချဉ်းကပ်တာကိုခံရတဲ့ | ဖူမီကိုက သူ့ခြေထောက်ကိုပဲ စွဲလန်းကြမှန်းသိတော့ တကယ်စိတ်ရှုပ်ခဲ့ရတာပေါ့...ဖူမီကိုက မိသားစုကံမကောင်းပါဘူး။ အမေကလည်း အမေကောင်းမပီသတဲ့အပြင် သူ့ခန္ဓာကိုယ်ကိုပါရောင်းစားဖို့ အမြဲလုပ်နေတာပါ။ ဒီလိုနဲ့ အသက် ၇၀ အရွယ်ရှိတဲ့ ဆူကာဂိုရှီအဘိုးအိုတစ်ဦးနဲ့ ဖူမီကို ဆုံမိပါတော့တယ်။ ဆူကာဂိုရှီက အနုပညာကိုရူးသွပ်ပြီး ဖူမီကိုရဲ့ခြေထောက်က | အနုပညာပဲဆိုပြီးချဉ်းကပ်ပါတော့တယ်။ ကင်ဆာရောဂါနဲ့မကြာခင်သေရတော့မှာမို့ သူ့ဘေးနားမှာ ခြေထောက်လေးနဲ့ပဲ ပြုစုပေးပါ... အမွေတွေအကုန်ပေးပါမယ်လို့ပြောတာနဲ့ ဖူမီကိုလည်း လက်ခံခဲ့ပါတယ်။ဒါပေမဲ့ ဆူကာဂိုရှီက ပိုပိုပြီးကျန်းမာလာတော့ ဖူမီကိုတစ်ယောက်လည်း ပိုပိုပြီးနေရခက်လာပါတယ်။ အိမ်ကြီးတစ်လုံးတည်းမှာ သေမလိုဖြစ်ပြီးမှ ကျန်းမာရေးဇွတ်ကောင်းနေတဲ့ ဆူကာဂိုရှီရယ် သူ့တူရယ် ဖူမီကိုရယ် သုံးယောက်စုံကြတဲ့အခါ ဘယ်လိုဆက်ဖြစ်မလဲ? ဆွဲဆောင်မှုရှိတဲ့ခြေထောက်တစ်စုံက လူတွေကို ဘယ်လောက်တောင် ရူးသွပ်သွားစေလဲဆိုတာ ကြည့်လိုက်ပါတော့နော်....(Dark Side Production မှ တင်ဆက်သည်။)Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegram https://t.me/Darksideproductionmm မှာ Join ...
movie
{18+} Fumiko’s Legs (2018)
2018
6.2
The Hound of the Baskervilles: Sherlock the Movie (2022)
The Hound of Baskervilles: Sherlock the Movie (2022)~ IMDb – 6.2/10, MyDramaList – 7.7/10 ~အထူးတလည် မိတ်ဆက်ပေးစရာမလိုလောက်တဲ့ The Hound of Baskervilles ဆိုတာ ဆာအာသာကိုနင်ဒွိုင်း Sir Arthur Conan Doyle (1859~1930) ရဲ့ ရှားလော့ဟုမ်းဝတ္ထုရှည်လေးပုဒ်ထဲက ၁၉၀၂ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ တတိယမြောက်ဝတ္ထုရှည်တစ်ပုဒ်ဖြစ်ပါတယ်။မူရင်းဇာတ်ကြောင်းကတော့ ၁၈၈၉ ခုနှစ် အင်္ဂလန်နိုင်ငံအနောက်တောင်ပိုင်း၊ ဒီဗွန် (Devon) က ဒတ်မိုးတောင်ပေါ်ဒေသ (Dartmoor) ကိုနောက်ခံထားပြီး ဘတ်စကာဗျီလ်မိသားစုမျိုးဆက် (Baskerville Family) က အဲဒီဒေသမှာ ဒဏ္ဍာရီလာငရဲခွေးကြီးတစ်ကောင်ကြောင့် တစ်ယောက်ပြီးတစ်ယောက် သေဆုံးနေကြတာမို့လို့ လူသေဆုံးမှုထပ်မရှိရလေအောင် ရှားလော့ဟုမ်းနဲ့ ဒေါက်တာဝပ်ဆန်တို့ကို လာရောက်အကူအညီတောင်းရာကနေ တကယ်ပဲ ဖြစ်ရပ်ဆန်းကြယ်ကြောင့် လူသေဆုံးသွားကြတာလား... ဒဏ္ဍာရီလိုလို ကျိန်စာလိုလိုကို အကြောင်းပြပြီး ...
movie
The Hound of the Baskervilles: Sherlock the Movie (2022)
2022
5.6
Fictitious OL Diary (2020)
Fictitious girl's diary 2020 မြန်မာစာတန်းထိုး==================================စိတ်ကူးယဥ်မိန်းကလေးတစ်ယောက်ရဲ့ ဒိုင်ယာရီရုပ်ရှင် ဂျပန်နိုင်ငံရဲ့ နာမည်ကြီး ဟာသသရုပ်ဆောင် Bakarhythm ရေးတဲ့နာမည်တူ စာအုပ် 2017မှာ စီးရီးရိုက်ကူးခဲ့ပါတယ်။အမျိုးသမီးတော်တော်များများက သူတို့ရဲ့စိတ်ကိုနားလည်တယ်ဆိုပြီး သဘောကျခဲ့ကြပါတယ်။2020 မှာ ရုပ်ရှင်ပြန်လည်ရိုက်ကူးခဲ့ပါတယ် ဖြတ်သွားဖြတ်လာရင်း တစ်ခါတလေ တခြားလူတွေရဲ့ဘဝတွေကို အားကျမိတာမျိုး ရှိကောင်းရှိမှာပါ။ ငါသာ သူဆိုရင်ဆိုပြီးတွေးမိတာမျိုးလည်းရှိမယ်။ ဒီရုပ်ရှင်ထဲမှာတော့ ဇာတ်ကောင်ဟာ ဘဏ်ကိုသွားလာရင်း ဘဏ်ဝန်ထမ်းမိန်းကလေးတွေကို မြင်ပြီး သူတို့တွေရဲ့ ရုံးသွားရုံးတတ်အချိန်တွေကို ကိုယ့်ကိုကိုယ် မိန်းကလေးတစ်ယောက်လို စိတ်ကူးယဥ်မိတယ် ထင်ပါတယ်။မနက်ပိုင်း မထချင်ထချင် အိပ်ယာစောစောထမယ်။ ရုံးသွားဖို့ အလှပြင်။ ရုံးရောက်ဖို့ ရထားလေးတိုးစီး "တနလ်ာနေ့နံနက်တွေက တကယ်ကိုချမ်းပြီး မထချင်စရာပဲလို့ "ပြောကြရင်းပေါ့။ယော်ျားရင့်မာကြီးတစ်ယောက်က ဒီရုပ်ရှင်ထဲမှာ စကတ်တိုဝတ်ထားပေမယ့် ထူးဆန်းတာက သူသရုပ်ဆောင်တဲ့ဇာတ်ကောင်အတိုင်း မိန်းကလေးတစ်ယောက်လို ဖြစ်နေတာပါပဲ ။သရုပ်ဆောင်အရမ်းကောင်းကြတာ သတိထားမိပါတယ်။ရုပ်ရှင်ကြည့်နေရသလိုမဟုတ်ပဲ ဘဏ်ဝန်ထမ်းတွေကိုပဲ မျက်စိထဲမြင်နေမိပါတယ်။အဓိက သရုပ်ဆောင် Bakarhythm က ဟာသသရုပ်ဆောင်ဖြစ်သလို စာရေးဆရာ၊ သရုပ်ဆောင် ၊သီချင်းရေးဆရာ ၊ပြဇာတ်ရေးဆရာလည်း ...
movie
Fictitious OL Diary (2020)
2020
6.2
Haruko Azumi Is Missing (2016)
Haruko Azumi Is Missing (2016)========================IMDb Rating - 6.2/10#UnicodeJapanese Girls Never Die လို့လည်း ဒီဇာတ်ကားကို ခေါ်ပါသေးတယ်။(သတိပေးချက်။ ။ ဒီအညွှန်းက ပွဲရှာတာ၊ မီးမွှေးတာမဟုတ်ပါဘူး။ အဲဒါကြောင့် တချို့ဓာတ်မတည့်တဲ့သူတွေ ကျော်သွားနိုင်အောင် သတိပေးချက်ရေးပေးတာပါ။ ဒီဇာတ်ကားက မဟာပုရိသဝါဒလက်ကိုင်ထားသူများ၊ ရှေးရိုးစွဲသူများ၊ လိင်ပိုင်းဆိုင်ရာ အယူသီးတတ်ကြသူများ၊ အသက်မပြည့်သေးသူများ၊ အသက်ပြည့်သော်လည်း စိတ်ဓာတ်မပြည့်သေးသူများ၊ လိင်ခွဲခြားဆက်ဆံတတ်သူများ၊ စကားလုံးအသုံးအနှုန်းနှင့်ပတ်သက်၍ ထိရှလွယ်သူများ၊ လူသားအမြင်နဲ့သာမကြည့်တတ်ဘဲ လူ့အသိုင်းအဝိုင်းအမြင်ကိုသာ လက်ကိုင်ထားတတ်ကြသူများ လုံးဝ(လုံးဝ) ကြည့်ရှုရန် မသင့်တော်သောကြောင့် အထက်ဖော်ပြပါ ပုဂ္ဂိုလ်များ ဇာတ်ကားကိုရော အညွှန်းကိုပါ လက်ရှောင်ပေးကြပါရန် လေးစားစွာ အသိပေးအပ်ပါတယ်ဗျာ။)တံခွန်မရှိတဲ့ ရထားက မတင့်တယ်ဘူးတဲ့ ရထားမရှိတဲ့ တံခွန်ကကျတော့ ဘာဖြစ်လို့ သုံးစားမရတော့တာ ဖြစ်သွားရတာလဲ။ Haruko Azumi ပျောက်ဆုံးနေပါတယ်။ အသက် ၃၀ ပြည့်ခါနီး အိမ်ထောင်မရှိသေးတဲ့ မိန်းကလေးတစ်ယောက်။ ...
movie
Haruko Azumi Is Missing (2016)
2016