Channel Myanmar

Mahir İpek

My Father is a Hero/ Benim Babam Bir 2023
My Father is a Hero/ Benim Babam Bir 2023  Prime Videoကနေ ထုတ်လွှင့်ခဲ့တဲ့ တူရကီမိသားစုဒရာမာရုပ်ရှင်လေးကို တင်ဆက်ပေးပါရစေ။ နိုင်ငံအသီးသီးကပြန်ရိုက်ထားကြတဲ့ သမီးလေးကိုထောင်ထဲခေါ်ထည့်ထားပြီး ကျပ်မပြည့်တဲ့အဖေဖြစ်သူနဲ့အပေါင်းအပါတစ်စုတို့ ဖွက်ထားကြတဲ့ရုပ်ရှင်လိုမျိုးကို မတူညီတဲ့ဇာတ်လမ်းမှာ တူညီတဲ့ရသခံစားစေရမယ်ထင်ပါတယ်။မိတဆိုးလေးမို့ သားဖြစ်သူကို တုန်နေအောင်ချစ်ရှာတဲ့ စည်ပင်သာယာဝန်ထမ်း ဆင်းရဲသားတစ်ယောက်။ ဆင်းရဲပေမဲ့ သားဖြစ်သူကိုဖူးဖူးမှုတ်ထားပြီး လိုလေသေးမရှိ ပြုစုစောင့်ရှောက်ရင်း မိတ်ဆွေအပေါင်းအသင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင်ပဲနေခဲ့ကြတယ်။တရက် အဖေဖြစ်သူတို့သူငယ်ချင်းအုပ်စု ဘောလုံးကန်နေတုန်း သားဖြစ်သူဝင်ပါရင်း အမောဖောက်လဲကျသွားရာကစ နှလုံးအစားထုကုရမယ်ဆိုတာ သိလိုက်ရပါတယ်။ ကလေးက ငယ်သေးတဲ့အတွက် ကိုက်ညီတဲ့နှလုံးရှာတွေ့ပြီး ပိုက်ဆံတတ်နိုင်တယ်ဆိုရင်တောင်မှ အသက်ရှင်ဖို့ရာခက်ခဲတဲ့အခြေအနေ။ နှလုံးအစားထိုးကုသဖို့ ကိုက်ညီတဲ့နှလုံးမရခင်အချိန်မှာ စူပါဟီးရိုးတွေကိုကြိုက်နှစ်သက်တဲ့ သားဖြစ်သူရဲ့ စိတ်ကလေးလန်းဆန်းနေစေဖို့ သူငယ်ချင်းတွေနဲ့တိုင်ပင်ပြီး စူပါဟီးရိုးဝတ်စုံတွေချုပ် ကမ္ဘာကြီးကိုကယ်တင်မယ်ဆိုပြီး ဇာတ်လမ်းတွေဖန်တီးပါတော့တယ်။အဖေတစ်ယောက်ရဲ့မေတ္တာတရားနဲ့ သူငယ်ချင်းတွေကြားကသံယောဇဉ်ကို အချိုးညီဖန်တီးရိုက်ကူးတင်ဆက်ထားတာမို့ ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(1.7 GB)/(953 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:22:00 Genre... Family, Drama  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyae Phyo
movie

My Father is a Hero/ Benim Babam Bir 2023

Brother’s Keeper (2021) 7.3
Brother’s Keeper (2021) တူရကီ နိုင်ငံရဲ့ အရှေ့ဘက်အစွန် ဆီနှင်းတွေထူထပ်နေတဲ့နေရာမှာ အထီးကျန်စွာတည်ရှိနေတဲ့ ယောက်ျား‌လေးဘော်ဒါကျောင်းလေးတစ်ကျောင်းမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ကလေးကို အငြိမ်လေး ရိုက်ထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ကျောင်းအုပ်ချုပ်သူတွေ၊ ကျောင်းဆရာတွေနဲ့ ကျောင်းသူကျောင်းသားတွေကြားက အေးစက်ပြီး ဗျုရိုကရေစီဆန်တဲ့ ဆက်ဆံရေးကို ရိုက်ပြထားပြီး ဇာတ်လမ်းတစ်လျှောက် အေးစက်စက် ခံစားချက်ကို ခံစားရ‌စေမှာပါ။ ဒါရိုက်တာ Ferit Karahan က သူ့ရဲ့ မသာယာတဲ့အတွေ့အကြုံတွေကိုထည့်သွင်းရိုက်ထားတယ်လို့ သိရပါတယ်။ဇာတ်လမ်းကတော့မယ်မတ်ဆိုတဲ့ ကျောင်းသားလေးတစ်ယောက်ဟာ သေလုမျောပါးနေမကောင်းဖြစ်ခဲ့ပါတယ်။ သူ့သူငယ်ချင်း ယူဆုဖ်က သူ့ကိုပြုစုစောင့်ရှောက်ရင်းနဲ့ ကျောင်းအုပ်ကြီးအပါအဝင် ဆရာတွေကိုအသိပေးခဲ့ပါတယ်။ ကျောင်းအုပ်ကြီးက အကြောင်းအရင်းကို မေးမြန်းစုံစမ်းတဲ့အခါ ကလေးဟာ အပြစ်ပေးခံရလို့ ဒီလိုဖြစ်သွားတာဖြစ်ကြောင်း သိသွားခဲ့ပါတယ်။ဘာလို့ အပြစ်ပေးခံရတာလဲ၊ ပါဝင်ပတ်သက်သူတွေက ဘယ်သူလဲ၊ ဘယ်လိုတာဝန်ယူဆောင်ရွက်ကြမလဲ ဆိုတာတွေကို ကြည့်ရှုရမှာဖြစ်ပါတယ်။ File size…(1.4 GB)/(1 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:25:00 Genre...Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Luca
movie

Brother’s Keeper (2021)