Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Mahima Nambiar
7.1
Little Hearts (2024)
Little Hearts 2024 ငယ်နုတဲ့နှလုံးသားနေ့စဉ်ဘဝရဲ့ပြဿနာတွေကြားမှာ ဟာဒယရွှင်ဆေးကို တောင့်တနေသူတွေအတွက် မလေယာလမ် အချစ်ဟာသကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဟာသဖောဖောသီသီနဲ့ သားအဖနှစ်ယောက်ရဲ့ အလွဲလေးတွေကို ဟာသနှောပြီးရိုက်ကူးပုံဖော်ထားတာဖြစ်လို့ ပေါ့ပေါ့ပါးပါးရုပ်ရှင်ကြည့်ချင်သူတွေ သဘောတွေ့မှာပါ။မွေးမွေးပြီးချင်းမှာပဲ အမေဆုံးသွားတဲ့ မိတဇိုးလေးစီဘီ၊ အမေမရှိတဲ့ စီဘီရဲ့ဘဝမှာ ဘေဘီကပဲအဖေရော အမေပါ တာဝန်ယူခဲ့ရတာပေါ့။ ဘေဘီအဖေအလုပ်လုပ်တဲ့ စိုက်ခင်းပိုင်ရှင် ဂျွန်ဆန်က အလုပ်ရှင်ရော ငယ်သူငယ်ချင်းပါဖြစ်နေတဲ့သူ့အတွက် သားသမီးတွေလည်း မောင်နှမလို ဖြစ်နေကြတာပါ။ဒါပေမဲ့ အနားယူတဲ့အရွယ်ရောက်ကာမှ ဘေဘီရဲ့နှလုံးသားက တစ်ဖန်ပြန်နိုးထဖို့ဖြစ်လာတဲ့အပြင် ယူကေက ဂျွန်ဆန်ရဲ့သားနဲ့သူကိုယ်တိုင်လည်း အချစ်နဲ့ဆုံတွေ့လာရတဲ့အခါ...(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamမှပဲဖြစ်ပါတယ်) File size… 1.8GB / 973MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 16m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Little Hearts (2024)
8.7
Naadu(2023)
Naadu 2023 တောင်ပေါ်ရွာရောက်အရှုပ်တော်ပုံIMDb-8.8ဆရာဝန်ဇာတ်လမ်းတွေထဲမှာ ကျွန်တော်တို့ရင်ထဲနေရာယူခဲ့တဲ့ ဇာတ်လမ်းတစ်ပုဒ်ကိုချပြပါဆိုရင် ကြိုးကြာတောင်ပံခတ်သံပေါ့။ ဒီဇာတ်လမ်းအဆွယ်ကောင်းလို့ ဆရာဝန်ပေါက်စဖြစ်ချင်တဲ့သူတွေလည်း မနည်းမနောရှိခဲ့တာပေါ့လေ။အခုတင်ဆက်ပေးမှာကတော့ နာဂတောင်တန်းမဟုတ်တဲ့ ကိုလီတောင်တန်းက အစစအရာရာ ခေတ်နောက်ကျနေတဲ့ တမီလ်ရွာလေးမှာ တောင်ပံခတ်မယ့် ကြိုးကြာမလေးအကြောင်းပေါ့။ ကိုလီတောင်တန်းပေါ်က တောင်ပေါ်ရွာလေးဟာ လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ အစွန်အဖျားကရွာလေးဆိုတော့ အစစအရာရာမှာ ခေတ်နောက်ကျနေတာပေါ့။ တီဗီလိုင်းမရှိ ကားမရှိတဲ့ဒီရွာလေးမှာ လျှပ်စစ်မီးနဲ့ ဖုန်းလိုင်းရနေတာကပဲအတော်လေး ကျေးဇူးတင်စရာကောင်းနေတယ်ပဲ ပြောရမလိုပါ။လမ်းပန်းဆက်သွယ်ရေး ခက်ခဲလွန်းတဲ့အတွက် ဘာမှမရောက်ဘဲ သီးခြားကွဲထွက်နေတဲ့ ရွာလေးမှာ ဘတ်စ်ကားတောင်မှ မနက်တစ်ခါ ညနေတစ်ခါပဲရောက်ပါသတဲ့။ ဆေးရုံကားဆိုတာကလည်း အရေးပေါ်ကိစ္စနဲ့ခေါ်လိုက်ရင် လူနာသေမှ အလောင်းလာသယ်သလိုလိုအဖြစ်တွေလည်း ဒုနဲ့ဒေးပါပဲ။ ဒီလိုနဲ့ ရွာမှာကောင်မလေးတစ်ယောက် လက်ကောက်ဝတ်လှီးပြီး အဆုံးစီရင်တာကို ဆေးရုံကားခေါပြီး ဆေးရုံပို့ဖို့လုပ်ပေမဲ့ ကားကညမှရောက်ပြီး နောက်ကျလို့ လူနာအသက်မမီလိုက်တဲ့အပြင် ဆရာဝန်က မြည်တွန်တောက်တီးတာခံလိုက်ရချိန်မှာတော့ အတော်လေးရင်ခံသွားကြတဲ့ရွာသားတွေ အလောင်းလာပြန်ပို့တဲ့ဘတ်စ်ကားရှေ့မှာ ပိတ်ရပ်ပြီး ဆန္ဒပြကြပါတော့တယ်။သူတို့ရဲ့တောင်းဆိုချက်ကတော့ အစစအရာရာနိမ့်ကျနေသည့်တိုင်အောင် သူတို့လည်း ဆေးဘက်ဆိုင်ရာအထောက်အပံ့ရခွင့်ရှိတာကြောင့် ရွာဆေးရုံမှာ ဆရာဝန်တစ်ယောက်ခန့်ထားပေးဖို့ပါပဲ။ ကြိုးကြာတောင်ပံခတ်သံကသာ ဖတ်လို့ကောင်းတာ ကိုယ်တကယ်ကြုံရမယ်ဆိုတော့ transferလျှောက်ပြီး အကုန်ပြန်ပြေးကြတာမလို့ ခရိုင်မှူးလည်း အကျပ်ရိုက်နေတာပေမဲ့ ရွာသားတွေကိုငဲ့တဲ့အနေနဲ့ အာဏာသုံးပြီး ဆရာဝန်တစ်ယောက် မရမကလွှတ်ပေးဖို့စီစဉ်ပေးလိုက်ပါတော့တယ်။ဒါပေမဲ့ ...
movie
Naadu(2023)
2023
9
800 (2023)
800 (2023)"ဝစ်ကတ် ၈၀၀" ====================== IMBb 9/10Sport drama ကြိုက်တတ်တဲ့ အိန္ဒိယရုပ်ရှင်ပရိသတ်တွေအတွက် 800 ဆိုတဲ့ တမီလ်စကားပြော ဖြစ်ရပ်မှန် Sport, biography ရုပ်ရှင်လေးကို ချန်နယ်မြန်မာကနေ တင်ဆက်ပေးလိုက်ပါတယ်။ဒီရုပ်ရှင်ဟာဆိုရင် ခရစ်ကတ်သမိုင်းတလျှောက်မှာ Wicket တွေ အမြင့်ဆုံးထိခဲ့တဲ့ သီရိလင်္ကာခရစ်ကတ်သမား မူရာလီရဲ့အကြောင်းကို စိတ်လှုပ်ရှားဖွယ် ပြန်လည်ပုံဖော်ထားတာပဲဖြစ်ပါတယ်။သမ္မာကျမ်းစာကို စာအုပ်ပေါင်းများစွာနဲ့ကူးယူနေရတဲ့ ပြင်သစ်ဘုန်းတော်ကြီးတွေက ရသေ့စိတ်ဖြေလုပ်ဖို့အတွက် ခရစ်ကတ်ကစားနည်းကို တီထွင်ခဲ့တယ်လို့ တချို့ကပြောကြတယ်။ တချို့ကတော့ အင်္ဂလိပ်သိုးကျောင်းသားတွေက တီထွင်ခဲ့တာတဲ့။ဘယ်သူကပဲတီထွင်ခဲ့တီထွင်ခဲ့ အင်္ဂလိပ်တွေနဲ့အတူ အိန္ဒိယကိုရောက်လာခဲ့တဲ့ ခရစ်ကတ်ကစားနည်းကို အိန္ဒိယက မူသီယာ မူရာလီသာရန်ဆိုတဲ့ ကလေးငယ်လေးက သဘောကျသွားပြီး အရူးအမူးကစားရင်း အနိမ့်အမြင့် အတက်အကျတွေကြားထဲကနေ ကမ္ဘာ့စံချိန်ချိုးတဲ့ကစားသမားဖြစ်လာခဲ့ပုံကို ခရစ်ကတ်အကြောင်းမသိတဲ့သူတွေတောင်မှ စိတ်ဝင်စား၊ စိတ်လှုပ်ရှားဖွယ်ဖြစ်အောင် ဒီရုပ်ရှင်ထဲမှာ ပုံဖော်ပြထားပါတယ်..။( ဒီရုပ်ရှင်အတွက် ဘာသာပြန်ညွှန်းဆိုသူတွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်။ )( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ...
movie
800 (2023)
2023
8.6
Valatty (2023)
Valatty (2023)"အာဝု တို့ရဲ့ ချစ်ပုံပြင်"IMDb 8.6လောလောလတ်လတ် ဒစ်ဂျစ်တယ် ဗားရှင်း Disney+ Hotstar မှာ ထွက်ရှိလာတဲ့ Malayalam စကားပြော ရုပ်ရှင်ဟာ အထူးပြုလုပ်ချက် VFX လုံးဝမပါပဲ ခွေးအစစ်တွေနဲ့ရိုက်ထားတဲ့ ပထမဆုံး အိန္ဒိယ ခွေးရုပ်ရှင်ပါခွေးလေးတွေက နောက်ခံစကားတော့ ပြောတာပေါ့ခင်ဗျာ...ခွေးလေးတွေရဲ့ point-of-view သဘောနဲ့ ရိုက်ထားတဲ့ ဒီ adventure-comedy romance ကားလေးဟာဆိုရင် IMDb rating လည်းမြင့်သလို ဝေဖန်ရေးဆရာတွေကလည်း ရုပ်ရှင်ရဲ့ ဆန်းသစ်ဖန်တီးနိုင်မှုကို ချီးကျူးခြင်း ခံထားရပါတယ်ဇာတ်လမ်းအကျဥ်းကတော့ ရွိုင်းဆိုတဲ့ ခရစ်ယာန်သခင်ရဲ့ ခွေးထီးလေး "တွန်မီ"က ခြေမွေးလက်မွေးမီးမလောင်ပဲ အချစ်ခံထားရတဲ့ ခွေးလေးဖြစ်ပြီးသားစပ်ဖို့လာကြတဲ့ ခွေးမလေးတွေကိုလည်း သခင်က မျိုးရိုးမကောင်းလို့ဆိုပြီး ဇွတ်တွေ ငြင်းလွှတ်ရတဲ့အထိ ဂရုစိုက်ခံရပါတယ်တစ်ဖက်အိမ်မှာလည်း အထက်ပုဂ္ဂိုလ် ဘရာမင် မိသားစုက မျိုးနဲ့ရိုးနဲ့ "အာမလူ" ဆိုတဲ့ ခွေးမချောလေးတစ်ကောင် ရှိနေပါတယ်ကိုကြက်ဖကြီးရဲ့ အကူအညီနဲ့ သူတို့နှစ်ကောင် ဆုံစည်းခဲ့ရပြီး ခွေးငယ်သဘာဝ ချစ်ကြိုက်မိကြပါတယ် ဒါပေမယ့်လည်း မျိုးရိုးဘာသာမတူကြတဲ့နှစ်ဖက်မိသားစုက ကန့်ကွက်တာကြောင့် ...
movie
Valatty (2023)
2023
8.6
Ratham (2023)
Raththam (2023) "ဂျာနယ်ကျော် ဦးကူးမား" IMDb-8.6/10သူတောင်းစားကားတွေမှာ နာမည်ကြီးခဲ့တဲ့ မင်းသားကြီး ဗီဂျေးအန်တိုနီ ဦးဆောင်ပါဝင်လာတဲ့ ဇာတ်ကားသစ်လေးကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးချင်ပါတယ်။မင်းသားကတော့ သူ့ထုံးစံအတိုင်း အထာကျကျနဲ့ သရုပ်ဆောင်ချက်တွေ ပီပြင်တဲ့အပြင် အနုအကြမ်းအစုံရတာမို့ ရုပ်ရှင်ကြည့်ပရိသတ်တွေ စိတ်မပျက်စေရမှာပါ။ဇာတ်လမ်းအစမှာ သူတို့မင်းသားအကြောင်း မကောင်းရေးလို့ လူမိုက်တစ်ယောက်က သတင်းတိုက်ထဲဝင်ပြီး သတင်းထောက်ကို ဓားနဲ့ထိုးသတ်သွားပါတယ်။ ဒီလိုလိုကိစ္စတွေက သတင်းထောက်လောကမှာ ပါမွှားလေးပါ။သတင်းယူရတာ အန္တရာယ်ကြီးတဲ့အပြင် သတင်းရေးရတာလဲ အတိုက်အခိုက်ပေါင်းစုံ၊ အစိုးရ၊ လူမိုက်ဂိုဏ်း၊ ပြည်သူစတဲ့ ဘက်ပေါင်းစုံက ဖိအားများစွာနဲ့ပါ။အဲ့သတင်းတိုက်မှာ အယ်ဒီတာချုပ်အဖြစ် single father ကူးမားတစ်ဖြစ်လဲ ဗီဂျေးရဲ့သရုပ်ဆောင်ချက်အလန်းတွေနဲ့အတူ စတုတ္ထမဏ္ဍိုင်အကြောင်းကို အချစ်အလွမ်းအကြမ်း ရသစုံစွာတင်ဆက်ပေးထားတာမို့ ပရိသတ်ကြီးကြည့်ရှုခံစားနိုင်ဖို့ ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်။(အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM Bollywood Teamမှပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size…2.16GB / 1GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 22m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by ...
movie
Ratham (2023)
2023
Chandramukhi 2 (2023)
Chandramukhi 2 (2023) (သို့) နှစ်ဘဝကလဲ့စားဘောလိဝုဒ်သရုပ်ဆောင်တွေကြား တမူထူးတဲ့ရုပ်ရည်လေးနဲ့ မင်းသမီးချောလေး ကန်ဂနားကို တစ္ဆေမလေးအဖြစ်မြင်တွေ့ရမဲ့ကားဖြစ်ပါတယ် ဂမ္ဘီရဆန်ဆန် လျှို့ဝှက်ဆန်းကြယ်ပုံတွေက ဂျန်ဂျမားတို့ Plot နဲ့ သွားဆင်နေတာဖြစ်လို့ ကြည့်ရင်းနဲ့ ဂျန်ဂျမား vibe မျိုးရစေမှာပဲဖြစ်ပါတယ်ဇာတ်လမ်းအညွှန်း*********************************အရမ်းကို ချမ်းသာတဲ့မိသားစုတစ်စုက ပြဿနာပေါင်းသောင်းခြောက်ထောင်တတ်ပြီးတော့ မိသားစုပိုင် စက်ရုံလည်း မီးလောင်၊ လုပ်သမျှ အလုပ်တိုင်းကလည်း မဖြစ်၊ စေ့စပ်ခါနီး သမီးဖြစ်သူမှာလည်း ကားအက်စီးဒန့်ကြောင့်နဲ့ အောက်ပိုင်းသေသွားခဲ့ပြီး သမီးကြီးကလည်း ဘာသာမတူတဲ့သူနဲ့ ခိုးရာလိုက်ပြေးလို့ အဆက်အသွယ်ဖြတ်ထားရာကနေ ကလေးနှစ်ယောက်ရပြီးကာမှ လေယာဥ်ပျက်ကျပြီး ဆုံးသွားခဲ့ရပါတယ်။ဒီလို ပြဿနာတွေ တောက်လျှောက်ဖြစ်နေတဲ့အတွက်ကြောင့် ဘာများဖြစ်တာလဲဆိုပြီးတော့ သူတို့ကိုးကွယ်နေတဲ့ ဂုရုကြီးကို ပင့်ပြီး မေးမြန်းတဲ့အခါမှာတော့ သူတို့က ဘုရားရှင်ကို နေ့စဥ်မပြတ် ပူဇော်ကိုးကွယ်နေပေမဲ့ ဘိုးဘေးတွေကိုတော့ ပစ်ထားခဲ့တဲ့အတွက် ဘိုးဘေးတွေကနေ အမျက်ထွက်ပြီးတော့ အခုလိုဒုက္ခတွေ ကြုံတွေနေရတာဖြစ်ကြောင်း၊ ဒီဒုက္ခတွေကနေ လွတ်မြောက်အောင် ဘိုးဘေးတွေကို ပြန်ပြီးတော့ ပူဇော်ပေးရမှာဖြစ်ကြောင်း၊ ဘိုးဘေးတွေကို ပူဇော်တဲ့နေရာမှာလည်း သွေးသားတော်စပ်တဲ့ မိသားစုတိုင်းက ဘိုးဘေးတွေကိုးကွယ်ခဲ့တဲ့ ဘုရားကျောင်းကို သွားပြီးတော့ ၄၈ရက်ကြာအောင် ...
movie
Chandramukhi 2 (2023)
2023
7.8
RDX: Robert Dony Xavier (2023)
RDX:Robert Don't Xavier (2023)IMDb-7.8/10တောင်ပိုင်းကားကြမ်းကြမ်းလေးမှကြိုက်တဲ့လူတွေအတွက် သူငယ်ချင်းသုံးယောက်ပေါင်းကြမ်းကြမဲ့ရုပ်ရှင်ကားကောင်းလေးတင်ဆက်ပေးလိုက်ပါတယ် ဘတ်ဂျက်အနေနဲ့ ၈ ကုဋေပဲသုံးထားတဲ့ဒီကားဟာ ကုဋေ ၈၀ ကျော်ထိရအောင် ပြန်ရှာနိုင်ခဲ့တဲ့ကားပါ မလေးယားလမ်းရုပ်ရှင်တွေမှာ စတုတ္ထမြောက်ဝင်ငွေအကောင်းဆုံးကားလည်းဖြစ်ပါတယ်ဇာတ်လမ်းအညွှန်းဘုရားပွဲတစ်ခုက ဖြစ်လိုက်တဲ့ရန်စတစ်ခုက အိမ်ထဲထိဝင်ပြီး မိသားစုကိုပါ ဒုက္ခပေးတဲ့အချိန်... ဆိုးတူကောင်းဖက် သူငယ်ချင်း သူများအနိုင်ကျင့်ခံရတာသိလိုက်ရတဲ့အချိန်... ချစ်ရတဲ့သူနဲ့ သူငယ်ချင်း အချစ်နဲ့မေတ္တာ နှစ်မျိုးထိပ်တိုက်တွေ့ရွေးချယ်လာရချိန်ရောဘတ် ဒွန်နီ စေဗီဆိုတဲ့ သူငယ်ချင်းသုံးယောက်ရဲ့ သံယောဇဉ် သူတို့တွေတန်ဖိုးထားကြတဲ့ အချစ်မေတ္တာတွေအတွက် ရန်သူတွေကို တိုက်ခိုက်ရင်ဆိုင်ကြတဲ့ဒီကားဟာ Action/Thriller ကြိုက် ပရိသတ်ကြီးတို့ လက်မလွှတ်သင့်တဲ့ ရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ်(အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ Dee ~ Moon ~ ToMo တို့ပဲဖြစ်ပါတယ်) File size…3.4GB / 1.5GB Quality…1080p WEB DL /720p Format…mp4 Duration….2h 31m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ Dee ~ Moon ~ ToMo
movie
RDX: Robert Dony Xavier (2023)
2023
6.6
Ayngaran (2022)
Ayngaran (2022) ဒီတစ်ခါမှာတော့ Tamil ဇာတ်လမ်းလေးတွေကိုမှ ကြိုက်နှစ်သက်ပါတယ်၊ စိတ်ဝင်စားပါတယ် ဆိုတဲ့ သူတွေအတွက် ဇာတ်လမ်းကောင်းလေးတစ်ခု ရုပ်သံအကြည် ထွက်လာလို့ တင်ဆက်ပေးလိုက်ပါပြီ။ဇာတ်လမ်းကတော့ အပြိုင်ဇာတ်အိမ်တည်ထားတာဖြစ်ပြီး ...တစ်ဖက်က သိပ္ပံနည်းကျ ပစ္စည်းတွေ တီထွင်ဖန်တီးရတာကို အရမ်းဝါသနာပါတဲ့ "မာသီ"၊ တစ်နေ့တစ်နေ့ သူ့ရဲ့ဖန်တီးမှုတွေကို အသိအမှတ်ပြုခံရဖို့ ကြိုးစားပေမဲ့လည်း ငြင်းလွှတ်ခံရတာကို အသားကျနေရတဲ့ အိပ်မက်ကြီးကြီးနဲ့ လူငယ်တစ်ယောက်၊ မတရားတာတွေ့ရင်လည်း ငြိမ်မနေနိုင်သလို လူတွေကိုကူညီပေး အကျိုးပြုပေးတတ်တဲ့သူ ...တစ်ဖက်မှာတော့ အစီအစဉ်တွေကို အကြီးအကျယ်ချထားပြီး လက်ဝတ်ရတနာဆိုင်တွေက စိန်တွေကိုမှ သီးသန့်လိုက်ဖောက်ထွင်းခိုးယူနေတဲ့ လူ ၆ ယောက်တစ်စု ...အဲ့လူ ၆ ယောက်နဲ့ "မာသီ" ဘယ်လိုတွေ့ဆုံကြမလဲ? တွေ့ဆုံရာကနေရော ဘယ်လိုအကျိုးဆက်တွေ ဖြစ်လာမလဲ? ဆိုတာကိုတော့ ဇာတ်လမ်းလေးမှာပဲ ဆက်လက် ကြည့်ရှုလိုက်ကြရအောင်ပါ။Tamil ဇာတ်ကားတို့ထုံးစံအတိုင်း ဇာတ်ကား အစကတည်းကပါတဲ့ သီချင်းမြူးမြူးလေးတွေကိုပါ လိုက်ပါခံစားလို့ရအောင် ဘာသာပြန်တင်ဆက်ပေးထားပါကြောင်း သတင်းကောင်းပါးရင်း ဒီဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ File Size ...
movie
Ayngaran (2022)
2022
Oh My Dog(2022)
Oh My Dog 2022ခွေးချစ်သူပရိတ်သတ်ကြီးအတွက် IMDb 8.8အထိတောင်ရရှိထားပြီးAmazon Prime က ထုတ်လွှင့်ထားတဲ့ခွေးလိမ္မာကားလေးတစ်ကားကိုတင်ဆက်ပေးချင်ပါတယ်ဇာတ်လမ်းအကျဉ်းကတော့နှစ်စဉ်အတော်ဆုံးခွေးတွေမွေးထုတ်ပေးတဲ့ခွေးသင်တန်းကျောင်းတစ်ခုရှိပါတယ်ပြိုင်ပွဲတိုင်းမှာလည်းပထမဆုချည်းဆွတ်ခူးခဲ့တာမို့ ခွေးကောင်းမျိုးသန့်တွေပဲမွေးထားတာပေါ့တစ်နေ့ Husky ခွေးမလေးတစ်ကောင်ကသားပေါက်ခဲ့ရာမှာ မျက်စိမမြင်တဲ့ခွေးလေးတစ်ကောင်ပါလာခဲ့ပါတယ်အတော်ဆုံးသင်တန်းကျောင်းပီပီ အသုံးမဝင်တဲ့ခွေးတွေကိုသတ်ပစ်ဆိုပြီး အထက်ကအမိန့်ပေးလေတော့မတတ်သာတဲ့အဆုံးတောထဲခေါ်သွားပြီးသတ်ဖို့လုပ်ခဲ့ရာမှာ သေကံမရောက်သက်မပျောက်ဘဲ ခွေးလေးကလွတ်မြောက်ခဲ့ပါတယ်ရေစက်သာပါလာခဲ့ရင်နတ်ပြည်ကအပ်တစ်စင်းနဲ့လူ့ပြည်ကအပ်တစ်စင်းထိပ်တိုက်တွေ့သကဲ့သို့ ဒီခွေးလေးဟာလည်းအာဂျွန်ဆိုတဲ့ကလေးလေးနဲ့တွေ့ဆုံဖို့အကြောင်းဖန်လာခဲ့ပါတယ် မျက်စိမမြင်ရပေမယ့်အနံ့ခံအာရုံအားကောင်းတဲ့ခွေးလေးဆင်းမ်ဘာကအာဂျွန်လေးအနံ့ကိုခံ အိမ်ထိလိုက်သွားခဲ့ပြီး အာဂျွန်လေးရဲ့ ပြုစုမှုအောက်မှာကြီးပြင်းလာခဲ့ပါတယ် ဒီမှာတင်ပြီးမသွားပါဘူးဆင်းမ်ဘာလေးကိုလွတ်လာတုန်းက သူ့ကိုအသည်းအသန်လိုက်ရှာသတ်နေတဲ့လူနှစ်ယောက်လည်းရှိပါတယ်သူတို့နှစ်ယောက်ကဆင်းမ်ဘာလေးအကြောင်းသတင်းရရှိခဲ့ပြီးနောက်မှာတော့ဘာတွေဆက်ဖြစ်သွားမလဲနှစ်စဉ်ကျင်းပလ့ရှိတဲ့ခွေးပြိုင်ပွဲမှာလည်း ဆင်းမ်ဘာလေးကိုဝင်ပြိုင်စေချင်တော့ ဘယ်လိုသင်ကြားမှုတွေနဲ့ဝင်ပြိုင်ကြမလဲRating မြင့်ပြီးတကယ်ကောင်းတဲ့ဇာတ်ကားဖြစ်တာမို့ ခွေးချစ်သူပရိတ်သတ်ကြီးအတွက်မကြည့်ဖြစ်လိုက်ရင်နောင်တရစေမယ့်ဇာတ်ကားတစ်ကားပါလို့ပဲညွှန်းလိုက်ပါရစေ(အညွှန်းကိုတော့ Yunniမှရေးသားပေးထားပါတယ်) File size…2.28GB / 1.1GB Quality…1080p WEB DL / 720p Format…mp4 Duration…. Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Poe & Yunni & OeliuJ & Haruko
movie
Oh My Dog(2022)
2022