Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Mahmoud Al Laithy
7.6
Face to Face (2023)
ကိုးရီးယားဒရာမာတွေထက် ပိုရှုပ်ထွေးတဲ့ဟာသ ဒရာမာဇာတ်လမ်းတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့Face To Face ဖြစ်ပြီးဇာတ်ကားနာမည်အတိုင်းအထက်တန်းလွှာမိသားစုနှစ်ခုရဲ့မျက်နှာချင်းဆိုင်ဒရာမာအားပြိုင်မှုတွေကိုတ၀ကြီးကြည့်ရှုရမှာပဲဖြစ်ပါတယ်။ဇာတ်လမ်းအစမှာတော့ အိမ်မှာအကြီးအကျယ်ရန်ဖြစ်နေတဲ့လင်မယားနှစ်ယောက်ကို တွေ့ရမှာဖြစ်ပြီးသူတို့ရန်ဖြစ်ရတဲ့အကြောင်းအရင်းကတော့ လက်ရှိနေနေတဲ့အိမ်ကနေတခြားအိမ်ကိုပြောင်းမှာကို မိန်းမဖြစ်သူက သဘောမတူရာကစတာပဲ ဖြစ်ပါတယ်။မိန်းမဖြစ်သူက လစာကအိမ်ငှားခ တစ်လစာတောင်မရှိတဲ့ ရတောင်မရသေးတဲ့အလုပ်ကို ဒီအိမ်ကပြောင်းသွားရင် သွားရလာရမှာဝေးလို့မပြောင်းချင်တာရယ် ယောက်ျားဖြစ်သူကလည်း အိမ်ငှားခတွေစျေးကြီးလို့ ရှေ့လျှောက်မတတ်နိုင်တဲ့အတွက် ပြောင်းချင်နေတာပဲ ဖြစ်ပါတယ်။အဲ့ဒီကိစ္စနဲ့ရန်ဖြစ်ကြရင်းနဲ့ ကနေအခြေအနေပိုဆိုးလာတဲ့အခါမှာတော့ အမေချစ်သမီးတို့ထုံးစံအတိုင်း မိဘတွေကိုလှမ်းခေါ်တိုင်ပါတော့တယ်။ဒီလိုပဲယောက်ျားဖြစ်သူဖက်က မိဘတွေကလည်းသတင်းကြားတာနဲ့အိမ်ကိုတန်းရောက်ချလာကြတော့တာပါပဲ။ဒီလိုနဲ့ လင်မယားနှစ်ယောက်တည်း ရန်ဖြစ်သောင်းကျန်းနေတဲ့အိမ်ကို နှစ်ဖက်မိဘစုံစုံလင်လင် ရောက်လာကြပါတော့တယ်။မိဘတွေရောက်လာလို့ ပြေလည်သွားမယ်တော့မထင်လိုက်ပါနဲ့။လူကြီးတွေရဲ့ထုံးစံအတိုင်း ဟိုပြိုင်ဒီပြိုင်နဲ့ ရန်ပွဲသေးသေးလေးကနေ ပိုပိုကြီးလာပြီး အဲ့ဒီ အိမ်ကနေပါ ပြန်ချင်တိုင်းပြန်လို့မရတဲ့ အခြေအနေတွေဖြစ်လာတဲ့အခါမှာတော့ အဲ့ဒီတစ်ညတာအတွင်း မိသားစုနှစ်ခုဘယ်လိုမျက်နှာချင်းဆိုင်ဘယ်လိုဒရာမာတွေခင်းပြီး ဖြတ်သန်းဖြေရှင်းကြမလဲဆိုတာကိုကြည့်ရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…1.31GB / 659MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….2h Genre ….. Drama , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw lay
movie
Face to Face (2023)